Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Published: Jan 06 Posted Under: Ministry News

နေပြည်တော်၊ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (  ၅  ) ရက်

            လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းသည် မြန်မာနိုင်ငံ ဆိုင်ရာ ဘရာဇီးနိုင်ငံ သံအမတ်ကြီး H.E. Mr. Antonio J.M de Souzae Silva အား ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ( ၅ ) ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် ( ၂၇ ) ၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

            ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက မိမိတို့နိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံချက်နှင့် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ အသေးစားရေအားလျှပ်စစ်စီမံကိန်းများ၊ ဆိုလာစနစ်သုံး လျှပ်စစ်ဓာတ်အားပေး စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာများအား ဆွေးနွေးခဲ့သည်။ သံအမတ်ကြီးမှ ဘရာဇီးနိုင်ငံတွင် ဆောင်ရွက်နေသည့် အသေးစားရေအားလျှပ်စစ်စီမံကိန်းများ၊ ဆိုလာစနစ်သုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းများနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လိုသည့်ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ​ဆွေးနွေးခဲ့ပါသည်။

PREVIOUS POST   -   NEXT POST