The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

 ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (  ၂၂ )ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနမှ တာဝန်ရှိသူများ နှင့်အတူ စက်တင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောခရိုင် အတွင်းရှိ တီကျစ်ကျောက်မီးသွေးသုံးရေနွေးငွေ့ဓာတ်အားပေးစက်ရုံ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး စက်တင်ဘာလ ၂၂ ရက်နေ့တွင် ညောင်ရွှေ မြို့နယ်၊ အင်းလေးဒေသ၌ ရေကြီးရေလျှံမှုများကြောင့် ဓာတ်အားခွဲရုံများသို့ ရေဝင်ရောက်ခဲ့မှု အခြေအနေ၊ ထရန်စဖော်မာများ/ ဓာတ်အားလွှတ်ပစ္စည်းများ ရေနစ်မြုပ်ခဲ့မှုအခြေအနေနှင့် ဓာတ်အားလိုင်းများ ယိုင်လဲပျက်စီးခဲ့မှုအခြေအနေများနှင့် ယင်းကိစ္စကြောင့် ဓာတ်အားသုံးစွဲသူ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး ယာယီဓာတ်အားဖြတ်တောက်ထားရမှုအခြေအနေ တို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ယခုလ ၂၁ ရက်နေ့ ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောခရိုင်အတွင်းရှိ တီကျစ်ကျောက်မီးသွေးသုံးရေနွေးငွေ့ဓာတ်အားပေးစက်ရုံ သို့ရောက်ရှိရာ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် စက်ရုံသုံး နှင့် ဝန်ထမ်းအိမ်ရာသုံးရေ ရယူသည့် ဘီလူးချောင်းရေပန့်ရုံအဆောက်အဦ ရေနစ်မြုပ်ပြီး ရေမရရှိသဖြင့် စက်ရုံအရေးပေါ် ရပ်တန့်ထားရမှုနှင့် ရေနစ်မြုပ်ခဲ့သည့် လျှပ်စစ်ပစ္စည်းများ၊ ရေစုပ်/ရေတွန်း မော်တာများနှင့် ထရန်စဖော်မာများအားဆယ်တင်၍ အလုပ်ရုံ၌ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်နေ မှု၊ စက်ရုံ၏ဒုတိယအဆင့်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျောက်မီးသွေးအခြောက်ခံစက် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးနေမှုအခြေအနေနှင့် ဘီလူးချောင်းရေပန့်ရုံ အဆောက်အဦ၌ ရေစုပ်ထုတ်ခြင်း၊ နှုန်းများဖယ်ထုတ်ခြင်းများ ဆောင်ရွက်နေမှုတို့အား လိုက်လံ ကြည့်ရှုစစ်ဆေးပြီး စက်ရုံတာဝန်ခံက ဓာတ်အားပေးစက်ရုံ၏လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအားရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဓာတ်အားပေးစက်များ အမြန်ဆုံး ပြန်လည်မောင်းနှင် ဓာတ်အားထုတ်လုပ်နိုင်ရေး အားထည့်ကြိုးပမ်းဆောင်ရွက်ပေးကြရန်၊ စက်ရုံ ရပ်တန့်နေရသည့် ကာလအတွင်း စက်နှင့်စက်ပစ္စည်းများထိန်းသိမ်းပြုပြင်မှုများ လုပ်ဆောင် ထားကြရန် မှာကြားပြီး အခြားလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

   ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျောက်မီးသွေးတူးဖော် ထုတ်လုပ်လျက်ရှိသည့် မိုင်းတွင်း၌လည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေသားနံရံများပြိုကျမှုဖြစ်ပေါ်ကာ တူးဖော်ပြီးကျောက်မီးသွေးများအပေါ်သို့ မြေကြီးများဖုံးအုပ်သွားမှုအခြေအနေနှင့် ရေစုပ်ပန့် မော်တာများနစ်မြုပ်ခဲ့ကာရေများအလျင်မီ စုပ်ထုတ်နိုင်ခြင်း မရှိသောကြောင့် ကျောက်မီးသွေး တူးဖော်ထုတ်လုပ်မှု နှောင့်နှေးမှုများဖြစ်ပေါ်ခဲ့ရမှုအခြေအနေ အားကြည့်ရှုစစ်ဆေးခဲ့ပြီး မိုင်းအတွင်းရှိဝင်ရေများ ပိုမိုစုပ်ထုတ်နိုင်ရေးစက်အင်အားတိုး ဆောင်ရွက်ရန်၊ ပတ်လမ်း ကားလမ်းများပြန်လည်ဖောက်လုပ်မှု၊ တူးဖော်ထုတ်လုပ်နိုင်သည့် ကျောက်မီးသွေးများကို အဆက်မပြတ်ထုတ်လုပ်နိုင်ရေးစီစဉ်သွားရန်နှင့် အခြားလိုအပ်သည်များ မှာကြားခဲ့ပါသည်။

   စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ညောင်ရွှေမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးသို့ရောက်ရှိရာ တာဝန်ရှိသူများက ရေကြီးရေလျှံမှုများနှင့်စပ်လျဉ်း၍ လက်ရှိဓာတ်အားဖြန့်ဖြူးပေးထားမှုအခြေအနေတို့အား ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက မီတာများပျောက်ဆုံးမှုမရှိစေရေး အလေးထားဆောင်ရွက်ကြရန်၊ ရေများကျဆင်းပြီး မူလ အခြေ အနေသို့ပြန်လည်ရောက်ရှိချိန်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင် ရေး လိုအပ်သည့်ပစ္စည်းများ ကြိုတင်စစ်ဆေးစုဆောင်းထားရှိရန်၊ ရေနစ်မြုပ်ခဲ့သည့်မီတာများ အား စနစ်တကျပြန်လည်ဖြုတ်သိမ်း၍ စာရင်းရေးသွင်းမှတ်တမ်းထားရှိပြီး လျှပ်စစ်စမ်းသပ် စစ်ဆေးရေးဌာနသို့ အမြန်ဆုံးပေးပို့စစ်ဆေးနိုင်ရေးဆောင်ရွက်ရန်၊ ပျက်စီးသွားခဲ့သည့် ဓာတ်အား လိုင်းနှင့် ဆက်စပ်ပစ္စည်းများကို စနစ်တကျသိမ်းဆည်းမှတ်တမ်းထားရှိရန်၊ ပြန်လည်အသုံးပြုနိုင်သည့် ဆယ်တင်ပစ္စည်းများအား စနစ်တကျပြန်လည်အသုံးပြုသွားရန်မှာကြားခဲ့ပြီး ဓာတ်အားသုံးစွဲသူပြည်သူ များက ငွေကောက်ကောင်တာသို့ ဓာတ်အားခများလာရောက်ပေးဆောင်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည်  အင်းလေးဒေသရှိ ကျေးရွာများတွင် တပ်ဆင် တည်ဆောက်ထားသည့် ဓာတ်အားလိုင်း၊ ဓာတ်အားလွှတ်ပစ္စည်းများ၊ စီတီမီတာများနှင့် ၁၁/၀.၄ကေဗွီ ထရန်စဖော်မာများ ရေနစ်မြုပ်နေမှုအခြေအနေများအား စက်လှေဖြင့် လိုက်လံ ကြည့်ရှုစစ်ဆေးရာ ရေများပြန်လည်ကျဆင်းပါက မီတာများ၊ ထရန်စဖော်မားများ၊ ၄၀၀ဗို့ Panel ပုံးများအား သေချာစွာစစ်ဆေးစမ်းသပ်ပြီး ကောင်းမွန်မှုရှိမှသာ ဓာတ်အားထည့်ခြင်းဆောင်ရွက် ရန်၊ ရေမြုပ်ခဲ့သည့်ထရန်စဖော်မာများ၏ လဲလှယ်ရမည့်အစိတ်အပိုင်းများ ချို့ယွင်းမှုနှင့် အချက် အလက်များကိုပြုစုပြီး ထရန်စဖော်မာထုတ်လုပ်သူများ၏ Service Team နှင့်ဆက်သွယ်ဆောင် ရွက်သွားရန်နှင့် ရေမြုပ်ခဲ့သည့်နေအိမ်များသို့သွယ်တန်းထားသည့် ဆားဗစ်ဝါယာကြိုးများ၊ အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းထားရှိမှုများကို လျှပ်စစ်စစ်ဆေးရေးဌာန၏အကူအညီရယူပြီး စစ်ဆေးရေးအဖွဲ့များဖြင့် စနစ်တကျပြန်လည်စစ်ဆေးပြီး အန္တရာယ်ကင်းရှင်းမှုရှိမှသာ ဓာတ်အား ပြန်လည်ဆက်သွယ်ပေးကြရန်၊ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး အထူးအလေးထား ဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်သည်များ မှာကြားခဲ့ပါသည်။

   ဆက်လက်၍ ဒုတိယဝန်ကြီးသည် အင်းလေးကန်ရေမြှင့်တက်လာမှုကြောင့် အင်းလေးဒေသရှိ ကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည့် ၆၆ကေဗွီ ခေါင်တိုင်ဓာတ်အားခွဲရုံ၏ ဓာတ်အားထိန်းချုပ်ခန်းအတွင်း ရေများဝင်ရောက်၍ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး ယာယီ ဓာတ်အားဖြတ်တောက်ထားရှိမှုအခြေအနေနှင့် ဓာတ်အားလွှတ်ပစ္စည်းများအား ဖြုတ်ယူစစ်ဆေး ထားမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
23-Sep-2024