The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက် (၄/၂၀၁၉)

သတင်းထုတ်ပြန်ချက် (၄/၂၀၁၉) 

၂၀၁၉ ခုနှစ်၊ ဇွန်လ  ၁၃  ရက်

          သတင်းထုတ်ပြန်ခြင်း(၄/၂၀၁၉)အခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ နေပြည်တော်၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား၌ ကရင်ပြည်နယ်အတွင်း နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရန် ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ ဓာတ်အားပေးစက်ရုံများ၏ တပ်ဆင်အင်အား၊ သဘောသဘာဝနှင့် ဓာတ်အားထုတ်လုပ်ပေးနိုင်မှု အခြေအနေ၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)ရှိ ကမာနတ်ပင်မဓာတ်အားခွဲရုံတွင် ဓာတ်အားခွဲရုံ(၁)ရုံ တိုးချဲ့တည်ဆောက်ရန်စီစဉ်ဆောင်ရွက်နေမှု အခြေအနေ၊ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ (၂၄)နာရီ ဓာတ်အားဖြန့်ဖြူးပေးနိုင်မှုအခြေအနေ၊ ကျောက်ခွက်၊ လက်ပံတိုရေနံမြေ 3D ဆိုက်စမစ် တိုင်းတာခြင်းလုပ်ငန်းဆောင်ရွက်မည့်အခြေအနေမြန်အောင်တွင်းအမှတ်(၁၇၄)၏ ရေနံနှင့်သဘာဝ ဓာတ်ငွေ့စမ်းသပ်ထုတ်လုပ်မှုအခြေအနေ၊ ရေနံဓာတ်ငွေ့ရည်လုပ်ငန်းဆိုင်ရာဆောင်ရွက်မှုအခြေအနေ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဗို့အားပြည့်မီစွာ အသုံးပြုနိုင်ရန်နှင့် ဓာတ်အားစနစ်အားအထောက်အပံ့ ဖြစ်စေရန်ရည်ရွယ်၍ ဓာတ်အားပေးစက်တပ်ဆင်တည်ဆောက်ထားသည့်အခြေအနေ၊ အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း ရေသွယ်ဥမင်လှိုဏ် ၂ လုံး၏ အပေါ်ပိုင်းအခြမ်းများ တိုးလျှိုပေါက်ဖေါက်လုပ် ပြီးစီးမှုအခြေအနေများနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခဲ့ပါသည်။

        အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်နှင့်သတင်း ထုတ်ပြန်ရေး အဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သတင်းမီဒီယာသမားများ တက်ရောက်ခဲ့ပါသည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

ပြောရေးဆိုခွင့်နှင့်သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်(၄/၂၀၁၉)

၂၀၁၉ ခုနှစ်၊  ဇွန်လ  ၁၃  ရက်

  • လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ၆၆ကေဗွီ မြဝတီ-မြဝတီ ဓာတ်အားလိုင်းနှင့် ၆၆ကေဗွီမြဝတီဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ
  • လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ ဓာတ်အားပေးစက်ရုံများ၏ တပ်ဆင်အင်အား၊ သဘောသဘာဝနှင့် ဓာတ်အားထုတ်လုပ်ပေးနိုင်မှုအခြေအနေ
  • လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် ၂၃၀ကေဗွီ ကမာနတ်ပင်မဓာတ်အားခွဲရုံတွင် ၂၃၀/၆၆/၁၁ကေဗွီ၊ ၁၅၀အမ်ဗွီအေဓာတ်အားခွဲရုံ(၁)ရုံ တိုးချဲ့တည်ဆောက်ရန်စီစဉ်ဆောင်ရွက် နေမှုအခြေအနေ
  • ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ (၂၄)နာရီ ဓာတ်အားဖြန့်ဖြူးပေးနိုင်မှုအခြေအနေ
  • မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းအနေဖြင့် ကျောက်ခွက်၊ လက်ပံတိုရေနံမြေ 3D ဆိုက်စမစ်တိုင်းတာခြင်းလုပ်ငန်းဆောင်ရွက်မည့်အခြေအနေ
  • မြန်အောင်တွင်းအမှတ်(၁၇၄)၏ ရေနံနှင့်သဘာဝဓာတ်ငွေ့စမ်းသပ်ထုတ်လုပ်မှုအခြေအနေ
  • မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းအနေဖြင့် ရေနံဓာတ်ငွေ့ရည်လုပ်ငန်းဆိုင်ရာ ဆောင်ရွက်မှု အခြေအနေ
  • ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဗို့အားပြည့်မီစွာ အသုံးပြုနိုင်ရန်နှင့် ဓာတ်အားစနစ်အား အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်၍   TM-2500 ဓာတ်အားပေးစက် တပ်ဆင်တည်ဆောက်ထားသည့်အခြေအနေ
  • ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနအနေဖြင့် အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း ရေသွယ်ဥမင်လှိုဏ် ၂ လုံး၏ အပေါ်ပိုင်းအခြမ်းများ တိုးလျှိုပေါက်ဖေါက်လုပ်ပြီးစီးမှု အခြေအနေ

 

လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ၆၆ကေဗွီ မြဝတီ-မြဝတီဓာတ်အားလိုင်းနှင့် ၆၆ကေဗွီမြဝတီဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ

