Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Published: Jun 07 Posted Under: News Release

၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန​သည် ရင်းနှီး​မြှုပ်​နှံ​မှု​လုပ်​ငန်း​များ​အတွက် လျှပ်စစ် ဓာတ်​အား​အသုံးပြု​ခွင့်​ရ​ရှိ​ရန် One Stop Service စနစ်ဖြင့်အစီ​အစဉ်​များ ချ​မှတ် ဆောင်ရွက် လျှက် ရှိ​ပါ​သည်။ ထို့​သို့​ဆောင်ရွက်​ရာ​တွင် ဝန်ကြီး​ဌာန​မှ တာဝန်​ခံ​အရာရှိ (၁) ဦး​ကို ရန်ကုန်မြို့​ရှိ One Stop Service ရုံး​၌ အမြဲ​တမ်း​ကိုယ်စားလှယ်​အဖြစ် ခန့်​အပ်​တာဝန်​ပေး​ထား​ပြီး ရင်းနှီး မြှုပ်​နှံ​မှု လုပ်​ငန်း​များ​အတွက် လျှပ်စစ်​ဓာတ်​အားရ​ရှိ​ရေး လျှောက်​ထား​လာ​ပါ​က (၅) ရက် အတွင်း ခွင့်​​ပြု​မိန့် မြန်ဆန်​စွာ ထုတ်ပေး​နိုင်​ရေး​ကို အောက်​ပါ အစီ​အစဉ်​များဖြင့် ဆောင်ရွက်​လျှက် ရှိ​ပါ​သည်-

(က) လျှောက်​ထား​သူ​သည် တာဝန်​ခံ​အရာရှိ​ထံ​သို့ လိပ်​မူ​၍ အောက်​ပါ အချက်​များ ကို ပြည်​စုံ​စွာ ဖြည့်​စွက်​လျှက်  ပူးတွဲလျှောက်​ထား​ရ​မည် ဖြစ်​ပါ​သည် -

     (၁) သတ်​မှတ်ပုံ​စံ​တွင် ဖြည့်​စွက်​လျှောက်​ထား​ရမည့် လျှောက်​လွှာ (ပိုင်​ရှင်မ​ဟုတ်​ပါ​က ကိုယ်စားလှယ်လွှဲစာ)

     (၂) ရင်းနှီး​မြှုပ်​နှံ​မည့် ကုမ္ပဏီ​အမည်နှင့်​ လိပ်စာ

     (၃) ရင်းနှီး​မြှုပ်​နှံ​မည့် လုပ်​ငန်း​အမျိုး​အစား

     (၄) မြန်မာ​နိုင်ငံ​ရင်းနှီး​မြှုပ်​နှံ​မှု ကော်​မရှင် (MIC) ၏ လုပ်​ငန်း​ခွင့်​ပြု​မိန့် (မိ​တ္တူ)

     (၅) ထ​ရန်​စဖော်​မာ တပ်​ဆင်​ရ​မည့် နေရာ

     (၆) တပ်​ဆင်မည့်​ထ​ရန်​စဖော်​မာ​အင်အား

     (၇) သုံးစွဲ​မည့်ဝန်​အား​စာရင်း

     (၈) စက်​မှု​ဇုန်​၌​ ဆောင်ရွက်​မည်​ဆို​ပါ​က ဇုန်ကော်​မ​တီ​၏ ထောက်ခံ​စာ

     (၉) တပ်​ဆင်​သုံးစွဲ ခွင့်​ပြု​မိန့်​ရ​ရှိ​ပါ​က လျှပ်​စစ်​စွမ်းအား​ဝန်ကြီး​ဌာန​သို့ ပေး​သွင်း​ရမည့် သတ်​မှတ်ထား​သော အခ​ကြေးငွေ​များ Infra Structure ကြေး၊ ကြိုး​သွယ်​ခ၊ မီး​ဆက်​ခ၊ ကြီးကြပ်​ခ​တို့​အား ပေး​သွင်း​ပါ​မည် ဟူ​သော ဝန်ခံ​ကတိ​ပြု​ချက်

     (၁​ဝ) ရင်းနှီး​မြှုပ်​နှံ​မှုကော်​မရှင်​၏ ခွင့်​ပြု​ချက်ဖြင့်လျှောက်​ထားမည့် လုပ်​ငန်း အတွက်​သာ​လို​အပ်​သည့် ထ​ရန်​စဖော်​မာ​တပ်​ဆင်​ရန်၊ လျှပ်စစ်​ဓာတ်​အား မ​လုံလောက်​ပါ​က ကိုယ်​ပိုင်​မီးစက်​ဖြင့် သုံးစွဲ​ရန်၊ ထ​ရန်​စဖော်​မာနှင့် ဓာတ်​အား​လိုင်း​အား ကိုယ်​ပိုင်​ထိန်းသိမ်း​သွား​ရန် ဝန်ခံ​ကတိ​ပြု​ချက် 

 

