The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

 

နေပြည်တော်၊ ၂၀၂၃ ခုနှစ် ၊ မေလ (  ၂၁  ) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦအေးကျော်သည်  ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ ၂၀၂၃ ခုနှစ်၊ မေလ(၂၁)ရက်နေ့တွင် အလွန့်အလွန်အင်အားပြင်းထန်သော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ်အတွင်း ၂၃၀ ကေဗွီ ပုဏ္ဏားကျွန်း ပင်မဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီ အမ်း-မြောက်ဦး-ပုဏ္ဏားကျွန်း မဟာဓာတ်အားလိုင်းရှိ တာဝါတိုင်များ လဲပြိုပျက်စီးခဲ့မှုကို အစားထိုးပြုပြင်ခြင်းလုပ်ငန်းများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

   ရှေးဦးစွာ ဒုတိယဝန်ကြီးသည်  ၂၃၀ ကေဗွီ ပုဏ္ဏားကျွန်းပင်မဓာတ်အားခွဲရုံ Control Room နှင့် Switch Yard အတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဝန်ထမ်းအိမ်ရာများ ပြင်ဆင် နေမှုနှင့် အစားထိုးပြုပြင်ရမည့် တာဝါတိုင်နှင့် ဆက်စပ်ပစ္စည်းများ ရောက်ရှိနေမှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးခဲ့ရာ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များက ဝန်ထမ်းအိမ်ရာများ ပြင်ဆင်ပြီးစီးမှုအခြေအနေများ၊ ပျက်စီး သွားသောတာဝါတိုင်များ၊ ကျောက်တိုင်များ၊ ဓာတ်အားလိုင်းကြိုးများ ရှင်းလင်းဖယ်ရှားနေမှု အခြေအနေ၊ လုပ်ငန်းများဆောင်ရွက်ရန်အတွက် ပုဏ္ဏားကျွန်းရှေ့တန်းစခန်းသို့ ပစ္စည်းများ ရောက်ရှိမှုအခြေအနေများ၊ တာဝါတိုင်များပြန်လည်တပ်ဆင်ခြင်းနှင့် ကြိုးဆွဲဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုဏ္ဏား ကျွန်းမြို့နယ်ရှိ တာဝါတိုင်အမှတ် (၄၂၄)နှင့်(၄၂၅)သို့ သွားရောက်၍ ပျက်စီးတာဝါတိုင်များ အားဖယ်ရှားရှင်းလင်းနေမှုနှင့် ပျက်စီးသွားသည့် ဖောင်ဒေးရှင်းများအား  ပြန်လည်ပြုပြင် နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ၎င်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၃၀ ကေဗွီ အမ်း-မြောက်ဦး-ပုဏ္ဏားကျွန်း မဟာဓာတ်အားလိုင်းတွင် တာဝါတိုင်ပေါင်း(၄၄၈) တိုင်ရှိသည့်အနက် ပြိုကျပျက်စီးခဲ့သည့် တာဝါတိုင်(၁၂)တိုင် ၊ တာဝါထိပ်ပိုင်း ပျက်စီးခဲ့သည့် (၂)တိုင် ၊ စုစုပေါင်း(၁၄)တိုင် အစားထိုး ပြုပြင်ခြင်း ၊ ၆၆ ကေဗွီ  ပုဏ္ဏားကျွန်း - စစ်တွေ အမှတ်(၁)ဓာတ်အားလိုင်းတွင် ကွန်ကရစ် တိုင်ပေါင်း(၈၁၂)တိုင်ရှိသည့်အနက် ပြိုကျပျက်စီးခဲ့သော(၁၀၆)တိုင် ဦးစားပေးပြုပြင်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးဝန်ထမ်းများကို အားပေးစကား ပြောကြားခဲ့ပါသည်။

   ၂၃၀ ကေဗွီ ပုဏ္ဏားကျွန်းပင်မဓာတ်အားခွဲရုံ ပြုပြင်ခြင်းလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး ဓာတ်အားလိုင်းပြုပြင်ခြင်း လုပ်ငန်းများကို အမြန်ဆုံးပြီးစီး နိုင်ရေး ဝန်ကြီးဌာနမှ အင်ဂျင်နီယာနှင့် ကျွမ်းကျင်လုပ်သားအင်အား (၅၆၇)ဦးတို့ဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
21-May-2023