The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

 

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်

    ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနားတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ထိုင်ကြည့်စစ်ကြောင်း၊ ဂုဏ်ပြုယာဉ်နှင့် ပြခန်းတို့တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများအား ဂုဏ်ပြုခြင်း အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ရဲရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါ အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ နှင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများတက်ရောက်ခဲ့ကြပါသည်။

    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့်အခမ်းအနားသည် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြု အခမ်းအနားတွင် ဝန်ကြီးဌာန ကိုယ်စားပြု ပါဝင်ဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများအား ဂုဏ်ပြုသည့်အခမ်းအနားဖြစ်ပါကြောင်း၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့သည် ကြုံတောင့်ကြုံခဲနေ့ထူးနေ့မြတ်ဖြစ်ပြီး ဂုဏ်ပြုအခမ်းအနား၌ ပါဝင်ဆောင်ရွက်နိုင်ခဲ့သည့် အတွက် မိမိတို့ဘဝတစ်သက်တာအတွက်လည်း ဂုဏ်ယူဖွယ်ရာအဖြစ် ကျန်ရစ်နေမည်ဖြစ် ပါကြောင်း၊ ယခုကဲ့သို့ မိမိတို့နိုင်ငံ၏ နေ့ထူးနေ့မြတ်အခမ်းအနားတွင် စည်ကားသိုက်မြိုက်စွာ အောင်အောင်မြင်မြင် ဖြစ်မြောက်စေရေးအတွက် တာဝန်ကျရာအခန်းကဏ္ဍအသီးသီးမှ တက်တက် ကြွကြွဖြင့် ပါဝင်ဆောင်ရွက်နိုင်မှုကြောင့် မိမိတို့ဝန်ကြီးဌာန၏ပုံရိပ်ကို များစွာမြှင့်တင်ပေးနိုင် ခဲ့သည့်အတွက် မိမိအနေဖြင့် အသိအမှတ်ပြုဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် ဂုဏ်ပြု အခမ်းအနား အောင်မြင်အောင် ဆောင်ရွက်နိုင်စေရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်း ကူညီပံ့ပိုးပေးခဲ့သည့် ဝန်ထမ်းများကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့်လည်း မိမိတို့ကျရာအခန်းကဏ္ဍမှ ပေးအပ်သောတာဝန်များကို ကျေပြွန်စွာဖြင့် နိုင်ငံတော်နှင့် ဝန်ကြီးဌာနအပေါ် သစ္စာရှိစွာ  အားလုံးတက်ညီလက်ညီ အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

    ထို့နောက် ပြည်ထောင်စုဝန်ကြီးက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကိုယ်စားပြု စစ်ရေးပြတပ်ခွဲတွင် ပါဝင်ခဲ့သော ဝန်ထမ်းများကိုယ်စား သက်ဆိုင်ရာအဖွဲ့ခေါင်းဆောင်သို့  ဂုဏ်ပြုမှတ်တမ်းလွှာများ အားလည်းကောင်း၊ ဒုတိယဝန်ကြီးက ထိုင်ကြည့်စစ်ကြောင်း၊ ဂုဏ်ပြုယာဉ်နှင့် ပြခန်းတို့တွင် ပါဝင်ဆောင်ရွက်ခဲ့သော ဝန်ထမ်းများကိုယ်စား သက်ဆိုင်ရာအဖွဲ့ခေါင်းဆောင်များသို့  ဂုဏ်ပြု မှတ်တမ်းလွှာများအားလည်းကောင်း ပေးအပ်ခဲ့ပါသည်။

   ၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများက ဂုဏ်ပြုအခမ်းအနားသို့ တက်ရောက်လာကြသော ဝန်ထမ်း များအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ဂုဏ်ပြုနေ့လည်စာကို ပျော်ရွှင်စွာအတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
20-Jan-2023