The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ဖွဲ့စည်းပုံ/လုပ်ငန်းတာ၀န်


 

ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ

 

၁။     ရေအားလျှပ်စစ်အရင်းအမြစ်များကို စူးစမ်းလေ့လာရှာဖွေခြင်း၊ တိုင်းတာခြင်း၊ တွက်ချက် စိစစ်ခြင်းနှင့် ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာများကိုပြုစု၍ ဝန်ကြီးဌာနသို့ တင်ပြခြင်း။

၂။     အထက်အဆင့်နှင့်ဝန်ကြီးဌာနတို့က ရွေးချယ်သတ်မှတ်ပေးသော စီမံကိန်းသစ်များနှင့် စပ်လျဉ်း ၍အသေးစိတ်လေ့လာခြင်း၊ စိစစ်တင်ပြခြင်း၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့်

         (က)     မိမိဌာနအတွင်းရှိ သက်ဆိုင်ရာပညာရှင်များ၊ ကျွမ်းကျင်သူများဖြင့် ကာလတို၊ကာလရှည် အသေးစိတ် စူးစမ်းလေ့လာခြင်း၊ အချက်အလက်များစုဆောင်းရယူခြင်း၊

          ( ခ )    မိမိနိုင်ငံအတွင်း ပြည်တွင်းနှင့်ပြည်ပမှ ပညာရှင်များ၊ လက်ရှိပူးပေါင်းဆောင်ရွက် လျက်ရှိသော အတိုင်ပင်ခံအဖွဲ့များနှင့် ဆက်သွယ်ညှိနှိုင်းပေါင်းစပ်လျက်ဖြစ်မြောက် နိုင်စွမ်းအစီရင်ခံစာများ ပြုစုထားရှိခြင်း၊

           ( ဂ )    မိမိတို့ကျွမ်းကျင်မှုနယ်ပယ်ထက်ကျော်လွန်သော နည်းပညာရပ်များအတွက် ပြည်ပ အတိုင်ပင်ခံအဖွဲ့များနှင့် ဆက်သွယ်တာဝန်ပေးနိုင်ရေးအတွက် ဝန်ကြီးဌာနနှင့် အထက် အဖွဲ့အစည်းများသို့ စနစ်တကျတင်ပြခွင့်ပြုချက်ရယူဆောင်ရွက်ခြင်း၊

         (ဃ)     စီမံကိန်းအလိုက် ခန့်မှန်းခြေစာရင်းများ စနစ်တကျပြုစုခြင်း၊ နှစ်အလိုက် ဘဏ္ဍာရေး နှစ်အတွင်း ကုန်ကျမည့်ရန်ပုံငွေများ တွက်ချက်တင်ပြခြင်း၊

           ( င )    အပိုဒ်(၂) ပါလုပ်ငန်းနှင့် နောင်တွင် အကျုံးဝင်လာမည့် လုပ်ငန်းတာဝန်များဆောင်ရွက် ခြင်း။

၃။     စီမံကိန်းလုပ်ငန်းများ၏ တိုးတက်မှုအခြေအနေများကို အချိန်နှင့်တစ်ပြေးညီ သုံးသပ်စိစစ် ခြင်း၊ အထက်အဆင့်ရုံးများသို့ တင်ပြအစီရင်ခံခြင်း။

၄။     မိမိဌာနတွင်းရှိ အဆင့်ဆင့်ဝန်ထမ်းများ၏ အရည်အသွေးမြင့်မားစေရန် ပြည်တွင်း/ ပြည်ပ လေ့ကျင့်ရေးသင်တန်းများ ပုံမှန်ဖွင့်လှစ်ဆောင်ရွက်ခြင်း။

၅။     နှစ်စဉ်ရသုံးမှန်းခြေငွေစာရင်းများ ပြုစုခြင်း။

၆။     တည်ဆောက်ပြီးသော ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများကို သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းပေးခြင်း။

၇။     ဝန်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်ပေးသော လုပ်ငန်းတာဝန်များဆောင်ရွက်ခြင်း။


ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန

ဌာနခွဲအလိုက် လုပ်ငန်းတာဝန်နှင့်ဝတ္တရားများ

 

၁။     စီမံခန့်ခွဲရေးဌာနခွဲ

         (က)    စီမံရေးရာနှင့်ပတ်သက်သည့် မူဝါဒများ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များ ထိန်းသိမ်း ခြင်း၊ ညွှန်ကြားချက်များထုတ်ပြန်ခြင်း၊