( ခ ) တာဝန်​ခံ​အရာရှိ​သည် အထက်​ပါ အချက်အလက်​များ ပြည့်​စုံ​စွာ​ရ​ရှိ​ပါ​က ရင်းနှီး​မြှုပ်​နှံမည့် ဒေသ​သည် ရန်ကုန်တိုင်း​ဒေသ​ကြီး​အတွင်း ဖြစ်​ပါ​က အင်​ဂျင်​နီ​ယာ​ချုပ်၊ ရန်ကုန်​မြို့တော် လျှပ်စစ်​ဓာတ်​အားပေး​ရေး​ အဖွဲ့​ထံ​သို့ လည်းကောင်း၊ တိုင်း​ဒေသ​ကြီး​နှင့် ပြည်နယ်​အတွင်း​ဖြစ်​ပါ​က အင်​ဂျင်​နီ​ယာ ချုပ်၊ လျှပ်စစ်​ဓာတ်​အား ​ဖြန့်​ဖြူး​ရေး​လုပ်​ငန်း​ထံ​သို့​လည်းကောင်း၊ ရင်းနှီး​မြှုပ် နှံ​မည့်​ဒေသ​ရှိ သက်ဆိုင်​ရာ ခ​ရိုင်​လျှပ်စစ်​အင်​ဂျင်​နီ​ယာနှင့် မြို့​နယ်​လျှပ်စစ် အင်​ဂျင်​နီ​ယာ​များ​ထံ​သို့​ လည်းကောင်း ချက်ချင်း​ဆက်​သွယ်​၍ လုပ်​ငန်း​သုံး ထ​ရန်​စဖော်​မာ​တပ်​ဆင်​မည့်နေရာ​သို့ မည်​ကဲ့သို့ ဓာတ်​အား ဆက်​သွယ်​ရ​ယူ မည်​ကို ကွင်း​ဆင်း​ကြည့်ရှု​စေ​ပြီး (Technical Data) များ တောင်းခံ ဆောင်ရွက်​သွား​မည် ဖြစ်​ပါ​သည်။

 

(ဂ) တာဝန်​ခံ​အရာရှိ​သည် သက်ဆိုင်​ရာ ခ​ရိုင်​လျှပ်စစ်​အင်​ဂျင်​နီ​ယာ​နှင့် မြို့​နယ် လျှပ်စစ်​အင်​ဂျင်​နီ​ယာ​တို့​မှ ပြန်လည်​တင်ပြ​လာ​သည့် အချက်အလက်​များ (Technical Data)အရ ဝန်​အား​နိုင်နင်း​မှု​ရှိ​ပါ​က သက်ဆိုင်​ရာ​မြို့​နယ်​၏ ဓာတ်​အား​သုံးစွဲခွင့် သဘောတူ​ညီ​ချက်​အရ ဓာတ်​အား​သုံးစွဲ​ရန် ခွင့်​ပြု​​မိန့် ချက်ချင်း​ထုတ်ပေး​သွား​ပါ​မည်။ ၂။ ဖော်​ပြ​ပါ လုပ်​ငန်း​စဉ်​များဖြင့် (၅)ရက်​အတွင်း ခွင့်​ပြု​​​မိန့် ထုတ်ပေး​နိုင်​ရေး စီမံ​ထား ရှိသော်​လည်း(၅)ရက် မ​တိုင်​မီ ဆောင်ရွက်​ပြီးစီး​ပါ​က​လည်း ရင်းနှီး​မြှုပ်​နှံ​မှု​ပြုလုပ်​သော လျှောက်​ထား​သူ​ထံ​သို့ စော​လျင်​စွာ​အကြောင်းကြား​သွား​မည် ​ဖြစ်​ပါ​သည်။

PREVIOUS POST   -   NEXT POST

Published: Oct 18 Posted Under: Ministry News

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် နှင့် ရမည်းသင်းခရိုင်အတွင်းပြည်သူများ လျှပ်စစ်ဓာတ်အားကောင်းမွန်စွာသုံးစွဲနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင် စစ်ဆေးသည့်သတင်း

Published: Oct 17 Posted Under: Ministry News

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း စက်မှုဇုန်နှင့် ပြည်သူများလျှပ်စစ်ဓာတ်အား ကောင်းမွန်စွာသုံးစွဲနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင် သွားရောက်စစ်ဆေး

Published: Oct 15 Posted Under: Ministry News

မန္တလေးတိုင်းဒေသကြီးအတွင်း စက်မှုဇုန်နှင့် ပြည်သူများလျှပ်စစ်ဓာတ်အား ကောင်းမွန်စွာ သုံးစွဲနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင် သွားရောက်စစ်ဆေးသည့်သတင်း

Published: Oct 14 Posted Under: Ministry News

မန္တလေးတိုင်းဒေသကြီးအတွင်း ပြည်သူများ လျှပ်စစ်ဓာတ်အား ကောင်းမွန်စွာသုံးစွဲနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုအခြေအနေများအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်စစ်ဆေးသည့်သတင်း

Published: Oct 13 Posted Under: Ministry News

မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဗို့အားပြည့်၀စွာရရှိရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့ချနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး သွားရောက်စစ်ဆေး