The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

တောင်ကြီး၊ ဇန်နဝါရီလ (၂၆) ရက်

    နိုင်ငံတော်နှင့် ပြည်သူများအတွက် တည်ငြိမ်၍ အရည်အသွေးပြည့်ဝသော လျှပ်စစ်ဓာတ်အားများ စဉ်ဆက်မပြတ်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။

   ယခုလ ၂၆ ရက်နေ့၊ နံနက်ပိုင်း၌ တာဝန်ရှိသူများလိုက်ပါလျက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်ရှိ စက်တပ်ဆင်အင်အား ၁၂၀ မဂ္ဂါဝပ် တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ ဓာတ်အားပေးစက်ရုံတွင် စစ်ဆေးစဉ် ဒုတိယဝန်ကြီးက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ပါသည်။

      ဦးစွာ စက်ရုံမှူး ဦးနေဇော်လတ်က Raw Coal Banker များအတွင်း ကျောက်မီးသွေးများ ဖြည့်သွင်းမှု၊ ကျောက်မီးသွေးများအား ကြိတ်ခွဲပြီး Powder များအား သိုလှောင်ကာ ဘွိုင်လာ မီးလောင်ခန်းအတွင်း ပို့ဆောင်မှု၊ တာဘိုင်များမှ ဂျန်နရေတာများအား လည် ပတ်စေပြီး  ဓာတ်အား ထုတ်လုပ်မှု၊ Energy Meter များတပ်ဆင်ထားမှု၊ ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုများအား တင်ပြပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဒေါက်တာ ကျော်စွာစိုးနိုင်က နှစ်အလိုက် ကျောက်မီးသွေး သုံးစွဲမှုနှင့် ဓာတ်အားထုတ်လုပ်မှု၊ ဓာတ်အားစနစ်နှင့် ချိတ်ဆက်ထားမှုအား ဖြည့်စွက်တင်ပြမှုအပေါ် ဒုတိယဝန်ကြီးက ဤစက်ရုံသည် နိုင်ငံတော် Generation Mix အတွင်း Grid Reliability အတွက် အရေးပါသော Base Load Power Plant ဖြစ်သဖြင့် နိုင်ငံတော်ဓာတ်အားစနစ် ထိခိုက်မှုမရှိစေရေး စက်ရုံအား ကြံ့ခိုင်မှုကောင်းမွန်စေရေးနှင့် စက်စွမ်းရည်ပြည့်လည်ပတ်စေရေး အလေးထားဆောင်ရွက်ရန်၊ Control Panel များရှိ မီတာ၊ Relay နှင့် ဆက်စပ်ပစ္စည်းများအား ပုံမှန်ကြည့်ရှုစစ်ဆေး၍ ပြုပြင်ထိန်းသိမ်းသွားရန် မှာကြားပြီး စက်ရုံအတွင်း စက်များမောင်းနှင်နေမှုအခြေအနေနှင့် Switchyard အတွင်းရှိ ထရန်စဖော်မာများနှင့် Switchgearများ၊ တီကျစ်ကျောက်မီးသွေးမိုင်း၊ စက်ရုံရှိ ရေသန့်စနစ်နှင့် ကျောက်မီးသွေး ဓာတ်ခွဲ စမ်းသပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။

     ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် စက်ရုံဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး ဝန်ထမ်းများအားလုံး စည်းလုံးစွာ ပူးပေါင်းဆောင်ရွက်နေကြသည်ကို မြင်တွေ့ရ၍ ဝမ်းမြှောက်ဂုဏ်ယူမိပါကြောင်း၊ လုံခြုံရေး၊ ကျန်းမာရေး တို့ကို အထူးဂရုစိုက်ကြရန်၊ လုပ်ငန်းခွင်အတွင်း အစဉ်တိုးတက်အောင် ဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များမှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ပြီး ဒုတိယဝန်ကြီးက အမှတ်တရသစ်သီးခြင်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

Post under by : ဝန်ကြီးရုံး
28-Jan-2023