Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Published: Oct 02 Posted Under: Ministry News

၁။           လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ် မောင်းနှင်ပေးလျက်ရှိသည့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ (၂၇) ရုံအနက်မှ (၁) ရုံဖြစ်သည့် ဖြူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ (၃၀-၉-၂၀၁၇)ရက်နေ့ (၂၁:၄၀)နာရီအချိန်တွင် Generator Switchgear Room အတွင်းမှ 11 kV Bus Flashover ဖြစ်ခြင်းကြောင့် မီးများ ပြင်းထန်စွာ လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါသည်။

၂။           မီးလောင်မှုဖြစ်ပွားမှုအား ညောင်ခြေထောက်နှင့် ဖြူးမီးသတ်တပ်ဖွဲ့တို့မှ မီးသတ်ကား(၄) စီးဖြင့် ကူညီဆောင်ရွက်ပေးခဲ့သဖြင့် (၁-၁၀-၂၀၁၇)ရက်နေ့ နံနက်ပိုင်းတွင် ပြီးစီးခဲ့ပါသည်။

၃။           မီးလောင်မှုကြောင့် ၂၃၀/၁၁ ကေဗွီ ၂၅ အမ်ဗွီအေ ထရန်စဖော်မာ(၁)လုံး၊ ၁၁ ကေဗွီ မြေ အောက်ဓာတ်ကြိုးနှင့် Control Cable များပျက်စီးခဲ့ပြီး လူများထိခိုက်ဒဏ်ရာရမှုမရှိကြောင်း သိရှိရပါသည်။

၄။           အဆိုပါဓာတ်အားပေးစက်ရုံ မီးလောင်မှုဖြစ်ပွားခြင်းကြောင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်မှ (၁-၁၀-၂၀၁၇)ရက်နေ့တွင် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဌာနများမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ပြီး ဝန်ထမ်းများအား အားပေးစကားပြောကြားခြင်း၊ ဝန်ထမ်းများအတွက် လျှပ်စစ်ဓာတ်အားရရှိရေးနှင့် ပျက်စီးမှုများအား အမြန်ဆုံးပြုပြင်နိုင်ရေးတို့အား စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း သတင်းရရှိပါသည်။

PREVIOUS POST   -   NEXT POST

Published: Oct 18 Posted Under: Ministry News

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် နှင့် ရမည်းသင်းခရိုင်အတွင်းပြည်သူများ လျှပ်စစ်ဓာတ်အားကောင်းမွန်စွာသုံးစွဲနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင် စစ်ဆေးသည့်သတင်း

Published: Oct 17 Posted Under: Ministry News

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း စက်မှုဇုန်နှင့် ပြည်သူများလျှပ်စစ်ဓာတ်အား ကောင်းမွန်စွာသုံးစွဲနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင် သွားရောက်စစ်ဆေး

Published: Oct 15 Posted Under: Ministry News

မန္တလေးတိုင်းဒေသကြီးအတွင်း စက်မှုဇုန်နှင့် ပြည်သူများလျှပ်စစ်ဓာတ်အား ကောင်းမွန်စွာ သုံးစွဲနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင် သွားရောက်စစ်ဆေးသည့်သတင်း

Published: Oct 14 Posted Under: Ministry News

မန္တလေးတိုင်းဒေသကြီးအတွင်း ပြည်သူများ လျှပ်စစ်ဓာတ်အား ကောင်းမွန်စွာသုံးစွဲနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုအခြေအနေများအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်စစ်ဆေးသည့်သတင်း

Published: Oct 13 Posted Under: Ministry News

မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဗို့အားပြည့်၀စွာရရှိရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့ချနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး သွားရောက်စစ်ဆေး