The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

မန္တလေးတိုင်းဒေသကြီးအတွင်း ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေးတို့နှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည့်သတင်း

 ၂၀၂၄  ခုနှစ်၊   ဇန်နဝါရီလ  ( ၂၁ )ရက်

   မန္တလေးတိုင်းဒေသကြီးအတွင်း ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေး၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်းစေရေးတို့နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် မန္တလေး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါ သည်။

   အစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီး ဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဌာနအကြီး အကဲများ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာများ၊ ခရိုင်လျှပ်စစ်အင်ဂျင် နီယာများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများနှင့် ဘဏ္ဍာရေး တာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ မန္တလေးတိုင်း ဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဓာတ်အား ထုတ်လုပ်မှုကို တိုးချဲ့တည်ဆောက်နိုင်ရန် စီစဉ်ဆောင်ရွက်နေသကဲ့သို့ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားများကို ပိုမိုသယ်ဆောင်နိုင်ရန်ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တဖက်တွင်လည်း ဓာတ်အားပြတ်တောက်မှု၊  ဓာတ်အားပျောက်ဆုံး မှုလျော့နည်းစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေးတို့ကို ဟန်ချက်ညီ တိုးတက်ကောင်းမွန် စေရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့စီမံ ဆောင်ရွက်မှုများအပေါ် အားလုံးမှ တက်ညီလက်ညီ ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ၎င်းအပြင် ဓာတ်အားခ ကောက်ခံရာတွင်လည်း ရရှိသင့်သော နိုင်ငံတော်၏ ဘဏ္ဍာငွေကို အလေအလွင့် မရှိစေရေး စနစ်တကျကောက်ခံသွားရန် လိုအပ်ပါကြောင်း၊ ထို့ပြင်ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ် သည့် လျှပ်စစ်ဓာတ်အားများကို ပြည်သူလူထုထံသို့ ဖြန့်ဝေပေးပို့ရာတွင်လည်း ထုတ်လုပ်မှု အပေါ်အခြေခံ၍ စနစ်တကျ ထိန်းညှိဖြန့်ဖြူး ပေးလျက်ရှိသည်ကို ပြည်သူလူထုသို့ ချပြအသိပေးဆောင်ရွက်သွားရန်နှင့် ထိုသို့ဖြန့်ဖြူးပေးပို့ရာတွင်လည်း မျှတစွာဖြင့် သတ်မှတ် အချိန်အလိုက် စနစ်တကျခွဲဝေ ဖြန့်ဖြူးပေးသွားရန်လိုအပ်ပါကြောင်း၊ ပွင့်လင်းရာသီ ရောက်ရှိ နေပြီဖြစ်၍ မိမိတို့ရုံးနှင့် ဝန်ထမ်းအိမ်ရာများ ပတ်ဝန်းကျင်တွင် မီးဘေးအန္တရာယ် မဖြစ်ပေါ် စေရေး ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများအား စနစ်တကျဆောင်ရွက်ထားရန်နှင့် အမြဲသန့်ရှင်းသပ်ရပ်နေအောင် ရှင်းလင်းဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်း များအနေဖြင့် အခက်အခဲများရှိပါက အဆင့်ဆင့်သတင်းပို့ပြီး လိုအပ်ချက်များကို တာဝန်ရှိ သူများမှ ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းလုပ်ဆောင်နေရသော ဘာသာရပ်အလိုက် ကျွမ်းကျင်အောင် မွမ်းမံသင်တန်းများဖြင့် လေ့ကျင့်ဆောင်ရွက်နေရန် လိုအပ်သကဲ့သို့ အဆင့်ဆင့်တာဝန်ယူနိုင်စေရန်၊ ကျွမ်းကျင် လာစေရန် နည်းပညာရပ်များကို အဆင့်ဆင့်လက်ဆင့်ကမ်း သင်ကြားပေးသွားကြရန် လိုအပ် ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပြည်သူကိုဝန်ဆောင်မှုပေးနေသော ဌာနဖြစ်သည့် အလျောက် စေတနာထား၍ လုပ်ဆောင်ပေးကြရန်နှင့် ပြည်သူလူထု၏ ဖြစ်ပေါ်နေသော အခက်အခဲများကို ပွင့်လင်းမြင်သာစွာရှင်းပြပြီး တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

   ထို့နောက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာများ၊ ခရိုင်လျှပ်စစ် အင်ဂျင်နီယာများက မိမိတို့ခရိုင်/ မြို့နယ်များအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားမှု အခြေအနေ၊ နှစ်အလိုက်ဓာတ်အားတိုးတက်သုံးစွဲလာမှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်း ကျဆင်းရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဓာတ်အားခများ ကောက်ခံရရှိမှု အခြေ အနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား အသီးသီးရှင်းလင်းတင်ပြကြပြီး အမှုဆောင်အရာရှိချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

Post under by : ဝန်ကြီးရုံး
21-Jan-2024