The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ၂၀၂၃ ခုနှစ်၊ မတ်လ  (၃၀) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Rusatom International Network, ROSATOM တို့အကြား ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းများဆိုင်ရာ တွေ့ဆုံ ဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့၊ ၁၄:၃၀ နာရီအချိန်တွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Rusatom International Network, ROSATOM မှ President မစ္စတာ ဗာဒင်တီတော့နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

   ရှေးဦးစွာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က အဖွင့် အမှာစကားပြောကြားရာတွင် ယနေ့တွေ့ဆုံဆွေးနွေးခြင်းသည် လေအားနှင့်အသေးစား ရေအားလျှပ်စစ်စီမံကိန်းများ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေး ခြင်းဖြစ်ပါကြောင်း၊ ရုရှား-မြန်မာ နှစ်နိုင်ငံ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Coordinating Group) အနေနဲ့လည်း အကြိမ်ကြိမ် ဆွေးနွေးခဲ့ပါကြောင်း၊ မိမိနှင့်ဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့နှင့် ဆိုချီမြို့ တို့သို့ သုတေသနလေ့လာရေးခရီး သွားရောက်ခဲ့ရာ ခရီးစဉ်အတွင်း Barsuchkovskaya (ဘာဆပ်ကော့ဗ်ဆကာရ) အသေးစားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် Kochubeevskaya (ကိုချူဘိဗ်ဆကာရ) လေအားလျှပ်စစ်စက်ရုံများသို့ သွားရောက်၍ ရေအားနှင့် လေအား လျှပ်စစ်ဆိုင်ရာ တည်ဆောက်ထားရှိမှုများ၊ ဓာတ်အားစနစ်နှင့် ချိတ်ဆက်ဆောင်ရွက်ထားရှိမှု များအား လေ့လာသိရှိခဲ့ရပါကြောင်း၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလက ရန်ကုန်မြို့သို့ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ Rosatom မှ ကိုယ်စားလှယ်အဖွဲ့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း ရေအားလျှပ်စစ်ကဏ္ဍ၌ အသေးစားစီမံကိန်းများတွင် သာမက အကြီးစားရေအားလျှပ်စစ် စီမံကိန်းများကိုလည်း ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြောင်းနှင့် လေအားလျှပ်စစ်ကဏ္ဍတွင် နိုင်ငံတစ်ဝန်း ဇုန် (၆) ခုတို့၌ စုစုပေါင်း တပ်ဆင်အင်အား မဂ္ဂါဝပ် (၈၀၀၀) ကျော်အထိ တင်ဒါခေါ်ယူသွားမည့် အစီအစဉ်များအပေါ် ရင်းနှီးမြှုပ်နှံမှုတွင် ပူးပေါင်းပါဝင်ဆောင်ရွက် နိုင်ကြောင်းကို ပြောကြားခဲ့ပြီးဖြစ်သဖြင့် အဆိုပါ စီမံကိန်းများကို ဆက်လက်ဆောင်ရွက် နိုင်ရန် ပုပ္ပါးဒေသ (၂၀၀) မဂ္ဂါဝပ်၊ မင်းလှဒေသ (၁၁၆) မဂ္ဂါဝပ်နှင့် မင်းတုန်းဒေသ (၅၆) မဂ္ဂါဝပ် တို့အတွက် Project Proposal များအား လာရောက်တင်ပြသည်ဟု သိရှိရ၍ မိမိတို့ မှကြိုဆိုပါကြောင်းနှင့် တင်ပြချက်များအားစိစစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ Feasibility Study ဆောင်ရွက်ခွင့်နှင့် နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးနိုင်ရန် ဆက်လက် တင်ပြသွားမည်ဖြစ်ပါကြောင်း၊ ယခုဆောင်ရွက်မည့် လေအားလျှပ်စစ်စီမံကိန်းများကိုလည်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းအပြင် ပြည်သူများ ဝင်ရောက်လေ့လာနိုင်ရန် လုပ်ငန်းကိုလည်း ပူးတွဲဆောင်ရွက်နိုင်ပါကြောင်း၊ ပူတာအိုဒေသတွင် အသေးစားရေအားလျှပ်စစ်စီမံကိန်းများ ကို ဆောင်ရွက်နိုင်ပါကြောင်း၊ လျှပ်စစ်ကဏ္ဍတွင် ROSATOM မှ မိမိတို့ဝန်ကြီးဌာနနှင့်ဖြစ်စေ၊ မြန်မာနိုင်ငံမှ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့်ဖြစ်စေ ပူးပေါင်းဆောင်ရွက်၍ မြန်မာနိုင်ငံ ပြည်သူများအတွက် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို လျင်မြန်စွာ ဖြည့်ဆည်း ပေးနိုင်ရေး ဆက်လက်၍လည်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

   ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rusatom International Network, ROSATOM မှ President ဖြစ်သူ မစ္စတာ ဗာဒင်တီတောက ပြောကြားရာတွင် အပူစွမ်းအင်သုံးစီမံကိန်းများ နှင့်ပတ်သက်၍ လာမည့်ဇွန်လတွင် ဆောင်ရွက်နိုင်မည့် အစီအစဉ်များကို ပြန်လည်၍ ဖြေကြားသွားမည်ဖြစ်ပါကြောင်း၊ ရေအားလျှပ်စစ်စီမံကိန်းများဖြစ်သော (၂၀)မဂ္ဂါဝပ် ထွက်ရှိ နိုင်သည်များကိုလည်း ပြန်လည်သုံးသပ်၍ ဧပြီလအတွင်း ပြန်လည်တင်ပြသွားမည်ဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ အသေးစားရေအားလျှပ်စစ်များ ထုတ်လုပ်နိုင်ရန် (၁)မဂ္ဂါဝပ်အောက် ထုတ်လုပ်နိုင်သော စက်ပစ္စည်းများလည်း အသင့်ရှိပါ ကြောင်းတို့ကို ပြောကြားခဲ့ပါသည်။

   ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့တို့သည် လေအားနှင့် အသေးစား ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များအား အသေးစိတ် ဆွေးနွေး ပြောကြားခဲ့ကြကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
30-Mar-2023