Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Published: Jun 01 Posted Under: Ministry News

နေပြည်တော်၊ ၂၀၁၇ ခုနှစ် ၊ မေလ (   ၃၁  )ရက်               

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိသည့် ဓာတ်အားလိုင်းများအနက်မှ ၁၃၂ ကေဗွီ ကလော-တောင်ကြီး အမှတ်(၂)ဓာတ်အားလိုင်း တာဝါတိုင် အမှတ်(၁၁၆၊ ၁၁၇၊ ၁၁၈) တိုင်(၃)တိုင်သည် (၂၅-၅-၂၀၁၇)ရက်နေ့တွင် လေပြင်း တိုက်ခတ်၍ ပျက်စီးပြိုလဲမှု ဖြစ်ပေါ်ခဲ့ပါသည်။

          ပြိုလဲပျက်စီးသွားသော တာဝါတိုင်များ ပြုပြင်ခြင်းလုပ်ငန်းများကို လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး(လိုင်း)နှင့် နမ့်စန်၊ လွိုင်ကော် မဟာ ဓာတ်အားလိုင်းရုံးများမှ ဝန်ထမ်းအင်အား (၇၀)ဦးဖြင့် ပြုပြင်ဆောင်ရွက်ခဲ့ရာ (၃၁-၅-၂၀၁၇) ရက်နေ့တွင် ပြန်လည်ကောင်းမွန်ခဲ့ပြီး ၁၃၂ကေဗွီ ကလော-တောင်ကြီး အမှတ်(၂)ဓာတ်အား လိုင်းကို ပုံမှန်အတိုင်း ဓာတ်အားပြန်လည် ပို့လွှတ်လျက်ရှိပါသည်။ ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနမှ သတင်းရရှိခဲ့ပါသည်။  

PREVIOUS POST   -   NEXT POST