The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

သတင်းထုတ်ပြန်ချက်

၂၀၁၈ ခုနှစ်၊  ဇန်နဝါရီလ  ၁၁  ရက်

 

သတင်းထုတ်ပြန်ခြင်း(၁/၂၀၁၈)အခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ နေပြည်တော်၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား၌ ၆၆ကေဗွီ ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်-မောင်တော ဓာတ်အားလိုင်းတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေ၊ အပူစွမ်းအင်သုံးစက်ရုံများဌာန၊ ဓာတ်အားပေးစက်ရုံစီမံကိန်းများအခြေအနေ၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့ အောင်ချမ်းသာပင်မဓာတ်အားခွဲရုံ ၆၆/၁၁ ကေဗွီ ၁၀အမ်ဗွီအေ ထရန်စဖော်မာ အား ၂၀ အမ်ဗွီအေ ထရန်စဖော်မာဖြင့် အင်အားတိုးမြှင့်တပ်ဆင်ခြင်း၊ ၁၁ ကေဗွီ ဓာတ်အားလိုင်း တည်ဆောက်ခြင်းနှင့် ဓာတ်အားလိုင်းထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ ရေနံ ဓာတ်ငွေ့ရည်လက်လီအရောင်းဆိုင်များအား လိုင်စင်(ဃ)နှင့်(င)ထုတ်ပေးမှုအခြေအနေ၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ၆၆ကေဗွီ GIS ဓာတ်အားခွဲရုံများ အဆင့်မြှင့်တင်တည်ဆောက်ခဲ့သဖြင့် အများ ပြည်သူများ လျှပ်စစ်ဓာတ်အားပိုမိုတိုးတက်ရရှိပြီး ဗို့အားပြည့်ဝစွာအသုံးပြုနိုင်မှုအခြေအနေ၊ ရန်ကုန် တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့မဓာတ်အားခွဲရုံတွင် 33kV Indoor GCB အသစ် တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် ရန်ကုန်မြောက်ပိုင်းခရိုင်လျှပ်စစ်မန်နေဂျာရုံး အတွင်းရှိ 66/11-6.6 kV ၊ 20 MVA ဓာတ်အားခွဲရုံ၌ 66kV CT အစားထိုးလဲလှယ်ပြီး တည်ငြိမ် ပြည့်ဝသော လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မှုအခြေအနေများနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခဲ့ ပါသည်။

အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်နှင့်သတင်းထုတ်ပြန်ရေး အဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သတင်းမီဒီယာသမားများ တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
11-Jan-2018