The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

 လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း မန္တလေးတိုင်းဒေသကြီးအတွင်း  လျှပ်စစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေးသည့်သတင်း

 ၂၀၂၄ ခုနှစ်၊ မေလ (၁၈ ) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ  တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၄ ခုနှစ်၊ မေလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ဘယ်လင်းအခြေစိုက်စခန်းဝင်း၌ ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ ယာယီနေရပ်စွန့်ခွာ ဝန်ထမ်းများအား တွေ့ဆုံ၍ ထောက်ပံ့ပစ္စည်းများပေး အပ်ခဲ့ပြီး နေ့လယ်ပိုင်းတွင် သာစည်မြို့နယ်ရှိ သပြေဝ-၃ (၃၀) မဂ္ဂါဝပ်နှင့် သာစည် (၃၀)မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများနှင့် မိတ္ထီလာမြို့နယ်ရှိ ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံ စီမံကိန်းတို့၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့အား သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။  

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဆည်မြို့နယ်ရှိ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ ဘယ်လင်းအခြေစိုက်စခန်းဝင်းသို့ ရောက်ရှိပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ ယာယီနေရပ်စွန့်ခွာ၍ ကျောက်ဆည်မြို့နယ်ရှိ ရုံးဌာနများတွင် တွဲဘက်တာဝန် ထမ်းဆောင်လျက်ရှိသည့် ယာယီနေရပ်စွန့်ခွာ ဝန်ထမ်းများအား တွေ့ဆုံ မှာကြားရာတွင် မကြာမီကာလ၌ ကျောင်းများဖွင့်လှစ်တော့မည်ဖြစ်၍ အချိန်မီကျောင်းအပ်နှံ နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်နှင့် ကျောင်းကားများကိုလည်း စီစဉ်ပေးရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းခွင်နှင့် သက်ဆိုင်သည့် လုပ်ငန်းများကို ရပ်ဆိုင်းခြင်းမရှိဘဲ စဉ်ဆက်မပြတ် ဆက်လက် လုပ်ဆောင်နေရန်နှင့် တာဝန်ရှိသူများမှလည်း လိုအပ်သည်များကို အမြဲမပြတ် စစ်ဆေးဆောင်ရွက် ပေးနေရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ ဝန်ထမ်းအိမ်ရာ လိုင်းခန်းများတွင် နေထိုင်ရာတွင်လည်း စည်းလုံးညီညွတ်စွာဖြင့် မိသားစုသဖွယ် နေထိုင်သွားကြရန် လိုအပ်ကြောင်း၊ မိမိတို့ ဝန်ထမ်း အိမ်ရာများ၊ ရုံးပတ်ဝန်းကျင်အား အမြဲသန့်ရှင်း သာယာလှပရေးဆောင်ရွက်ရန်နှင့် မီးဘေး အန္တရာယ်ကင်းရှင်းရေး ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ထားပြီး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်သွားရန်နှင့် လျှပ်စစ်မီးသုံးစွဲမှုနှင့် ရေသုံးစွဲမှုကိုလည်း လိုအပ်သလောက်သာ ခြိုးခြံ ချွေတာသုံးစွဲသွားရန် လိုအပ်ကြောင်း မှာကြားခဲ့ကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ယာယီနေရပ်စွန့်ခွာ ဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာစည်မြို့နယ်ရှိ သပြေဝ-၃ (၃၀) မဂ္ဂါဝပ်နှင့် သာစည်(၃၀)မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများသို့ ရောက်ရှိရာ တာဝန်ရှိသူများက ဓာတ်အားပေးစက်ရုံဆိုင်ရာ အချက်အလက်များ၊ မြို့ပြပိုင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများ၊ Tracking System အသုံးပြုပြီး Solar Panel များ တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှု၊ ပင်မဓာတ်အားခွဲရုံများသို့ ဓာတ်အားပို့လွှတ်နိုင်ရန် ဓာတ်အားလိုင်းများ တည်ဆောက်ခဲ့မှု အခြေအနေနှင့် စက်ရုံဝန်းကျင်ရှိ ကျေးရွာများအား လူမှုရေးတာဝန်သိတတ်မှု(CSR)လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှု အခြေအနေတို့အား ရှင်းလင်း တင်ပြကြပါသည်။

    တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက  မှာကြားရာ၌ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများတွင် Tracking System အသုံးပြုခြင်းနှင့် ESS Battery Storage ထည့်သွင်းအသုံးပြုခြင်းတို့သည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သည့် အချိန်အတွင်း ထုတ်လုပ်ရမည့်ဓာတ်အားကို အပြည့်အဝထုတ်လုပ်နိုင်ရေး တည်ငြိမ်စွာဖြင့် ထုတ်လုပ်နိုင်ရန် များစွာအထောက်အကူပြုသဖြင့် ထပ်မံတိုးချဲ့မည့် Solar စီမံကိန်းများကို ၎င်းစနစ်အား ထည့်သွင်း ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ၊ ယခင် သပြေဝ (၃၀)မဂ္ဂါဝပ်နှင့် ယခု သပြေဝ-၃(၃၀) မဂ္ဂါဝပ် Solar စီမံကိန်းများမှ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်၍ ကျန်ရှိနေသည့် ပိုင်ဆိုင်မှုရှိပြီးဖြစ်သာ မြေနေရာလွတ်များတွင်လည်း နေရောင်ခြည်စွမ်းအင်သုံး Solar စက်ရုံ စီမံကိန်းများကို တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ပြန်ပြည့်မြဲ စွမ်းအင်ဖြစ်သော နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစီမံကိန်းများသည် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်သည့်အတွက် ပိုမိုတိုးချဲ့ထုတ်လုပ်နိုင်ရေး စီစဉ် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ စက်ရုံဝန်းကျင်ရှိ ကျေးရွာများအား လူမှုရေးတာဝန် သိတတ်မှု(CSR) လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓာတ်အားထိန်းချုပ်ခန်းအတွင်း နေရောင်ခြည် စွမ်းအင်မှ လျှပ်စစ်ဓာတ်အားများထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အားစနစ် (National Grid System)သို့ ချိတ်ဆက်ပို့လွှတ်ပေးနေမှု အခြေအနေနှင့် စက်ရုံဧရိယာအတွင်း Tracking System အသုံးပြုပြီး Solar Panal များ တပ်ဆင်ထားမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

   သပြေဝ-၃နှင့် သာစည် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတို့သည် မန္တလေးတိုင်းဒေသကြီး ၊ သာစည်မြို့နယ်တွင် တည်ရှိပြီး  စက်တပ်ဆင်အင်အားမှာ သပြေဝ-၃ ဆိုလာစီမံကိန်းမှာ (၃၀) မဂ္ဂါဝပ်ဖြစ်ပြီး ၎င်းမှ လျှပ်စစ်ဓာတ်အားများကို (၃၀.၃.၂၀၂၄) ရက်နေ့တွင်လည်းကောင်း၊ သာစည်ဆိုလာစီမံကိန်းမှာ (၃၀)မဂ္ဂါဝပ်ဖြစ်ပြီး ၎င်းမှ လျှပ်စစ် ဓာတ်အားများကို (၃၀.၄.၂၀၂၄) ရက်နေ့တွင်လည်းကောင်း နိုင်ငံတော် ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ စမ်းသပ်ပို့လွှတ်ပေးလျက်ရှိပါသည်။

   ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံစီမံကိန်းသို့ ရောက်ရှိရာ ယာယီရှင်းလင်းဆောင်၌ တာဝန်ရှိသူများက ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံနှင့် ၅၀၀ ကေဗွီ စပါးကြွယ်ဓာတ်အားခွဲရုံတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြကြပါသည်။

    တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌ ယခုစီမံကိန်းသည် နိုင်ငံ၏လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးကဏ္ဍတွင် အရေးပါသောစီမံကိန်းဖြစ်သဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆောင်ရွက်ရန်ကျန် လုပ်ငန်းများအလိုက် ပြီးစီးရမည့်အချိန်ဇယားများ ရေးဆွဲထားပြီး ၎င်းအချိန်ဇယားများအတိုင်း သတ်မှတ်ချိန်ပြီးစီးနိုင်ရေး အဆင့်ဆင့် ကြပ်မတ် စစ်ဆေးပြီး တွန်းအားပေး ဆောင်ရွက်သွားရန်၊ ဆောင်ရွက်ရာတွင်လည်း အရည်အသွေး ပြည့်မီအောင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ မြေပြင်တွင် ကြီးကြပ်ဆောင်ရွက် နေသူများအနေဖြင့် ရောက်ရှိပစ္စည်းများနှင့်အတူ ဟန်ချက်ညီ ပြီးစီးအောင်ဆောင်ရွက် သွားရန်နှင့် ဓာတ်အားခွဲရုံ မြေနေရာများကိုလည်း ဌာနပိုင်အမည်ပေါက်ရရှိရေး ဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်စဉ် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းခွင် လုံခြုံရေးအား အထူးဂရုပြုဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  စီမံကိန်းလုပ်ငန်းခွင်အတွင်း ထရန်စဖော်မာ များနှင့် Shunt Reactor တပ်ဆင်ပြီးစီးမှု၊ Hybrid Gas Insulated Switchgear (HGIS) တပ်ဆင်ပြီးစီးမှု၊ 500 kV Switch Bay နှင့် 230 kV Switch Bay တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် Control Building တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ယခုအကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့် ၅၀၀ ကေဗွီ ကံကောင်း ဓာတ်အားခွဲရုံစီမံကိန်းသည် မြန်မာနိုင်ငံတွင် ပထမဆုံး အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ၅၀၀ ကေဗွီ  ဓာတ်အားခွဲရုံစီမံကိန်းဖြစ်ကာ ၎င်းစီမံကိန်း ပြီးစီးသွားသည်နှင့် နိုင်ငံမြောက်ပိုင်းတွင် တည်ရှိနေသော လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို နိုင်ငံ၏တောင်ပိုင်းသို့ ၅၀၀ ကေ‌ဗွီ ဓာတ်အားလိုင်းစနစ်ဖြင့် ပြည့်ဝစွာ ဓာတ်အားပို့လွှတ်ပေးနိုင်မည်ဖြစ်ပြီး ယခုအခါ စီမံကိန်းတစ်ခုလုံးအနေဖြင့် ၇၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလတွင် စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့် ပြီးစီးမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
19-May-2024