The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေအားလျှပ်စစ်ဖွံ့ဖြိုးမှု လေ့ကျင့်ရေးဌာန(ပေါင်းလောင်း)၌ လက်ထောက်ညွှန်ကြားရေးမှူးများ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း

နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ( )ရက်

 

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးများ မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် ရေအားလျှပ်စစ်ဖွံ့ဖြိုးမှု လေ့ကျင့်ရေးဌာန (ပေါင်းလောင်း) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန၊ လုပ်ငန်းနှင့် ကော်ပိုရေးရှင်းတို့မှ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြပါသည်။

          ပြည်ထောင်စုဝန်ကြီးက သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် High Technical Departments များ ဖြစ်သောကြောင့် ဌာနများ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်း လေ့လာအားထုတ်ရန်၊ စူးစမ်းလေ့လာမှုများ တိုးမြှင့်ရန်နှင့် ကြိုးပမ်းအားထုတ်မှု မှန်မှန် ကန်ကန် ဆောင်ရွက်နိုင်မှသာ မှန်ကန်သည့်ရလဒ်ကောင်းများ ရရှိမည်ဖြစ်ကြောင်း၊ အရည်အသွေး ပြည့်ဝသော လျှပ်စစ်ဓာတ်အားရရှိရေး အလေးထား ဆောင်ရွက်ရန်လိုကြောင်း၊ သင်တန်းများတွင် အစွမ်းကုန်လေ့လာအားထုတ်ရန်၊ လေ့လာမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်ရန်၊ မိမိအားနည်းချက် များကို စိစစ်သုံးသပ်ရန်နှင့် အရည်အချင်းပြည့်ဝသော ပညာရှင်များဖြစ်လာရေး အားထုတ်ရန်၊ ပြည်သူအတွက် Safety and Reliable ဖြစ်သော လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး အလေးထားဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ပြည့်ဝတည်ငြိမ်သော လျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးနိုင်ရေးသည် အရေးကြီးကြောင်း၊ ယနေ့ နိုင်ငံတော်ဘတ်ဂျက်မှ စိုက်ထုတ်ကျခံပေးနေ ရသော Subsidized အခြေအနေမှ စီးပွားဖြစ်ဆောင်ရွက်နိုင်သော Commercial Business အဆင့်သို့ရောက်ရှိရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ ပြည်သူ့အတွက် Service Quality အား အစွမ်းကုန်မြှင့်တင်ရန် ထုတ်ကုန်ကောင်းများ တိုးမြှင့်ရရှိရေး ဆောင်ရွက်ရန်၊ ပြည်သူလူထုနှင့် ယဉ်ကျေးပျူငှာစွာ ဆက်သွယ်ပြောဆိုရန် အရေးကြီးကြောင်း၊ ပြည်သူလူထု စိတ်ချမ်းမြေ့စေရေး ဦးတည်ဆောင်ရွက်ရန်၊ ပြည်သူ့အတွက် လိုအပ်ချက်များ စိစစ်လေ့လာစောင့်ကြည့်ရန်၊ အပြည့်အဝဖြည့်ဆည်းနိုင်ရေး ကြိုးပမ်းရန်၊ Market and Demand Focus အား ကောင်းစွာ နားလည် သဘောပေါက်ရန် ကြိုးပမ်းလေ့လာရမည်ဖြစ်ကြောင်း၊ လုပ်ငန်းစဉ်များ အစ၊ အလယ်၊ အဆုံး အောင်မြင်စွာ ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ စီမံခန့်ခွဲမှုနှင့် မူဝါဒပိုင်းဆိုင်ရာ အားနည်းချက် များ သုံးသပ်ရန်လိုအပ်ကြောင်း၊ မှန်ကန်တဲ့ Mind Set များဖြစ်လာရန် အရေးကြီးကြောင်း၊ Human Resources ဖွံ့ဖြိုးတိုးတက်ရေး Quality ရှိသောရလဒ်များ ပေါ်ထွက်ရေး အရေးကြီးသဖြင့် အလေးထားဆောင်ရွက်ရမည်ဖြစ်သောကြောင့် သက်ဆိုင်ရာ ဌာနများအလိုက် မွမ်းမံသင်တန်းများ ပိုမိုထူထောင်ဖွင့်လှစ်ရန် လိုအပ်ကြောင်း၊ Project Planning များသာမက HR Development Planning များပါ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ယခုလို သင်တန်းများမှ အရည်အချင်း အပြည့်အဝ မြှင့်တင်ပေးနိုင်ရန် ယုံယုံကြည်ကြည်ဖြင့် ကြိုးပမ်း လေ့လာအားထုတ်ရန်၊ Case-study များအလိုက် အပြန်အလှန်အတွေ့အကြုံဖလှယ်မှုဖြင့် ဆွေးနွေးရန်လိုကြောင်း၊ အချိန်ကို တန်ဖိုးထားပြီး သင်တန်းဆရာများ၏ အတွေ့အကြုံများကို အလေးထားလေ့လာရန်လိုကြောင်း၊ ဝန်ကြီးဌာန၏ အနာဂတ်ရည်မှန်းချက်၊ စီမံကိန်းကြီးများနှင့် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းများအား ဆက်လက်၍ ပေါင်းစည်း ဆောင်ရွက်နိုင်ရန်အတွက် Regional Cooperation များ မြှင့်တင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်သွယ်ဆွေးနွေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်ရန် Corporation အား အလေးထား ဆောင်ရွက်နေကြောင်း၊ ထို့ကြောင့် ဒေသတွင်းနိုင်ငံများ ဆောင်ရွက်နေသော နည်းစနစ်များအား လေ့လာရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် သင်တန်းများ တိုးမြှင့်ဆောင်ရွက်ရန်၊ ပြည်သူ့ဝန်ထမ်းများပီပီ ပြည်သူများအတွက် မှန်ကန်သော သတင်းအချက်အလက်များ ဖြန့်ဝေပေးရန်လိုအပ်ကြောင်း၊ မိမိတို့ရင်ဆိုင်ရသည့် အခက်အခဲ များအား ပြည်သူလူထုမှ သိရှိနားလည်သဘောပေါက်စေရန်လည်း အရေးကြီးကြောင်း၊ ယခု သင်တန်းများတွင် သင်တန်းဆရာများနှင့် သင်တန်းသားများအကြား အပြန်အလှန် ပွင့်လင်းစွာ ဆွေးနွေးခြင်းဖြင့် မိမိတို့၏တာဝန်များအား ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် အရည်အသွေး မြင့်မားသော ဝန်ထမ်းများဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပြီး သင်တန်းနည်းပြ များ၊ သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်း ဆောက်လုပ်ပြီးစီးမှုအခြေအနေနှင့် သင်တန်း ဖွင့်လှစ်စဉ် အသုံးပြုရန် သင်တန်းခန်းမအတွင်း ခင်းကျင်းပြသထားသော လျှပ်စစ်ကဏ္ဍနှင့် ဆိုင်သော လုပ်ငန်းသုံးပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
09-Jan-2018