The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သည့်မြန်မာကိုယ်စားလှယ်အဖွဲ့ မော်စကိုမြို့ရှိ Zagorskaya PSPP ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက်လေ့လာခဲ့သည့်သတင်း

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်

   ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာလ ၁၃ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့အနီးရှိ Zagorskaya PSPP ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ သွားရောက်လေ့လာခဲ့ပါသည်။

   ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Zagorskaya PSPP ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပါသည်။

   ထို့နောက် စက်ရုံအတွင်းရှိ Water Intake ၊ Observation Deck တို့အားလည်းကောင်း၊ ၅၀၀ ကေဗွီ Switchyard တို့အားလည်းကောင်း၊ ဓာတ်အားပေးစက်ရုံ ထိန်းသိမ်းမောင်းနှင်နေသည့် ဝန်းအတွင်းရှိ ဓာတ်အားပေးစက်များနှင့် Control Room တို့အားလည်းကောင်း သွားရောက် ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပါသည်။

   အဆိုပါ Zagorskaya PSPP ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် မော်စကိုမြို့ အနီးတွင်တည်ရှိပြီး ကုညာမြစ်အား ရေတံခါးထိန်း ကိရိယာများဖြင့် အဖွင့်အပိတ်ဆောင် ရွက်၍ ရေထိန်းဧရိယာ 22.4 Million Cubic Meter (၁၈၁၆၀ ဧကပေ) ရှိကာ 1200 MW ကို နေ့စဉ် အမြင့်ဆုံးသုံးစွဲသည့်အချိန် ၄ နာရီခန့်မောင်းနှင်ပြီး ညအချိန်တွင် နေ့လည်၌ သုံးစွဲ လည်ပတ်မောင်းနှင်ထားသော ရေများကို Pump များဖြင့် ၁၀၀ မီတာအမြင့်ရှိ ရေထိန်းကန် အတွင်းသို့ ပြန်လည်မောင်းနှင်ကာ အကျိုးရှိစွာဖြင့် အသုံးချဆောင်ရွက်လျက်ရှိသော Pump Storage Type ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ အမျိုးအစားဖြစ်ပါသည်။

   ယင်းနောက် စက်ရုံအစည်းအဝေးခန်းမတွင် RusHydro ၏ Chief Expert of International Cooperation Department မှ Mr. Tatiana Ivankina (မစ္စတာ တာတီယားနား အီဗန်ကီးနား)က ရုရှားနှင့်နိုင်ငံတကာတွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက်လိုအပ်သော တာဘိုင်ဂျနရေတာများထုတ်လုပ်နေခြင်း၊ ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန်အတွက် နည်းပညာ ကူညီ ဆောင်ရွက်ခြင်း၊ ဒီဇိုင်းရေးဆွဲပေးခြင်း၊ တည်ဆောက်ရေး နည်းပညာများဖြန့်ဖြူးခြင်း၊ လူအင်အား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းနှင့် ရေအရင်းအမြစ်များအား အကျိုးရှိစွာ အသုံးချနိုင်ရန် နည်းပညာအရ ဆောင်ရွက်ပေးခြင်း စသည်တို့အား ရှင်းလင်းတင်ပြခဲ့ပါသည်။

   ၎င်းနောက် ROSATOM မှ Project Manager Mr. Satin IIya (မစ္စတာ စတင် အီးလီးယာ) က အသေးစားရေအား လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက်မှု အခြေအနေတို့အား ရှင်းလင်းတင်ပြခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ နွေးထေွးစွာကြိုဆိုသည့်အတွက် ကျေးဇူး တင်ရှိပါကြောင်း၊ ရုရှား-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာဖြင့် လျှစ်စစ်ဓာတ်အား ထုတ်လုပ်မှု အပိုင်းတွင် ပိုမိုပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ လက်ရှိဆောင်ရွက်နေသော 1200MW Pump Storage ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ လည်ပတ်နေမှုကို လေ့လာတွေ့ရှိရသဖြင့် မိမိ နိုင်ငံအတွက် များစွာအကျိုးရှိပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း အဆွေတော်တို့ ကုမ္ပဏီများ အနေဖြင့်လည်း ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်အပ်ပါကြောင်းနှင့် မိမိတို့အပေါ်တွင် အလေးအနက်ထား၍ ဆောင်ရွက်ပေးနေသည်ကို တွေ့ရှိရသဖြင့် အထူးဝမ်းမြောက်မိပါကြောင်းပြောကြားပြီး သိရှိလိုသည်များကို ပြန်လည်ဆွေးနွေး မေးမြန်းခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
16-Oct-2023