The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ နိုဝင်ဘာလ (၁) ရက်

(လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ၂၀၂၂ ခုနှစ်၊ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပစဉ်အတွင်း ဓာတ်အားမပြတ် ဖြန့်ဖြူးပေးနိုင်ရေး ကြည့်ရှုစစ်ဆေး)

            နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၂ ခုနှစ်၊ ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအခမ်းအနား ကျင်းပစဉ်အတွင်း တည်ငြိမ်ပြည့်ဝသော လျှပ်စစ်ဓာတ်အားများ လုံလောက်စွာ စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးနှင့် လျှပ်စစ်သုံးစွဲမှုများ အဆင်ပြေစေရေး တို့အတွက် ဝန်ထမ်းများက စီမံချက်အတိုင်း မိမိတို့ ဆောင်ရွက်ရမည့် လုပ်ငန်းများကို အထူးတာဝန်တစ်ရပ်အနေဖြင့် ကျေပွန်စွာ ထမ်းဆောင်ကြရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။        

            ယခုလ (၃၀) ရက်နေ့၊ မွန်းလွဲပိုင်း၌ အဆိုပါအခမ်းအနား ကျင်းပစဉ်ကာလအတွင်း လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေး စီမံချက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက် ထားရှိမှု အခြေအနေများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးသည် တာဝန်ရှိ သူများ လိုက်ပါလျက် အခမ်းအနားကျင်းပပြုလုပ်မည့်နေရာ၊ သံဃာတော် အရှင်သူမြတ်များ သီတင်းသုံးမည့်နေရာနှင့် ၎င်းနေရာများသို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးထားမှုများအား ကြည့်ရှုစစ်ဆေးစဉ် ထိုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

            ယင်းသို့ စစ်ဆေးစဉ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးဇော်မင်းထွန်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် တာဝန်ရှိသူများက တည်ငြိမ်ပြည့်ဝသော လျှပ်စစ်ဓာတ်အားများ စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများအား ဝန်အားများဖြင့် စမ်းသပ်တင်ပြကြပြီး အင်ဂျင်နီယာချုပ် (ဓာတ်/ဖြန့်) ဦးမျိုးဝင်းက လုပ်ငန်းစီမံချက်နှင့် တာဝန်ချထားမှုများအား ဖြည့်စွက်တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက နိုင်ငံတော်အဆင့် ကျင်းပပြုလုပ်မည့် အခမ်းအနားဖြစ်သဖြင့် ကြီးကြပ် သူများသည် အဖွဲ့များအား စဉ်ဆက်မပြတ် ကွပ်ကဲစစ်ဆေးသွားရန်၊ အဖွဲ့ဝင်များကလည်း အချိတ်အဆက်မိမိဖြင့် ဆောင်ရွက်ကာ လိုအပ်သည်များအား အချိန်နှင့်တစ်ပြေးညီ တင်ပြ ဆောင်ရွက်သွားရန်၊ ဓာတ်အားလိုင်း အပြောင်းအလဲရှိပါက အမြန်ဆုံး ချိတ်ဆက် ဆောင်ရွက်ရန်၊ ဝန်အားပြည့်ဖြင့် စမ်းသပ်သုံးစွဲ၍ အခြေအနေကို စိစစ်၍ လိုအပ်သည်များ ပြင်ဆင်ကြရန်၊ UPS များ၊ Battery Bank များ၊  Transformer နှင့် Switchgear Control Panel များ၊ အရန်ဓာတ်အားလိုင်းများနှင့် ဒီဇယ်ဓာတ်အားပေးစက်များအား ကြံ့ခိုင်မှု ကောင်းမွန်စေရေး အလေးပေး ဆောင်ရွက်ရန်၊ ဓာတ်အားဖြန့်ဖြူးမည့် နေရာများတွင် လျှပ်စစ်သုံးစွဲမှုများ အဆင်ပြေစေရေး လိုအပ်သည်များ ဖြည့်စွက်ဆောင်ရွက်ပေးရန်၊ အရန်ပစ္စည်းကိရိယာများအား အမြဲအသင့်ရှိနေစေရန်၊ လုပ်ငန်းခွင်သုံး အကာအကွယ် ဝတ်စုံများ ဝတ်ဆင်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းများအား လိုက်နာလျက် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေး အသိ၊ သတိဖြင့် ဆောင်ရွက်သွားကြရန်၊ လုပ်ငန်းများ အောင်မြင်စေရေးအတွက် ဆက်စပ်ဌာနအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

Post under by : ဝန်ကြီးရုံး
02-Nov-2022