  1. နိုင်ငံတစ်ဝန်းလုံးတွင် လျှပ်စစ်ဓာတ်အားတည်ငြိမ်ပြည့်ဝစွာရရှိရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးအတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတည်ဆောက်ရေးစီမံကိန်းများ ကို စီမံချက်ရေးဆွဲ၍ အကောင်အထည်ဖော်တည်ဆောက်လျက်ရှိရာ ကရင်ပြည်နယ်အတွင်း နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရန် ၂၃၀ကေဗွီ မော်လမြိုင်- မြဝတီဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတည်ဆောက်၍ ဓာတ်အားပို့လွှတ်ထားပြီးဖြစ်ပါသည်။ ဆက်လက်၍ ၂၃၀ကေဗွီ မြဝတီ(သင်္ဃန်းညီနောင်)ဓာတ်အားခွဲရုံမှတစ်ဆင့် မြဝတီမြို့တွင်း သို့ လျှပ်စစ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရန် ၆၆ကေဗွီမြဝတီ-မြဝတီဓာတ်အားလိုင်း ၉ မိုင် နှင့် ၆၆ကေဗွီ မြဝတီဓာတ်အားခွဲရုံစီမံကိန်းကို ၂၀၁၈ခုနှစ် မတ်လမှ စတင်ဆောင်ရွက်ခဲ့ ပါသည်။
  2. ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံတည်ဆောက်ရေးလုပ်ငန်းများကို ဌာနမှကြီးကြပ်၍ ၁၁-၄-၂၀၁၉ ရက်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့ပြီး ၁၂-၄-၂၀၁၉ ရက်နေ့တွင် ဓာတ်အား ပို့လွှတ်နိုင်ခဲ့ပါသည်။
  3. မြဝတီဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးနိုင်ရန် ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပြီး ပြီးစီးချိန် တွင် မြဝတီမြို့အနီးပတ်ဝန်းကျင်ရှိကျေးရွာများသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အား ဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်ပါသည်။
  4. ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းစီမံကိန်းလုပ်ငန်းအတွက် နိုင်ငံတော် ဘဏ္ဍာငွေမှ ကျပ်သန်းပေါင်း ၃,၈၇၇.၁ သန်း ကျခံသုံးစွဲတည်ဆောက်ပေးခဲ့ခြင်းဖြစ်ပါသည်။

 

လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ ဓာတ်အားပေးစက်ရုံများ၏တပ်ဆင်အင်အား၊ သဘောသဘာဝနှင့် ဓာတ်အားထုတ်လုပ်ပေးနိုင်မှုအခြေအနေ

  1. လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းလက်အောက်တွင် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ ၂၈ ရုံ၊ တပ်ဆင်အင်အား ၃၂၂၅ မဂ္ဂါဝပ်၊ အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ ၂၁ ရုံ တပ်ဆင်အင်အား ၂၄၀၂.၂၉ မဂ္ဂါဝပ်၊ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံ ၁ ရုံ တပ်ဆင် အင်အား ၁၂၀ မဂ္ဂါဝပ်၊ စုစုပေါင်းဓာတ်အားပေးစက်ရုံ ၅၀ ရုံမှ စက်တပ်ဆင်အင်အား ၅၇၄၇.၂၉ မဂ္ဂါဝပ်ရှိသဖြင့် မြန်မာ့ဓာတ်အားစနစ်တွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၏ တပ်ဆင် အင်အားမှာ ၅၆% ၊ အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံများ၏ တပ်ဆင်အင်အားမှာ ၄၁% နှင့် ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံ၏တပ်ဆင်အင်အားမှာ ၂% ဖြစ်ပါသည်။
  2. နှစ်အလိုက် အများဆုံးဖြစ်ပေါ်‌‌ခဲ့သော ဝန်အားမှာ ၂၀၁၇ ခုနှစ်တွင် ၃၁၈၉ မဂ္ဂါဝပ်ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် အများဆုံးဝန်အား ၃၅၈၅ မဂ္ဂါဝပ်ဖြစ်သည့်အတွက် ၃၉၆ မဂ္ဂါဝပ် ၁၂.၄% ၊ ၂၀၁၉ခုနှစ်၊ ဇွန်လထိ ၃၆၅၃ မဂ္ဂါဝပ်ဖြစ်သည့်အတွက် ၆၈ မဂ္ဂါဝပ် ၂% တိုးတက်ထုတ်လုပ် နိုင်ခဲ့ပါသည်။
  3. ၂၀၁၇ ခုနှစ်အတွင်း ဓာတ်အားစနစ်မှ တစ်ရက်အများဆုံးအသုံးပြုသည့် ဝန်အားပမာဏမှာ ၆၃.၉၄ ယူနစ်သန်းဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်တွင် တစ်ရက်အများဆုံးအသုံးပြုသည့် ဝန်အား ပမာဏမှာ ၆၈.၈၈ ယူနစ်သန်းဖြစ်သဖြင့် ၄.၉၄ ယူနစ်သန်း ၇.၇% တိုးတက်သုံးစွဲခဲ့ပြီး၊ ၂၀၁၉ ခုနှစ်တွင် အများဆုံးအသုံးပြုသည့် ဝန်အားပမာဏမှာ ၇၃.၇၆ ယူနစ်သန်းဖြစ်ပြီး ၂၀၁၈ ခုနှစ်ထက် ၄.၈၈ ယူနစ်သန်း ၇% ခန့် ပိုမိုသုံးစွဲခဲ့ပါသည်။
  4. ဓာတ်အားပေးစက်ရုံများ၏သဘောသဘာဝအားဖြင့်
    • ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများသည် မိုးတွင်းကာလဖြစ်သော ဇူလိုင်လမှ နိုဝင်ဘာလအထိ ရေဝင်ရောက်မှုကောင်းသောကြောင့် ဝန်အားအများဆုံးထုတ်လုပ် နိုင်ပါသည်။ မိုးရာသီကုန်ဆုံးချိန် ရေဝင်ရောက်မှုလျော့နည်းလာသော ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအထိ တမံများ၏ အမြင့်ဆုံးရေအမှတ်များတွင် ထိန်းထားနိုင်ရန် အပူ စွမ်းအင်သုံးစက်ရုံများအားရနိုင်သမျှ တိုးမြှင့်မောင်းနှင်ခဲ့ပြီး ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများအား နွေရာသီရေဝင်နည်းချိန်တွင် တိုးမြှင့်ထုတ်လုပ်ပေးနိုင်ရန် ဝန်အား လျှော့ချမောင်းနှင်ပါသည်။ ဓာတ်အားလိုအပ်ချက်အများဆုံးဖြစ်သော မတ်၊ ဧပြီ၊ မေလ များတွင် ဓာတ်အားလိုအပ်ချက်ကို ပြည့်မီအောင် ရေအားစက်ရုံများအားလုံးနှင့် အပူ စွမ်းအင်သုံးစက်ရုံအားလုံးတို့မှ ဓာတ်အားထုတ်လုပ်ပေးလျက်ရှိပါသည်။
    • အပူစွမ်းအင်သုံးစက်ရုံများသည် သဘာဝဓာတ်ငွေ့ရရှိမှုပေါ်မူတည်၍ ဓာတ်အားထုတ်လုပ် ပေးလျက်ရှိပါသည်။ IPP စက်ရုံများနှင့် Rental စက်ရုံများသည် ဓာတ်အားဝယ်ယူ‌ရေးစာချုပ်(PPA)အရ မောင်းနှင်ဓာတ်အားထုတ်လုပ်ပေးလျက်ရှိပါသည်။
  1. ၇-၆-၂၀၁၉ရက်နေ့ ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားထုတ်လုပ်နိုင်မှုအခြေအနေမှာ အပူ စွမ်းအင်သုံးဓာတ်အားပေးစက်ရုံများမှ ဓာတ်ငွေ့ရရှိမှုအရ ၁၅၇၇မဂ္ဂါဝပ်နှင့် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ၁၄၆၉မဂ္ဂါဝပ်ခန့်ဖြင့် စုစုပေါင်း ၃၀၄၆မဂ္ဂါဝပ်ဖြစ်ပါသည်။
  2. ၂၀၁၉ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွက် ဓာတ်အားသုံးစွဲနိုင်ချေ ၃၃၃၅မဂ္ဂါဝပ်ခန့်ရှိမည်ဟု ဓာတ်အားစနစ်ဌာနမှ ခန့်မှန်းထားပါသည်။ သို့ဖြစ်၍ ထုတ်လုပ်မှုအနေဖြင့် ကျန်ကာလများ တွင်လည်း ၇-၆-၂၀၁၉ရက်နေ့ ထုတ်လုပ်မှုအတိုင်းသာထုတ်လုပ်ပေးနိုင်မည်ဆိုပါက ဓာတ်အား လိုအပ်ချက် ၂၈၉ မဂ္ဂါဝပ်ခန့် ဖြစ်ပါသည်။ ထို့ပြင် ဓာတ်အားပို့လွှတ်ရာတွင် ဆုံးရှုံးမှု (Transmission Losses) ၄% ကိုပါ ထည့်သွင်းတွက်ချက်ပါက ဓာတ်အားလိုအပ်ချက် ၄၁၁ မဂ္ဂါဝပ်ခန့်ဖြစ်ပေါ်နိုင်ပါသည်။
  3. ဓာတ်အားစနစ်အတွင်း ဓာတ်အားသုံးစွဲမှုမှာ မူလခန့်မှန်းသည်ထက် ပိုမိုများပြားလာလျှင် ဖြစ်စေ၊ မုတ်သုန်နောက်ကျပြီးမိုးရွာသွန်းမှုမရှိ၍ ရေအားစက်ရုံများမှ ထုတ်လုပ်မှုပိုမိုကျဆင်း လာလျှင်ဖြစ်စေ ဓာတ်အားလိုအပ်ချက်မှာခန့်မှန်းထားသည့်ပမာဏထက် ပိုမိုများပြားလာ နိုင်ပါသည်။
  4. ၁၀-၆-၂၀၁၉ရက်နေ့ တမံရေအမှတ်များအရ မုန်းချောင်းစက်ရုံ၊ ကြီးအုံကြီးဝစက်ရုံ၊ မြစ်သာ စက်ရုံနှင့် ဇောင်းတူစက်ရုံတို့မှာ တမံအနိမ့်ဆုံးရေအမှတ်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် ရေဝင် ရောက်မှုအရသာ ဓာတ်အားပေးစက်များအား ထိန်းသိမ်းမောင်းနှင်လျက်ရှိပါသည်။

