The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက် (၂/၂၀၁၉)

သတင်းထုတ်ပြန်ချက် (၂/၂၀၁၉)

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ  ၁၄  ရက်

သတင်းထုတ်ပြန်ခြင်း(၂/၂၀၁၉)အခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ နေပြည်တော်၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား၌ အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်းတွင်အသုံးပြုရန် ပစ္စည်းများဝယ်ယူထားရှိမှုအခြေအနေ၊ ၆၆ကေဗွီ ရာဇဂြိုလ်- ကလေး-ကလေးဝဓာတ်အားလိုင်း ၄၈.၉၆ မိုင်နှင့် ၆၆/၁၁ကေဗွီ ၅အမ်ဗွီအေ ကလေးဝဓာတ်အားခွဲရုံ တည်ဆောက်မှုအခြေအနေ၊ အပူစွမ်းအင်သုံး စက်ရုံများဌာန၊ ဓာတ်အားပေး စက်ရုံစီမံကိန်းများ အခြေအနေ၊ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP)ပထမအဆင့် တည်ဆောက်ရေးလုပ်ငန်း များဆောင်ရွက်ထားရှိမှုအခြေအနေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့တွင် နိုင်ငံတော် ဓာတ်အားစနစ်မှ (၂၄)နာရီဓာတ်အားဖြန့်ဖြူးပေးနိုင်မှုအခြေအနေ၊ ရွာမ-အဖျောက်-အင်းရွာ ၁၄ လက်မ ပိုက်လိုင်း လှိုင်မြစ်ဖြတ် (ရိုးလေး-မင်းမကုန်း) HDD နည်းဖြင့် တူးဖောက်ဆက်သွယ်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေ၊ အသေးစားရေနံချက်လုပ်ခြင်း(Mini Refinery)လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း (သန်လျင်)တွင် LPG Training Course သင်တန်းဖွင့်လှစ်ခဲ့မှုအခြေအနေ၊ စက်သုံးဆီဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းအား စနစ်တကျဆောင်ရွက်နိုင်ရန် စက်သုံးဆီကိုင်တွယ်ထိန်းသိမ်းခြင်းအခြေခံ သင်တန်း Petroleum Products Handling Process (PPHP) Basic Training Course များ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးတို့ကိုဦးတည်၍ ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းမှ လမ်းမီးဓာတ်အားလိုင်းအသစ် တည်ဆောက်ခြင်း၊ မီးလုံးအသစ်တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဓာတ်အားလိုင်းနှင့်ဓာတ်အား ခွဲရုံများ တည်ဆောက်ပြီးစီးမှုအခြေအနေများနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခဲ့ပါသည်။

 အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်နှင့်သတင်း ထုတ်ပြန်ရေး အဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သတင်းမီဒီယာသမားများ တက်ရောက်ခဲ့ပါသည်။

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

ပြောရေးဆိုခွင့်နှင့်သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်(၂/၂၀၁၉)

၂၀၁၉ ခုနှစ်၊  ဖေဖော်ဝါရီလ  ၁၄  ရက်

  • အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်းတွင် အသုံးပြုရန် ပစ္စည်းများဝယ်ယူထားရှိမှုအခြေအနေ
  • ၆၆ကေဗွီ ရာဇဂြိုလ်-ကလေး-ကလေးဝဓာတ်အားလိုင်း ၄၈.၉၆ မိုင်နှင့် ၆၆/၁၁ကေဗွီ ၅အမ်ဗွီအေ ကလေးဝဓာတ်အားခွဲရုံတည်ဆောက်မှုအခြေအနေ၊ အပူစွမ်းအင်သုံး စက်ရုံများဌာန၊ ဓာတ်အားပေး စက်ရုံစီမံကိန်းများအခြေအနေ
  • အပူစွမ်းအင်သုံး စက်ရုံများဌာန၊ ဓာတ်အားပေးစက်ရုံစီမံကိန်းများအခြေအနေ
  • အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP)ပထမအဆင့် တည်ဆောက်ရေးလုပ်ငန်း များဆောင်ရွက်ထားရှိမှုအခြေအနေ
  • စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ (၂၄)နာရီ ဓာတ်အားဖြန့်ဖြူးပေးနိုင်မှုအခြေအနေ
  • ရွာမ-အဖျောက်-အင်းရွာ ၁၄ လက်မ ပိုက်လိုင်း လှိုင်မြစ်ဖြတ် (ရိုးလေး-မင်းမကုန်း) HDD နည်း ဖြင့် တူးဖောက်ဆက်သွယ်ခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေ
  • အသေးစားရေနံချက်လုပ်ခြင်း(Mini Refinery)လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက် ထားရှိမှုအခြေအနေ
  • အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း(သန်လျင်)တွင် LPG Training Course သင်တန်းဖွင့်လှစ်ခဲ့မှုအခြေအနေ
  • စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းအား စနစ်တကျဆောင်ရွက်နိုင်ရန် စက်သုံးဆီ ကိုင်တွယ်ထိန်းသိမ်းခြင်းအခြေခံသင်တန်း Petroleum Products Handling Process (PPHP) Basic Training Course များ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့်အခြေအနေ
  • ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးတို့ကို ဦးတည်၍ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ လမ်းမီး ဓာတ်အားလိုင်းအသစ် တည်ဆောက်ခြင်း၊ မီးလုံးအသစ်တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက် နေမှုနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ
  • ပင်မဓာတ်အားခွဲရုံများ တပ်ဆင်ထားရှိမှုအခြေအနေ

          * ထုတ်ပြန်သည့်အချက်အလက်များနှင့်စပ်လျဉ်း၍ မီဒီယာများအနေဖြင့် အသေးစိတ်ထပ်မံသိရှိလိုပါက ဆက်သွယ်မေးမြန်းရန်*

                                         ဦးဌေးအောင်                                                                         ဦးစိုးမြင့်

                   ဒုတိယအမြဲတမ်းအတွင်းဝန်(စွမ်းအင်ကဏ္ဍ)                          ဒုတိယအမြဲတမ်းအတွင်းဝန်(လျှစ်စစ်ကဏ္ဍ)

                    လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန(ဝန်ကြီးရုံး)                            လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန(ဝန်ကြီးရုံး)

                                     ဖုန်း- ၀၆၇ ၄၁၀၅၉၉                                                             ဖုန်း- ၀၆၇ ၄၁၀၂၀၇

 

  • အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်းတွင် အသုံးပြုရန် ပစ္စည်းများဝယ်ယူထားရှိမှုအခြေအနေ

  •  

  • ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်သည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း ပထမအဆင့်လုပ်ငန်းများဆောင်ရွက်ရန် လိုအပ်သည့် ဓာတ်အားလိုင်း၊ ထရန်စဖော်မာနှင့် ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာဆက်စပ်ပစ္စည်းများဖြစ်သည့် ထရန်စဖော်မာများ (Transformers)၊ ကွန်ကရိတိုင်နှင့် Steel Poles ၊ ဓာတ်အားလိုင်းကြိုး (ACSR Conductors)၊ ကြွေသီး(Insulators)၊ ဓာတ်အားလိုင်းဆက်စပ်ပစ္စည်းများ(Steel Parts and Accessories)နှင့် ထရန်စဖော်မာဆက်စပ်ပစ္စည်းများ(Transformer Accessories) များ ဝယ်ယူရန် ကမ္ဘာ့ဘဏ်၏ ပစ္စည်းဝယ်ယူရေး လမ်းညွှန်ချက်များနှင့်အညီ လျှပ်စစ် စွမ်းအားစီမံရေးဦးစီးဌာနမှ နိုင်ငံတကာယှဉ်ပြိုင်စနစ်ဖြင့် တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ပါသည်။
  • ပထမအဆင့်ဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်းများတွင် အသုံးပြုရန်လိုအပ်သည့်ပစ္စည်းများ ဝယ်ယူခြင်းကို ကမ္ဘာ့ဘဏ်၏ ပစ္စည်းဝယ်ယူရေး လမ်းညွှန်ချက်များနှင့်အညီ နိုင်ငံတကာ ယှဉ်ပြိုင်စနစ်ဖြင့် ၂၀၁၇ ခုနှစ်တွင် ပစ္စည်းဝယ်ယူရေးတင်ဒါများ စတင်ခေါ်ယူခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ပစ္စည်းဝယ်ယူရေးစာချုပ်များ ချုပ်ဆိုခဲ့ပြီးဖြစ်ပါသည်။ စုစုပေါင်းစာချုပ်ပြီးစီမှု တန်ဘိုးမှာ အမေရိကန်ဒေါ်လာ ၉၀.၅၆၂ သန်း ဖြစ်ပါသည်။
  • ပထမအဆင့် ဆောင်ရွက်မည့်တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါခေါ်ယူခြင်း၊ စာချုပ် ချုပ်ဆိုခြင်း၊ လုပ်ငန်းများ စတင်ဆောင်ရွက်ခြင်းတို့ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းလက်အောက်ရှိ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း စီမံခန့်ခွဲရေးရုံးမှ ကမ္ဘာ့ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ် ပါသည်။

    ၆၆ကေဗွီ ရာဇဂြိုလ်-ကလေး-ကလေးဝဓာတ်အားလိုင်း ၄၈.၉၆ မိုင်နှင့်

    ၆၆/၁၁ကေဗွီ ၅အမ်ဗွီအေ ကလေးဝဓာတ်အားခွဲရုံတည်ဆောက်မှုအခြေအနေ

     

  • စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ ရာဇဂြိုလ်ရွာအနီးရှိ ရာဇဂြိုလ် ရေအားလျှပ်စစ်စက်ရုံမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်၍ ရာဇဂြိုလ်မြို့၊ ကလေးဝမြို့နှင့် အနီးပတ်ဝန်းကျင်ရှိ မြို့နယ်၊ကျေးရွာများသို့ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ၆၆ကေဗွီ ရာဇဂြိုလ်-ကလေး-ကလေးဝဓာတ်အားလိုင်း ၄၈.၉၆ မိုင်နှင့် ၆၆/၁၁ကေဗွီ ၅ အမ်ဗွီအေ ကလေးဝဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် တင်မြင့်ဝင်းကုမ္ပဏီသို့ Turnkey စနစ်ဖြင့် လုပ်ငန်းအပ်နှံဆောင်ရွက်ခဲ့ ပါသည်။
  • ရာဇဂြိုလ်ရေအားလျှပ်စစ်စက်ရုံအား နိုင်ငံတော်ဓာတ်အားစနစ်နှင့်ချိတ်ဆက်၍ စမ်းသပ် လည်ပတ်နိုင်ရန် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ညှိနှိုင်းမှုအရ ၆၆ကေဗွီ ရာဇဂြိုလ်-ကလေး ဓာတ်အားလိုင်း ၂၄.၄ မိုင်အား အမြန်ပြီးစီးရေး ဦးစားပေးဆောင်ရွက် ခဲ့ရာ ၃၁-၅-၂၀၁၈ရက်နေ့တွင် ပြီးစီးခဲ့ပြီး ၂၃၀ကေဗွီ ကလေးပင်မဓာတ်အားခွဲရုံတွင် 66kV Switch Bay(၂)စုံ တပ်ဆင်ခြင်း၍ ရာဇဂြိုလ်ရေအားလျှပ်စစ်စက်ရုံသို့ ၇-၆-၂၀၁၈ ရက်နေ့ တွင် ဓာတ်အားပို့လွှတ်နိုင်ခဲ့ပါသည်။
  • ၎င်းနောက် ၆၆ကေဗွီ ကလေး-ကလေးဝ ဓာတ်အားလိုင်းအပိုင်း ၂၄.၅၆ မိုင်နှင့် ၆၆/၁၁ကေဗွီ ၅အမ်ဗွီအေ ကလေးဝဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ခဲ့ရာ ၃၀-၁-၂၀၁၉ရက်နေ့တွင် ၆၆ကေဗွီ ကလေးဝဓာတ်အားခွဲရုံမှ ကလေးဝမြို့နှင့် အနီး ပတ်ဝန်းကျင်ကျေးရွာများသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပါသည်။
  • အဆိုပါ ၆၆ကေဗွီ ရာဇဂြိုလ်-ကလေး-ကလေးဝဓာတ်အားလိုင်း ၄၈.၉၆မိုင်နှင့် ၆၆/၁၁ကေဗွီ ၅အမ်ဗွီအေ ကလေးဝဓာတ်အားခွဲရုံတည်ဆောက်ခြင်းစီမံကိန်းကို နိုင်ငံတော်မှ ကျပ်သန်းပေါင်း ၉၉၁၄.၁၇၄ ဖြင့် ကုန်ကျခံတည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

    အပူစွမ်းအင်သုံး စက်ရုံများဌာန၊ ဓာတ်အားပေးစက်ရုံစီမံကိန်းများအခြေအနေ

     

  • သထုံ ၁၁၈.၉ မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံစီမံကိန်းသည် မွန်ပြည်နယ်၊ သထုံဒေသ၊ သထုံ ဓာတ်အားပေးစက်ရုံဝင်းအတွင်း တည်ဆောက်လျက်ရှိသော နိုင်ငံပိုင်ဓာတ်အားပေးစက်ရုံ တစ်ရုံဖြစ်ပါသည်။ အဆိုပါစီမံကိန်းသည် ၂၆-၁-၂၀၁၆ ရက်နေ့တွင် မိမိတို့ဝန်ကြီးဌာန လက်အောက်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် တင်ဒါအောင်မြင်ခဲ့သော China Energy Engineering Group Co., Ltd (CEEC) တို့ Engineering Procurement Construction - EPC စာချုပ်ချုပ်ဆို၍ ဆောင်ရွက်နေသောစီမံကိန်းဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းများ ၉၉.၉% ခန့်ပြီးစီးပြီဖြစ်ပါသည်။ ယခုအခါ GT (၁)လုံးဖြင့် ၃၄ မဂ္ဂါဝပ်ခန့် ဓာတ်အား ထုတ်လုပ်လျက်ရှိပြီး STG commissioning လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိ သထုံတွင် ရရှိသုံးစွဲနေသောဓာတ်ငွေ့ခွဲတမ်းကို အသုံးပြု ၍ Efficiency ကောင်းမွန်သော ဓာတ်အားပေးစက်များဖြင့် သထုံဒေသအတွင်း ဓာတ်အား ကို တိုးတက်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊
  • ဘဲလင်း ၁၄၅ မဂ္ဂါဝပ် Gas Engine သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းသည် မိမိတို့နိုင်ငံ အတွင်း တိုးတက်သုံးစွဲလာသော ဓာတ်အားလိုအပ်ချက်ကို တစ်စိတ်တစ်ပိုင်း ဖြည့်ဆည်း ပေးနိုင်ရေး မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ဘဲလင်း ၂၃၀ ကေဗွီ ဓာတ်အား ခွဲရုံဝန်းအတွင်း Rental စနစ်ဖြင့် Gas Engine သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေသောစီမံကိန်းဖြစ်ပါသည်။ အဆိုပါစီမံကိန်းသည် ၆-၁၁-၂၀၁၈ ရက်နေ့တွင် တင်ဒါအောင်မြင်ခဲ့သော Powergen Kyaukse Co.,Ltd နှင့် Powergen ကုမ္ပဏီတို့မှ PPA စာချုပ် ချုပ်ဆို၍ ဆောင်ရွက်နေသောစီမံကိန်းဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများ ၈၀% ခန့်ပြီးစီးပြီဖြစ်ကြောင်း၊
  • မြင်းခြံ ၉၀ မဂ္ဂါဝပ် Gas Engine သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းသည်လည်း မိမိတို့နိုင်ငံ အတွင်း တိုးတက်သုံးစွဲလာသော ဓာတ်အားလိုအပ်ချက်ကို တစ်စိတ်တစ်ပိုင်း ဖြည့်ဆည်း ပေးနိုင်ရေး မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံဒေသတွင် Rental စနစ်ဖြင့် Gas Engine သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေသောစီမံကိန်းဖြစ်ပါသည်။ အဆိုပါစီမံကိန်းသည် ၇-၁၁-၂၀၁၈ ရက်နေ့တွင် တင်ဒါအောင်မြင်ခဲ့သော V Power Holdings Limited မှ PPA စာချုပ် ချုပ်ဆို၍ ဆောင်ရွက်နေသောစီမံကိန်းဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ပြီးစီး၍ ၁-၂-၂၀၁၉ ရက်နေ့မှစတင်၍ စီးပွားဖြစ် ဓာတ်အားထုတ်လုပ်လျက်ရှိကြောင်း၊
  • လှော်ကားဓာတ်အားပေးစက်ရုံရှိ ဓာတ်အားပေးစက်များအား ပြုပြင်ခြင်းလုပ်ငန်းသည် လှော်ကားဓာတ်အားပေးစက်များအား စက်စွမ်းအားပြည့် မောင်းနှင်ဓာတ်အားထုတ်လုပ် နိုင်ရေး Rehabilitation, Operation, Maintenance and Management (ROMM) စနစ်ဖြင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် Golden Green Energy Co.,Ltd (GGE) ဖြင့် ၃၀-၁၁-၂၀၁၈ ရက်နေ့တွင် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ပါသည်။ ယခုအခါ GGE ကုမ္ပဏီမှ ဓာတ်အားပေးစက် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

    အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) ပထမအဆင့် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေ

     

