The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၄ခုနှစ် ဇန်နဝါရီလ ၂၈ ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် မကွေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးနှင့်အတူ ဌာနမှတာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ၁၃၂ ကေဗွီ မကွေးပင်မ ဓာတ်အားခွဲရုံ(မကြီးကန်) သို့သွားရောက်၍ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးထားရှိမှုအခြေအနေနှင့် မကွေးမြို့၊ သပြေစမ်းကျေးရွာရှိ Solar Hybrid Power Plant စီမံကိန်းလုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်နေမှုအခြေအနေတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးအေးကျော်သည် မကွေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် မကွေးတိုင်းဒေသကြီးအတွင်းရှိ ၁၃၂ ကေဗွီ မကွေးပင်မဓာတ်အားခွဲရုံ(မကြီးကန်) သို့ရောက်ရှိရာ ဓာတ်အားခွဲရုံမှူးက ဓာတ်အားခွဲရုံဆိုင်ရာ အချက် အလက်များနှင့် ဓာတ်အားထိန်းချုပ်ခန်းအတွင်းမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးထားရှိမှု အခြေအနေတို့ အား ရှင်းလင်းတင်ပြရာ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးကဓာတ်အားခွဲရုံရှိ ထရန်စဖော်မာနှင့် ဓာတ်အားလွှတ်ပစ္စည်းများ ပုံမှန်စစ်ဆေး၍ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြရန်၊ ပွင့်လင်း ရာသီရောက်ရှိပြီဖြစ်၍ မီးတားလမ်းများဆောင်ရွက်ခြင်း၊  မီးဘေးကာကွယ်ရေး အစီအမံများ ပြုလုပ်ခြင်းများ လုပ်ဆောင်ထားရှိရေး၊ ဝန်ထမ်းများ စည်းလုံးညီညွှတ်စွာနေထိုင်သွားကြရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေး အသိ၊ သတိဖြင့် ဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်သည်များမှာကြားပြီး၊  ဓာတ်အား ထိန်းချုပ်ခန်းအတွင်း လျှပ်စစ်ဓာတ်အားများပို့လွှတ်ဖြန့်ဖြူးပေးနေမှု၊ Switch Yard (ဆွိစ်ယာဒ်) အတွင်း လက်ရှိဓာတ်အားလိုင်းများနှင့် ဓာတ်အားလွတ်ပစ္စည်းများ၏ အခြေအနေတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ပါသည်။

   အဲဒီနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မကွေးမြို့၊ သပြေစမ်းကျေးရွာရှိ Solar Hybrid Power Plant စီမံကိန်းလုပ်ငန်းခွင်သို့ရောက်ရှိရာ တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေတို့အား ရှင်းလင်းတင်ပြကြရာ တင်ပြမှုများအပေါ် ဒုတိယ ဝန်ကြီးက လိုအပ်သည်များမှာကြားပြီး စီမံကိန်းလုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်တိုးတက်မှု အခြေအနေတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

Post under by : ဝန်ကြီးရုံး
28-Jan-2024