The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ မေလ ( ၃၀ ) ရက်

 

   ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ရောက်ရှိနေသော လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦသောင်းဟန်သည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဉီးစီးဌာန၊ ၁၃၂ ကေဗွီ တောင်ကြီးပင်မဓာတ်အားခွဲရုံ၏ လျှပ်စစ် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ရှေးဉီးစွာ ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး Switchyard အတွင်း တောင်ကြီးမြို့၏ တိုးတက်သုံးစွဲလာသော လျှပ်စစ်ဓာတ်အားကို လုံလောက်စွာ သယ်ပို့ဖြန့်ဖြူးနိုင်ရေးနှင့် တည်ငြိမ်သော လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနိုင်ရေး အတွက် လိုအပ်လျက်ရှိသည့် ၁၃၂/၆၆/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ ထရန်စဖော်မာ တိုးချဲ့တပ်ဆင် တည်ဆောက်မည့်နေရာ၊ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း ပြီးစီးပါက ထွက်ရှိလာမည့်လျှပ်စစ်ဓာတ်အားကို အထက်ကျိုင်းတောင်း-နမ့်စန်-တောင်ကြီး မဟာဓာတ်အားလိုင်းမှတစ်ဆင့် လက်ခံဖြန့်ဖြူးမည့် ၁၃၂ ကေဗွီ Switch Bay တိုးချဲ့ တည်ဆောက်မည့်နေရာတို့နှင့် လက်ရှိဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ၏ ဝန်အား ထိန်းညှိ ဖြန့်ဖြူးထားမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြပြီး တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက အန္တရာယ်ကင်းရှင်းစွာဖြင့် ဓာတ်အား စဉ်ဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး၊ ထရန်စဖော်မာများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင် ကောင်းမွန်စေရေး ပုံမှန်ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများအား စနစ်တကျစစ်ဆေး ဆောင်ရွက် သွားရန်တို့အား မှာကြားခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဓာတ်အားခွဲရုံ အစည်းအဝေးခန်းမ၌ ဝန်ထမ်း များနှင့်တွေ့ဆုံ၍ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဓာတ်အားထိန်းချုပ်မောင်းနှင်ကြရန်၊ ဓာတ်အားခွဲရုံ အတွင်း/အပြင် သန့်ရှင်းသာယာလှပရေးနှင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိ အမြဲရှိစေရေး အ‌လေးထားဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ ဝန်ထမ်းရေးရာ ကိစ္စရပ်များ တင်ပြမှုများအပေါ် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဓာတ်အားထိန်းချုပ်ခန်းအတွင်း လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
30-May-2023