၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်
၁။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ၂၀၂၃ ခုနှစ် နှစ်သစ်ကိုကြိုဆိုသည့် အခမ်းအနားများ ကျင်းပချိန်အတွင်း လျှပ်စစ်ဓာတ်အားမပြတ်တောက်ရေး ကြိုးပမ်းဆောင်ရွက်နေချိန် ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)သို့ လျှပ်စစ်ဓာတ်အား (၂၅၀) မဂ္ဂါဝပ်ခန့် ပို့လွှတ် ဖြန့်ဖြူးပေးလျက်ရှိသော ၂၃၀ ကေဗွီ တောင်ငူ-သာယာကုန်း မဟာဓာတ်အားလိုင်း၏ ပဲခူးတိုင်း ဒေသကြီးအရှေ့ပိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့အနီးရှိ တာဝါတိုင်(၁)တိုင်ကို NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများမှ (၁-၁-၂၀၂၃) ရက်နေ့ (၀၁:၀၀) နာရီ၌ ဖောက်ခွဲ ဖျက်ဆီးခဲ့၍ တာဝါတိုင် တိမ်းစောင်းသွားခဲ့သဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် (၁-၁-၂၀၂၃) ရက်နေ့ (၁၃:၀၀) နာရီမှ စတင်ကာ တာဝါတိုင်လဲကျ၍ ဓာတ်အားပြတ်တောက်မှု မဖြစ် ပေါ်စေရေး အမြန်ဆုံးပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။
၂။ ထို့အတူ ပုံမှန်ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့စီမံကိန်းမှ ပုံမှန်ပို့လွှတ်နေသည့် ဓာတ်ငွေ့ပမာဏထက် လျှော့ချပို့လွှတ်နေစဉ် (၃၁-၁၂-၂၀၂၂) ရက်နေ့ (၁၁:၀၀) နာရီခန့်တွင် ရတနာကမ်းလွန်ပလက်ဖောင်းပေါ်ရှိ ဓာတ်ငွေ့ဖိအား ထိန်းချုပ်စနစ်ချို့ယွင်းကာ မူလဓာတ်ငွေ့ပို့လွှတ်မှုပမာဏထက် လျော့ကျခဲ့၍ ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့စက်ရုံများမှ စုစုပေါင်းထုတ်လုပ်မှု (၅၃၀) မဂ္ဂါဝပ်ခန့် လျော့နည်းခဲ့သဖြင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားတိုးမြှင့်ထုတ်လုပ်ခြင်း၊ ဓာတ်အားစနစ်ကွန်ရက် တည်ငြိမ်မှုရှိစေရန်အတွက် အခြားသော ၂၃၀ ကေဗွီ ဓာတ်အားလိုင်းများမှ ဝန်အားမျှ၍ ပို့လွှတ် ဖြန့်ဖြူးခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။
၃။ သို့ဖြစ်ပါ၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ၂၃၀ ကေဗွီ တောင်ငူ-သာယာကုန်း မဟာဓာတ်အားလိုင်း တာဝါတိုင်အား အမြန်ဆုံးပြုပြင်ဆောင်ရွက်လျက်ရှိသလို ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့စီမံကိန်းမှ သဘာဝဓာတ်ငွေ့ အမြန်ဆုံးပြန်လည်ရရှိရေးကိုလည်း ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်းနှင့် အဆိုပါ ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်နေချိန်အတွင်း မလွှဲမရှောင်သာ ဓာတ်အားထိန်းညှိဖြန့်ဖြူးခြင်းများ ဆောင်ရွက်ရမှုအပေါ် ပြည်သူလူထုအနေဖြင့် နားလည်ပေးနိုင်ပါရန် သတင်းထုတ်ပြန်အပ်ပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန