The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နေပြည်တော်ကောင်စီနယ်မြေ၊ နန်ချို နှင့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံများသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင် စစ်ဆေးသည့်သတင်း

          နေပြည်တော်ကောင်စီနယ်မြေ၊ နန်ချို နှင့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မှ ဒုတိယဝန်ကြီးဒေါက်တာ ထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီး ဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မှတာဝန်ရှိသူများလိုက်ပါလျက်၆-၁-၂၀၁၈ရက်နေ့တွင် ရောက်ရှိစစ်ဆေးခဲ့ပါ သည်။

          နန်ချိုရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှာနေပြည်တော်ကောင်စီနယ်မြေ၊ပျဉ်းမနား မြို့ အရှေ့ဘက် ၁၆မိုင်အကွာရှိ နန်ချိုချောင်း ပေါ်တွင်တည်ဆောက်ထားရှိပြီး ၁၁.၄.၂၀၁၄ ရက်နေ့တွင်စတင်လည်ပတ်မောင်းနှင်ခဲ့ပြီး စက်တပ်ဆင်အင်အားမှာ (၂ x ၂၀) (၄၀ မဂ္ဂါ၀ပ်) ဖြစ်၍ တစ်နှစ်ထုတ်လုပ်နိုင်မှုမှာ ၁၅၂ ကီလို၀ပ်နာရီသန်းပေါင်းဖြစ်ပါသည်။

          အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ နေပြည်တော်ကောင်စီ နယ်မြေ၊ ပျဉ်းမနားမြို့ အရှေ့ဘက် ၂၆မိုင်အကွာရှိ ပေါင်းလောင်းမြစ်း ပေါ်တွင်တည်ဆောက် ထားရှိပြီး စက်တပ်ဆင်အင်အားမှာ(၂ x ၇၀)(၁၄၀ မဂ္ဂါ၀ပ်) ဖြစ်၍ တစ်နှစ်ထုတ်လုပ်နိုင်မှုမှာ ၄၅၄ ကီလို၀ပ်နာရီသန်းပေါင်းဖြစ်ပါသည်။

          အဆိုပါစက်ရုံများတွင် စက်များမောင်းနှင်နိုင်မှုအခြေအနေများအား ကြည့်ရှုစစ် ဆေးခြင်း၊ ဝန်ထမ်းများ နှင့် ၄င်းတို့၏မိသားစုများ တာဝန်ထမ်းဆောင်ရာတွင် ကျန်းမာရေး ၊ ပညာရေး၊ နေထိုင်သွားလာရေး စသည့်အခြေအနေများအား ဝန်ထမ်းများဖြင့်တွေ့ဆုံပြီး ဒုတိယဝန်ကြီးနှင့် ဌာနအကြီးအကဲများမှ ဝန်ထမ်းများအတွက် ဆီ/စားသောက်ဖွယ်ရာများနှင့် အခြားလိုအပ်ချက်များအား ပံ့ပိုးကူညီဖြည့်ဆည်းပေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
06-Jan-2018