        ( ခ )   ဝန်ထမ်းလိုက်နာရန် စည်းမျဉ်းစည်းကမ်းများရေးဆွဲခြင်း၊ ထုတ်ပြန်ခြင်း၊

  ( ဂ )   ဝန်ထမ်းများအသစ်ခန့်ထားခြင်း၊ ပြောင်းရွှေ့နေရာချထားခြင်း၊ ရာထူးတိုးမြှင့်ပေး ခြင်း၊ ပင်စင်ပေးခြင်း၊ နှစ်တိုးခံစားခွင့်ပေးခြင်း၊ အလုပ်သမားလျော်ကြေးငွေများရရှိ ရေးဆောင်ရွက်ခြင်း၊ သက်သာချောင်ချိရေး ကိစ္စများဆောင်ရွက်ပေးခြင်း၊

        (ဃ)    ဝန်ထမ်းများ၏ခွင့်ခံစားခြင်း၊နယ်ကျော်ခရီးသွားလာခြင်းကိစ္စရပ်များ ဆောင်ရွက်ခြင်း၊

        ( င )   ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ရုံးချုပ်ဝန်ထမ်းလစာနှင့် အသုံးစရိတ်များကို စီစဉ် ဆောင်ရွက်ပေးခြင်း၊

        ( စ )   ဦးစီးဌာနလုပ်ငန်းညှိနှိုင်းအဖွဲ့ကိစ္စရပ်များ၊ အစည်းအဝေးများဆောင်ရွက်ခြင်း၊ အမှုတွဲ များထိန်းသိမ်းခြင်း၊

        (ဆ)    ဝန်ထမ်းများ၏ ကိုယ်ရေးမှတ်တမ်းများပြုစုခြင်း၊ ဖြည့်စွက်ခြင်း၊ ထိန်းသိမ်းခြင်း၊

        ( ဇ )   ပြည်တွင်းသင်တန်းများအတွက် ရွေးချယ်စေလွှတ်ခြင်း၊

        ( စျ )   ပြည်ပသင်တန်း၊ နိုင်ငံခြားပညာတော်သင်၊ ပြည်ပလေ့လာရေးခရီးများတွင် အဆိုပြု တင်ပြခြင်း၊

        (ည)    နိုင်ငံခြားသားများ၏ ဗီဇာကိစ္စများ၊ ပြည်တွင်းနေထိုင်မှုကိစ္စများဆောင်ရွက်ခြင်း၊

        ( ဋ )   အရေးကြီးပုဂ္ဂိုလ်များ၏ ခရီးစဉ်များစီစဉ်ခြင်း၊ ဧည့်ရိပ်သာများစီစဉ်ခြင်း၊

        ( ဌ )   နိုင်ငံတော်မှချီးမြှင့်သည့် ဘွဲ့ထူး၊ ဂုဏ်ထူးများအတွက် စိစစ်ခြင်း၊ ထောက်ခံတင်ပြခြင်း၊ ချီးမြှင့်ခြင်း၊

        ( ဍ )   မီးဘေးကာကွယ်ရေးအတွက် ညွှန်ကြားချက်များထုတ်ပြန်ခြင်း၊ လုံခြုံရေး၊ စည်းကမ်း ထိန်းသိမ်းရေးကိစ္စများဆောင်ရွက်ခြင်း၊

        ( ဎ )   ဝန်ထမ်းများအား နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ စာအုပ်ပါ ညွှန်ကြားချက်အတိုင်း အရေးယူဆောင်ရွက်ခြင်း။

၂။     စီမံကိန်းနှင့်လုပ်ငန်းဌာနခွဲ

      (က)    နိုင်ငံတော်နှစ်စဉ်ရင်းနှီးမြှုပ်နှံမှုအစီအစဉ်နှင့်ပတ်သက်သည့် ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမူရေးအခြေအနေတို့၏ အစီရင်ခံစာများတွင် ရေအားလျှပ်စစ်ကဏ္ဍအားတင်ပြခြင်း၊

          ( ခ )   နှစ်စဉ်သာမန်/ငွေလုံးငွေရင်း ရသုံးခန့်မှန်းခြေစာရင်းများတွက်ချက်တင်ပြ၍ ရန်ပုံငွေ ရရှိရန် ဆောင်ရွက်ခြင်း၊ ဖြည့်စွက်ခွင့်ပြုငွေများရရှိရန်ဆောင်ရွက်ခြင်း၊ ရန်ပုံငွေခေါင်း စဉ်များလွှဲပြောင်းသုံးစွဲခွင့်ရရှိရန်ဆောင်ရွက်ခြင်း၊ ပိုလျှံငွေများရှိက ပြန်လည်                          အပ်နှံခြင်း၊

