The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ ၃၃ ကေဗွီ ဓာတ်အားခွဲရုံအမှတ်(၂)ရှိ ၃၃/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ထရန်စဖော်မာလောင်ကျွမ်းမှုဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်
၁။ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ ၃၃ ကေဗွီ ဓာတ်အား ခွဲရုံအမှတ် (၂) ရှိ ၃၃/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ထရန်စဖော်မာအမှတ်(၁)သည် ၂၀၂၆ခုနှစ်၊ မေလ ၂၁ ရက်နေ့ (၁၅:၄၂) နာရီတွင် ဓာတ်အားပြတ်တောက်ခဲ့ပြီး လျှပ်စစ်စမ်းသပ်ရေးဆိုင်ရာ စမ်းသပ်ချက် များအရ ထရန်စဖော်မာလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဖော်ပြပါ ထရန် စဖော်မာလောင်ကျွမ်းမှုကို သိလျှင်သိခြင်း အဆိုပါ ထရန်စဖော်မာဖြင့် ဓာတ်အားဖြန့်ဖြူးထားသည့် အစိုးရဌာနရုံးများနှင့် အများပြည်သူဆိုင်ရာနေရာ အချို့အား ၎င်းဓာတ်အားခွဲရုံရှိ ကျန်ထရန်စဖော်မာ အမှတ် (၂) ဖြင့် ဝန်အားမျှ၍ လျှပ်စစ်ဓာတ်အား ယာယီပြန်လည်ဖြန့်ဖြူးပေးခဲ့ပါသည်။


Read More...

: 22-May-2026
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် အတွင်းရှိ ၆၆/၃၃/၁၁ ကေဗွီ သီပေါဓာတ်အားခွဲရုံနှင့် ကျောက်မဲမြို့နယ်အတွင်းရှိ ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံများ ပြန်လည်ပြုပြင်ပြီးစီးမှုအခြေအနေများအား မေလ ၁၇ ရက်နေ့တွင်လည်းကောင်း၊ မန္တလေး တိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်အတွင်းရှိ ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံများမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေတို့အား မေလ ၁၈ ရက်နေ့တွင်လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 21-May-2026
သတင်းထုတ်ပြန်ချက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ၂၀၂၆ ခုနှစ် မေလ ၁၆ရက်နေ့တွင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းရုံးချုပ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းလျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများအား တွေ့ဆုံဆွေးနွေးခဲ့ပြီး ဓာတ်အားဖြန့်ဖြူးမှုကောင်းမွန်စေရေးအတွက် ဆောင်ရွက်နေမှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 19-May-2026
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ လုပ်ငန်းများ ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် အမြဲတမ်း အတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ လုပ်ငန်းများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 16-May-2026
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုအခြေအနေနှင့် မိတ္ထီလာမြို့နယ်ရှိ ၅၀၀ ကေဗွီ ကံကောင်း ပင်မဓာတ်အားခွဲရုံစီမံကိန်း ဆောင်ရွက်ပြီးစီးနေမှု အခြေအနေတို့အား သွားရောက်ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် မေလ ၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ရဲရွာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုအခြေအနေနှင့် မိတ္ထီလာမြို့နယ်ရှိ ၅၀၀ ကေဗွီ ကံကောင်းပင်မဓာတ်အားခွဲရုံစီမံကိန်း ဆောင်ရွက်ပြီးစီးနေမှုအခြေအနေတို့အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 10-May-2026