Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

မြန်မာနိုင်ငံ လျှပ်စစ်သမိုင်း

  • ၁-၁။ မြန်မာ့လွတ်လပ်ရေးအကြိုခေတ်တွင် အမျိုးသားခေါင်းဆောင်ကြီးများကနိုင်ငံအတွက် စီမံကိန်းရေးဆွဲရာ၌ လယ်ယာစိုက်ပျိုးရေးကိုခေတ်မီစွာတိုးချဲ့လုပ်ကိုင်ရေး၊ အိမ်တွင်းစက်မှုလုပ်ငန်းများနှင့် သာမန်စက်မှုလုပ်ငန်းကိုပြည်တွင်းထွက် သယံဇာတပစ္စည်းများဖြင့် ပြုလုပ်ရေးတို့မှာအရေးကြီးသည်ဟုစဉ်းစားသုံးသပ်ခဲ့ကြပါသည်။ ဤအခြေအနေတွင် ဤကဲ့သို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသောလုပ်ငန်းတို့ ဖြစ်ထွန်းစေရန် လျှပ်စစ်ဓာတ်အားကိုနိုင်ငံနှင့်အ၀ှမ်း ပြည့်ပြည့်စုံစုံလုံလုံလောက်လောက် ဖောဖောသီသီအသုံးပြုနိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာပြည်တွင် ရေအားလျှပ်စစ်ဓာတ်အားသာလျှင် စရိတ်အကျဉ်းဆုံးဖြစ်၍ ရေအားလျှပ်စစ်စီမံကိန်းများအမြန်ဆုံးအကောင်အထည်ဖော်ရန်ဟူသောဆုံးဖြတ်ချက်ကို ၁၉၄၇ ခုနှစ်၊ ဇွန်လတွင် စတင်ရေးဆွဲသည့် ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားတိုးတက်ရေး (၂)နှစ် စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း)တွင် ထည့်သွင်းခဲ့ကြသည်။

  • ၁-၂။ နိုင်ငံတော် လွပ်လပ်ရေးရရှိသည်နှင့်တပြိုင်နက် ၁၉၅၁ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့ တွင် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ Electricity Supply Board (ESB) ကိုစက်မှုလက်မှု ၀န်ကြီးဌာနအောက်၌ ၁၉၄၈ ခုနှစ်၊ လျှပ်စစ်ဓာတ်အားပေးရေးအက်ဥပဒေနှင့်အညီစတင် ဖွဲ့စည်းခဲ့ပါသည်။

  • ၁-၃။ ၁၉၇၂ ခုနှစ်၊ မတ်လ (၁၆)ရက်နေ့တွင် လျှပ်စစ်ဓာတ််အားပေးရေးအဖွဲ့ကို လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း Electric Power Corporation (EPC) ဟုပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။

  • ၁-၄။ ၁၉၇၅ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့တွင် စက်မှုလက်မှု၀န်ကြီးဌာနအား အမှတ်(၁)စက်မှု၀န်ကြီး ဌာနနှင့် အမှတ်(၂)စက်မှု၀န်ကြီးဌာနဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့ရာ၊ လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းသည် အမှတ်(၂)စက်မှု၀န်ကြီးဌာန လက်အောက်တွင် ပါ၀င်ခဲ့ပါသည်။

  • ၁-၅။ ၁၉၈၅ ခုနှစ်၊ ဧပြီလ(၁၂)ရက်နေ့တွင်် အမှတ်(၂)စက်မှု၀န်ကြီးဌာနမှ စွမ်းအင်၀န်ကြီးဌာနကို တိုးချဲ့ဖွဲ့စည်းရာ၊ လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းသည် စွမ်းအင်၀န်ကြီးဌာန လက်အောက်တွင် ပါ၀င်ခဲ့ပါသည်။

  • ၁-၆။ ၁၉၈၉ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မှစ၍ လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းကိုမြန်မာ့လျှပ်စစ် ဓာတ်အားလုပ်ငန်း Myanmar Electric Power Enterprise (MEPE) ဟုပြင်ဆင်ဖွဲ့စည်းပြောင်းလဲသတ်မှတ်ခဲ့ပါသည်။

  • ၁-၇။ ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလ(၁၅)ရက်နေ့တွင် စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကိုတိုးချဲ့ဖွဲ့စည်းရာတွင်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနလက်အောက်၌ လျှပ်စစ်စွမ်းအားဦးစီးဌာန၊မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းနှင့် ရေအားလျှပ်စစ်ဦးစီးဌာန (၃)ဌာနဖြင့် ဖွဲ့စည်းခဲ့ပါသည်။

