The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

 ၂၀၂၄ ခုနှစ်၊ မေလ ( ၁၂ )ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ  မေလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းရှိ တာချီလိတ်မြို့မီးလင်းရေးဦးဆောင်ကော်မတီရုံးနှင့် ၁၁၅ ကေဗွီ, ၄၀ အမ်ဗွီအေ ဓာတ်အားခွဲရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

   ယခုလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တာချီလိတ်မြို့နယ် အတွင်းရှိ တာချီလိတ်မြို့မီးလင်းရေးဦးဆောင်ကော်မတီရုံးသို့ရောက်ရှိရာ မြို့မီးလင်းရေး ကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး တာဝန်ရှိသူများက တာချီလိတ်မြို့၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေအား ရှင်းလင်းတင်ပြကြပြီး မီးလင်းရေး နှင့်ပတ်သက်၍ ပြည်သူများသို့ ဝန်ဆောင်မှုပေးနေမှုလုပ်ငန်းစဉ်အဆင့်ဆင့်၊ ငွေကောက် ကောင်တာနှင့် ရုံးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။

   ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တာချီလိတ်ခရိုင်အတွင်းရှိ ၁၁၅/၆၆/၂၂ ကေဗွီ , (၄၀) အမ်ဗွီအေ ဓာတ်အားခွဲရုံသို့ရောက်ရှိရာ တာဝန်ရှိသူများက ဓာတ်အားထိန်းချုပ်ခန်း အတွင်းမှ တာချီလိတ်ခရိုင်အတွင်းရှိ  မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုအခြေအနေ၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံအခြေအနေတို့အား လိုက်လံ ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်၊ နောင်တိုးတက်သုံးစွဲလာမည့် ဝန်အားများအတွက် ကြိုတင်စီမံ ဆောင်ရွက်ထားရန်နှင့် အခြားလိုအပ်သည်များမှာကြားခဲ့ပြီး ဆွိယာဒ် (Switch Yard) အတွင်း ဓာတ်အားလွှတ်ပစ္စည်းများနှင့် ဓာတ်အားလိုင်းအခြေအနေတို့အား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
12-May-2024