The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


မြောင်းတကာစက်မှုဇုန်တွင် ဓာတ်အားခိုးယူသုံးစွဲနေသည့် SKY MAN သံရည်ကျိုလုပ်ငန်းအား စစ်ဆေးဖော်ထုတ်ပြီး နိုင်ငံတော်အနေဖြင့် နစ်နာခဲ့သည့် ငွေကျပ် ၁၇.၁၈၄ ဘီလီယံအား ပြန်လည်ပေးသွင်းစေရန် အရေးယူဆောင်ရွက်
၁။   လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများအနေဖြင့် မသမာသောနည်းလမ်းများကို အသုံးပြု၍ တရားမဝင်ဓာတ်အားရယူသုံးစွဲမှုများ ပြုလုပ်ထားပါက ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက် နောက်ဆုံး ထားပြီး သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်အသိပေးကြပါရန်နှင့် ယင်းသို့အသိပေးလာပါက ဖြေလျှော့ ပေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါကာလကျော်လွန်ပြီးချိန်တွင် တရားမဝင် ဓာတ်အားသုံးစွဲမှုများကို Control Center များမှ စစ်ဆေးတွေ့ရှိရပါက ပြဋ္ဌာန်းထားသည့် လျှပ်စစ် ဥပဒေများနှင့်အညီ ဒဏ်ကြေးငွေပေးဆောင်စေခြင်း၊ မီတာအသုံးပြုခွင့်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းနှင့် လုပ်ငန်းလိုင်စင်ပိတ်သိမ်းခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို ပြည်သူသို့ အသိပေးပန်ကြားခဲ့ရာ ဆက်သွယ်အသိပေးလာသူများအားလုံးကို ဖြေလျှော့ မှုများ အသီးသီးဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။


Read More...

: 07-Sep-2026
သတင်းထုတ်ပြန်ချက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနမှ တာဝန်ရှိသူများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်အတွင်းရှိ တီကျစ် ကျောက်မီးသွေးသုံးရေနွေးငွေ့ ဓာတ်အားပေးစက်ရုံအား ဩဂုတ်လ(၂၈)ရက်နေ့တွင်လည်းကောင်း၊ တောင်ကြီးခရိုင်အတွင်းရှိ ဓာတ်အားခွဲရုံများမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေများအား ဩဂုတ်လ(၂၉)ရက်နေ့တွင် လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 30-Aug-2026
Digital Smart မီတာအသစ်များကို Website မှ လျှောက်ထားခြင်းအပေါ် ဌာနမှ ဝန်ဆောင်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေများအား အသိပေးကြေညာခြင်း
၁။       လျှပ်စစ်ဓာတ်အားသုံးစွဲလိုသော်လည်း မီတာမရှိသေးသည့် မိဘပြည်သူများအနေဖြင့် အိမ်သုံး အပြင် စီးပွားရေး/စက်မှုလုပ်ငန်းများအတွက်ပါ လိုအပ်သည့် Digital Smart မီတာအသစ်များကို နိုင်ငံတော် အစိုးရထံမှ ဌားရမ်းအသုံးပြုရာတွင် လျင်မြန်စွာရရှိနိုင်ရန်နှင့် တစ်ဆင့်ခံပွဲစားများ၊ ဝန်ထမ်းများ၏ ပါဝင်ပတ်သက်မှုများမှ ကင်းဝေးစေပြီး အချိန်နှင့်စရိတ်စကများ သက်သာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှစ၍ Website မှတစ်ဆင့် ရုံးချုပ်သို့ လျှောက်ထား နိုင်မည်ဖြစ်ကြောင်းနှင့် ဌာနမှသတ်မှတ်ချက်ဖြင့် ကိုက်ညီသော လျှောက်ထားမှုများအတွက် သတ်မှတ်ကြေး ပေးသွင်းရာတွင် ကြီးကြပ်ခ၊ မီးသွယ်ခ၊ မီးဆက်ခအပါအဝင် ပေးသွင်းရမည့်နှုန်းထား များသည် ယခင်အတိုင်း ပြောင်းလဲခြင်းမရှိဘဲ ပေးသွင်းရမည်ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် နိုင်ငံပိုင် သတင်းစာများတွင် အသိပေးကြေညာခဲ့ပြီးဖြစ်ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 29-Aug-2026
လျှပ်စစ်ဓာတ်အားသုံးစွဲသူ မိဘပြည်သူများသို့ အသိပေးမေတ္တာရပ်ခံခြင်း
၁။   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုများ လျော့နည်းပပျောက်စေရေးအတွက် စွမ်းဆောင်ရည်ကျဆင်းနေသည့် မီတာများနှင့် အသုံးပြုသက်တမ်း နှစ် ၂၀ ကျော်နေသည့် မီတာများအား လဲလှယ်ပေးခြင်းတို့အပြင် လျှပ်စစ်ဓာတ်အားသုံးစွဲလိုသော်လည်း မီတာမရရှိသေးသည့် မိဘပြည်သူများအနေဖြင့် လိုအပ်သည့် လျှပ်စစ်မီတာ အသစ်များကို လျင်မြန်စွာရရှိနိုင်ရန်နှင့် တစ်ဆင့်ခံပွဲစားများ၊ ဝန်ထမ်းများ၏ ပါဝင် ပတ်သက်မှုများမှ ကင်းဝေးစေပြီး အချိန်နှင့် စရိတ်စကများ သက်သာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှစ၍ Website မှတစ်ဆင့် ရုံးချုပ်သို့ တိုက်ရိုက်လျှောက်ထားခြင်းများကိုလည်း စတင်ဆောင်ရွက်ပေး လျက်ရှိပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 15-Aug-2026
Digital Smart မီတာအသစ်များကို Website မှ လျှောက်ထားရာတွင် ပေးသွင်းရမည့် နှုန်းထားများအား အသိပေးကြေညာခြင်း
၁။       လျှပ်စစ်ဓာတ်အားသုံးစွဲလိုသော်လည်း မီတာမရှိသေးသည့် မိဘပြည်သူများအနေဖြင့် အိမ်သုံး အပြင် စီးပွားရေး/စက်မှုလုပ်ငန်းများအတွက်ပါ လိုအပ်သည့် Digital Smart မီတာအသစ်များကို နိုင်ငံတော် အစိုးရထံမှ ဌားရမ်းအသုံးပြုရာတွင် လျင်မြန်စွာရရှိနိုင်ရန်နှင့် တစ်ဆင့်ခံပွဲစားများ၊ ဝန်ထမ်းများ၏ ပါဝင်ပတ်သက်မှုများမှ ကင်းဝေးစေပြီး အချိန်နှင့်စရိတ်စကများ သက်သာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှစ၍ Website မှတစ်ဆင့် ရုံးချုပ်သို့ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် နိုင်ငံပိုင်သတင်းစာများတွင် ကြေညာခဲ့ပြီးဖြစ်ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 13-Aug-2026