  • ၁-၈။ ၂၀၀၆ ခုနှစ်၊ မေလ(၁၅)ရက်နေ့တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကိုအမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

  • ၁-၉။ နိုင်ငံတော်၏ စီးပွားရေး၊ စက်မှုလက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများပိုမိုထိရောက် အောင်မြင်‌ေအာင် ဆောင်ရွက်နိုင်ရန် အခြေခံအုတ်မြစ်ဖြစ်သည့် လျှပ်စစ်ဓာတ်အားပိုမိုထုတ်လုပ်ခြင်း၊ စနစ်တကျ ပို့လွှတ်ဖြန့်ဖြူးနိုင်ခြင်းနှင့် ဓာတ်အားဖြန့်ဖြူးနိုင်ခြင်းမရှိသေးသည့် ဝေးလံသောဒေသများသို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ရေးတို့ကိုအားသွန်ခွန်စိုက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်များဖြင့်(၅-၉-၂၀၁၂)တွင် ပြည်ေထာင်စုသမ္မတမြန်မာနိုင်ငံေတာ်၊ နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆၃/၂၀၁၂)ဖြင့်အမှတ်(၁)လှျပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် အမှတ်(၂)လှျပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ကို လှျပ်စစ်စွမ်းအားဝန်ကြီးဌာနအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနလက်အောက်တွင် လျှပ်စစ်စွမ်းအားဦးစီးဌာန၊ ေရအားလှျပ်စစ်စီမံေရးဦးစီးဌာန၊ ေရအားလှျပ်စစ်အေကာင်အထည်ေဖာ်ေရးဦးစီးဌာန ၊ေရအားလှျပ်စစ်ဓာတ်အားထုတ်လုပ်ေရးလုပ်ငန်း၊ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့်ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဟူ၍ (၇)ဌာနဖြင့် ဖွဲ့စည်းပါသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

ဓာတ်အားသုံးစွဲမည့်သူများသို့ မီတာများ နှင့် ထရန်စဖော်မာများ လျှောက်ထားမှုနှင့် ပတ်သက်၍ မြန်ဆန်စွာ တပ်ဆင်အသုံးပြုနိုင်ရန် အလေးထားဖြေလျော့ ဆောင်ရွက်လျှက်ရှိကြောင်း အသိပေးကြေငြာခြင်း

အိမ်သုံးမီတာ၊ အိမ်သုံး/စက်မှုသုံး ပါဝါမီတာ၊ ထရန်စဖော်မာများ လျှောက်ထားပါက သတ်မှတ်ချက်များနှင့် ပြည်စုံသော လျှောက်လွှာများအတွက် အိမ်သုံးမီတာ အား နေ့ချင်းပြီး နှင့် လျှောက်ထားပြီး နောက်တစ်ရက်အပြီး တွင်လည်းကောင်း၊ အိမ်သုံး/စက်မှုသုံး ပါဝါမီတာ အား လျှောက်ထားပြီး (၅)ရက်အတွင်း တွင် လည်းကောင်း တပ်ဆင်ပေးလျှက်ရှိပါသည်။ ထို့အပြင် ထရန်စဖော်မာအား လျှောက်ထားပြီး (၁)လအတွင်း တွင်လည်းကောင်း၊ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ လုပ်ငန်းခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်သော ရင်းနှီးမြှုပ်နှံမှုအတွက် ထရန်စဖော် မာအား လျှောက်ထားပြီး (၅)ရက်အတွင်း တွင်လည်းကောင်း စိစစ်ပြီး ခွင့်ပြုမိန့် ထုတ်ပေးလျှက်ရှိ ပါသည်။ ငွေပေးသွင်းရမည့် နှုန်းထားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

 

ဇယား(၁) အိမ်သုံးမီတာအတွက် ပေးသွင်းရမည့်နှုန်းထားများ

စဉ် အကြောင်းအရာ Digital မီတာပေးသွင်းရမည့် နှုန်းထား(ကျပ်)
အကြောင်းအရာ ၆၅,၀၀၀
မီတာပုံးခွံ ၁၅,၀၀၀
အာမခံစဘော်ငွေ ၄,၀၀၀
ကြိုးသွယ်ခ ၂,၀၀၀
မီးဆက်ခ ၂,၀၀၀
ကြီးကြပ်ခ ၁,၀၀၀
မှတ်ပုံတင်ကြေး ၁,၀၀၀
  စုစုပေါင်း ၉၀,၀၀၀