 

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် ၂၃၀ကေဗွီ ကမာနတ်ပင်မဓာတ်အားခွဲရုံတွင် ၂၃၀/၆၆/၁၁ ကေဗွီ၊ ၁၅၀ အမ်ဗွီအေဓာတ်အားခွဲရုံ(၁)ရုံ တိုးချဲ့တည်ဆောက်ရန် စီစဉ်ဆောင်ရွက်နေမှုအခြေအနေ

  1. တိုင်းဒေသကြီး/ပြည်နယ်များတွင် အများပြည်သူများသို့ လျှပ်စစ်ဓာတ်အားပြည့်ဝစွာရရှိရေး နှင့် တိုးတက်သုံးစွဲလာသော ဓာတ်အားလိုအပ်ချက်များ ပြည့်ဝစွာရရှိရေး ဖြည့်ဆည်း ဖြန့်ဖြူးပေးနိုင်ရန်နှင့် ဓာတ်အားစနစ်အတွင်းရှိ လျှပ်စစ်ဓာတ်အားမရရှိသေးသော ကျေးလက်နေ ပြည်သူများအား ဓာတ်အားရရှိရေးတို့အတွက် အထူးအလေးထား၍ ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)ရှိ ၂၃၀ကေဗွီ ကမာနတ်ပင်မဓာတ်အားခွဲရုံသည် ပဲခူးမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများသို့ ၂၃၀/၃၃/၁၁ကေဗွီ၊ ၁၀၀အမ်ဗွီအေ ထရန်စဖော်မာ(၁)လုံး နှင့် ၂၃၀/၃၃/၁၁ကေဗွီ၊ ၆၀အမ်ဗွီအေ ထရန်စဖော်မာ(၁)လုံး စုစုပေါင်း မိန်းထရန်စဖော်မာ (၂)လုံး တည်ဆောက်၍ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါသည်။
  2. ယခုအခါ ပဲခူးမြို့နှင့်အနီးပတ်ဝန်းကျင်ဒေသ၌ တိုးချဲ့တည်ဆောက်နေသော စက်ရုံအလုပ်ရုံ များ၊ စီးပွားရေးဇုန်များ၊ စက်မှုဇုန်များ၊ ကျေးရွာများသို့ တိုးတက်သုံးစွဲလာသော ဓာတ်အား လိုအပ်ချက်များအား အမြန်ဆုံးပြည့်ဝစွာဖြန့်ဖြူးပေးနိုင်ရန်အတွက် ၂၀၁၉- ၂၀၂၀ဘဏ္ဍာနှစ်မှ စတင်၍ ကမာနတ်ပင်မဓာတ်အားခွဲရုံတွင် ၂၃၀/၆၆/၁၁ကေဗွီ၊ ၁၅၀အမ်ဗွီအေ ဓာတ်အား ခွဲရုံ(၁)ရုံအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တိုးချဲ့အကောင်အထည်ဖော် တည်ဆောက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ လည်း လုပ်ငန်းများဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
  3. သို့ဖြစ်ပါ၍ ပဲခူးတိုင်းဒေသကြီး(အရှေ့)ရှိ ၂၃၀ကေဗွီ ကမာနတ်ပင်မဓာတ်အားခွဲရုံတွင် ၂၃၀/၆၆/၁၁ကေဗွီ၊ ၁၅၀ အမ်ဗွီအေ ဓာတ်အားခွဲရုံ ၁ ရုံ တိုးချဲ့တည်ဆောက်ပြီးစီးပါက ဒေသနေပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝတည်ငြိမ်စွာဖြင့် ပိုမိုဖြန့်ဖြူးပေးနိုင်မည် ဖြစ်ပါကြောင်းနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် တိုးတက်သုံးစွဲလာသော ဓာတ်အားလိုအပ်ချက်များအား ပြည့်ဝစွာရရှိရေး ဖြည့်ဆည်းဖြန့်ဖြူးပေးနိုင်ရန် အထူး အလေးထား၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ (၂၄)နာရီ ဓာတ်အားဖြန့်ဖြူးပေးနိုင်မှုအခြေအနေ