  • ကုလသမဂ္ဂ၏ ရေရှည်တည်တံ့သော စွမ်းအင်ရရှိရေး (Substainable for All SE4-ALL) ဖြစ်သည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံချက်အား ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ ၁.၅ သန်း အထောက်အပံ့ဖြင့် ၂၀၁၃ ခုနှစ်၊ မေလမှ ၂၀၁၄ခုနှစ်၊ သြဂုတ်လအထိ ရေးဆွဲ ဆောင်ရွက်ခဲ့ပါသည်။ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံချက်၏ ရည်ရွယ်ချက်မှာ “၂၀၃၀ခုနှစ်တွင် မြန်မာနိုင်ငံတွင်း ဒေသများအားလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိစေရန်” ဖြစ်ပါသည်။
  • အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံချက်အား ရည်မှန်းချက်များထားရှိ၍ ဆောင်ရွက် လျက်ရှိပါသည်။
    • မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေးစီမံချက်အတွက် လုံလောက်သော ဘဏ္ဍာငွေကြေးရရှိရေး စီစဉ်ဆောင်ရွက်ရန်၊
    • နိုင်ငံတကာဖွံ့ဖြိုးမှု မိတ်ဖက်များ၊ ပြည်တွင်းပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် နိုင်ငံတော်၏ ဘတ်ဂျက်တို့အပါအဝင် စီမံချက်အတွက် ရင်းနှီးမြှပ်နှံမှု ရန်ပုံငွေများ ကို ကော်မတီကတစ်ခုတည်းသော ဝင်ပေါက်အဖြစ် ( Single Window) ညှိနှိုင်း ဆောင်ရွက်ရန်၊
    • အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံချက်အရဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်း များကို ကုန်ကျစရိတ်အသက်သာဆုံးနည်းလမ်းဖြင့်ဆောင်ရွက်နိုင်ရေး စီမံခန့်ခွဲရန်၊
    • အကောင်အထည်ဖော်ဆောင်ရွက်သော စီမံကိန်းလုပ်ငန်းများသည် ပြည်သူလူထု အတွက် ထိရောက်အကျိုးရှိသော လုပ်ငန်းများဖြစ်စေရေး ကြီးကြပ်စီမံခန့်ခွဲရန်၊
    • ပုဂ္ဂလိကမှ ပါဝင်လုပ်ကိုင်ဆောင်ရွက်မှုများအတွက် ရှင်းလင်းလွယ်ကူသော လမ်းကြောင်း နှင့် မူဘောင်များချမှတ်ပေးရန်၊
    • ဓာတ်အားစနစ်ပြင်ပတွင်ရှိသော ဒေသအသီးသီးတွင် နည်းလမ်းအမျိုးမျိုးဖြင့် လျှပ်စစ် ဓာတ်အားရရှိရေးဆောင်ရွက်ရာ၌ သင့်လျော်သောရင်းနှီးမြှပ်နှံမှုကုန်ကျ စရိတ်နှင့် ယင်းအတွက် ပြန်ရချက်တို့အပေါ်အခြေခံသော ဓာတ်အားခနှုန်းထား တွက်ချက်မှု နှင့် သတ်မှတ်မှုကို ဆောင်ရွက်ပေးရန်၊
  • ယနေ့အချိန်အခါတွင် မြန်မာတစ်နိုင်ငံလုံး၌  အိမ်ထောင်စုပေါင်း  ၁၀.၈၉ သန်းခန့်ရှိမည်ဟု ခန့်မှန်းပြီး၊ ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလအထိ အိမ်ထောင်စုပေါင်း ၄.၇၄ သန်း ( ၄၃.၆၀% ခန့်) လျှပ်စစ်မီးရရှိပြီးဖြစ်ပါသည်။ ထို့ကြောင့်အိမ်ထောင်စု ၆.၁၅ သန်း (၅၆.၄၇%) လျှပ်စစ်မီး ရရှိရန်လိုအပ်လျက်ရှိပါသည်။
  • တစ်နိုင်ငံလုံးလျှပ်စစ်မီးပြည့်ပြည့်ဝဝရရှိနိုင်ရန် ဓာတ်အားဖြန့်ဖြူးရေး(Distribution)အပိုင်း အတွက် စုစုပေါင်းအမေရိကန်ဒေါ်လာ ၄.၉၁ ဘီလီယံခန့် လိုအပ်မည်ဖြစ်ပါသည်။ ထို့အပြင် ဓာတ်အားထုတ်လုပ်မှုအပိုင်း(Generation)၊ ဓာတ်အားပို့လွှတ်မှုအပိုင်း(Transmission)များ အတွက်လည်း ဘဏ္ဍာငွေ ထပ်မံလိုအပ်မည်ဖြစ်ကြောင်းသိရှိရပါသည်။
  • အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းလုပ်ငန်းများ စတင်အကောင်အထည်ဖော်နိုင်ရန် ကမ္ဘာ့ဘဏ်မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ချေးယူ၍ လုပ်ငန်းများစတင်ဆောင်ရွက် လျက်ရှိပါသည်။
  • ချေးငွေဆိုင်ရာ အချက်အလက်များ
  • *ကမ္ဘာ့ဘဏ် ချေးငွေ

    -

    US$ သန်း ၄၀၀

     

    -

    လျှပ်စစ်နှင့်စွမ်းအင်- US$ သန်း ၃၁၀

     

    -

    ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန- US$ သန်း ၉၀

    *ချေးငွေဆိုင်ရာ

    -

    အတိုးနှုန်းမရှိပါ

      အချက်အလက်များ

     

    ဝန်ဆောင်ခ   - ၀.၇၅%

     

     

    ဆိုင်းငံ့ကာလ - ၆ နှစ်

     

     

    ပြန်ဆပ်ကာလ- ၃၂ နှစ်

  • လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကရရှိသည့် ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာသန်း ၃၁၀ အနက် အမေရိကန်ဒေါ်လာသန်း ၃၀၀ အား စီမံကိန်းလုပ်ငန်းများအတွက် ဆောင်ရွက် ရန်ဖြစ်ပြီး၊ အမေရိကန်ဒေါ်လာ ၁၀ သန်းမှာ Technical Assistant နည်းပညာဆိုင်ရာ အထောက်အကူအတွက်ဖြစ်ပြီး စီမံကိန်းမှာ ဓာတ်အားစနစ်မှ ကျေးရွာများဆီသို့ လျှပ်စစ် ဓာတ်အားရရှိရေးအတွက်
    • ပထမဦးစားပေးအနေဖြင့် ဓာတ်အားစနစ်မှ၂မိုင်အတွင်းကျေးရွာများ၊
    • ဒုတိယဦးစားပေးအနေဖြင့် ဓာတ်အားစနစ်နှင့် ၂ မိုင်မှ ၅မိုင်အတွင်း ကျေးရွာများ၊
    • တတိယဦးစားပေးအနေဖြင့် ဓာတ်အားစနစ်နှင့် ၅ မိုင်မှ ၁၀ မိုင်အတွင်း ကျေးရွာ များ၊
    • နောက်ဆုံးအဆင့်အနေဖြင့် ဓာတ်အားစနစ်မှ ၁၀ မိုင်အထက်ကျေးရွာများ ဆောင်ရွက် သွားမည်ဖြစ်ပါသည်။
  • ပထမဦးစားပေးအနေဖြင့် ဓာတ်အားစနစ်မှ ၂ မိုင်အတွင်းကျေးရွာများကို မြေပြင်တွင် ကွင်းဆင်းတိုင်းတာ စာရင်းပြုစုခဲ့ရာ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဓာတ်အားရရှိနိုင်မည့် ၂ မိုင်အတွင်းကျေးရွာအရေအတွက် ၅၀၈၀ ဖြစ်ကြောင်း သတင်းရရှိပါသည်။

    တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဓာတ်အားရရှိနိုင်မည့် ၂ မိုင်အတွင်းကျေးရွာစာရင်း

     

    စဉ်

    တိုင်းဒေသကြီး/ ပြည်နယ်

    လျှပ်စစ်ဓာတ်အား ရရှိမည့်ကျေးရွာ အရေအတွက်

    အိမ်ထောင်စု

    အရေအတွက်

    လူဦးရေ

    ကချင်

    ၉၀၂

    ၄၃၉၉

    ကယား

    ၁၈၅

    ၁၁၁၈

    ကရင်

    ၆၇

    ၇၅၅၄

    ၃၉၁၈၈

    ချင်း

    ၁၈၁

    ၈၀၁

    စစ်ကိုင်း

    ၉၆၁

    ၁၂၄၁၆၉

    ၅၈၈၇၃၁

    တနင်္သာရီ

    ပထမအဆင့် ၂မိုင်အတွင်းကျေးရွာများမရှိပါ။

    ပဲခူး(အရှေ့)

    ၅၉၁

    ၇၅၁၇၈

    ၂၉၇၉၁၁

    ပဲခူး(အနောက်)

    ၈၅၈

    ၇၆၆၈၈

    ၂၇၈၉၆၈

    မကွေး

    ၆၆၄

    ၈၉၃၃၀

    ၄၂၀၄၁၇

    ၁၀

    မွန်

    ၇၈

    ၁၁၉၇၂

    ၆၆၃၅၇

    ၁၁

    ရခိုင်

    ၂၁

    ၂၅၆၃

    ၁၃၄၈၇

    ၁၂

    ရှမ်း(တောင်)

    ၂၇၅

    ၂၄၅၇၁

    ၁၁၃၈၃၂

    ၁၃

    ရှမ်း(မြောက်)

    ၁၈၆

    ၁၂၈၆၆

    ၆၁၃၄၂

    ၁၄

    ရှမ်း(အရှေ့)

    ၂၂

    ၁၉၁၃

    ၇၃၅၁

    ၁၅

    ဧရာဝတီ

    ၆၅၀

    ၇၅၂၈၁

    ၂၉၇၈၇၅

    ၁၆

    နေပြည်တော်

    ၉၄

    ၂၀၃၈၅

    ၇၅၀၈၇

    ESE စုစုပေါင်း

    ၄၄၈၁

    ၅၂၃၇၁၀

    ၂၂၆၆၈၆၄

    ၁၇

    ရန်ကုန်

    ၂၀၆

    ၂၃၆၀၂

    ၁၀၃၁၆၃

    ၁၈

    မန္တလေး

    ၃၉၃

    ၇၉၄၄၅

    ၁၆၄၃၄၉

    စုစုပေါင်း

    ၅၀၈၀

    ၆၂၆၇၅၇

    ၂၅၃၄၃၇၆

     

    အဆိုပါ ၂ မိုင်အတွင်းကျေးရွာများမှ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ၏ ရန်ပုံငွေဖြင့် လည်း ကောင်း၊ ကိုယ့်အားကိုယ်ကိုးမီးလင်းရေးဆောင်ရွက်မှုကြောင့်လည်းကောင်း စသည့် အကြောင်း အမျိုးမျိုးကြောင့် ကျေးရွာစုစုပေါင်း ၁,၀၉၅ ရွာ ဓာတ်အားစနစ်မှ ဓာတ်အားရရှိပြီးဖြစ်ပါ၍ အဆိုပါကျေးရွာများအား အစားထိုးဆောင်ရွက်နိုင်ရန်စီစဉ်ခဲ့ပါသည်။ အစားထိုးမည့်အိမ်ထောင်စုပေါင်း ၁၃၀၅၈၆ ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
     
     

