The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

 

နေပြည်တော်၊ ဇန်နဝါရီလ (၂၉) ရက်

(ပြည်သူ့ဓာတ်အားလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး ဓာတ်အားခွဲရုံများအား ကြည့်ရှုစစ်ဆေး)

    လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် တာဝန်ရှိသူများ လိုက်ပါလျက် ယခုလ ၂၆ ရက်နေ့၊ ညနေပိုင်း၌ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ၁၃၂ ကေဗွီ တောင်ကြီးပင်မဓာတ်အားခွဲရုံသို့ ကြည့်ရှုစစ်ဆေးရာ ဓာတ်အားခွဲရုံမှူး ဦးသောင်းလွင်က ဓာတ်အားစနစ်နှင့် ချိတ်ဆက်၍ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေများအား တင်ပြပြီး ညွှန်ကြားရေးမှူး ဦးလှဖုန်းက ဖြည့်စွက်တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ဓာတ်အားစနစ်အတွင်း အရေးပါသော ၁၃၂ ကေဗွီ ပင်မဓာတ်အားခွဲရုံဖြစ်သဖြင့် ခွဲရုံရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းပြုပြင်မှုလုပ်ငန်းများကို အလေးထား ဆောင်ရွက်ရန်၊ လုံခြုံရေး အသိ၊ သတိရှိကြရန်နှင့် ခွဲရုံ အတွင်း/အပြင်နှင့် ဝန်ထမ်းအိမ်ရာ သန့်ရှင်းသာယာလှပရေး ပုံမှန်ဆောင်ရွက်ရန်တို့ကို မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအား ပေါင်းစပ်ဖြည့်ဆည်းပေးကာ လက်ဆောင်သစ်သီးခြင်းနှင့် ဂုဏ်ပြုငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် ၎င်းပင်မဓာတ်အားခွဲရုံ၏ Switchyard အတွင်း ကြည့်ရှု စစ်ဆေးပြီး ခွဲရုံရှိ Transformer ၊ Switchgear နှင့် အခြားခွဲရုံသုံး ပစ္စည်းများအား ပြစ်ချက်ရှာ စစ်ဆေးရန်၊ ထိန်းသိမ်းပြုပြင်မှုလုပ်ငန်းများကို အချိန်ဇယားရေးဆွဲ၍ ပုံမှန်ဆောင်ရွက်ရန်နှင့် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။

     ယခုလ ၂၇ ရက်နေ့၊ နံနက်ပိုင်း၌ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ၆၆ ကေဗွီ အောင်သပြေ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးခွဲရုံအား ကြည့်ရှုစစ်ဆေးရာ ဓာတ်အားခွဲရုံမှူး ဦးသိန်းအောင်က လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေမှု အခြေအနေအား တင်ပြမှုအပေါ် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန် အခရာကျသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများဆိုင်ရာ ဒေသကုန်ထုတ်စက်ရုံ၊ အလုပ်ရုံများ ပုံမှန်လည်ပတ်နိုင်ရန်နှင့် ပြည်သူများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်တို့အတွက် တည်ငြိမ်ပြည့်ဝသော လျှပ်စစ်ဓာတ်အားများအား စဉ်ဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရန်အတွက် လိုအပ်သည်များအား လမ်းညွှန်မှာကြား ခဲ့ပါသည်။

      မွန်းလွဲပိုင်း၌ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့ရှိ ၁၃၂ ကေဗွီ ကလော ပင်မဓာတ်အားခွဲရုံသို့ စစ်ဆေးရာ ဓာတ်အားခွဲရုံမှူး ဒေါ်ရွှေစင်အောင်က ရှင်းလင်းတင်ပြမှု များအပေါ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ဓာတ်အားပြတ်တောက်မှုနှင့် ဓာတ်အား လေလွင့်ပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး အလေးထားဆောင်ရွက်ရန်၊ ခွဲရုံရှိ Shunt Reactor ၊ Transformer များ၊ Switchgear နှင့် အခြားခွဲရုံသုံး ပစ္စည်းများအား စဉ်ဆက်မပြတ် ထိန်းသိမ်းစစ်ဆေးရန်၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ခွဲရုံဖြစ်ရေး အလေးပေး ဆောင်ရွက်ရန်နှင့် လိုအပ်သည်များအား လမ်းညွှန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက် များအား ပေါင်းစပ်ဖြည့်ဆည်းပေးကာ အမှတ်တရသစ်သီးခြင်းနှင့် ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

Post under by : ဝန်ကြီးရုံး
30-Jan-2023