  1. ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ၂၄-၅-၁၉၅၆ရက်နေ့မှစတင်၍  (၆၈၈+၈၀)ကေဗွီအေ ဒီဇယ်ဓာတ်အားပေးစက်ဖြင့် ဓာတ်အားစတင်ဖြန့်ဖြူးပေးခဲ့ပြီးနောက် MTU ၅၀၀ကေဗွီအေ ဒီဇယ်ဂျင်နရေတာဓာတ်အားပေးစက်(၃)လုံးဖြင့် မီးသုံးသူဦးရေ ၁၆၀၀ ခန့် အား တစ်ရက်လျှင် ၃နာရီ ၃၀ မိနစ်ခန့် ဓာတ်အားပေးထားရာမှ ပြည်နယ်အစိုးရအစီအစဉ် ဖြင့် ဒေါနအလင်းကုမ္ပဏီမှ ၂၃-၁၂-၂၀၁၇ရက်နေ့မှစတင်၍ ကော့ကရိတ်မြို့အား  (၂၄)နာရီ ဓာတ်အားဖြန့်ဖြူးပေးခဲ့ပါသည်။
  2. ယခုအခါ ၂၃၀ကေဗွီ မော်လမြိုင်-မြဝတီဓာတ်အားလိုင်းနှင့် ၂၃၀ကေဗွီ ၁၀၀အမ်ဗွီအေ သင်္ဃန်းညီနောင်ဓာတ်အားခွဲရုံအသစ် တည်ဆောက်ခြင်းလုပ်ငန်းများပြီးစီး၍ ၁၉-၃-၂၀၁၉ ရက်နေ့တွင်ဖွင့်ပွဲပြုလုပ်ခဲ့ပါသည်။ ထို့နောက် ၆၆ကေဗွီ မြ၀တီ-ကော့ကရိတ်ဓာတ်အားလိုင်း ၁၇.၃၁ မိုင်နှင့် ကော့ကရိတ် ၆၆/၁၁ကေဗွီ ၁၀အမ်ဗွီအေ ဓာတ်အားခွဲရုံအသစ် တည်ဆောက် ခြင်းလုပ်ငန်းများကို ပြည်ထောင်စုရန်ပုံငွေဖြင့် ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်မှ စတင်တည်ဆောက် ခဲ့ရာ လုပ်ငန်းများဆောင်ရွက်ပြီးစီး၍ ၂၆-၃-၂၀၁၉ရက်နေ့တွင် ကော့ကရိတ် ၆၆/၁၁ကေဗွီ ၁၀အမ်ဗွီအေ ဓာတ်အားခွဲရုံ၏ ၁၀အမ်ဗွီအေ ထရန်စဖော်မာအား စတင်စမ်းသပ်ဓာတ်အား လွှတ်၍လည်းကောင်း၊ ၂၉-၃-၂၀၁၉ရက်နေ့တွင် ကော့ကရိတ်မြို့၊ မြို့ပေါ်ရပ်ကွက် ၇ ရပ်ကွက် ရှိ ၁၁ကေဗွီဓာတ်အားလိုင်း ၁၇ မိုင်ခန့်၊ ၁၁/၀.၄ကေဗွီ ထရန်စဖော်မာ ၃၃လုံးနှင့် ၄၀၀ဗို့ ဓာတ်အားလိုင်း ၁၉မိုင်၊ စုစုပေါင်း မီးသုံးသူဦးရေ (၅၅၈၃)ဦးအား ဓာတ်အားစနစ်မှ (၂၄)နာရီ ဓာတ်အားပြည့်ဝစွာပို့လွှတ်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။
  3. သို့ဖြစ်ပါ၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် ကရင်ပြည်နယ်အတွင်း လျှပ်စစ် ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးနှင့် နိုင်ငံတစ်ဝန်းဓာတ်အားစနစ်ဖြင့် မီးလင်းရန်ကျန်ရှိ နေသော ကျေးရွာများအား လျှပ်စစ်ဓာတ်အား ပြည့်ဝတည်ငြိမ်စွာဖြန့်ဖြူးပေးနိုင်ရေးတို့ အတွက် ဘဏ္ဍာနှစ်အလိုက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းအနေဖြင့် ကျောက်ခွက်၊ လက်ပံတိုရေနံမြေ 3D ဆိုက်စမစ်တိုင်းတာခြင်းလုပ်ငန်းဆောင်ရွက်မည့်အခြေအနေ