    NEP Phase I တွင် ဆောင်ရွက်မည့်ကျေးရွာများစာရင်း

    စဉ်

    တိုင်းဒေသ ကြီး
    /ပြည်နယ်

    မူလလျာထား

    ကျေးရွာ

    မီးလင်းပြီး

    ကျေးရွာ

    ဆောင်ရွက်ရန်

    ကျန်ကျေးရွာ

    အစားထိုးမည့်
    ကျေးရွာ

    ရွာ

    အရေ
    အတွက်

    အိမ်
    ထောင်စု

    ရွာ

    အရေ
    အတွက်

    အိမ်
    ထောင်စု

    ရွာ

    အရေ
    အတွက်

    အိမ်
    ထောင်စု

    ရွာ

    အရေ
    အတွက်

    အိမ်
    ထောင်စု

    ကချင်

    ၉၀၂

    -

    -

    -

    -

    -

    ကယား

    ၁၈၅

    -

    -

    -

    ၉၅၀

    ကရင်

    ၆၇

    ၇၅၅၄

    ၄၈

    ၅၅၇၀

    ၁၉

    ၁၉၈၄

    ၄၈

    ၄၂၂၀

    ချင်း

    ၁၈၁

    -

    ၁၈၁

     -

    -

    စစ်ကိုင်း

    ၉၆၁

    ၁၂၄၁၆၉

    ၂၆၉

    ၄၅၉၂၈

    ၆၉၂

    ၇၈၂၄၁

    ၁၃၉

    ၂၁၂၆၅

    ပဲခူး(ရ)

    ၅၉၁

    ၇၅၁၇၈

    ၆၄

    ၉၂၃၅

    ၅၂၇

    ၆၅၉၄၃

    ၅၈

    ၁၄၅၀၀

    ပဲခူး(န)

    ၈၅၈

    ၇၆၆၈၈

    ၁၁၈

    ၁၃၆၈၆

    ၇၄၀

    ၆၃၀၀၂

    ၁၂၉

    ၃၂၂၅၀

    မကွေး

    ၆၆၄

    ၈၉၃၃၀

    ၆၁

    ၉၈၈၉

    ၆၀၃

    ၇၉၄၄၁

    ၅၉

    ၉၄၉၅

    မွန်

    ၇၈

    ၁၁၉၇၂

    ၂၈

    ၃၃၈၈

    ၅၀

    ၈၅၈၄

    ၁၃

    ၁၃၃၂

    ၁၀

    ရခိုင်

    ၂၁

    ၂၅၆၃

    ၁၀၄၉

    ၁၂

    ၁၅၁၄

    ၈၅၀

    ၁၁

    ရှမ်း(တ)

    ၂၇၅

    ၂၄၅၇၁

    ၇၂

    ၈၃၇၅

    ၂၀၂

    ၁၆၁၉၆

    ၃၃

    ၂၁၈၂

    ၁၂

    ရှမ်း(မ)

    ၁၈၆

    ၁၂၈၆၆

    ၆၇

    ၅၇၁၃

    ၁၁၈

    ၇၁၅၃

    ၂၁

    ၁၁၂၁

    ၁၃

    ရှမ်း(ရ)

    ၂၂

    ၁၉၁၃

    ၅၃၂

    ၁၃

    ၁၃၈၁

    -

    -

    ၁၄

    ဧရာဝတီ

    ၆၅၀

    ၇၅၂၈၁

    ၃၈

    ၅၄၈၇

    ၆၁၂

    ၆၉၇၉၄

    ၄၁

    ၅၃၅၂

    ၁၅

    နေပြည်တော်

    ၉၄

    ၂၀၃၅၈

    ၂၄

    ၇၄၂၄

    ၇၀

    ၁၂၉၃၄

    ၂၂

    ၂၆၀၆

     

    ESE စုစုပေါင်း

    ၄၄၈၁

    ၅၂၃၇၁၁

    ၈၁၇

    ၁၁၆၂၇၆

    ၃၆၆၄

    ၄၀၆၃၄၈

    ၅၇၂

    ၉၆၁၂၃

    ၁၆

    ရန်ကုန်

    ၂၀၆

    ၂၃၆၀၂

    ၃၃

    ၃၃၁၀

    ၁၇၃

    ၂၀၂၉၂

    ၃၃

    ၄၁၆၃

    ၁၇

    မန္တလေး

    ၃၉၃

    ၇၉၄၄၅

    ၂၄၅

    ၅၇၁၀၅

    ၁၄၈

    ၂၂၃၄၀

    ၂၄၂

    ၃၀၃၀၀

     

