The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၅ ) ရက်

                                   

         လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)သို့ သွားရောက်ပြီး ၂၀၂၃-၂၀၂၄     ပညာသင်နှစ် လူရည်ချွန်မောင်မယ်များ ဩဝါဒခံယူပွဲ အခမ်းအနားတွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနကိုယ်စားပြု ပြသမည့် ပြခန်းပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေနှင့် အခမ်းအနား ကျင်းပပြုလုပ်စဉ် ကာလအတွင်း လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရေး၊ ဓာတ်အား စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေတို့အား   ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။

Post under by : ဝန်ကြီးရုံး
25-Apr-2024