  1. ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ထုတ်လုပ်နိုင်ရန် ဆိုက်စမစ်တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လက်ပံတိုရေနံမြေတွင် ၁၉၇၄ခုနှစ်၌ ပုံတောင်ကျောက်လွှာစုအတွင်းမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ စတင်တွေ့ရှိခဲ့ပြီး ၎င်းအချိန်က Reservoir ပြန့်နှံ့တည်ရှိမှုကို ဖြေရှင်းရန်ခက်ခဲသောကြောင့် ၁၂တွင်း တူးဖော်ခဲ့ပြီး ရှာဖွေရေးလုပ်ငန်းများကို ဆိုင်းငံ့ထား ခဲ့ပါသည်။ ၁၉၉၅ခုနှစ်တွင် 2D ဆိုက်စမစ်လိုင်းများတိုင်းတာပြီး ရရှိခဲ့သောအချက်အလက် များအားလေ့လာ၍ ရှာဖွေရေးတွင်းများတူးဖော်ခဲ့ရာ လက်ပံတိုတွင် ရွှေစက်တော်ကျောက်စဉ်စု အတွင်းမှလည်းကောင်း၊ ကျောက်ခွက်တွင် ပုံတောင်ကျောက်စဉ်စုအတွင်းမှလည်းကောင်း စီးပွားဖြစ်ထုတ်လုပ်နိုင်မည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကို တွေ့ရှိခဲ့ပါသည်။
  2. 2D ဆိုက်စမစ်လိုင်းသာရှိသည့်အတွက် Reservoir ပြန့်နှံ့တည်ရှိမှုနှင့် အသေးစိတ်မြေအောက် ဘူမိအနေအထားအား ကောင်းစွာမဖြေရှင်းနိုင်သောကြောင့် ယခုအခါ 3D Seismic data ကို အသုံးပြုပြီး Quantitative Interpretation (QI) နည်းပညာဖြင့် Oil and Gas Reserve ကို ပိုမိုတိကျစွာ တွက်ချက်နိုင်မည်ဖြစ်ပါသည်။ 3D ဆိုက်စမစ်တိုင်းတာခြင်းဖြင့် ကျောက်ခွက်/ လက်ပံတိုရေနံမြေ၏ ဘူမိအနေထား(Structure)၊ သဲကြောများ၏ ပြန့်နှံ့တည်ရှိမှုနှင့် ဂုဏ်သတ္တိများကို တူးဖော်ခဲ့ပြီးသော တွင်းအချက်အလက်များဖြင့်ပေါင်းစပ်ကာ ပိုမိုတိကျစွာ သိရှိပုံဖော်နိုင်မည် ဖြစ်ပါသည်။
  3. ယင်းသို့ သိရှိပုံဖော်နိုင်ခြင်းဖြင့် အလားအလာကောင်းသော သဲကြောများမှ ရေနံနှင့်သဘာဝ ဓာတ်ငွေ့များ ပိုမိုရှာဖွေထုတ်လုပ်နိုင်ခြင်း၊ အခြားအလားအလာကောင်းသော Prospect များလည်း ထပ်မံတွေ့ရှိနိုင်မည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်သဖြင့် ကျောက်ခွက်၊ လက်ပံတိုရေနံမြေတွင် 3D ဆိုက်စမစ်တိုင်းတာရခြင်းဖြစ်ပါသည်။ အဆိုပါ 3D ဆိုက်စမစ် တိုင်းတာရေးလုပ်ငန်းများကို မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ဆိုက်စမစ်တိုင်းတာရေး အဖွဲ့(၁)၊ (၂)တို့နှင့်အတူ ဝန်ဆောင်မှုကုမ္ပဏီဖြစ်သော Sinopec Int’l Petroleum Service Corp; တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ပံတိုဧရိယာတွင် ၁၂၅ စတုရန်း ကီလိုမီတာ၊ ကျောက်ခွက်ဧရိယာတွင် ၉၀ စတုရန်းကီလိုမီတာ၊ စုစုပေါင်း ၂၁၅ စတုရန်း ကီလိုမီတာ တိုင်းတာသွားမည်ဖြစ်ပါသည်။
  4. ဆိုက်စမစ်တိုင်းတာရေးလုပ်ငန်းတွင် မြေတိုင်းလုပ်ငန်း၊ ဆိုက်စမစ်ကျင်းတူးခြင်းလုပ်ငန်း၊ ယမ်းထည့်ခြင်းလုပ်ငန်း၊ ဆိုက်စမစ်ကြိုးခင်းခြင်းလုပ်ငန်း၊ မှတ်တမ်းတင်ခြင်းလုပ်ငန်းနှင့် လူထုအသိပညာပေးခြင်း(Public Consultation)လုပ်ငန်း၊  CSR လုပ်ငန်း စသည့် လုပ်ငန်းစဉ် များဆောင်ရွက်သွားမည်ဖြစ်ပါသည်။
  5. ယခုအခါတွင် ဆိုက်စမစ်တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြေတိုင်းခြင်း လုပ်ငန်းအား ၂၀၁၉ခုနှစ် မေလ ၈ရက်နေ့တွင်လည်းကောင်း၊ ဆိုက်စမစ်တွင်းတူးခြင်း လုပ်ငန်းအား ၂၀၁၉ခုနှစ် မေလ ၂၀ ရက်နေ့တွင်လည်းကောင်း စတင်ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ ၂၀၁၉ခုနှစ် ဇွန်လ ၃ ရက်နေ့ထိ မြေတိုင်းလုပ်ငန်း ၃၆.၄၅ % ၊ ဆိုက်စမစ် တွင်းတူးခြင်းလုပ်ငန်း ၁၂.၇ % နှင့် ယမ်းထည့်ခြင်းလုပ်ငန်း ၁၂.၇ % ပြီးစီးပြီဖြစ်ပါသည်။ ဆိုက်စမစ်ကြိုးခင်းခြင်းလုပ်ငန်းကို ၂၀၁၉ခုနှစ် ဇွန်လ ဒုတိယပတ်တွင်လည်းကောင်း၊ မှတ်တမ်းတင်ခြင်းလုပ်ငန်းကို ၂၀၁၉ခုနှစ် ဇွန်လ တတိယပတ်တွင်လည်းကောင်း စတင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းအနေဖြင့် မြန်အောင်တွင်းအမှတ်(၁၇၄)၏ ရေနံနှင့်သဘာဝဓာတ်ငွေ့စပ်သပ်ထုတ်လုပ်မှုအခြေအနေ

