The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ပစ္စည်းစီမံရေးဌာန


ပစ္စည်းစီမံရေးဌာန(နေပြည်တော်) လုပ်ငန်းတာဝန်များ

စီမံခန့်ခွဲရေး

၁။   ဖွဲ့စည်းပုံကိစ္စရပ်များတင်ပြဆောင်ရွက်ခြင်း

၂။    မှတ်တမ်းကဒ်ရေးသွင်းခြင်းနှင့်   ထိန်းသိမ်းခြင်း

၃။   ဝန်ထမ်းအင်အားစာရင်းပြုစုတင်ပြခြင်း

၄။   ပင်စင်           

၅။   လစာစရိတ်

၆။   စာပေးစာယူ

၇။   လုံခြုံရေးကိစ္စ

၈။   ဘဏ္ဍာရေးဆိုင်ရာကိစ္စများ

ပြည်ပဝယ်ယူရေး

၁။   ဝန်ကြီးဌာနစီမံခန့်ခွဲရေးကော်မတီ၏ ခွင့်ပြုချက်အရ စာချုပ်ချုပ်ဆိုခြင်း

၂။    စာချုပ်များကို ရွေးယူရေး ဌာနနှင့် လက်ခံရေးဌာနသို့ကြိုတင်ပေးပို့ခြင်း

၃။   ပစ္စည်းများပြည်စုံစွာ လက်ခံရရှိရေးအတွက် ညှိနှိုင်းဆောင်ရွက်ခြင်း

၄။   ပစ္စည်းအရည်အသွေးစစ်ရန်အဖွဲ့ တောင်းခံခြင်း

၅။   အရည်အသွေးစစ်ဆေးပြီးပါက လုပ်ငန်းမှုဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ အတည်ပြုမှတ်တမ်း တင်ရန်တင်ပြခြင်း

၆။   ငွေပေးချေခြင်းနှင့် စာရင်းပိတ်သိမ်းခြင်း   

ပြည်တွင်းဝယ်ယူရေး

၁။   ရုံးချုပ်၊ ခွဲရုံ၊ လိုင်းရုံးများနှင့် စီမံကိန်းများမှ လိုအပ်သော ရုံးသုံးပစ္စည်းများအတွက်  စုစည်း၍ ဘဏ္ဍာရေးနှစ်အလိုက် ဘတ်ဂျက်လျာထားတောင်းခံပေးခြင်း

၂။    ခွင့်ပြုရရှိသော ဘတ်ဂျက်အရ ပစ္စည်းများဝယ်ယူရန်အတွက် တင်ဒါခေါ်ခွင့်အား ဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီသို့ တင်ပြခွင့်ပြုချက်ရယူရန် ၊ တင်ဒါပြီး ဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်း များအတိုင်း ဆောင်ရွက်ရန်စာချုပ်ချုပ်ဆို ဆောင်ရွက်ခြင်း

၃။   ပစ္စည်းများလက်ခံရရှိပြီးပါကငွေပေးချေရေးဆောင်ရွက်ခြင်း

၄။   ဝယ်ယူရရှိသောပစ္စည်းများအား ထုတ်ပေးရန် ညွှန်ကြားရေးမှူးချုပ်ခွင့်ပြုချက်အရ ခွဲဝေထုတ် ပေးရေးဆောင်ရွက်ခြင်း

၅။   ပစ္စည်းတောင်းခံလွှာများစိစစ်ပေးခြင်း

၆။   နိုင်ငံခြားမှ ဝယ်ယူထားသော ပစ္စည်းများရောက်ရှိလာချိန် ပစ္စည်းများရွေးယူရန်အတွက် ကုန်ကျမည့် အခွန်အခများအတွက် အကောက်ခွန်နှင့် ဆိပ်ကမ်းတို့သို့ ငွေပေးချေရေးကိစ္စများ ဆောင်ရွက်ရခြင်း

၇။   ရောက်ရှိပစ္စည်းများ၊ စီမံကိန်းများ သက်ဆိုင်ရာနေရာများသို့ သယ်ပို့ပေးခြင်းအတွက် သယ်ယူ ပို့ဆောင်ခများအား စိစစ်ပေးချေရေးဆောင်ရွက် ခြင်း

တင်ဒါ

၁။   အမှာစာလက်ခံခြင်း

၂။    တင်ဒါခေါ်ခွင့်တင်ပြတောင်းခံခြင်း

၃။   တင်ဒါခေါ်ယူခြင်း(မြန်မာငွေ/ နိုင်ငံခြားငွေ)

၄။   တင်ဒါလက်ခံခြင်း

၅။   Technical စိစစ်ရန် အင်ဂျင်နီယာဌာနသို့ပေးပို့ခြင်း

၆။   စိစစ်ပြန်ကြားလာမှုအပေါ် Technical အောင်မြင်သောကုမ္ပဏီများကိုဖိတ်၍   ဈေးနှုန်းဖွင့် ဖောက်မှတ်တမ်းတင်ခြင်း

၇။    စိစစ်ရွေးချယ်နိုင်ရန် တင်ဒါကော်မတီသို့ တင်ပြဆောင်ရွက်ခြင်း

၈။    တင်ဒါကော်မတီမှ ဝန်ကြီးဌာနအမှုဆောင်ကော်မတီအစည်းအဝေးသို့ တင်ပြဆောင်ရွက်ပြီး ခွင့်ပြုချက်အရ စာချုပ်ချုပ်ဆိုရန် ပြည်ပဝယ်ယူရေးဌာနသို့ လွှဲပြောင်းပေးခြင်းနှင့် တင်ဒါ အောင်မြင်မှုမရှိသော ကုမ္ပဏီများသို့ Bid Bond များထုတ်ပေးရန် အကြောင်းကြား ဆောင်ရွက်ခြင်း

