The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ တတိယအကြိမ်အစည်းအဝေး ကျင်းပပြုလုပ်
  နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံခြား အကူအညီ အထောက်အပံ့နှင့် ချေးငွေများရယူခြင်းကိစ္စရပ်များအတွက် သတ်မှတ်ထား သော ကဏ္ဍများတွင်ရရှိလာသော ဖွံ့ဖြိုးမှုအကူအညီများကို ပိုမိုထိရောက်စွာ ပေါင်းစပ် ညှိနှိုင်းအသုံးပြုရန်ရည်ရွယ်၍ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Sector Coordination Groups, SCG) ၏ တတိယအကြိမ်အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 08-Aug-2018
ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ အမှတ်(၄)ဓာတ်မြေဩဇာစက်ရုံ(မြောင်းတကာ) သို့သွားရောက်ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်သည်ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်၊အမြဲတမ်းအတွင်းဝန်ဦးတင်မောင်ဦးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျှက်၂၀၁၈ခုနှစ်၊ဩဂုတ်လ၄ရက်နေ့၊နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ အမှတ်(၄)ဓာတ်မြေဩဇာစက်ရုံ(မြောင်းတကာ)သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 04-Aug-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ Open Discussion Workshop အခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် တက်ရောက်ခဲ့
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်/ သယ်ပို့/ ဖြန့်ဖြူးရေး လုပ်ငန်းစဉ်များ အချိတ်အဆက်မိမိနှင့် ထိရောက်စွာ ဆက်သွယ်ဆောင်ရွက်နိုင်ရေး၊ ဓာတ်အားထုတ်လုပ်မှုစရိတ် လျော့ပါးသက်သာစေရေး၊ ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းစဉ် အစီအမံများ ချမှတ်ဆောင်ရွက်ရေး စသည့် ရည်ရွယ်ချက်များဖြင့် Open Discussion Workshop ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၃၁) ရက်နေ့ ၊ နံနက် (၀၉:၃၀)နာရီတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ဓာတ်အားစနစ် ဗဟိုကွပ်ကဲရေးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 01-Aug-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်ထောက်အင်ဂျင်နီယာ (စက်မှု)/(လျှပ်စစ်) များ လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ် (၁/၂၀၁၈) အခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း လက်ထောက်အင်ဂျင်နီယာ (စက်မှု)/(လျှပ်စစ်) များ လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ် (၁/၂၀၁၈) အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့၊ နံနက် (၀၈:၀၀) နာရီ အချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပေါင်းလောင်းသင်တန်းကျောင်း (နေပြည်တော်) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 30-Jul-2018
ဘဏ္ဍာရေး/ငွေစာရင်းပိုင်းဆိုင်ရာ ဦးစီးအရာရှိများမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၁၈) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဘဏ္ဍာရေး/ငွေစာရင်းပိုင်းဆိုင်ရာ ဦးစီးအရာရှိများ မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၁၈) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) ၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 30-Jul-2018