Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

ရင်းနှီးမြှုပ်နှံမှုဌာနဆိုင်ရာပူးပေါင်းလုပ်ငန်းအဖွဲ့ (One Stop Service အဖွဲ့)မှလျှပ်စစ်ဓာတ်အားရရှိရေးအတွက် ခွင့်ပြုမိန့်ထုတ်ပေးမည့် အစီအမံများ

၁။   လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အားအသုံးပြုခွင့်ရရှိရန် One Stop Serviceစနစ်ဖြင့် အစီအစဉ်များချမှတ်ဆောင်ရွက်လျှက် ရှိပါသည်။ ထို့သို့ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနမှ တာဝန်ခံအရာရှိ(၁)ဦးကိုရန်ကုန်မြို့ရှိOne Stop Serviceရုံး၌ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ခန့်အပ်တာဝန်ပေးထားပြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အားရရှိရေး လျှောက်ထားလာပါက (၅)ရက်အတွင်းခွင့်ပြုမိန့် မြန်ဆန်စွာထုတ်ပေးနိုင်ရေးကိုအောက်ပါ အစီအစဉ်များဖြင့် ဆောင်ရွက်လျှက်ရှိပါသည်-

(က)     လျှောက်ထားသူသည် တာဝန်ခံအရာရှိထံသို့ လိပ်မူ၍ အောက်ပါအချက်များကိုပြည်စုံစွာဖြည့်စွက်လျှက် ပူးတွဲလျှောက်ထားရမည် ဖြစ်ပါသည် -

         (၁)    သတ်မှတ်ပုံစံတွင် ဖြည့်စွက်လျှောက်ထားရမည့် လျှောက်လွှာ

                   (ပိုင်ရှင်မဟုတ်ပါကကိုယ်စားလှယ်လွှဲစာ)

        (၂)    ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီအမည်နှင့်လိပ်စာ

        (၃)    ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းအမျိုးအစား

        (၄)    မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)၏ လုပ်ငန်းခွင့်ပြုမိန့် (မိတ္တူ)

        (၅)    ထရန်စဖော်မာတပ်ဆင်ရမည့် နေရာ

        (၆)    တပ်ဆင်မည့်ထရန်စဖော်မာအင်အား

        (၇)    သုံးစွဲမည့်ဝန်အားစာရင်း

        (၈)    စက်မှုဇုန်၌ဆောင်ရွက်မည်ဆိုပါကဇုန်ကော်မတီ၏ ထောက်ခံစာ

        (၉)    တပ်ဆင်သုံးစွဲခွင့်ပြုမိန့်ရရှိပါက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့ ပေးသွင်းရမည့် သတ်မှတ်ထားသောအခကြေးငွေများ Infra Structure ကြေး၊ ကြိုးသွယ်ခ၊ မီးဆက်ခ၊ ကြီးကြပ်ခတို့အားပေးသွင်းပါမည်ဟူသောဝန်ခံကတိပြုချက်

        (၁၀) ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားမည့် လုပ်ငန်းအတွက်သာလိုအပ်သည့် ထရန်စဖော်မာတပ်ဆင်ရန်၊ လျှပ်စစ်ဓာတ်အားမလုံလောက်ပါကကိုယ်ပိုင်မီးစက်ဖြင့် သုံးစွဲရန်၊ ထရန်စဖော်မာနှင့် ဓာတ်အားလိုင်းအားကိုယ်ပိုင်ထိန်းသိမ်းသွားရန် ဝန်ခံကတိပြုချက်

  (ခ)      တာဝန်ခံအရာရှိသည် အထက်ပါ အချက်အလက်များပြည့်စုံစွာရရှိပါကရင်းနှီးမြှုပ်နှံမည့်ဒေသသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းဖြစ်ပါကအင်ဂျင်နီယာချုပ်၊ ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ထံသို့လည်းကောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အတွင်းဖြစ်ပါကအင်ဂျင်နီယာချုပ်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းထံသို့လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမည့်ဒေသရှိသက်ဆိုင်ရာခရိုင်လျှပ်စစ်အင်ဂျင်နီယာနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများထံသို့လည်းကောင်းချက်ချင်းဆက်သွယ်၍ လုပ်ငန်းသုံးထရန်စဖော်မာတပ်ဆင်မည့်နေရာသို့ မည်ကဲ့သို့ ဓာတ်အားဆက်သွယ်ရယူမည်ကိုကွင်းဆင်းကြည့်ရှုစေပြီး (Technical Data)များတောင်းခံဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 (ဂ)       တာဝန်ခံအရာရှိသည် သက်ဆိုင်ရာခရိုင်လျှပ်စစ်အင်ဂျင်နီယာနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာတို့မှ ပြန်လည်တင်ပြလာသည့် အချက်အလက်များ (Technical Data)အရဝန်အားနိုင်နင်းမှုရှိပါကသက်ဆိုင်ရာမြို့နယ်၏ ဓာတ်အားသုံးစွဲခွင့် သဘောတူညီချက်အရဓာတ်အားသုံးစွဲရန် ခွင့်ပြုမိန့် ချက်ချင်းထုတ်ပေးသွားပါမည်။

၂။    ဖော်ပြပါ လုပ်ငန်းစဉ်များဖြင့် (၅)ရက်အတွင်းခွင့်ပြုမိန့် ထုတ်ပေးနိုင်ရေးစီမံထားရှိသော်လည်း(၅)ရက်မတိုင်မီဆောင်ရွက်ပြီးစီးပါကလည်းရင်းနှီးမြှုပ်နှံမှုပြုလုပ်သော လျှောက်ထားသူထံသို့ ဆောလျင်စွာအကြောင်းကြားသွားမည်ဖြစ်ပါသည်။

 

  • Download Application Form

Video News

Ministry News, Video News

Date: Mar 04

 
e-Billing
e-Service
letter to the Ministry Office
e-Government
Download application form
Services