 

ဇယား(၂) အိမ်သုံးပါဝါမီတာအတွက် ပေးသွင်းရမည့်နှုန်းထားများ

စဉ် မီတာအမျိုးအစား သတ်မှတ် ကြေး(ကျပ်) အာမခံစ ဘော်ငွေ (ကျပ်) ကြိုးသွယ် ခ/ဆက်ခ (ကျပ်) မှတ်ပုံတင်ကြေး (ကျပ်) Composit Box (ကျပ်) စုစုပေါင်း (ကျပ်)
၁၀ကီလိုဝပ် 800,000 4,000 6,000 2,000 34,000 846,000
၂၀ကီလိုဝပ် 1,000,000 4,000 6,000 2,000 34,000 1,046,000
၃၀ကီလိုဝပ် 1,200,000 4,000 6,000 2,000 34,000 1,246,000

မှတ်ချက်။ ။ အထက်ပါ နှုန်းထားများနှင့်အတူ ပါဝါမီတာအရွယ်အစား (ကီလိုဝပ်)အလိုက် ပေးသွင်းရမည့် ကြီးကြပ်ခမှာ အလုပ်ရုံအတွင်း ဝါယာသွယ်တန်း တပ်ဆင်ခ၏ ၁၅% ပေးသွင်းရမည်ဖြစ်ပါသည်။

ဇယား(၃) စက်မှုသုံးပါဝါမီတာအတွက် ပေးသွင်းရမည့်နှုန်းထားများ

စဉ် မီတာအမျိုးအစား သတ်မှတ် ကြေး(ကျပ်) အာမခံစ ဘော်ငွေ (ကျပ်) ကြိုးသွယ် ခ/ဆက်ခ (ကျပ်) မှတ်ပုံတင်ကြေး (ကျပ်) Composit Box (ကျပ်) စုစုပေါင်း (ကျပ်)
၁၀ကီလိုဝပ် 800,000 82,500 8,000 2,000 34,000 944,500
၂၀ကီလိုဝပ် 1,000,000 157,500 8,000 2,000 34,000 1,219,500
၃၀ကီလိုဝပ် 1,200,000 232,500 8,000 2,000 34,000 1,494,500

မှတ်ချက်။ (က) အထက်ပါ နှုန်းထားများနှင့်အတူ ပါဝါမီတာအရွယ်အစား (ကီလိုဝပ်) အလိုက် ပေးသွင်းရမည့် ကြီးကြပ်ခမှာ အလုပ်ရုံအတွင်း ဝါယာသွယ်တန်း တပ်ဆင်ခ၏ ၁၅% ပေးသွင်းရမည်ဖြစ်ပါသည်။

( ခ) စက်မှုသုံး ပါဝါမီတာအတွက် စည်ပင်လုပ်ငန်းလိုင်စင် ရှိရမည့်အပြင် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လုပ်ငန်းခွင့်ပြုမိန့် ပါရှိရမည်ဖြစ်ပါသည်။

ဇယား(၄) ထရန်စဖော်မာအတွက် ပေးသွင်းရမည့်နှုန်းထားများ

စဉ် ထရန်စဖော်မာ အမျိုးအစား (kVA) သတ်မှတ်ကြေး (Infra-structure) အာမခံစဘော်ငွေ (Deposit) လိုင်းကြိုးဆက် သွယ်ခ (ကျပ်) မီးဆက်ခ (ကျပ်) မှတ်ပုံတင်ကြေး (ကျပ်) စုစုပေါင်း (ကျပ်)
၅၀ 1,800 000 307,500 6,000 2,000 20,000 2,135,500
၁၀၀ 2,100,000 607,500 6,000 2,000 20,000 2,735,500
၁၆၀ 2,400,000 967,500 6,000 2,000 20,000 3,395,500
၂၀၀ 2,700,000 1,207,500 6,000 2,000 20,000 3,935,500
၃၁၅ 3,300,000 1,897,500 6,000 2,000 20,000 5,225,500
၅၀၀ 4,500,000 3,007,500 6,000 2,000 20,000 7,535,500
၁၀၀၀ 7,800,000 6,007,500 6,000 2,000 20,000 13,835,500
၁၂၅၀ 9,300,000 7,507,500 6,000 2,000 20,000 16,835,500
၂၀၀၀၀ 200,000,000 120,007,500 6,000 2,000 20,000 320,035,500
၁၀ ၂၅၀၀၀ 250,000,000 150,007,500 6,000 2,000 20,000 400,035,500
၁၁ ၃၀၀၀၀ 300,000,000 180,007,500 6,000 2,000 20,000 480,035,500