  1. မြန်အောင်မြို့နယ်တွင် မြန်အောင်တွင်းအမှတ်(၁၇၄)အား တွင်းတူးစက် နေရှင်နယ်-၅၅/၄ ဖြင့် ၁၃-၃-၂၀၁၉ရက်နေ့မှ စတင်တူးဖော်ခဲ့ရာ ၂၃-၅-၂၀၁၉ ရက်နေ့အထိ အနက်ပေ ၅၂၆၀ အား တူးဖော်ခဲ့ပါသည်။ ၃၁-၅-၂၀၁၉ရက်နေ့တွင် ၂၅၅၀ပေ သဲကြောမှ ၅၀၃၅-၅၀၆၀ပေ (စုစုပေါင်း ၇ ပေ)အား သေနပ်ဖောက်စမ်းသပ်ခဲ့ရာ ရေနံ၊ ဆားငံရေနှင့်အတူ သဘာဝ ဓာတ်ငွေ့တို့ စမ်းသပ်ရရှိပါသည်။ ၃၁-၅-၂၀၁၉ရက်နေ့တွင် ရေနံ(၃၅)စည်နှင့် သဘာဝ ဓာတ်ငွေ့ ကုဗပေသန်း ၀.၁၇၅၅ အားရရှိခဲ့ပြီး ၁-၆-၂၀၁၉ရက်နေ့မှ ၄-၆-၂၀၁၉ရက်နေ့ အထိ တစ်ရက်လျှင် ရေနံ ၆၂ စည်နှင့် သဘာဝဓာတ်ငွေ့ကုဗပေသန်း ၀.၀၉၈၀ စမ်းသပ် ရရှိနေပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းအနေဖြင့် ရေနံဓာတ်ငွေ့ရည်လုပ်ငန်းဆိုင်ရာ ဆောင်ရွက်မှုအခြေအနေ

  1. မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းအနေဖြင့် ရေနံဓာတ်ငွေ့ရည် တင်သွင်း သိုလှောင် ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းကို ပိုမိုကျယ်ပြန့်စွာ စနစ်တကျလုပ်ကိုင်နိုင်ရန်နှင့် ထိရောက်စွာ ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်သွားနိုင်ရန်ရည်ရွယ်၍ လုပ်ငန်းလိုင်စင်အမျိုးအစား (၇)မျိုး ခွဲခြားသတ်မှတ်ပြီး လိုင်စင်များ စိစစ်ထုတ်ပေးလျက်ရှိပါသည်။
  2. ယင်းလိုင်စင်အမျိုးအစား(၇)မျိုးတွင်ပါဝင်သည့် လိုင်စင်(ဆ)မှာ စီးပွားရေးလုပ်ငန်း၊ စက်မှု လုပ်ငန်းနှင့် လူနေအဆောက်အဦများတွင် ပိုက်လိုင်းကွန်ယက်တပ်ဆင်၍ ရေနံဓာတ်ငွေ့ရည် ကို အသုံးပြုခြင်းအတွက် လိုင်စင်ဖြစ်ပြီး လိုင်စင်စိစစ်ထုတ်ပေးခြင်း ဆောင်ရွက်လျက်ရှိ ပါသည်။ အထပ်မြင့်အဆောက်အဦများ၊ ဟိုတယ်များ၊ စားသောက်ဆိုင်ခန်းများ၊ စီးပွားရေး လုပ်ငန်းများ စသည့် ရေနံဓာတ်ငွေ့ရည်ကို ပိုက်လိုင်းကွန်ယက်စနစ်တပ်ဆင်အသုံးပြုလိုသူ များသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းတွင် လိုအပ်သည့် စာရွက်စာတမ်းများဖြင့် တင်ပြခွင့်ပြုချက်ရယူပြီးမှသာ တပ်ဆင်ရမည်ဖြစ်ပြီး ဌာနမှစိစစ်၍ လိုင်စင်ထုတ်ပေးပြီးမှသာ သုံးစွဲရမည်ဖြစ်ပါသည်။
  3. ရေနံဓာတ်ငွေ့ရည်ကို မော်တော်ယာဉ်များသို့ ဖြည့်တင်းဖြန့်ဖြူးခြင်းလုပ်ငန်း လုပ်ကိုင်လိုသူ များအတွက် ဘေးအန္တရာယ်ကင်းရှင်းစွာနှင့် စနစ်တကျသုံးစွဲနိုင်စေရန်ရည်ရွယ်၍ ရေနံ ဓာတ်ငွေ့ရည်ကို မော်တော်ယာဉ်သို့ ဖြည့်တင်းဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို လိုင်စင်တစ်ခု အဖြစ် ခွင့်ပြုထုတ်ပေးသွားရန် ဆောင်ရွက်လျက်ရှိပါသည်။ ထိုကဲ့သို့ ရေနံဓာတ်ငွေ့ရည်ကို မော်တော်ယာဉ်များတွင် ထည့်သွင်းမောင်းနှင်အသုံးပြုသွားမည်ဆိုပါက သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျော့ချနိုင်ခြင်း၊ ဓာတ်ဆီ/ဒီဇယ်ဆီတို့နှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းသက်သာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။
  4. ထိုသို့ ရေနံဓာတ်ငွေ့ရည် ဖြန့်ဖြူးရောင်းချခြင်း၊ သုံးစွဲခြင်းတို့တွင် စနစ်တကျရှိစေရန် ဆောင်ရွက်နေသည့်အပြင် ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် ရေနံဓာတ်ငွေ့ရည်ကို သယ်ယူရာ တွင် မိမိတို့ဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များအတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်ခြင်းရှိ/မရှိကို ရှောင်တခင်စစ်ဆေးနိုင်ရန် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ရေနံ ဓာတ်ငွေ့ရည်သယ်ဆောင်ယာဉ်များအား ရှောင်တခင်ကြီးကြပ်စစ်ဆေးရေးအဖွဲ့(Mobile Team) ကို ဖွဲ့စည်းထားပြီး ယင်း Mobile Team မှ ရေနံဓာတ်ငွေ့ရည်ကို စနစ်တကျဘေးအန္တရာယ် ကင်းရှင်းစွာသယ်ယူပို့ဆောင်နိုင်ရန်ရည်ရွယ်၍ ရေနံဓာတ်ငွေ့ရည်သယ်ဆောင်ယာဉ်များ တွင် သတ်မှတ်ထားသော Marking & Labeling များ ရေးသားခြင်းနှင့် GPS စနစ်တပ်ဆင် ခြင်းတို့ကို သတ်မှတ်ချိန်အတွင်းပြီးစီးအောင် ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။ ပုဂ္ဂလိက ကုမ္ပဏီများ၏ ရေနံဓာတ်ငွေ့ရည်သယ်ဆောင်ယာဉ်များ သယ်ယူပို့ဆောင်မှုအခြေအနေများ ကိုလည်း ရှောင်တခင်စစ်ဆေးမှုများပြုလုပ်ပြီး သတ်မှတ်စည်းကမ်းချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဗို့အားပြည့်မီစွာ အသုံးပြုနိုင်ရန်နှင့် ဓာတ်အားစနစ်အား အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်၍   TM-2500 ဓာတ်အားပေးစက် တပ်ဆင်တည်ဆောက်ထားသည့်အခြေအနေ