စီမံကိန်းပစ္စည်း

၁။    အမှာစာများ၊ စာချုပ်များအား မှတ်ပုံတင်၍ တိုးတက်မှုအခြေအနေ မျက်ခြေမပျက်စီမံခြင်း

၂။    နိုင်ငံခြားမှ ဝယ်ယူသောပစ္စည်းများအား တင်သွင်းခွင့်ရရှိရေးအတွက်သွင်းကုန် လိုင်စင်လျှောက် ထားခြင်း

၃။    စီမံကိန်းအတွက် တင်သွင်းလာသော   လုပ်ငန်းသုံးပစ္စည်းများအား အသုံးပြုပြီးနောက် သက်ဆိုင်ရာနိုင်ငံခြားတိုင်းပြည်များသို့ ပြန်လည်ပေးပို့ရန် Draw Back လိုင်စင် လျှောက်ထားပေးခြင်း

၄။    စီမံကိန်းပစ္စည်းများထုတ်ပေးရန် သယ်ယူပို့ဆောင်ရေးကိစ္စများစီမံပေးခြင်း


ပစ္စည်းစီမံရေးဌာန(ရန်ကုန်) လုပ်ငန်းတာဝန်များ

ရွေးယူရေး

၁။      သင်္ဘောတင်စာရွက်စာတမ်းများ    ရရှိအောင် ဆောင်ရွက်ခြင်း

၂။      အကောက်ခွန်ခ၊ကုန်သွယ်ခွန်ခ များပေးသွင်း၍ ပို့ဆောင်ပေးရခြင်း                 

၃။      ဆိပ်ကမ်းခွန် ပေးသွင်း၍   ပစ္စည်းထုတ်ယူခြင်း               

၄။      စီမံကိန်းအတွက် တင်သွင်းလာသော လုပ်ငန်းသုံးပစ္စည်းများအား အသုံးပြုပြီးနောက် သက်ဆိုင်ရာ နိုင်ငံခြားတိုင်းပြည်များသို့  ‌ပြန်လည်ပေးပို့ခြင်း

၅။      လေဆိပ်စာတိုက်သို့ ရောက်ရှိ လာသော ပစ္စည်းများအား ‌   ရွေးချယ်ခြင်း       

သယ်ယူရေး

၁။      ဆိပ်ကမ်းသို့ရောက်ရှိလာသော ပစ္စည်းများသယ်ယူရေး အတွက် ‌ ဆောင်ရွက်ခြင်း

၂။      ဌာနပိုင်ကားများဖြင့်    ပို့ဆောင်ပေးရခြင်း

၃။      မြန်မာ့မီးရထားနှင့် ဆက်သွယ် ‌ ဆောင်ရွက်၍ ပို့ဆောင်ပေးရခြင်း

၄။      ပြင်ပမော်တော်ယာဉ်များ ငှားရမ်း၍ ပို့ဆောင်ပေးရခြင်း

၅။      ငွေပေးချေရေးအတွက်     ဆောင်ရွက်ခြင်း

 

လက်ခံရေး

၁။      အမှာစာအရ ရောက်ရှိလာသော ပစ္စည်းများအား စစ်ဆေးလက်ခံခြင်း

၂။      သိုလှောင်ရေးဌာနခွဲသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခြင်း

၃။      စီမံကိန်းပစ္စည်းများကို သက်ဆိုင်ရာ စီမံကိန်းများသို့ တိုက်ရိုက်ပေးပို့ လွှဲပြောင်းပေးအပ်ခြင်း

၄။      လချုပ်/နှစ်ချုပ်များရေးဆွဲတင်ပြခြင်း

သိုလှောင်ရေး

၁။      ဘင့်ကဒ်များရေးသွင်း ထိန်းသိမ်းခြင်း

၂။      သိုလှောင်ရုံအတွင်း ပစ္စည်းများ ‌   နေရာချထားခြင်း

၃။      ပစ္စည်းတည်နေရာ သတ်မှတ်ခြင်း

၄။      ၂၅-ခ ပြုစု၍ ပစ္စည်းထုတ်ပေးခြင်း

၅။      မီးဘေးကာကွယ်ရေး

၆။      လုံခြုံရေး

၇။      စာရင်းပယ်ဖျက်ရန် တင်ပြခြင်း

၈။      ပစ္စည်းစာရင်းတွင် စာရင်းနှင့် လက်တွေ့လက်ကျန်စစ်ဆေးခြင်း

၉။      လချုပ်/နှစ်ချုပ်များ ရေးဆွဲတင်ပြခြင်း

ပစ္စည်းထုတ်ပေးရေး

၁။   ပစ္စည်းအမှာလွှာများအား သတ်မှတ်ချက်နှင့်အညီစစ်ဆေးခြင်းနှင့် ပစ္စည်းလက်ကျန်စာရင်း ‌  ကောက်ယူခြင်း

၂။      ပစ္စည်းထုတ်ယူရန် ပစ္စည်း  တောင်းခံလွှာ ၂၅-က ပြုစု၍   သက်ဆိုင်ရာကိုယ်စားလှယ်များသို့ ပစ္စည်းထုတ်ပေးရန်   ဆောင်ရွက်ခြင်း

၃။     စာချုပ်စာတမ်းများကို   ထိန်းသိမ်းခြင်း

၄။      လက်ခံရရှိလွှာ(လျှပ်စစ်ပုံစံ  - ၁၅၉)တောင်းခံ၍ မှတ်တမ်း  တင်ထားရှိခြင်း

ဖွဲ့စည်းပုံ>>>