၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၆ ) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လျှပ်စစ်ဓာတ်အားပို့လွှတ် ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ရွှေမြို့ပင်မဓာတ်အားခွဲရုံနှင့် ရေအားလျှပ်စစ်အကောင်အထည် ဖော်ရေးဦးစီးဌာန၊ အမှတ်(၁)တည်ဆောက်ရေး ပေါင်းလောင်းအခြေစိုက်ဝင်းအတွင်းရှိ ညွှန်ကြားရေးမှူးရုံးများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေတို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ရွှေမြို့ပင်မဓာတ်အားခွဲရုံသို့ရောက်ရှိရာ ဓာတ်အားခွဲရုံမှူးက ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားလက်ခံ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေ အနေများနှင့် ထရန်စဖော်မာများ၏ ဝန်အားအခြေအနေတို့အားလည်းကောင်း၊ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်က ရွှေမြို့-ရမည်းသင်း ၂၃၀/၆၆/၁၁ ကေဗွီ(၁၀၀)အမ်ဗွီအေ ထရန်စဖော်မာတိုးချဲ့ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့အားလည်းကောင်း အသီးသီးလင်းတင်ပြကြပါသည်။ တင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌ ထရန်စဖော်မာတိုးချဲ့ တည်ဆောက်ခြင်း နှင့် ဓာတ်အားလိုင်းသွယ်တန်းခြင်းလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း ပြီးစီးရေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ဓာတ်အားခွဲရုံ၏ အနောက်ဘက်တွင် လုံခြုံရေးကင်းတဲ တစ်ခု နေရာချထားရန်နှင့် မီးတားလမ်းဖောက်လုပ်သွားရန်လိုအပ်ကြောင်း၊ ဓာတ်အားခွဲရုံ မြေနေရာအား ဌာနပိုင်အမည်ပေါက်မြေပိုင်ဆိုင်မှုရရှိရေး ပြီးပြတ်အောင် ဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ ဓာတ်အားလိုင်းများ ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေး သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်သွားရန်လိုအပ်ကြောင်းနှင့် ဓာတ်အားခွဲရုံရှိ လွတ်နေသောအိမ်ခန်းများအား ပျက်စီးမှုများ မဖြစ်စေရေး အနီးရှိဝန်ထမ်းများအား ထိန်းသိမ်း စောင့်ရှောက်ရန် စနစ်ကျတာဝန်ပေးအပ်သွားရန်လိုအပ်ကြောင်း မှာကြားခဲ့ကာ ဝန်ထမ်း များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ် ချီးမြှင့်ခဲ့ပြီး ဓာတ်အားထိန်းချုပ်ခန်းအတွင်း လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေး နေမှုနှင့် Switch Yard အတွင်း လက်ရှိဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ၏ ဝန်အားထိန်းညှိဖြန့်ဖြူးပေးနေမှုနှင့် ရွှေမြို့-ရမည်းသင်း ၂၃၀/၆၆/၁၁ ကေဗွီ(၁၀၀)အမ်ဗွီအေ ထရန်စဖော်မာတိုးချဲ့ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်ရှိ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၁) တည်ဆောက်ရေး ပေါင်းလောင်း အခြေစိုက်ဝင်းသို့ ရောက်ရှိရာ ဒီဇိုင်းနှင့်ပုံထုတ်ဌာနခွဲ၊ ရေ၊မြေ၊ကွန်ကရစ်စမ်းသပ်ရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနတွင် ဒီဇိုင်းနှင့်ပုံထုတ်ဌာနခွဲမှ ညွှန်ကြားရေးမှူးက အထက် ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း၏ ရေပိုလွှဲပုံစံငယ် Hydraulic Model စမ်းသပ်ခဲ့မှု အခြေအနေအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အထက် ကျိုင်းတောင်း Labyrinth Spillway Hydraulic Model Test စမ်းသပ်ခဲ့မှုအခြေအနေနှင့် လက်တွေ့ရေထုတ်လွှတ်စမ်းသပ်မှု အခြေအနေအားလည်းကောင်း၊ မြေ၊ ဘိလပ်မြေ၊ ပိုဇိုလန်၊ သဲ၊ ကျေက်စရစ်၊ သံချောင်းများနှင့် ကွန်ကရစ်နမူနာ စမ်းသပ်စစ်းဆေးရာတွင် အသုံးပြုသည့် စက်ပစ္စည်းများနှင့် စမ်းသပ်ခဲ့သည့်နမူနာများအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်မှုယန္တရားဌာနခွဲသို့ ရောက်ရှိရာ ညွှန်ကြားရေးမှူးက စက်မှုယန္တရားဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်တည်ဆောက်ရာတွင် အသုံးပြုခဲ့သည့် စက်ယန္တရားကြီးများနှင့် အဆိုပါစက်ယန္တရားကြီးများပြုပြင်ရာတွင် အသုံးပြုသည့် စက်ပစ္စည်းများအား ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေအားလျှပ်စစ်ဖွံဖြိုးမှု လေ့ကျင့်ရေး သင်တန်းကျောင်းသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်မင်းက ပေါင်းလောင်း နယ်မြေဒေသ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ရေအား လျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်က ဖြည့်စွက် ရှင်းလင်းတင်ပြခဲ့ပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာတွင် ဓာတ်ခွဲခန်းများသည် ရေအားလျှပ်စစ်တည်ဆောက်ရေး၏ အခြေခံအကျဆုံးဖြစ်သော စမ်းသပ်ချက်များ၊ တွေ့ရှိချက်များကို ဖော်ထုတ်ပေးနေရသည်ဖြစ်သဖြင့် မှန်ကန်တိကျရန် လိုအပ်ပါကြောင်း၊ ရေအားလျှပ်စစ်စီမံကိန်းများသည် စက်ယန္တရားများကို အဓိက အားပြု လုပ်ကိုင်ရသဖြင့် ယန္တရားအလုပ်ရုံများအနေဖြင့် ပြင်ရမည့်အပိုင်းများကို သေချာစွာ ပြင်ဆင်သွားရန်နှင့် စက်စွမ်းရည်အပြည့် အသုံးချနိုင်ရေး၊ လုပ်ငန်းခွင်ရောက်မှ ပြင်ဆင်ရခြင်းမျိုးမဖြစ်စေရေး အထူးဂရုပြုဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများ တာဝန်ထမ်းဆောင်သည့်အခါ စေတနာထားပြီး အားကြိုးမာန်တက် ဆောင်ရွက်သွားကြရန်နှင့် နိုင်ငံတော်နှင့် ဝန်ကြီးဌာနအတွက် အားကိုးအားထားရပြီး သီလ၊ သမာဓိ၊ ပညာပြည့်ဝသည့် ဝန်ထမ်းများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ဝန်ထမ်းအိမ်ရာ လိုင်းခန်းများအား စနစ်တကျထိန်းသိမ်း ဆောင်ရွက်သွားရန်နှင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွှတ်ဖြင့် နေထိုင်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းနှင့် ဝန်ထမ်းများ၏ အခက်အခဲများ လွတ်လပ်စွာတင်ပြနိုင်ရေး တွေ့ဆုံပွဲများ၊ ဆန္ဒခံယူပွဲများပြုလုပ်၍ ဖြေရှင်း ဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်းတို့အား မှာကြားခဲ့ပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။