  1. ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ် ဓာတ်အားပြတ်တောက်မှုများလျော့နည်းစေရေး၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုလျော့နည်း စေရေး၊ ခေတ်မီ၍စနစ်ကျနကောင်းမွန်သော ဓာတ်အားဖြန့်ဖြူးမှုစနစ် ပေါ်ပေါက်လာစေ ရေးနှင့်  ပြည်သူများလျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးအတွက်  နှစ်စဉ်ဘဏ္ဍာငွေ သုံးစွဲခွင့် ရရှိမှုပေါ်မူတည်၍ စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
  2. ထိုသို့ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဗို့အားပြည့်မှီစွာ အသုံးပြုနိုင်ရန် နှင့် ဓာတ်အားစနစ်အား အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်၍ TM-2500 ဓာတ်အားပေးစက် ကို တပ်ဆင်တည်ဆောက်ရခြင်းဖြစ်ပါသည်။ ၂၅-၅-၂၀၁၇ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Golden Green Energy Co., Ltd. တို့ ဝယ်ယူခြင်းသဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပြီး စီမံကိန်းလုပ်ငန်းများကို သာကေတဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံဝင်း အတွင်းတွင် အကောင်အထည်ဖော်တည်ဆောက်ခဲ့ပါသည်။ ၂၀-၇-၂၀၁၇ရက်နေ့တွင် TM-2500 Unit Firing ပြုလုပ်နိုင်ခဲ့ပြီး ၂၅-၇-၂၀၁၇ရက်နေ့ကို TM-2500 Power Plant Commercial Operation Date (COD) အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ ၄-၈-၂၀၁၇ရက်နေ့ တွင် စက်ရုံဖွင့်ပွဲပြုလုပ်ခဲ့ပြီး TM-2500 ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းသို့ လွှဲပြောင်းပေးအပ် ခဲ့ပါသည်။ စက်အမျိုးအစားမှာ TM-2500 TRAILER Mounted Dual Fuel Type ဖြစ်ပြီး Model : TM-2500 + G4 SAC ( Aero Derivative Gas Turbine ) GE ဖြစ်ပါသည်။
  3. TM-2500 ဓာတ်အားပေးစက်မောင်းနှင်ခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်မှု များကို ဓာတ်အားကွပ်ကဲရေးဌာန(ရန်ကုန်) ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း နှင့် သာကေတသဘာဝဓာတ်ငွေ့ဓာတ်အားပေးစက်ရုံတို့မှ ညှိနှိုင်းပြီး ဓာတ်အားလိုအပ်ချက် အခြေအနေအရ မောင်းနှင်ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းစက်ဖြင့် ဝန်အားပြည့်မောင်းနှင် ပါက တစ်နာရီလျှင် Fuel Consumption 1800 ဂါလံနှင့် ဓာတ်အား 25 MW ထွက်ရှိပြီး ဓာတ်အားစနစ်သို့ ချိန်ဆက်မောင်းနှင်ဓာတ်အားပေးလျက်ရှိပါသည်။
  4. ထို့အတူ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းသည် တပ်ဆင်အင်အား 1250 kVA, 1 MW ရှိ ဒီဇယ်ဓာတ်အားပေးစက် ၁၃ လုံး တပ်ဆင်ရန် ဂျပန်နိုင်ငံ၏ အကူအညီ အထောက်အပံ့ရရှိခဲ့ပါသည်။ အဆိုပါစက်များနှင့် ဆက်စပ်ပစ္စည်းများ တာဝန်ယူတပ်ဆင် တည်ဆောက်ရန် Zeya & Associates Co., ltd. နှင့် ၁၄-၆-၂၀၁၃ရက်နေ့တွင် လုပ်ငန်း အပ်နှံခြင်းစာချုပ် ချုပ်ဆိုခဲ့ပြီး စီမံကိန်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ၁၄-၁-၂၀၁၄ရက်နေ့ တွင် တည်ဆောက်ပြီးစီးခဲ့ပြီး စက်ရုံဖွင့်ပွဲကို ၇-၃-၂၀၁၄ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ 1 MW စက်အမျိုးအစားမှာ Model: S16R-PTA2-S/ MITSUBISHI ဖြစ်ပါသည်။ ၎င်းစက်များကို မောင်းနှင်ပါက စက်(၁)လုံးလျှင် Fuel Consumption ၆၀ ဂါလံနှင့် ဓာတ်အား 1 MW ထွက်ရှိပြီး ဓာတ်အားစနစ်နှင့် ချိန်ဆက်မောင်းနှင်နိုင်မှုရှိပါသည်။
  5. ၂၀၁၉ခုနှစ် နွေရာသီကာလအတွင်း ဓာတ်အားစနစ်၏ ထုတ်လုပ်မှုလိုအပ်ချက်များရှိခဲ့ပါ သဖြင့် အဆိုပါ TM-2500 နှင့် 1 MW ဒီဇယ်ဓာတ်အားပေးစက်များကို ၁၈-၃-၂၀၁၉ရက်နေ့မှ စ၍ ယနေ့ထိ (၁)ရက်လျှင် (၁၀)နာရီခန့် ပျမ်းမျှမောင်းနှင်၍ ဓာတ်အားထုတ်လုပ်လျက်ရှိပြီး ယနေ့အထိ စက်မောင်းနာရီ (665:02) နာရီ၊ ထုတ်လုပ်ယူနစ် (12391.82) MWh နှင့် ဆီသုံးစွဲမှု (965108) ဂါလံ ကုန်ကျခံ၍ မောင်းနှင်လျက်ရှိပါကြောင်း အများပြည်သူများအား လျှပ်စစ် ဓာတ်အားပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ် ပါသည်။

