The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ဌာနသတင်း

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ခရိုင်/မြို့နယ် လျှပ်စစ်မန်နေဂျာများ၊ လျှပ်စစ်အင်ဂျင်နီယာများ၊ ဘဏ္ဍာရေးမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးသည့်သတင်း

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဇန်နဝါရီလ (၃၁)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ် လျှပ်စစ်မန်နေဂျာများ၊ လျှပ်စစ်အင်ဂျင်နီယာများ၊ ဘဏ္ဍာရေးမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ပြီး ယနေနံနက်ပိုင်းတွင် ရွှေပြည်သာမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူ မြို့နယ်တို့တွင် ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပါ သည်။


Read More...
01-Feb-2026
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနေမှုအခြေအ‌နေများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည့်သတင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနေမှု အခြေ အနေများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့  ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...
31-Jan-2026
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းမိသားစု စုပေါင်းထမနဲထိုးပြိုင်ပွဲ ကျင်းပပြုလုပ်သည့်သတင်း

မြန်မာ့ဓလေ့ရိုးရာယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် အတူတကွပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် တစ်ဦးနှင့်တစ်ဦး ဖေးမကူညီလိုစိတ်များရှိစေရန် ရည်ရွယ်ချက်များဖြင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ ဝန်ထမ်းမိသားစု စုပေါင်းထမနဲထိုးပြိုင်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ယာဉ်ရပ်နား ကွင်း (၁) ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။


Read More...
28-Jan-2026