The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ ( ၃ ) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဓာတ်အားခွဲရုံများ တည်ဆောက်/မောင်းနှင်/ထိန်းသိမ်း ပြုပြင်ခြင်း သင်တန်းအမှတ်စဉ်(၄/၂၀၂၃)နှင့် အင်ဂျင်နီယာများစီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ် (၄/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၃)ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါအခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊  ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက သင်တန်းဆင်းအမှာစကားပြောကြား ရာတွင်  ဝန်ကြီးဌာန အုပ်ချုပ်မှုအောက်ရှိ ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဦးစီးအရာရှိ (စက်/လျှပ်)၊  လက်ထောက်အင်ဂျင်နီယာ၊  လက်ထောက်မန်နေဂျာ(အင်/ယာ)၊ ဒု-ဦးစီးမှူး(စက်/လျှပ်)၊ အငယ်တန်းအင်ဂျင်နီယာ (၂)တို့ကို စာတွေ့/လက်တွေ့၊ လေ့လာရေး ခရီးစဉ်များနှင့်အတူ (၅)ပတ်ကြာ ဖွင့်လှစ်ပို့ချပေးခဲ့ပြီးဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း လက်တွေ့လုပ်ငန်းခွင်တွင် အသုံးပြုနိုင်ရန်အတွက် လျှပ်စစ်ဆိုင်ရာ စာတွေ့/လက်တွေ့ပညာရပ်များ၊ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်း စဉ်များကို သင်ကြားပို့ချပေးခဲ့ပြီးဖြစ်သည့်အတွက် လက်တွေ့နယ်ပယ်တွင် အသုံးပြုသွားရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စနစ်တကျရှိစေရေး စနစ်တကျကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် မူဝါဒများ၊ လုပ်ထုံး လုပ်နည်းများ၊ ဥပဒေများနှင့် အညီ ချင့်ချိန်ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူလုပ်ငန်းများ ကြန့်ကြာမှုမရှိစေရေး တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် Check ၊ Recheck ၊ Counter Check ဖြင့် စနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊ နေ့စဉ် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို Check List များထား၍ ဆောင်ရွက်ရန်လိုကြောင်း၊ မိမိ တို့နှင့် နှီးနွှယ်နေသည့် လုပ်ငန်းရပ်များ အောင်မြင်စေရေး ဝန်ထမ်းတိုင်းတွင် တာဝန်ရှိ ကြောင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းများ ရှိရန်လည်းလိုကြောင်း၊ သင်တန်းမှရရှိသည့် အသိပညာ၊ အတွေ့အကြုံကောင်းများကို ဆက်လက်လေ့လာဆည်းပူးရင်း ပြည်သူကို လျှပ်စစ်ဓာတ်အားဖြင့် အကျိုးပြုနိုင်ပြီး နိုင်ငံတော်၏အကျိုးကို ကောင်းမွန်စွာသယ်ပိုး ဆောင်ရွက်နိုင်သည့် အင်ဂျင်နီယာကောင်းများ ဖြစ်လာကြပါစေကြောင်းနှင့် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို လက်လွှဲထမ်းဆောင်နိုင်သူများ ဖြစ်လာကြပါစေကြောင်းဖြင့် ပြောကြားခဲ့ ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းများတွင် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆု  ရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ၎င်းနောက် ဌာနအကြီးအကဲများက သင်တန်းဆင်းလက်မှတ်များအား သင်တန်းသားများထံ အသီးသီးပေးအပ်ခဲ့ပြီး သင်တန်းဆင်းပွဲ အပြီးတွင်  ပြည်ထောင်စုဝန်ကြီးနှင့် ဌာနအကြီးအကဲများသည် သင်တန်းနည်းပြများနှင့် သင်တန်းသား/ သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
03-Nov-2023