၂၀၂၄ ခုနှစ်၊ ဇွန်လ ( ၂၉ )ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနမှ တာဝန်ရှိသူများ နှင့်အတူ ဇွန်လ ၂၈ ရက်နေ့ ညနေပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်ရှိ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ပြည်နယ်/ ခရိုင်/ မြို့နယ်များ၏ လျှပ်စစ်အင်ဂျင်နီယာများ၊ ဘဏ္ဋာရေးတာဝန်ခံများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး တောင်ကြီးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး တွင် ရုံးလုပ်ငန်းများဆောင်ရွက်နေမှု၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးဝန်းအတွင်းရှိ ပစ္စည်းများ သိုလှောင်ထိန်းသိမ်းထားရှိသည့်စတိုနှင့် ဝန်ထမ်းအိမ်ရာတို့အား သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။
ယခုလ ၂၈ ရက်နေ့ ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်ရှိ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးသို့ရောက်ရှိရာ ခရိုင်လျှပ်စစ်အင်ဂျင်နီယာ များက မိမိတို့ခရိုင်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေနှင့် လကုန်ရက် မီတာ များဖတ်ရှုမည့် အစီအစဉ်တို့အား ရှင်းလင်းတင်ပြကြရာ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာက ဖြည့်စွက်ရှင်းလင်းတင်ပြပြီး တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေး အသိ၊ သတိ ဖြင့်ဆောင်ရွက်ကြရန်၊ ပြည်သူများ၏ဓာတ်အားသုံးစွဲမှုမှန်ကန်မှုရှိစေရန် မီတာယူနစ်များ လိုဖတ်/ ပိုဖတ်ခြင်းမရှိစေရေး သတ်မှတ်ကာလအတွင်း မီတာများမှန်ကန်စွာဖတ်ရှု၍ စာရင်းရေးသွင်းရန်၊ ဓာတ်အားခများအပြည့်အဝ ကောက်ခံရရှိရေးနှင့် ဓာတ်အားခငွေများ အလွဲသုံးစားမှု မဖြစ်ပေါ်စေရေး နေ့စဉ်ကောက်ခံရရှိငွေစာရင်းနှင့် ဓာတ်အားခ တောင်းခံလွှာ လက်ခံဖြတ်ပိုင်းများဖြင့် တိုက်ဆိုင်စစ်ဆေးရန်နှင့် ရပ်/ပျက်/နှေးမီတာများကို ပုံမှန်ကွင်းဆင်း စစ်ဆေး၍အမြန်ဆုံး အစားထိုး လဲလှယ်တပ်ဆင်ပေးရန်၊ ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြရန်၊ ဝန်ထမ်းများ စည်းလုံးညီညွှတ်စွာနေထိုင်ကြရန်နှင့် အခြားလိုအပ်သည်များ မှာကြား ကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် တောင်ကြီးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး၌ ဝန်ထမ်းများ ရုံးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာရုံးဝန်းအတွင်းရှိပစ္စည်း များသိုလှောင်ထိန်းသိမ်းထားရှိသည့်စတိုနှင့် ဝန်ထမ်းအိမ်ရာ တို့အား လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။