The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်မီတာအသစ်များကို Website မှ လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာခြင်း
လျှပ်စစ်ဓာတ်အားသုံးစွဲလိုသော်လည်း မီတာမရှိသေးသည့် မိဘပြည်သူများအနေဖြင့် အိမ်သုံး အပြင် စီးပွားရေး/ စက်မှုလုပ်ငန်းများအတွက်ပါ လိုအပ်သည့် လျှပ်စစ်မီတာအသစ်များကို နိုင်ငံတော်အစိုးရထံမှ ငှားရမ်းအသုံးပြုရာတွင် လျင်မြန်စွာ ရရှိနိုင်ရန်နှင့် တစ်ဆင့်ခံပွဲစားများ၊ ဝန်ထမ်းများ၏ ပါဝင်ပတ်သက်မှုများမှ ကင်းဝေးစေပြီး အချိန်နှင့် စရိတ်စကများ သက်သာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှစ၍ Website မှတစ်ဆင့် ရုံးချုပ်သို့ လျှောက်ထား နိုင်မည်ဖြစ်ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 31-Jul-2026
မုတ္တမကမ်းလွန်လုပ်ကွက် M-3 ရှိ အောင်သိင်္ခဧရိယာမှထွက်ရှိသော သဘာဝဓာတ်ငွေ့များအား ပြည်တွင်း၌သာ သုံးစွဲနိုင်ရန်အတွက် သဘာဝဓာတ်ငွေ့ရောင်းချခြင်း သဘောတူစာချုပ်ချုပ်ဆို
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ထိုင်းနိုင်ငံ PTTEP INTERNATIONAL LIMITED တို့အကြား မုတ္တမကမ်းလွန်လုပ်ကွက် M-3 ရှိ အောင်သိင်္ခဧရိယာမှထွက်ရှိသော သဘာဝဓာတ်ငွေ့များအား ထုတ်ယူ၍ ပြည်တွင်း၌သာအသုံးပြုနိုင်ရန်အတွက် သဘာဝဓာတ်ငွေ့ရောင်းချခြင်း သဘောတူစာချုပ် (Domestic Gas Supply Agreement - DGSA) လက်မှတ်ရေးထိုးပွဲအခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၆)၌ ယနေ့ညနေ ကျင်းပပြုလုပ်ခဲ့ရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ် များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် PTTEP INTERNATIONAL LIMITED မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 31-Jul-2026
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခြင်းနှင့် တာဝန်ရှိသူများအား တွေ့ဆုံမှာကြားခြင်း
 လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်တွင် လျှပ်စစ်ဓာတ်အားတိုးတက်ရရှိရေး၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးနှင့် ဓာတ်အားစနစ်တည်ငြိမ်၍ စဉ်ဆက်မပြတ် ပေးနိုင်ရေးတို့အား ဘက်စုံမှတွန်းအားပေးဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် သည် ဇူလိုင်လ ၂၀ ရက်နေ့ နံနက်တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းနှင့် တာဝန်ရှိသူများလိုက်ပါပြီး ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်စက်မှုနယ်မြေသို့ သွားရောက်၍ ခေတ်မီ Smart Meter များ ပြည်တွင်းမှာပင် ထုတ်လုပ်နေသည့်စက်ရုံသို့ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 21-Jul-2026
PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက ပခုက္ကူမြို့နယ်၊ ပေါင်လောင်ကန်ကျေးရွာအနီး မဟာဓာတ်အားလိုင်း တိုင်အမှတ် (၃၃၈) အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် ဒေသတွင်းလူမှုစီးပွားဘဝများ ထိခိုက်ဆုံးရှုံး
လျှပ်စစ်စွမ်းအားကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်၊ လူနေမှုဘဝမြင့်မားစေရန်နှင့် လူမှုစီးပွားဘဝ လုံခြုံတိုးတက်စေရန်အတွက် အဓိက အရေးကြီးသည်နှင့်အညီ နိုင်ငံတော်အစိုးရအနေဖြင့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိသည်။ PDF အမည်ခံ အကြမ်းဖက်သောင်း ကျန်းသူများနှင့် အချို့သော EAOs အဖွဲ့များသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် လျှပ်စစ်စွမ်းအားကဏ္ဍနှင့်အခြားသောလုပ်ငန်းများကို  နည်းလမ်း ပေါင်းစုံဖြင့် တိုက်ခိုက်ဖျက်ဆီးနေသည်ကို တွေ့ရှိရသည်။


Read More...

: 21-Jul-2026
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်ရှိ အမှတ်(၅)ဓာတ်မြေဩဇာစက်ရုံစက်လည်ပတ်ထုတ်လုပ်နေမှုအခြေအနေအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး သွားရောက်ကြည့်ရှုစစ်ဆေး 
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းသည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ  ၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီး ထောင့်မြို့နယ်၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း လက်အောက်ရှိ အမှတ် (၅) ဓာတ်မြေဩဇာစက်ရုံ၏ စက်လည်ပတ်ထုတ်လုပ်နေမှုအခြေအနေအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 19-Jul-2026