 

ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနအနေဖြင့် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း

ရေသွယ်ဥမင်လိုဏ်၂လုံး၏ အပေါ်ပိုင်းအခြမ်းများ တိုးလျှိုပေါက်ဖောက်လုပ်ပြီးစီးမှုအခြေအနေ

  1. ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ မြို့နယ်၊ ကျောက်မဲမြို့၏တောင်ဘက်(၂၀)မိုင်ခန့်အကွာ ဒုဌဝတီမြစ်ပေါ်၌ တပ်ဆင်စက် အင်အား ၂၈၀ မဂ္ဂါဝပ်ရှိသည့် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော် တည်ဆောက်လျက်ရှိပါသည်။
  2. အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း၏ အဓိကရေအားအဆောက်အအုံများတွင် အချင်း ၄၁ ပေရှိ သံကူကွန်ကရစ် ရေသွယ်ဥမင်လိုဏ် ၂ လုံးပါဝင်ပြီး တမံ၏ဝဲဘက်ကမ်းပေါ်တွင် တည်ရှှိ ပါသည်။ ရေသွယ်ဥမင်လိုဏ်သည် ရေလှောင်ကန်အတွင်းရှိ ရေယူအဆောက်အအုံမှ စက် တစ်လုံးလျှင် ၇၀ မဂ္ဂါဝပ်ရှိသည့် စက် ၄ လုံးတပ်ဆင်မည့် ဓါတ်အားပေးစက်ရုံသို့ စက်လည်ပတ် လျှပ်စစ်ထုတ်လုပ်ရန်လိုအပ်သည့်ရေကို သွယ်ယူပေးမည့့်် အလွန်အရေးပါသည့် ဥမင်လိုဏ် များ ဖြစ်ပါသည်။ ရေသွယ်ဥမင်လိုဏ်အမှတ်(၁)သည် ၁၅၃၉ ပေရှည်လျားပြီး ရေသွယ် ဥမင်လိုဏ် အမှတ်(၂)သည် ၁၇၄၉ ပေ ရှည်လျားပါသည်။
  3. ဥမင်လိုဏ်တူးဖော်ခြင်းလုပ်ငန်းပမာဏမှာ စုစုပေါင်း အချင်း ၄၁ ပေ၊ အလျား ၃၂၈၈ ပေရှိပြီး ၂၀၁၈ခုနှစ် သြဂုတ်လတွင်စတင်၍ အဝင်ပိုင်းမှ ဥမင်လိုဏ်အပေါ်ပိုင်းအခြမ်း တူးဖော်ခြင်း လုပ်ငန်းအားဆောင်ရွက်ခဲ့ရာ ရေသွယ်ဥမင်လိုဏ်အမှတ်(၁) အလျား ၁၅၃၉ ပေ၏ အပေါ်ခြမ်း အား ၃၀-၅-၂၀၁၉ရက်နေ့တွင်လည်းကောင်း၊ ရေသွယ်ဥမင်လိုဏ်အမှတ်(၂) အလျား ၁၇၄၉ ပေ၏ အပေါ်ခြမ်းအား ၁-၆-၂၀၁၉ရက်နေ့တွင်လည်းကောင်း တိုးလျှိုပေါက်အောင်မြင်စွာ တူးဖော်ပြီးစီးခဲ့ပါသည်။
  4. ရေသွယ်ဥမင်လိုဏ်၏ ဥမင်လိုဏ်အပေါ်ပိုင်းအခြမ်း တူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်စဉ် ဥမင်လိုဏ်ခိုင်ခံ့တောင့်တင်းစေရေးအတွက် ဥမင်လိုဏ်ခိုင်ခံ့လုပ်ငန်းများအားလည်း တပြိုင် တည်း ဆောင်ရွက်ခဲ့ပါသည်။
  5. ရေသွယ်ဥမင်လိုဏ်၏ ဥမင်လိုဏ်အောက်ပိုင်းအခြမ်း တူးဖော်ခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိပြီး တူးဖော်ပြီးစီးပါက အထူ(၃)ပေရှိ သံကူကွန်ကရစ်လိုင်နင် သွန်းလောင်း ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါသည်။ ရေသွယ်ဥမင်လိုဏ်တည်ဆောက် ခြင်းလုပ်ငန်းများ အခြားရေအားလျှပ်စစ်ဆိုင်ရာ ဆက်စပ်အဆောက်အအုံများကို ဆက်လက် ဆောင်ရွက်အကောင်အထည်ဖော်လျက်ရှိပါသည်။
  6. အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းသည် စက်တစ်လုံးလျှင် တပ်ဆင်စက်အင်အား မဂ္ဂါဝပ် ၇၀ မဂ္ဂါဝပ်ရှိသည့် စက် ၄ လုံးတပ်ဆင်မည်ဖြစ်ပြီး စုစုပေါင်း တပ်ဆင်စက်အင်အားမှာ ၂၈၀ မဂ္ဂါဝပ်ရှိပါသည်။ လက်ရှိအချိန်တွင် စီမံကိန်းတစ်ခုလုံး၏ ၃၉.၅၄% ပြီးစီးနေပြီဖြစ်ပြီး စီမံကိန်းအား ၂၀၂၂ခုနှစ်တွင် ပြီးစီးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ စီမံကိန်းပြီးစီးပါက တစ်နှစ်လျှင် ပျှမ်းမျှလျှပ်စစ်ဓါတ်အား ၁၄၀၉ သန်းကီလိုဝပ်နာရီ  ထုတ်လုပ် ဖြန့်ဖြူးနိုင်မည်ဖြစ်ပါသည်။ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများကို နိုင်ငံတော်ဓာတ်အား ကွန်ယက်စနစ်မှ တစ်နိုင်ငံလုံးသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပြီး လူဦးရေ ၃.၇ သန်း၊ နိုင်ငံ့လူဦးရေစုစုပေါင်း၏ ၆.၆% အား လျှပ်စစ်ဓာတ်အားတိုးတက်ဖြန့်ဖြူးပေး နိုင်မည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

13-Jun-2019