        ( ဂ )   နှစ်စဉ်ငွေလုံးငွေရင်း ရသုံးခန့်မှန်းခြေစာရင်းတွင်ပါဝင်သည့် စီမံကိန်းလုပ်ငန်းများ၏ တည်ဆောက်ရေးလုပ်ငန်းများကို ဆောက်လုပ်ရေးလုပ်ငန်းစိစစ်ညှိနှိုင်းရေးအဖွဲ့သို့ တင်ပြအတည်ပြုချက်ရယူမည့် အစီရင်ခံစာပြုစုတင်ပြခြင်း၊

     (ဃ)    နှစ်စဉ်ငွေလုံးငွေရင်း ရသုံးခန့်မှန်းခြေစာရင်းတွင် ပါဝင်သည့် စီမံကိန်းလုပ်ငန်းများ၏ စက်ယန္တရားများ ဝယ်ယူခြင်းကိစ္စရပ်များကို စက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေး ဌာန (Equipment Control Committee) သို့ တင်ပြအတည်ပြုချက်ရယူမည့်                           အစီရင် ခံစာများပြုစုတင်ပြခြင်း၊

        ( င )   စီမံကိန်းလုပ်ငန်းအသီးသီးမှ ပြုစုတင်ပြလာသည့် အပတ်စဉ်၊ လစဉ်လုပ်ငန်း တိုးတက် မှုများကို စိစစ်ခြင်း၊ စုစည်းခြင်း၊ သုံးသပ်ခြင်းများပြုလုပ်၍ ဝန်ကြီးဌာနနှင့် အထက် အဖွဲ့အစည်းများသို့ ပြုစုတင်ပြခြင်း၊

        ( စ )   စီမံကိန်းလုပ်ငန်းအသီးသီးမှ တင်ပြလာသည့် (၃) လပတ်ရန်ပုံငွေ တောင်းခံချက်များ ကို လုပ်ငန်းအစီအစဉ်များဖြင့် တိုက်ဆိုင်စိစစ်လျက် ညွှန်ကြားရေးမှူးချုပ်သို့ ထောက်ခံ တင်ပြခြင်း၊

        (ဆ)    အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံတကာဘဏ်များနှင့်အခြားနိုင်ငံများ၏ ချေးငွေထောက်ပံ့ငွေများနှင့် ဆောင်ရွက်သော စီမံကိန်းလုပ်ငန်းများ၏ အကောင် အထည်ဖော်မှုအခြေအနေနှင့်တိုးတက်မှုအစီရင်ခံစာများကို လစဉ်စိစစ်သုံးသပ်တင်ပြခြင်း၊

        ( ဇ )   အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံတကာဘဏ်များနှင့်အခြားနိုင်ငံများ၏ ချေးငွေထောက်ပံ့ငွေများနှင့် ဆောင်ရွက်သော စီမံကိန်းလုပ်ငန်းများတွင် ချေးငွေ ထောက်ပံ့ငွေရယူသော အဖွဲ့အစည်းများ၊ ဘဏ်များ၊ နိုင်ငံများနှင့်ဆက်သွယ်ဆောင် ရွက်                      ခြင်း ၎င်းစီမံကိန်းများတွင် ဖွဲ့စည်းထားသော စီမံကိန်းအကောင်အထည်ဖော်ရေး ကော်မတီ၊ ကြီးကြပ်မှုကော်မတီများ၏ အစည်းအဝေးများခေါ်ယူကျင်းပရာတွင် စီမံဆောင်ရွက်ခြင်း၊ မှတ်တမ်းများပြုစုခြင်း၊

        ( စျ )   နိုင်ငံတော်အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးကော်မတီ၊ နိုင်ငံတော် လျှပ်စစ်စွမ်းအားဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းကော်မတီများသို့ တင်ပြမည့် စီမံကိန်းနှင့် သက်ဆိုင်သည့် အမှာစာများ၊ အစီရင်ခံစာများပြုစုခြင်း၊ တင်ပြခြင်း၊

          (ည)    စီမံကိန်းပြီးစီးမှုအစီရင်ခံစာများ၊ နှစ်ချုပ်အစီရင်ခံစာများ ပြုစုတင်ပြခြင်း၊

        ( ဋ )   စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သော မြေသိမ်းယူခြင်းကိစ္စများ ဆောင်ရွက်ခြင်း၊ လျော်ကြေးငွေများပေးဆောင်ရန် ကိစ္စများဆောင်ရွက်ခြင်း၊

