The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ မတ်လ ၁၆ ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် မတ်လ ၁၅ ရက်နေ့ နေ့လည်ပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး ဝန်ထမ်းများ နှင့် တွေ့ဆုံပြီး ၁၃၂ ကေဗွီ လွိုင်ကော်ပင်မဓာတ်အားခွဲရုံသို့ သွားရောက်ကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။

   ရှေးဦးစွာ ဒုတိယဝန်ကြီးသည် ကယားပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ရောက်ရှိရာ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ၊ ဦးတွဲမြင့်က ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ဝန်ထမ်းများအားလုံး မိသားစုသဖွယ် ရင်းနှီးပွင့်လင်း၍ စည်းလုံးညီညွှတ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများအား ပုံမှန်ဆောင်ရွက်သွားရန်၊ ဓာတ်အားပြတ်တောက်မှုနှင့် ဓာတ်အား ပျောက်ဆုံးမှု  လျော့နည်းကျဆင်းရေး အလေးထားဆောင်ရွက်ရန်၊ ဘဏ္ဍာရေးကဏ္ဍ အထူးဂရုပြု ဆောင်ရွက်သွားရန်နှင့်  လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ ဝန်ထမ်းများ၏ အခက်အခဲ တင်ပြ ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

   ထို့နောက် ဒုတိယဝန်ကြီးသည် ကယားပြည်နယ်အတွင်းရှိ ၁၃၂ ကေဗွီ၊ ၁၁၀ အမ်ဗွီအေ လွိုင်ကော်ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ ခေတ္တ၊ ခွဲရုံမှူးနှင့် တာဝန်ရှိသူများက ဓာတ်အား ထိန်းချုပ်ခန်းအတွင်းမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှု အခြေအနေများအား  ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဓာတ်အားခွဲရုံကြံ့ခိုင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပုံမှန်ထိန်းသိမ်း စစ်ဆေးဆောင်ရွက်ရန်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းတာဝန်များ လစ်ဟင်းမှုမရှိစေ ရေး၊ လုံခြုံရေး အသိ၊ သတိဖြင့် ဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွား ကြရန် မှာကြားခဲ့ကာ Switch Yard အတွင်း ဓာတ်အားလွှတ် ပစ္စည်းများ၏ အခြေအနေများကို လှည့်လည်ကြည့်ရှု့စစ်ဆေး၍ ဝန်ထမ်းများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

Post under by : ဝန်ကြီးရုံး
16-Mar-2023