Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

လျှပ်စစ်စွမ်းအားဦးစီးဌာန

ခြုံ ငုံတင်ပြချက်

​- လျှပ်စစ်စွမ်းအား ဦးစီးဌာနသည် ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလ(၁၅)ရက်နေ့မှ စတင်၍ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအောက်တွင် ပါဝင်ဖွဲ့စည်းခဲ့ပြီး၊ ၂၀၀၆ ခုနှစ် မေလ (၁၅) ရက်နေ့တွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနကို အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန အဖြစ်ပြင်ဆင်ဖွဲ့စည်းခဲ့ရာ လျှပ်စစ် စွမ်းအားဦးစီးဌာနသည် အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လက်အောက်တွင် ပါရှိခဲ့ပါသည်။

- အဆိုပါ ဝန်ကြီးဌာန(၂) ခုကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ( ၅ ) ရက်နေ့တွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအဖြစ် ပြန်လည်ပေါင်းစပ် ဖွဲ့စည်းသည့်အခါ လျှပ်စစ်စွမ်းအားဦးစီးဌာနသည် ဝန်ကြီးဌာန၏ စီမံကိန်းမူဝါဒများ၊ ရည်မှန်းချက် များရေးဆွဲခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှူ အခြေအနေ စိစစ် တင်ပြခြင်းတို့ကို ဝန်ကြီးဌာန ကိုယ်စား အဓိကတာဝန်ယူ ဆောင်ရွက်လျှက် ရှိပါသည်။

Video News

Ministry News, Video News

Date: Mar 04

 
e-Billing
e-Service
letter to the Ministry Office
e-Government
Download application form
Services