Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန​၏မျှော်​မှန်း​ချက်

၁။       မြန်မာ​နိုင်ငံ​တွင် လျှပ်စစ်​ဓာတ်​အား လို​အပ်​ချက်​ကို ဖြည့်​ဆည်း​ပေး​ရန် ရေ​အား လျှပ်စစ်​ဓာတ်​အား ထုတ်​လုပ်​မှု​များ​အပြင် သ​ဘာ​ဝ​ဓာတ်ငွေ့​သုံး ဓာတ်​အားပေး​စက်​များ မောင်း နှင်​ရေး​ဆောင်ရွက်​ရန်​နှင့် လေ​စွမ်း​အင်​နှင့် နေရောင်ခြည်​သုံး ဓာတ်​အားပေး​စက်​ရုံ​များ​ကို ကျယ် ကျယ်​ပြန့်​ပြန့် စီးပွားဖြစ်​တည်ဆောက်​၍ ဓာတ်​အားထုတ်​လုပ်​ပေး​ရန်။

၂။       တိုးတက်​ထုတ်​လုပ်​လာ​နိုင်​မည့် လျှပ်စစ်​ဓာတ်​အား​ကို မြန်မာ​နိုင်​ငံတော် ဓာတ်​အား စနစ်​မှ တိုင်း​ဒေသ​ကြီး​များ​နှင့် ပြည်နယ်​များ​သို့ သယ်ယူ​ပို့​လွှတ်​နိုင်​ရေး​အတွက် မဟာ​ဓာတ်​အား လိုင်း​များ​နှင့် ပင်မ​ဓာတ်​အား​ခွဲ​ရုံ​များ တိုး​ချဲ့​တည်ဆောက်​ရန်။

၃။       ဓာတ်​အား​သုံးစွဲ​မည့် စက်​မှု​လုပ်​ငန်း​ကြီး​များ​နှင့် လုပ်သား​ပြည်​သူ​များ​အား ဖြန့်​ဖြူး နိုင်​ရေး​ကို​လည်း စီမံ​ချက်​ဖြင့်​ဆက်လက်​ဆောင်ရွက်​ရန်။

၄။       ကျေးလက်​နေ​ပြည်​သူ​များ လျှပ်စစ်​ဓာတ်​အား သုံးစွဲ​နိုင်​ရေး​အတွက် ဓာတ်​အား​စနစ် မှ တိုး​ချဲ့​ပေး​ခြင်း​နှင့် ဓာတ်​အား​စနစ်​မှ အလှမ်း​ဝေး​သော ဒေသ​များ​အတွက် ဇီဝ​လောင်စာ​နှင့် ပြန်လည်​ပြည့်​ဖြိုး​မြဲ​စွမ်း​အင်​သုံး ဓာတ်​အားပေး​စက်​များ ၊ Solar Home System များ တပ်​ဆင် သုံးစွဲ​နိုင်​ရေး ဆောင်ရွက်​ရန်။

၅။       ဓာတ်​အား​စနစ်​မှ လျှပ်စစ်​ဓာတ်​အား မ​ရောက်​ရှိ​သေး​သော အရပ်​ဒေသ​များ​တွင် ဒီ​ဇယ်​ဓာတ်​အားပေး​စက်​များ​ဖြင့်​သာ​မက အသေး​စား ရေ​အား​လျှပ်စစ်​နှင့် ဒေသ​တွင်း​ရ​ရှိ​နိုင်​သော အခြား​စွမ်း​အင်​အရင်းအမြစ်​များ​ကို အသုံး​ချ​၍ mini grid ဖြင့် လျှပ်စစ်​ဓာတ်​အား လို​အပ်​ချက် ကို ဖြည့်​ဆည်း​ပေး​ရန်။

၆။       လျှပ်စစ်​ဓာတ်​အား ထုတ်​လုပ်၊ ပို့​လွှတ်၊ ဖြန့်​ဖြူး သုံးစွဲ​နေ​သော မြန်မာ​နိုင်ငံ ဓာတ် အား​စနစ်​နှင့် mini grid များ​၏ အရည်အသွေး​အား စံ​ချိန်​စံ​ညွှန်း​နှင့်​အညီ သတ်​မှတ်ထား​သော ဗို့ အား အဆင့်​အတွင်း ဓာတ်​အား​ပြတ်​တောက်​မှု​နှင့် ဓာတ်​အား​ပျောက်​ဆုံး​မှု အနည်း​ဆုံး​ဖြင့် ပို့​လွှတ် နိုင်​ရေး လို​အပ်​သော လုပ်​ထုံး​လုပ်​နည်း​နှင့် နည်းဥပဒေ​များ​ကို နိုင်ငံ​တကာ​၏  အတွေ့​အကြုံ​များ အား လေ့​လာ​ရေး​ဆွဲ သတ်​မှတ်​ရန် ။

Video News

Ministry News, Video News

Date: Mar 04

 
e-Billing
e-Service
letter to the Ministry Office
e-Government
Download application form
Services