မှတ်ချက်။ (က) အထက်ပါ နှုန်းထားများနှင့်အတူ ထရန်စဖော်မာ(ကေဗွီအေ) အလိုက် ပေး သွင်းရမည့် ကြီးကြပ်ခမှာ မြို့နယ်အလိုက် မီးသွယ်တန်းမှု ကုန်ကျစရိတ် အပေါ် ၁၅% နှင့် အုပ်ချုပ်မှုစရိတ်မှာ တပ်ဆင်ဝန်အားနှင့် ဓာတ်အားလိုင်း အကွာအဝေးအပေါ် အခြေခံ၍ တွက်ချက်ထားသည့် နှုန်းထားများအတိုင်း ပေးသွင်းရမည်ဖြစ်ပါသည်။

( ခ) ထရန်စဖော်မာ လျှောက်ထားရာတွင် ဇုန်အတွင်းဖြစ်ပါက ဇုန်ကော်မတီ၏ ထောက်ခံချက်နှင့် ရပ်ကွက်အတွင်းဖြစ်ပါက မြို့တော်စည်ပင်နှင့် သက်ဆိုင် ရာ ဝန်ကြီးဌာနများ၏ လုပ်ငန်းခွင့်ပြုချက် ပါရှိရမည်ဖြစ်ပါသည်။

(ဂ ) ကျေးရွာမီးလင်းရေးအတွက်ဖြစ်ပါက သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၏ ထောက်ခံချက်ပါရှိပြီး မီးလင်းရေးကော်မတီများ လိုက် နာရန် မူ (၁၂) ချက်အပေါ် ဝန်ခံကတိပြုရမည်။

(ဂ ) ကျေးရွာမီးလင်းရေးအတွက်ဖြစ်ပါက သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၏ ထောက်ခံချက်ပါရှိပြီး မီးလင်းရေးကော်မတီများ လိုက် နာရန် မူ (၁၂) ချက်အပေါ် ဝန်ခံကတိပြုရမည်။

(ဃ) ရင်းနှီးမြှုပ်နှံမှုအတွက် ထရန်စဖော်မာ လျှောက်ထားပါက မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်၊ ဇုန်အတွင်းဖြစ်ပါက ဇုန်ကော်မတီ၏ ထောက်ခံစာ၊ ဝန်ခံကတိ နှင့် သုံးစွဲမည့် ဝန်အားစာရင်းတို့နှင့်အတူ ရန်ကုန် မြို့၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁)၊ သစ္စာလမ်းတွင် ဖွင့်လှစ်ထားသော One Stop Service ရုံး (သို့မဟုတ်) သက်ဆိုင်ရာ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ရုံး၌ လျှောက်ထားနိုင်ပါသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ မီတာများ/ထရန်စဖော်မာများ လျှောက်ထားမှု နှင့်ပတ်သက် ၍ ဓာတ်အားသုံးစွဲမည့်သူများအား မြန်ဆန်စွာ တပ်ဆင်အသုံးပြုနိုင်ရန် အလေးထား ဆောင်ရွက် ပေးလျှက်ရှိပါသည်။ မီတာများ/ထရန်စဖော်မာများ လျှောက်ထားမှုနှင့်ပတ်သက်၍ အဆင်မပြေမှု များ နှင့် သတ်မှတ်ရက်အတွင်း မီတာများ တပ်ဆင်ပေးခြင်း မရှိပါက ဖုန်းနံပါတ် ၀၁-၂၂၂၁၈၄၊ ၀၁-၂၃၀၁၈၅၇၊ ၀၆၇-၄၃၁၁၉၂၊ ၀၆၇-၄၃၁၁၉၃ များသို့ ဖုန်းဖြင့်လည်းကောင်း၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ နေပြည်တော်သို့ စာဖြင့်လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ပါ သည်။

 

Video News

Ministry News, Video News

Date: Mar 04

 
e-Billing
e-Service
letter to the Ministry Office
e-Government
Download application form
Services