The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

(လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျ

ကယားပြည်နယ်၊ လွိုင်ကော်ရှိ လျှပ်စစ်ဓာတ်အားခွဲရုံများအား ကြည့်ရှုစစ်ဆေး)

လွိုင်ကော်  ဇန်နဝါရီလ (၁၅) ရက်

    ယခုလ ၁၅ ရက်နေ့၊ မွန်းလွဲပိုင်း၌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျ သည် တာဝန်ရှိသူများ လိုက်ပါလျက် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ လျှပ်စစ်ဓာတ်အားခွဲရုံများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

    ဦးစွာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းလက်အောက်ရှိ ၃၃ ကေဗွီ၊ ဧက ၅၀၀ ဓာတ်အားခွဲရုံသို့ ရောက်ရှိရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတေဇာလင်းက ၃၃/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ပင်မ ထရန်စဖော်မာဖြင့် ဓာတ်အားဖြန့်ဖြူးပေးထားမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး ကယားပြည်နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးတွဲမြင့်က လုပ်ငန်းဆောင်ရွက်ချက်များအား ဖြည့်ဆည်းရှင်းလင်းတင်ပြမှုများ အပေါ် ဒုတိယဝန်ကြီးက ဖီဒါအလိုက် Control Panel များရှိ မီတာ၊ Relay နှင့် ဆက်စပ်ပစ္စည်းများအား ပုံမှန်ကြည့်ရှုစစ်ဆေး၍ ပြုပြင်ထိန်းသိမ်းသွားရန်၊ ဖီဒါများရှိ ဝန်အားများအား ထိန်းညှိဆောင်ရွက်သွားရန် ၊ Battery Bank နှင့် Battery Charger များအား Schedule အလိုက် စစ်ဆေးထိန်းသိမ်းရန်၊ လုပ်ငန်းစဉ်များ အား ချိတ်ဆွဲထားရန် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန်၊ Line Fault နှင့် Line Losses လျော့နည်းကျဆင်းရေး အလေးထားဆောင်ရွက်ရန်၊ ပင်မထရန်စဖော်မာနှင့် Switchgear များအား အမြဲမပြတ်စစ်ဆေးသွားရန်နှင့် အခြားလိုအပ်သည်များအား မှာကြားသည်။

    ဆက်လက်၍ ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် အဖွဲ့သည် ၁၃၂ ကေဗွီ၊ တပ်ဆင်အင်အား ၁၁၀ အမ်ဗီအေ ရှိသော လွိုင်ကော်ပင်မဓာတ်အားခွဲရုံသို့ရောက်ရှိရာ ခေတ္တခွဲရုံမှူး ဒေါ်ခင်မိုးမြင့်နိုင်က ခွဲရုံသို့ ဓာတ်အားပို့လွှတ်လိုင်းများနှင့် ခွဲရုံမှ ဓာတ်အားဖြန့်ဖြူးမှုအခြေအနေများကိုရှင်းလင်းတင်ပြပြီး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထောင်းဇိုခိုင်က ဖြည့်စွက် ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်၍ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးနေသည့် ပင်မဓာတ်အားခွဲရုံဖြစ်သဖြင့် ထရန်စဖော်မာများ၊ Switchgear များအား ပုံမှန်ပြုပြင် ထိန်းသိမ်း၍ ကြံ့ခိုင်မှု ကောင်းမွန်စေရေး ဆောင်ရွက်ရန်၊ Line Fault နှင့် Line Losses များ လျော့နည်း ကျဆင်းရေး ဆောင်ရွက်ရန်၊ လုံခြုံရေးအသိ၊ သတိဖြင့် ဆောင်ရွက်ရန်၊ ဓာတ်အားခွဲရုံအနီးဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရန်၊ ဆောင်ရွက်ပြီးစီးမှုများအား ပြန်လည်တင်ပြရန်နှင့် အခြားလိုအပ်သည်များအား တိုက်တွန်းမှာကြားကာ ဝန်ထမ်းများ၏ အခက်အခဲတင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဒုတိယဝန်ကြီးက ဝန်ထမ်းများအား ဂုဏ်ပြုငွေများ ချီးမြှင့်ခဲ့ကြောင်းသိရသည်။

 

Post under by : ဝန်ကြီးရုံး
17-Jan-2023