     စုစုပေါင်း

    ၅၀၈၀

    ၆၂၆၇၅၇

    ၁၀၉၅

    ၁၇၆၆၉၁

    ၃၉၈၃

    ၄၄၈၉၈၀

    ၈၄၇

    ၁၃၀၅၈၆

     
  • ဓာတ်အားစနစ်မှ ၂ မိုင်အတွင်းကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိနိုင်ရန်အတွက်  ပစ္စည်းများ ဝယ်ယူနိုင်ရန်စီစဉ်ခြင်း၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်ခြင်း စသည် တို့ကို ကမ္ဘာ့ဘဏ်၏ဝယ်ယူရေးစည်းမျဉ်းစည်းကမ်းများအတိုင်း စနစ်တကျဆောင်ရွက် ခဲ့ပါသည်။
  • လက်ရှိလုပ်ငန်းဆောင်ရွက်ပြီးစီးအနေဖြင့်
    • ကမ္ဘာ့ဘဏ်၏ လုပ်ထုံးလုပ်နည်းများအရ ပထမအဆင့်စာရင်းပါ ကျေးရွာများ အားလုံးတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နစ်နာမှု မရှိစေရန် စိစစ်လေ့လာဆောင်ရွက်ပြီးစီးပါကြောင်း၊
    • ဓာတ်အားစနစ်မှ ၂ မိုင်အတွင်း ကျေးရွာများအတွက် ပစ္စည်းဝယ်ယူခြင်း တင်ဒါများ အား ဆောင်ရွက်ပြီးဖြစ်ပြီး စာချုပ်များအားလုံးချုပ်ဆိုပြီးဖြစ်ပါကြောင်း၊
    • စာချုပ်ချုပ်ဆိုဝယ်ယူပြီး ပစ္စည်းများဖြစ်သည့် ကွန်ကရိတိုင်များသည် (၆၈%) ရာခိုင်နှုန်း၊ သံတိုင်များသည် (၁၀၀%) ရာခိုင်နှုန်း၊ သံလက်တန်းနှင့် စပ်ဆက် ပစ္စည်းများသည် (၄၀%) ရာခိုင်နှုန်း၊ ACSR ကြိုးများသည် (၇၈%) ရာခိုင်နှုန်း၊ ကြွေသီးများသည်(၈၀%)ရာခိုင်နှုန်း၊ ထရန်စဖော်မာများသည် (၆၃%) ရာခိုင်နှုန်း နှင့် ထရန်စဖော်မာစပ်ဆက်ပစ္စည်းများသည် (၉၀%) ရာခိုင်နှုန်း၊ သက်ဆိုင်ရာ စီမံကိန်းစတိုများသို့ အသီးသီးရောက်ရှိပြီးဖြစ်ပါကြောင်း၊
    • တည်ဆောက်ရေးတင်ဒါများအား Lot ၁၂ခု ခွဲခြား၍ NCB (National  Competitive Bidding) စနစ်ဖြင့် ပြည်တွင်းရှိ တည်ဆောက်ရေးလုပ်ငန်းရှင်များအား ဖိတ်ခေါ် ယှဉ်ပြိုင်ခဲ့ရာ စုစုပေါင်းကုမ္ပဏီ (၅၃)ခုမှ တင်ဒါပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Lot (၅)ခု စုစုပေါင်းကျေးရွာ (၂,၁၈၀)ရွာအတွက် ကုမ္ပဏီ (၁၆)ခုနှင့် စာချုပ်ချုပ်ဆိုပြီးဖြစ်ပါ ကြောင်း၊ စာချုပ်ချုပ်ဆိုထားသော ကုမ္ပဏီများက တည်ဆောက်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိရာ စာချုပ်ပါ လုပ်ငန်းဆောင်ရွက်မှု အချိန်ဇယား (Work Schedule) အရ ၂၀၁၉ခုနှစ်၊ စက်တင်ဘာလကုန်တွင် ဆောင်ရွက်ပြီးစီးမည် ဖြစ်ပါကြောင်း၊
    • ကျန်ရှိသော တည်ဆောက်ရေးတင်ဒါ ၇ ခုအနက် တင်ဒါ (၃)ခုအား ကမ္ဘာ့ဘဏ်၏ လုပ်ထုံးလုပ်နည်းများအတိုင်း စိစစ်ပြီးဖြစ်ပါ၍ ဝန်ကြီးဌာန အတည်ပြုချက်ရရှိရန် စီစဉ်လျက်ရှိပါသည်။ ကျန်တင်ဒါများအား ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နောက်ဆုံးထား၍ စိစစ်သွားမည်ဖြစ်ပါသည်။ အဆိုပါတင်ဒါများအရ နောက်ထပ် ကျေးရွာ စုစုပေါင်း (၂,၆၅၂)ရွာ ထပ်မံဓာတ်အားရရှိမည်ဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းများကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလကုန်တွင် ပြီးစီးနိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိပါကြောင်း၊
    • ကျန်ရှိသည့် နောက်ထပ်ကျေးရွာ ၂၅၀ ရွာအား အစားထိုးဆောင်ရွက်နိုင်ရန်အတွက် Survey တိုင်းတာလျက်ရှိပြီး ၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း ပြီးစီးသွားမည်ဖြစ်ပါကြောင်း၊
    • NEP အစီအစဉ်အရ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်သည့် အပြင် TA (Technical Assistant) အပိုင်းအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်း လျာထားပြီး၊ နိုင်ငံတကာအကြံပေးပုဂ္ဂိုလ်များ၊ Consultant firm များငှားရမ်းရန် ဆောင်ရွက်လျက်ရှိရာ ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးအတွက် သင်တန်းများ၊ Work Shop များဆောင်ရွက်ပေးလျက်ရှိပြီး လက်ရှိအချိန်တွင် ချေးငွေလုပ်ငန်းနှင့် သက်ဆိုင် သည့် သင်တန်းအမျိုးအစားပေါင်း ၂၃ ခုနှင့် သင်တန်းသား/သူ စုစုပေါင်း ၈၇၂ ဦး တက်ရောက်စေခဲ့ပြီးဖြစ်ပါသည်။ ထပ်မံ၍ သင်တန်းပို့ချနိုင်ရန် International Development Partners များနှင့် လည်းညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတကာအကြံပေးပုဂ္ဂိုလ် များ လုပ်ငန်းဆောင်ရွက်ရာတွင် ဌာနဝန်ထမ်းများအား တွဲဖက်ပေးခြင်း (Counter Part တာဝန်ပေးခြင်း)ဖြင့် အတွေ့အကြံများ၊ နည်းပညာလွှဲပြောင်းမှုများရရှိအောင် စီစဉ်ဆောင်ရွက် ထားပါသည်။
    • ထို့အတူ ကမ္ဘာ့ဘဏ်၏ လုပ်ထုံးလုပ်နည်းများအတိုင်း ပစ္စည်းဝယ်ယူရေးတင်ဒါ များတွင် International Competitive Bidding (ICB)စနစ်ဖြင့် ပြည်တွင်းမှ ထရန်စဖော်မာ ထုတ်လုပ်သူများနှင့် ကွန်ကရိတိုင်ထုတ်လုပ်သူများကလည်းကောင်း၊ တည်ဆောက်ရေး တင်ဒါများတွင် National Competitive Bidding (NCB) စနစ်ဖြင့် ပြည်တွင်းမှ တည်ဆောက်ရေးလုပ်ငန်းရှင်များကလည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ရန် Work Shop များ၊ Seminor များနှင့် Prebid-meeting များကို ဆောင်ရွက်ပေးခြင်းကြောင့် နိုင်ငံသား ပြည်တွင်းကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင်သာမကနိုင်ငံတကာတွင် ပါဝင်ရောက် ယှဉ်ပြိုင်နိုင်သော လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်မြင့်မားစေသည့်အတွေ့အကြုံနှင့် အကျိုး ကျေးဇူးများ ရရှိစေပါသည်။
    • အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး ဒုတိယအဆင့် ဓာတ်အားစနစ်မှ ၅ မိုင်အတွင်း ကျေးရွာ များကို စာရင်းပြုစုပြီးဖြစ်ပါ၍ တင်ဒါခေါ်ဆိုနိုင်ရန် စီစဉ်လျက်ရှိပါသည်။ ဒုတိယအဆင့် အတွက် လျာထားလက်ကျန်ငွေမှာ အမေရိကန်ဒေါ်လာ ၁၄၉ သန်းဖြစ်ပြီး ဓာတ်အားစနစ်မှ ၅ မိုင်အတွင်းရှိ စုစုပေါင်းကျေးရွာ ၃,၄၅၇ ရွာအား ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးစီစဉ်လျက်ရှိပါသည်။ ပစ္စည်းများဝယ်ယူခြင်းကို ကမ္ဘာ့ဘဏ်၏ လုပ်ထုံးလုပ်နည်းများအတိုင်း International Competitive Bidding (ICB) စနစ်ဖြင့် တင်ဒါခေါ်ဆိုသွားမည်ဖြစ်ပြီး ၂၀၁၉ခုနှစ်၊ မတ်လခန့်တွင် တင်ဒါစတင်ခေါ်ဆိုနိုင်ရေး စီစဉ်လျက် ရှိပြီး ၂၀၂၁ခုနှစ်၊ စက်တင်ဘာလတွင် ပြီးစီးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ယခု ကမ္ဘာ့ဘဏ်၏ချေးငွေ အမေရိကန်ဒေါ်လာသန်း ၃၁၀ ဖြင့် ပထမအဆင့် ၂ မိုင်အတွင်း ကျေးရွာများနှင့် ဒုတိယအဆင့် ၅ မိုင်အတွင်း ကျေးရွာများဆောင်ရွက်ပြီးစီးပါက ကျေးရွာ ပေါင်း ၈,၅၃၇ ရွာရှိ အိမ်ထောင်စုပေါင်း ၁,၀၃၂,၄၁၁ စုခန့် လျှပ်စစ်ဓာတ်အားရရှိလာမည် ဖြစ်ပြီး အဆိုပါချေးငွေကြောင့် စုစုပေါင်း Electrification Rate ၉.၅ % ခန့် တိုးတက် လာမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါသည်။
    • အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံချက်၏ Pilot Project ကို ကမ္ဘာ့ဘဏ်၏ တောင်းဆို မှုနှင့် စိစစ်ရွှေးချယ်မှုများအရ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၄၇ ရွာနှင့် ပဲခူးတိုင်းဒေသကြီး တွင် ၅ ရွာ စုစုပေါင်းကျေးရွာ ၅၂ ရွာအား ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိရေးကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဧပြီလတွင် Pilot Project ကျေးရွာများ ဓာတ်အားရရှိခဲ့ပြီး အဆိုပါ ကျေးရွာများရှိ အိမ်ထောင်စုပေါင်း (၆၀၃၄) စု ဓာတ်အားရရှိပြီး လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လျက်ရှိကြောင်းလည်း သတင်း ရရှိပါသည်။
  • အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းသည် ကျေးလက်နေပြည်သူများအား လျှပ်စစ် ဓာတ်အားရရှိရေးကို အဓိကထားဆောင်ရွက်နေသည့် စီမံကိန်းဖြစ်ပါ၍ ယခုစီမံကိန်းဖြင့် ကျေးရွာများလျှပ်စစ်ဓာတ်အားရရှိပါက ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသည့် လူမှုဘဝဖွံ့ဖြိုး တိုးတက်လာခြင်း၊ ဒေသတွင်းအငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ Micro, Small and Medium Enterprises (mSME) ကို ဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊ ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်း တိုးတက် မြင့်မားလာခြင်း၊ ကျေးလက်မြို့ပြကွဲပြားကွာခြားမှုလျော့ချနိုင်ခြင်း၊ ထင်းလောင်စာအစားထိုး အဖြစ် လျှပ်စစ်ကိုသုံးစွဲလာနိုင်ခြင်းကြောင့် သစ်တောပြုန်းတီးမှု (Deforestation)ကို ကာကွယ်စေခြင်း စသည့်အကျိုး ကျေးဇူးများရရှိမည့် ကျေးလက်နေပြည်သူများ၏ အကျိုး စီးပွားကို ဖော်ဆောင်ပေးမည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့တွင်

    နိုင်ငံတော်ဓာတ်အားစနစ်မှ (၂၄)နာရီဓာတ်အားဖြန့်ဖြူးပေးနိုင်မှုအခြေအနေ

     

  • လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် နိုင်ငံတော် ဓာတ်အားစနစ်အတွင်းရှိ လျှပ်စစ်ဓာတ်အားမရရှိသေးသော ကျေးလက်နေပြည်သူများအား လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနိုင်ကာ ပြည်သူများဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိုးတက်သုံးစွဲ လာသော ဓာတ်အားလိုအပ်ချက်များပြည့်ဝစွာရရှိရေး ဖြည့်ဆည်းဖြန့်ဖြူးပေးနိုင်ရန်အတွက် အထူးအလေးထား၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
  • စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ၁၉၆၇ခုနှစ်မှစ၍ သစ်ချောက်ကျေးရွာရှိ ဌာနပိုင် ကျောက်မီးသွေးသုံးရေနွေးငွေ့စက် (၅၅၀ ကီလိုဝပ် x ၂ လုံး) ဖြင့်လည်းကောင်း၊ ၁၉၈၆ ခုနှစ်တွင် ကျောက်မီးသွေးသုံးရေနွေးငွေ့စက် (၅၅၀ ကီလိုဝပ် x ၄ လုံး) ဖြင့်လည်းကောင်း မြို့ပေါ် ၃ ရပ်ကွက်နဲ့ ကျေးရွာ ၂ရွာ ရှိ မီးသုံးသူ ၄၀၀ ခန့်အား ဓာတ်အားဖြန့်ဖြူးပေးခဲ့ ပါသည်။ ၁၉၉၅ခုနှစ်တွင် ၈၆၀ ကေဗွီအေ ဒီဇယ်ဓာတ်အားပေးစက်ဖြင့် မီးသုံးသူ ၉၅၇ ဦး တို့အား တစ်ရက်လျှင် ၆ နာရီနှုန်းဖြင့် ဓာတ်အားဖြန့်ဖြူးပေးခဲ့ပါသည်။
  • ထို့နောက် ၂၀၁၂ခုနှစ်တွင် ၅၀၀ကေဗွီအေ ဒီဇယ်ဓာတ်အားပေးစက် ၁လုံးဖြင့်လည်းကောင်း၊ ၂၀၁၄ခုနှစ်တွင် ၅၀၀ ကေဗွီအေနှင့် ၃၄၀ကေဗွီအေ ဓာတ်အားပေးစက် ၂လုံးဖြင့်လည်းကောင်း၊ ဓာတ်အားသုံးစွဲမှုတိုးတက်မြင့်မားလာသဖြင့် ၂၀၁၈ခုနှစ်တွင် ၃၄၀ကေဗွီအေနှင့် ၈၀၀ကေဗွီအေ ဒီဇယ်ဓာတ်အားပေးစက် ၃လုံးဖြင့်လည်းကောင်း မြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်နှင့် ကျေးရွာ (၂)ရွာ စုစုပေါင်းမီးသုံးစွဲသူ ၁၇၆၁ ဦးတို့အား ၁၁/၀.၄ကေဗွီ ထရန်စဖော်မာ ၆ လုံး၊ ၁၁ကေဗွီ ဓာတ်အားလိုင်း (၇)မိုင်၊ ၄၀၀ဗို့ဓာတ်အားလိုင်း (၁၄)မိုင်တို့ဖြင့် တစ်ရက်လျှင် ၃ နာရီခွဲခန့် ဓာတ်အားဖြန့်ဖြူးပေးခဲ့ပါသည်။
  • ယခုအခါ ကလေးခရိုင်၊ ၆၆ကေဗွီ ကလေး-ကလေးဝဓာတ်အားလိုင်း ၄၇ မိုင်နှင့် ကလေးဝ ၆၆/၁၁ကေဗွီ၊ ၅အမ်ဗွီအေ ဓာတ်အားခွဲရုံအသစ်တည်ဆောက်ခြင်းလုပ်ငန်းများအား ပြည်ထောင်စု ရန်ပုံငွေဖြင့် ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်မှ စတင်တည်ဆောက်ခဲ့ရာ လုပ်ငန်းများဆောင်ရွက်ပြီးစီး ခဲ့ပြီး တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဓာတ်အားစနစ်ရောက်ရှိလာပါက အဆင်သင့်ဓာတ်အား ရရှိသုံးစွဲနိုင်ရေးအတွက် ၁၁/၀.၄ကေဗွီ ထရန်စဖော်မာ (၉)လုံးတိုးချဲ့တည်ဆောက်ခြင်း၊ ၁၁ကေဗွီဓာတ်အားလိုင်း ၁၇.၇၉မိုင်၊ ၄၀၀ဗို့ဓာတ်အားလိုင်း ၆.၃၇မိုင် တိုးချဲ့တည်ဆောက် ခြင်း၊ သစ်သားတိုင် ၆၇၁တိုင်အား ကွန်ကရစ်တိုင်များဖြင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်း များဆောင်ရွက်ပြီးစီး၍ ၃၀-၁-၂၀၁၉ရက်နေ့မှစတင်၍ နိုင်ငံတော်ဓာတ်အားစနစ်မှတစ်ဆင့် ကလေးဝမြို့ပေါ် ၃ရပ်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာ(၃)ရွာအား (၂၄)နာရီ ဓာတ်အားဖြန့်ဖြူး ပေးနိုင်ခဲ့ပါသည်။
  • အဆိုပါ ၆၆ကေဗွီ ကလေး-ကလေးဝဓာတ်အားလိုင်း ၄၇မိုင် တည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီး၍ ၃၀-၁-၂၀၁၉ရက်နေ့ ၁၅:၁၂နာရီတွင် ဓာတ်အားလိုင်းအား စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်၍လည်းကောင်း၊ ၁၅:၄၈နာရီတွင် ကလေးဝ ၆၆/၁၁ကေဗွီ၊ ၅အမ်ဗွီအေ ဓာတ်အား ခွဲရုံ၏ ၅အမ်ဗွီအေ ထရန်စဖော်မာအား စတင်စမ်းသပ်ဓာတ်အားလွှတ်၍လည်းကောင်း၊ ၁၈:၃၃နာရီအချိန်တွင် ကလေးဝမြို့ပေါ် (၃)ရပ်ကွက်ရှိ ၁၁ကေဗွီ ဓာတ်အားလိုင်း ၄.၁မိုင်၊ ၁၁/၀.၄ကေဗွီ ထရန်စဖော်မာ ၁၁လုံးနှင့် ၄၀၀ဗို့ဓာတ်အားလိုင်း ၁၄.၂၇မိုင်၊ အိမ်ထောင်စု ၁၄၇၂ စုအားလည်းကောင်း၊ သစ်ချောက်၊ ကျောက်အုံ၊ ချောင်းကျင်း ကျေးရွာ(၃)ရွာရှိ ၁၁ကေဗွီဓာတ်အားလိုင်း ၂၀.၆၉မိုင်၊ ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာ (၄) လုံးနှင့် ၄၀၀ဗို့ ဓာတ်အားလိုင်း ၆.၁ မိုင်၊ အိမ်ထောင်စု ၆၂၅ စုအားလည်းကောင်း၊ စုစုပေါင်းအိမ်ထောင်စု ၂၀၉၇ စုအား ဓာတ်အားစနစ်မှ (၂၄)နာရီ ဓာတ်အားပြည့်ဝစွာပို့လွှတ်ဖြန့်ဖြူး ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ထို့အပြင် ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် ခွင့်ပြုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက မီးသုံးစွဲသူ ၂၂၀၀ ဦးအထိ တိုးမြှင့်သုံးစွဲလာနိုင်မည်ဖြစ်ပါသည်။
  • သို့ဖြစ်ပါ၍ ကလေးဝမြို့တွင် ကျေးရွာပေါင်း ၁၂၅ ရွာရှိသည့်အနက် အစိုးရဒီဇယ်ဓာတ်အား ပေးစက်ဖြင့် ကျေးရွာ(၂)ရွာ၊ နေရောင်ခြည်စွမ်းအင်ဖြင့် ကျေးရွာ(၂၉)ရွာ၊ ပုဂ္ဂလိကဒီဇယ် ဓာတ်အား ပေးစက်ဖြင့် ကျေးရွာ (၉၄)ရွာ မီးလင်းပြီးဖြစ်ရာ ယခုအခါကလေးဝမြို့ပေါ် (၃) ရပ်ကွက်နှင့် ကျေးရွာ(၃)ရွာတို့မှာ နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် (၂၄)နာရီဓာတ်အားဖြန့်ဖြူး ပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်းနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် နိုင်ငံတစ်ဝန်း ဓာတ်အားစနစ်ဖြင့် မီးလင်းရန် ကျန်ရှိနေသော ကျေးရွာများအတွက် လျှပ်စစ်ဓာတ်အား ပြည့်ဝတည်ငြိမ်စွာဖြန့်ဖြူးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ဘဏ္ဍာနှစ်အလိုက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

    ရွာမ-အဖျောက်-အင်းရွာ ၁၄ လက်မ ပိုက်လိုင်း လှိုင်မြစ်ဖြတ် (ရိုးလေး-မင်းမကုန်း)

    HDD နည်းဖြင့် တူးဖောက်ဆက်သွယ်ခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေ

     

  • မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ရွာမ-ရွှေပြည်သာ-အဖျောက်-အင်းရွာ ၁၄လက်မ ပိုက်လိုင်းသည် ၁၉၉၄ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ရတနာကမ်းလွန်သဘာဝဓတ်ငွေ့ စီမံကိန်းမှ ရရှိသောဓာတ်ငွေ့များအား ပြည်၊ ရွှေတောင်ဒေသရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံ များနှင့် အခြားသောစက်ရုံများသို့ ပေးပို့ဖြန့်ဖြူးလျက်ရှိရာ ၂၅-၇-၂၀၁၇ ရက်နေ့တွင် ရန်ကုန်တိုင်း​ဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ တော်လတီကျေးရွာအုပ်စု၊ ရိုးလေးရွာနှင့် မင်းမကုန်း ရွာအကြား၊ လှိုင်မြစ်အတွင်း၌ မြစ်ရေတိုက်စားမှုကြောင့် ပိုက်လိုင်းကျိုးပြတ်ခဲ့ရာမှ ဓာတ်ငွေ့ ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပါသည်။ ၎င်းပိုက်လိုင်းသည် လှိုင်မြစ်အတွင်း မြစ်အောက်ကြမ်းပြင် အပေါ်မှ ချဆွဲထားပါသဖြင့် ဒီရေအတက်အကျတွင် ပိုက်လိုင်းကျိုးပျက်ခြင်းမှကာကွယ်ရန် နှင့် အနာဂတ်တွင် ဓာတ်ငွေ့ပို့လွတ်မှုတည်ငြိမ်မှုရှိစေရန်ရည်ရွယ်၍ HDD (Horizontal Directional Drilling) နည်းဖြင့် တူးဖောက် ဆက်သွယ်ခြင်းလုပ်ငန်းအား ၈-၁-၂၀၁၉ ရက်နေ့တွင် စတင်တူးဖောက်ခဲ့ရာ ၃၀-၁-၂၀၁၉ ရက်နေ့တွင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ ပါသည်။
  • တွင်းတူးစက်(HK-250 T) ထိုင်မည့်နေရာသည် Rig Site နှင့် Entry Point မှာ လှိုင်မြစ် အနောက်ဖက်ကမ်း၊ ရိုးလေးကျေးရွာအနီးတွင်တည်ရှိပြီး Pipe Site နှင့် Exit Point သည် လှိုင်မြစ်အရှေ့ဖက်ကမ်း၊ မင်းမကုန်းကျေးရွာတောင်ဖက် မူလ ပိုက်လိုင်းဟောင်းနှင့် ပေ ၈၀ အကွာတွင် တည်ရှိပါသည်။ HDD နည်းဖြင့် တူးဖောက်ဆက်သွယ်မည့် လှိုင်မြစ်၏ အကျယ်မှာ ၅၄၄ ပေ ရှိပြီး ရေအနက် ၇၅ ပေဖြစ်ပါသည်။ တူးဖောက်ရာတွင် Exit Point နှင့် Entry Point အကွာအဝေးမှာ ၁၉၈၀ ပေ ဖြစ်ပြီး Enter Angle ၁၁ ဒီဂရီနှင့် Exit Angle ၈ ဒီဂရီဖြစ်ပြီး မြစ်ကြမ်းပြင်အောက်အနက်ပေ ၄၀ မှ တူးဖောက်ဆက်သွယ်ထား ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

    အသေးစားရေနံချက်လုပ်ခြင်း (Mini Refinery) လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေ

     

  • မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းသည် ဒေသတွင်း ရေနံချက်လုပ်ခြင်းလုပ်ငန်းများအား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စနစ်တကျလုပ်ငန်းဆောင်ရွက်နိုင်စေရန် တစ်ရက်လျှင် အနည်းဆုံးရေနံစိမ်း ဂါလန် ၁,၀၀၀ မှ အများဆုံး ဂါလန် ၃,၀၀၀ ချက်လုပ်နိုင်သည့် ဒေသန္တရ ရေနံချက်လုပ်ခြင်းလုပ်ငန်းအတွက် စည်းကမ်းချက်များသတ်မှတ်၍ ၆-၃-၂၀၁၅ ရက်နေ့တွင် အမိန့်ကြော်ငြာစာ ၆/၂၀၁၅ အား ထုတ်ပြန်ကြေညာခဲ့ပြီး ဒေသန္တရရေနံချက် လုပ်ခြင်းလုပ်ငန်းများကို ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်မှစတင်၍ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် များ ထုတ်ပေးခဲ့ပါသည်။ ယခုအချိန်တွင် ရေနံချက်လုပ်ငန်းများအား တိုးချဲ့လုပ်ကိုင်လိုသူ များအတွက် တစ်ရက်လျှင် အနည်းဆုံး ရေနံစိမ်း ဂါလန် ၃,၀၀၀ အထက်မှ အများဆုံး ဂါလန် ၃၀,၀၀၀ ချက်လုပ်ပြီး ပုံမှန်အရည်အသွေး (Regular Grade) ရှိသော ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ရေနံဆီစသည့် ရေနံထွက်ပစ္စည်းများ ထုတ်လုပ်နိုင်သည့် အသေးစား ရေနံချက် လုပ်ခြင်း (Mini Refinery) လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များ ထုတ်ပေးနိုင်ရေးအတွက် ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့တို့တွင် နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းကြေညာပြီး လုပ်ကိုင်ဆောင်ရွက်လိုသူများ လိုက်နာရမည့် စည်းကမ်းချက်များအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန website(www.moee.gov.mm)တွင် ထည့်သွင်းကြေငြာ ထားပြီးဖြစ်ပါသည်။
  • မကွေးတိုင်းဒေသကြီးသည် ရေနံများစွာထွက်ရှိသည့် ဒေသန္တရရေနံလက်ယက်တွင်းများရှိ သည့်အတွက် တိုင်းဒေသကြီးအစိုးရသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ချောက်ကန် ကျေးရွာအုပ်စုတွင် မြေဧက(၂၀၀)ခန့်အား စည်းစနစ်ကျသော စက်မှုဇုန်အဖြစ် အသေးစား ရေနံချက်လုပ်ခြင်း(Mini Refinery)လုပ်ငန်းလုပ်ကိုင်လိုသူများအား မြေနေရာခွင့်ပြုပေးရန် စီစဉ်လျက်ရှိပါသည်။
  • မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဒေသဆိုင်ရာအာဏာပိုင်များ၏ သဘောထားမှတ်ချက်နှင့်အတူ လုပ်ငန်းလုပ်ကိုင်လိုသူများ အဆိုပြုလျှောက်ထားလာသည့်  အသေးစားရေနံချက်လုပ်ခြင်း (Mini Refinery) လုပ်ငန်းနှင့်ပတ်သက်၍ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် နည်းပညာပိုင်းဆိုင်ရာများအား အကူအညီပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

    အမှတ်(၁)ရေနံချက်စက်ရုံ(သခန်လျင်)လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း(သန်လျင်)တွင် LPG Training Course သင်တန်းဖွင့်လှစ်ခဲ့မှုအခြေအနေ

     

  • မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း(သန်လျင်)တွင် ၂၇-၁-၂၀၁၉ ရက်နေ့မှ ၈-၂-၂၀၁၉ ရက်နေ့ထိ LPG Training Course No(1) သင်တန်းကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတု ဗေဒလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးမှ ဖွင့်လှစ်ပေးခဲ့ပြီး ဌာနတာဝန်ရှိသူများနှင့် ဤလုပ်ငန်းမှ ဝန်ထမ်းသင်တန်းသား ၁၆ ဦး၊ ပုဂ္ဂလိကကုမ္ပဏီများမှသင်တန်းသား ၄၅ ဦး၊ စုစုပေါင်း(၆၁)ဦး ရက်သတ္တပတ်(၂)ပတ်ကြာမျှ အောင်မြင်စွာဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသည်။
  • အဆိုပါ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်မှာ LPG အား ဘေးအန္တရာယ်ကင်းရှင်းစွာ ကိုင်တွယ်နိုင်ရေး၊ LPG သုံးစွဲခြင်းဖြင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိစေရေး၊ သန့်ရှင်းသော လောင်စာအသုံးပြုခြင်းဖြင့် ပတ်ဝန်းကျင်နှင့် ပြည်သူများ၏ကျန်းမာရေးကို အထောက်အကူ ပြုစေရေးနှင့် သစ်တောပြုန်းတီးမှု လျော့ချတားဆီးရေးတို့ကို ရည်ရွယ်ဖွင့်လှစ်ရခြင်း ဖြစ်ပါသည်။
  • အလားတူ LPG Safety Training Course No(2) သင်တန်းကို ၁၇-၂-၂၀၁၉ ရက်နေ့မှ ၁-၃-၂၀၁၉ ရက်နေ့အထိ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)၊ လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း(သန်လျင်)၌ သင်တန်းသား ၁၅ ဦး၊ ပုဂ္ဂလိကကုမ္ပဏီများမှ သင်တန်းသား ၃၅ ဦး၊ စုစုပေါင်း(၅၀)ဦးဖြင့် ဖွင့်လှစ်ရန်စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

    စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းအား စနစ်တကျဆောင်ရွက်နိုင်ရန် စက်သုံးဆီကိုင်တွယ်ထိန်းသိမ်းခြင်းအခြေခံသင်တန်း Petroleum Products Handling Process (PPHP) Basic Training Course များ

    ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့်အခြေအနေ

     

  • ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်/ သိုလှောင်ကန်စခန်းများတွင် တာဝန်ထမ်းဆောင်နေသူ များနှင့် တာဝန်ထမ်းဆောင်မည့်သူများအနေဖြင့် စက်သုံးဆီများကို သယ်ယူသိုလှောင်ဖြန့်ဖြူး ရောင်းချရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် သတိပြုလိုက်နာဆောင်ရွက်ရမည့် အချက်များကို သိရှိနားလည်ပြီး စနစ်တကျဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ “စက်သုံးဆီ ကိုင်တွယ် ထိန်းသိမ်းခြင်းအခြေခံသင်တန်း (Petroleum Products Handling Process - PPHP Basic Training Course)” ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစ၍ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
  • သင်တန်းသားများသည် စက်သုံးဆီအရောင်းဆိုင်/သိုလှောင်ကန်စခန်းများတွင် လက်ရှိ တာဝန်ထမ်းဆောင်သူဝန်ထမ်း (သို့မဟုတ်) တာဝန်ထမ်းဆောင်မည့်သူဖြစ်ခြင်း၊ အနည်းဆုံး အခြေခံ ပညာမူလတန်းအောင်မြင်ပြီးသူဖြစ်ခြင်း၊ အသက် (၁၈) နှစ် ပြည့်ပြီးသူ ကျား/မ မရွေးတက်ရောက်နိုင်ခြင်းနှင့် ပြစ်မှုကင်းရှင်းပြီးကျန်းမာရေးကောင်းမွန်သူဖြစ်ခြင်း စသည့် အရည်အချင်းသတ်မှတ်ချက်များနှင့်ပြည့်စုံသူဖြစ်ရပါမည်။
  • အဆိုပါသင်တန်းအား သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များအလိုက် ပင်မဌာန/ ဌာနခွဲ များ/တိုင်း/ပြည်နယ်ရောင်းဝယ်ရေးအရာရှိရုံးများ (သို့မဟုတ်)ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်/ သိုလှောင်ကန်စခန်းပိုင်ရှင်များနှင့် ကြိုတင်ညှိနှိုင်းသတ်မှတ်သည့်နေရာများ၌ သင်တန်း တက်ရောက်သူများရှိနေသရွေ့ (၁)လလျှင်(၂)ကြိမ် လစဉ် စဉ်ဆက်မပြတ် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ရောင်းဝယ်ရေးအရာရှိရုံးများမှ တာဝန်ရှိသူများက လက်တွေ့ပြသ ရှင်းလင်းပို့ချလျက်ရှိရာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစ၍ ၂၀၁၉ ခုနှစ် ဇန်နဝါရီလကုန်အထိ သင်တန်းသား ၆၂၅ ဦးအား စာတွေ့လက်တွေ့ သင်တန်းများပို့ချ၍ သင်တန်းဆင်းလက်မှတ် များပေးအပ်ခဲ့ပါသည်။
  • စက်သုံးဆီအရောင်းဆိုင်/သိုလှောင်ကန်စခန်းများတွင် တာဝန်ထမ်းဆောင်ကြသည့်ဝန်ထမ်း များအနေဖြင့် မီးဘေးအန္တရာယ်ကာကွယ်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအား သိရှိလိုက်နာ‌နိုင်ရေးတို့တွက် ယခုသင်ခန်းစာပါအချက်အလက်များကို ဝန်ထမ်းတစ်ဦးချင်းစီနှင့်စက်သုံးဆီ လာရောက်ဝယ်ယူသူ အများပြည်သူများကပါ တိကျစွာ အထူးဂရုပြုလိုက်နာဆောင်ရွက် သွားနိုင်မှသာ မီးဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း အား စနစ်တကျဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းကို ကောင်းစွာသိရှိနိုင်ရေးအတွက်  စက်သုံးဆီ ကိုင်တွယ်ထိန်းသိမ်းခြင်းအခြေခံသင်တန်း (Petroleum Products Handling Process-PPHP Basic Training Course)” ကို ဆက်လက်သင်ကြားပို့ချလျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

    ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးတို့ကိုဦးတည်၍ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ လမ်းမီးဓာတ်အားလိုင်းအသစ် တည်ဆောက်ခြင်း၊ မီးလုံးအသစ်တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ

     

  • ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများနှင့် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုများလျော့နည်းစေ ရေး၊ ခေတ်မီ၍စနစ်ကျနကောင်းမွန်သော ဓာတ်အားဖြန့်ဖြူးမှုစနစ်ပေါ်ပေါက်လာစေရေးနှင့်  ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် နှစ်စဉ်ဘဏ္ဍာငွေ သုံးစွဲခွင့်ရရှိမှုပေါ် မူတည်၍ စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
  • ထိုသို့ဆောင်ရွက်လျက်ရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် လမ်းမီးများတပ်ဆင်ထွန်းညှိခြင်း ဆိုင်ရာလုပ်ငန်းများကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပို‌ရေးရှင်းနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ရာတွင် ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပို‌ရေးရှင်းအနေဖြင့် လမ်းမီးများ တပ်ဆင်ထွန်းလင်းနိုင်ရေး၊ ဓာတ်အားပေး နိုင်ရန်အတွက် လမ်းမီးဓာတ်အားလိုင်းတည်ဆောက်ခြင်း၊ ရှိပြီးလမ်းမီးဓာတ်အားလိုင်းများ ထိန်းသိမ်းပြုပြင်ခြင်းတို့ကိုသာ ဆောင်ရွက်ရန်တာဝန်ယူခဲ့ပြီး ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီအနေဖြင့် ချို့ယွင်းနေသော မီးလုံးများ ပြုပြင်လဲလှယ်ခြင်း၊ မီးလုံး မရှိသေးသည့်နေရာများတွင် မီးလုံးအသစ် ထပ်မံတပ်ဆင်ခြင်းတို့ကို တာဝန်ယူဆောင်ရွက် ခဲ့ပါသည်။
  • ထိုကဲ့သို့ ဌာန(၂)ခု ပူးတွဲဆောင်ရွက်နေရသဖြင့် မြို့နယ်များအတွင်း လမ်းမီးပြည့်စုံစွာ ထွန်းလင်းနိုင်မှုမရှိသည့်အခြေအနေဖြစ်ပေါ်နေ၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်တို့၏ လမ်းညွှန်မှုအရ စည်ပင် သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် လမ်းမီးတပ်ဆင်ထွန်းညှိခြင်းဆိုင်ရာကိစ္စရပ် များကို (လမ်းမီးဓာတ်အားလိုင်းတည်ဆောက်ခြင်း၊ မီးလုံးများ ပြုပြင်လဲလှယ်ခြင်းနှင့် အသစ် တပ်ဆင်ခြင်း) ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပို‌ရေးရှင်းမှသာ လွှဲပြောင်းတာဝန် ယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့တော်သာယာလှပရေးဆိုင်ရာကိစ္စရပ်များဖြစ်သော Hight Mast, Aerial Mast များ ပြုပြင်ခြင်း၊ အသစ်တပ်ဆင်ခြင်း၊ လမ်းလယ်ကျွန်းများတွင် အလှဆင်မီးများပြုပြင်လဲလှယ် ခြင်း၊ အသစ်တပ်ဆင်ခြင်းနှင့် အရေးပါနေရာများ၊ အဓိကနေရာများတွင် အလှဆင်မီးများ ပြုပြင်လဲလှယ်ခြင်း၊ အသစ်တပ်ဆင်ခြင်းတို့ကို ဆက်လက်တာဝန်ယူဆောင်ရွက်သွားရမည် ဖြစ်ပါသည်။
  • ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပို‌ရေးရှင်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ခရိုင် ၄ ခရိုင်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်မှုခင်းကျဆင်းရေးတို့ကိုဦးတည်၍ မြို့နယ်ပေါင်း ၃၀ ရှိ နေရာပေါင်း (၁၀၆) ခုတွင် လမ်းမီးဓာတ်အားလိုင်းအသစ် ၇၀ မိုင် တည်ဆောက်ခြင်း၊ LED (150)W မီးလုံးပေါင်း(၃၂၆၅)လုံး အသစ်တပ်ဆင်ခြင်းတို့ကို ၂ ဘီလီယံခန့် ကျခံဆောင်ရွက်လျက်ရှိပြီး လမ်းမီးကိစ္စရပ်များအား လွှဲပြောင်းတာဝန်ယူ ဆောင်ရွက်ချိန်မှစ၍ အထင်ကရအဖြစ် ရန်ကုန်မြို့အဝင်ဖြစ်သော ထောက်ကြန်မြို့၊ ရန်ကုန် ပြည်လမ်းတစ်လျှောက် (ထောက်ကြန့်လမ်းဆုံမှ အောင်ချမ်းသာလမ်းခွဲထိပ်အထိ) လမ်း၏ ညာဘက်ခြမ်းတွင် လမ်းမီးဓာတ်အားလိုင်း ၅.၁၅ မိုင် အသစ်တည်ဆောက်၍ LED (150)W မီးလုံးပေါင်း (၂၄၂)လုံး၊ ယခင်က မှောင်မိုက်ခဲ့သည့် ရန်ကုန်မြို့အဝင် ထောက်ကြန်မြို့၊ လမ်းဘယ်ဘက်ခြမ်းတွင် မီးလုံးပေါင်း (၇၅)လုံး၊ ရန်ကုန်-ပြည်လမ်း တစ်လျှောက် လမ်းမီး များ၊ အနောက်ပိုင်းတက္ကသိုလ်(ထန်းတပင်)တွင် တပ်ဆင်ရန် LED (150)W မီးလုံးပေါင်း (၂၇၀)လုံးအနက် (၂၅၅)လုံး၊ အမှတ်(၃)လမ်းမကြီး LED (150)W မီးလုံးပေါင်း(၃၆၆)လုံး အသစ်တပ်ဆင် ထွန်းလင်းနိုင်ခဲ့ပြီဖြစ်ပါသည်။
  • အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်များအတွင်းရှိ လမ်းများတွင် လမ်းမီးမရှိသေး သည့်နေရာများအားလည်းကောင်း၊ လမ်းမီးရှိသော်လည်းလမ်းမီးချို့ယွင်းနေသဖြင့် မလင်း သည့်လမ်းများအားလည်းကောင်း ပြုပြင်လဲလှယ်ခြင်း၊ အသစ်တပ်ဆင်ခြင်းတို့ကိုဆောင်ရွက် နိုင်ရေးအတွက်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ လွှဲပြောင်းပေးမည်ဖြစ်သော ဘဏ္ဍာငွေ(၁.၀၈)ဘီလီယံဖြင့် မီးလုံးများဝယ်ယူရန် Tender ခေါ်‌ဆောင်ရွက်လျက်ရှိပါသည်။ မီးလုံးများ Tender ခေါ် ဝယ်ယူရရှိသည်နှင့် အဆိုပါနေရာများအား လမ်းမီးများ ထွန်းလင်း နိုင်ရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပို‌ရေးရှင်းမှ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်အတွင်းရှိ မြို့နယ်များအားလုံး လမ်းမီးများထွန်းလင်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ် ဓာတ်အားပြတ်တောက်မှုများလျော့နည်းကျဆင်းစေပြီး ဝန်ကြီးဌာန၏ရည်မှန်းချက်ဖြစ်သည့် ဝန်ဆောင်မှုကောင်းမွန်စွာဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားပြတ်တောက်မှုလျော့နည်းစေ ရေး၊ ဗို့အားပြည့်မီစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် ဓာတ်အားလိုင်းများ ကြိုတင် ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်မှုခင်းကျဆင်းရေးတို့ကို ဦးတည်၍ လမ်းမီးဓာတ်အားလိုင်းအသစ်တည်ဆောက်ခြင်း၊ မီးလုံးအသစ်တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့်ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့်ပတ်သက်၍ အများပြည်သူ များ သိရှိနိုင်ရန် သတင်းထုတ်ပြန်အပ်ပါသည်။

    ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏သီးခြားရံပုံငွေမှ ကျခံသုံးစွဲဆောင်ရွက်မည့် လုပ်ငန်းများစာရင်းချုပ်

    စဉ်

    Separate Account

    အမည်

    ဆောင်ရွက်ရမည့်

    လုပ်ငန်း

    အရေအတွက်

    (ခု)

    ဆောင်ရွက်ပြီး

    လုပ်ငန်း

    အရေအတွက်

    (ခု)

    ဆောင်ရွက်ဆဲ

    လုပ်ငန်း

    အရေအတွက်

    (ခု)

    ဆောင်ရွက်ရန်

    ကျန်လုပ်ငန်း

    အရေအတွက်

    (ခု)

    ရုံးချုပ်

    ၁၂

     

    အရှေ့ပိုင်းခရိုင်

    ၁၁၅

    ၂၇

    ၈၈

    -

    အနောက်ပိုင်း

    ၂၁

    ၁၂

    -

    တောင်ပိုင်း

    ၁၃

    -

    မြောက်ပိုင်း

    ၇၂

    ၃၄

    ၃၈

    -

    စုစုပေါင်း

    ၂၃၃

    ၈၀

    ၁၅၃

    -

Post under by : ဝန်ကြီးရုံး
14-Feb-2019