Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

မြန်မာနိုင်ငံ လျှပ်စစ်သမိုင်း

  • ၁-၁။ မြန်မာ့လွတ်လပ်ရေးအကြိုခေတ်တွင် အမျိုးသားခေါင်းဆောင်ကြီးများကနိုင်ငံအတွက် စီမံကိန်းရေးဆွဲရာ၌ လယ်ယာစိုက်ပျိုးရေးကိုခေတ်မီစွာတိုးချဲ့လုပ်ကိုင်ရေး၊ အိမ်တွင်းစက်မှုလုပ်ငန်းများနှင့် သာမန်စက်မှုလုပ်ငန်းကိုပြည်တွင်းထွက် သယံဇာတပစ္စည်းများဖြင့် ပြုလုပ်ရေးတို့မှာအရေးကြီးသည်ဟုစဉ်းစားသုံးသပ်ခဲ့ကြပါသည်။ ဤအခြေအနေတွင် ဤကဲ့သို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသောလုပ်ငန်းတို့ ဖြစ်ထွန်းစေရန် လျှပ်စစ်ဓာတ်အားကိုနိုင်ငံနှင့်အ၀ှမ်း ပြည့်ပြည့်စုံစုံလုံလုံလောက်လောက် ဖောဖောသီသီအသုံးပြုနိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာပြည်တွင် ရေအားလျှပ်စစ်ဓာတ်အားသာလျှင် စရိတ်အကျဉ်းဆုံးဖြစ်၍ ရေအားလျှပ်စစ်စီမံကိန်းများအမြန်ဆုံးအကောင်အထည်ဖော်ရန်ဟူသောဆုံးဖြတ်ချက်ကို ၁၉၄၇ ခုနှစ်၊ ဇွန်လတွင် စတင်ရေးဆွဲသည့် ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားတိုးတက်ရေး (၂)နှစ် စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း)တွင် ထည့်သွင်းခဲ့ကြသည်။

  • ၁-၂။ နိုင်ငံတော် လွပ်လပ်ရေးရရှိသည်နှင့်တပြိုင်နက် ၁၉၅၁ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့ တွင် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ Electricity Supply Board (ESB) ကိုစက်မှုလက်မှု ၀န်ကြီးဌာနအောက်၌ ၁၉၄၈ ခုနှစ်၊ လျှပ်စစ်ဓာတ်အားပေးရေးအက်ဥပဒေနှင့်အညီစတင် ဖွဲ့စည်းခဲ့ပါသည်။

  • ၁-၃။ ၁၉၇၂ ခုနှစ်၊ မတ်လ (၁၆)ရက်နေ့တွင် လျှပ်စစ်ဓာတ််အားပေးရေးအဖွဲ့ကို လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း Electric Power Corporation (EPC) ဟုပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။

  • ၁-၄။ ၁၉၇၅ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့တွင် စက်မှုလက်မှု၀န်ကြီးဌာနအား အမှတ်(၁)စက်မှု၀န်ကြီး ဌာနနှင့် အမှတ်(၂)စက်မှု၀န်ကြီးဌာနဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့ရာ၊ လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းသည် အမှတ်(၂)စက်မှု၀န်ကြီးဌာန လက်အောက်တွင် ပါ၀င်ခဲ့ပါသည်။

  • ၁-၅။ ၁၉၈၅ ခုနှစ်၊ ဧပြီလ(၁၂)ရက်နေ့တွင်် အမှတ်(၂)စက်မှု၀န်ကြီးဌာနမှ စွမ်းအင်၀န်ကြီးဌာနကို တိုးချဲ့ဖွဲ့စည်းရာ၊ လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းသည် စွမ်းအင်၀န်ကြီးဌာန လက်အောက်တွင် ပါ၀င်ခဲ့ပါသည်။

  • ၁-၆။ ၁၉၈၉ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မှစ၍ လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းကိုမြန်မာ့လျှပ်စစ် ဓာတ်အားလုပ်ငန်း Myanmar Electric Power Enterprise (MEPE) ဟုပြင်ဆင်ဖွဲ့စည်းပြောင်းလဲသတ်မှတ်ခဲ့ပါသည်။

  • ၁-၇။ ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလ(၁၅)ရက်နေ့တွင် စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကိုတိုးချဲ့ဖွဲ့စည်းရာတွင်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနလက်အောက်၌ လျှပ်စစ်စွမ်းအားဦးစီးဌာန၊မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းနှင့် ရေအားလျှပ်စစ်ဦးစီးဌာန (၃)ဌာနဖြင့် ဖွဲ့စည်းခဲ့ပါသည်။

  • ၁-၈။ ၂၀၀၆ ခုနှစ်၊ မေလ(၁၅)ရက်နေ့တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကိုအမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

  • ၁-၉။ နိုင်ငံတော်၏ စီးပွားရေး၊ စက်မှုလက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများပိုမိုထိရောက် အောင်မြင်‌ေအာင် ဆောင်ရွက်နိုင်ရန် အခြေခံအုတ်မြစ်ဖြစ်သည့် လျှပ်စစ်ဓာတ်အားပိုမိုထုတ်လုပ်ခြင်း၊ စနစ်တကျ ပို့လွှတ်ဖြန့်ဖြူးနိုင်ခြင်းနှင့် ဓာတ်အားဖြန့်ဖြူးနိုင်ခြင်းမရှိသေးသည့် ဝေးလံသောဒေသများသို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ရေးတို့ကိုအားသွန်ခွန်စိုက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်များဖြင့်(၅-၉-၂၀၁၂)တွင် ပြည်ေထာင်စုသမ္မတမြန်မာနိုင်ငံေတာ်၊ နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆၃/၂၀၁၂)ဖြင့်အမှတ်(၁)လှျပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် အမှတ်(၂)လှျပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ကို လှျပ်စစ်စွမ်းအားဝန်ကြီးဌာနအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနလက်အောက်တွင် လျှပ်စစ်စွမ်းအားဦးစီးဌာန၊ ေရအားလှျပ်စစ်စီမံေရးဦးစီးဌာန၊ ေရအားလှျပ်စစ်အေကာင်အထည်ေဖာ်ေရးဦးစီးဌာန ၊ေရအားလှျပ်စစ်ဓာတ်အားထုတ်လုပ်ေရးလုပ်ငန်း၊ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့်ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဟူ၍ (၇)ဌာနဖြင့် ဖွဲ့စည်းပါသည်။

Video News

Ministry News, Video News

Date: Mar 04

 
e-Billing
e-Service
letter to the Ministry Office
e-Government
Download application form
Services