The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ဘဏ္ဍာရေး/ ငွေစာရင်းပိုင်းဆိုင်ရာဦးစီးအရာရှိများမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၈) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ဘဏ္ဍာရေး/ ငွေစာရင်းပိုင်းဆိုင်ရာ ဦးစီးအရာရှိများ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၈) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၁၈ခုနှစ်၊ သြဂုတ်လ ၂၄ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ရုံးအမှတ် (၂၇)၊ ရတနာခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 24-Aug-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ Guandong DaPeng LNG Terminal သို့ သွားရောက်လေ့လာခြင်းနှင့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးသည့်သတင်း
  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စွမ်းအင်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့ (National Energy Administration) ၏ ဒုတိယအကြီးအကဲ (Vice Administrator) ဖြစ်သူ Mr. Li Fanrong လိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့၊ နံနက်ပိုင်းက Guandong ပြည်နယ်ရှိ Guandong DaPeng LNG Terminal သို့ရောက်ရှိခဲ့ရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 24-Aug-2018
ပြည်ပမှတင်သွင်းသည့်စက်ဆီချောဆီများအားနမူနာရယူ၍ အရည်အသွေးဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းကိစ္စနှင့်စပ်လျဉ်းသည့် အသိပေးကြေညာချက်
၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းသည် ပုဂ္ဂလိကလုပ်ငန်းရှင်/ကုမ္ပဏီများ၏ ပြည်ပမှစက်ဆီချောဆီတင်သွင်းခြင်းနှင့်ပတ်သက်၍ စိစစ်ခွင့်ပြု ဆောင်ရွက်လျက်ရှိရာတွင် စက်ဆီချောဆီ New Brand ပထမအကြိမ်တင်သွင်းမှုကိုသာနမူနာရယူ၍ အရည်အသွေးဓာတ်ခွဲစမ်းသပ်စစ်ဆေးပြီး အရည်အသွေးမှန်ကန်ပါက ထုတ်ယူဖြန့်ဖြူးသုံးစွဲခွင့်ပြုခဲ့ ပါသည်။


Read More...

Post under by : ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)
: 23-Aug-2018
ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၏ ၃/၂၀၁၈ ကြိမ်မြောက် အစည်းအဝေး ကျင်းပပြုလုပ်
  ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၏၃/၂၀၁၈ ကြိမ်မြောက် အစည်းအဝေးအား ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင်လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇) ၊အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။           အစည်းအဝေးသို့ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ဒုတိယဥက္ကဋ္ဌ(၁)၊ တနင်္သာရီတိုင်းဒေသကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ဦးဖြိုးဝင်းထွန်း၊ဒုတိယဥက္ကဋ္ဌ(၂)၊ ဒေါက်တာမြင့်ဆန်း၊ အတွင်းရေးမှူး၊ဒေါက်တာတင်ထူးနိုင်နှင့်အဖွဲ့ဝင်များ၊ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်(Special Purpose Vehicle-SPV)မြန်မာမှ ဒါရိုက်တာများတက်ရောက်ခဲ့ကြပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 21-Aug-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ ဓာတ်အားကွန်ရက်စနစ် ထိန်းချုပ်မှုဌာနနှင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှုလေ့လာ
လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ပေကျင်းမြို့ရှိ State Grid Control Center သို့ရောက်ရှိခဲ့ရာ President ဖြစ်သူ Mr. Kou Weiနှင့်တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 21-Aug-2018