          ( ဌ )   အခြားလုပ်ငန်းနှင့်ဦးစီးဌာနများ၏ ရန်ပုံငွေအဖြစ်ဆောင်ရွက်သော အပ်ငွေလုပ်ငန်း များ ဆောင်ရွက်ရာတွင် ကြီးကြပ်ကွပ်ကဲခြင်း၊

       ( ဍ )   အရေးကြီးပုဂ္ဂိုလ်များ၏ ခရီးစဉ်မှတ်တမ်းများပြုစုခြင်း၊ ဆုံးဖြတ်ချက်များအတိုင်း အရေးယူဆောင်ရွက်ရန် ညွှန်ကြားခြင်း၊ အရေးယူဆောင်ရွက်မှုများအား စိစစ် ကြပ်မတ်ခြင်း၊       

        ( ဎ )   ရေအားလျှပ်စစ်လုပ်ငန်းနှင့်ပတ်သက်၍ သတင်းဖြန့်ချီရေး၊ ပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်၍ နေ့စဉ်သတင်းစာများတွင် ပါရှိလာသော ဌာနဆိုင်ရာနှင့်ဝန်ကြီးဌာနဆိုင် ရာသတင်းများကို ကောက်နှုတ်တင်ပြခြင်း၊ အရေးယူဆောင်ရွက်ခြင်း။

၃။     ငွေစာရင်းဌာနခွဲ

        (က)    ဌာနဆိုင်ရာရငွေနှင့် အသုံးစရိတ်များကို စာရင်းပြုစုခြင်း၊

        ( ခ )   ဌာနတွင်း စာရင်းစစ်ဆေးခြင်း၊

        ( ဂ )   ဦးစီးဌာနအနေဖြင့်လည်းကောင်း၊ ဌာနလက်အောက်ရှိ စီမံကိန်းများ၊ ရုံးများအနေဖြင့် လည်းကောင်း လိုက်နာကျင့်သုံးရမည့် ငွေစာရင်းဥပဒေများ၊ နည်းဥပဒေများရေးဆွဲ ခြင်း၊ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊

        (ဃ)    ငွေစာရင်းဆိုင်ရာဝန်ထမ်းအဆင့်ဆင့်၏ လိုက်နာကျင့်သုံးရမည့် ငွေစာရင်းဆိုင်ရာ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊

        ( င )   အခါအားလျော်စွာ ဌာနတွင်း ငွေစာရင်းသင်တန်းများဖွင့်လှစ်ပို့ချခြင်း၊

       ( စ )   နိုင်ငံတော်မှ ဖွင့်လှစ်သော ငွေစာရင်းသင်တန်းများသို့ ဝန်ထမ်းများအား စေလွှတ် သင်တန်းများ တက်ရောက်စေခြင်း၊ ဌာနအနေဖြင့် ပေးရန်ရှိသည့် နိုင်ငံခြားချေးငွေ များနှင့်ပတ်သက်၍ ဆောင်ရွက်ခြင်း၊

        (ဆ)    မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်များနှင့် ဆက်သွယ်ဆောင်ရွက် ခြင်း၊

        ( ဇ )   နိုင်ငံခြားသုံးငွေ (FE) များသုံးစွဲခွင့်လျှောက်ထားခြင်း၊ နိုင်ငံခြားငွေလွှဲစာတမ်း (LC) များ ဖွင့်လှစ်ခြင်းနှင့် ပေးချေးခြင်းများအတွက် ဆောင်ရွက်ခြင်း၊

      (ည)    အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်လာသော နိုင်ငံတော်ပိုင်ငွေသား များကို စာရင်းမှ ပယ်ဖျက်ရေးကိစ္စရပ်များအား ဆောင်ရွက်ခြင်း၊

        ( ဋ )   စာရင်းစစ်ချုပ်ရုံးမှ ပေးပို့သောစာရင်းစစ်ချက် အစီရင်ခံစာများကို သက်ဆိုင်ရာရုံးများ တွင် ညှိနှိုင်းအရေးယူဆောင်ရွက်ခြင်း။

၄။     ပစ္စည်းဖြည့်တင်းရေးဌာနခွဲ

        (က)    ရေအားလျှပ်စစ်ဦးစီးဌာနရှိ တည်ဆောက်ရေးလုပ်ငန်းများ၊ စီမံကိန်းများအတွက် လိုအပ်သော စက်ယန္တရားများ၊ တည်ဆောက်ရေးပစ္စည်းများ၊ ယာဉ်များနှင့် ပတ်သက် ၍ ပစ္စည်းပိုင်ဆိုင်ရာ ရသုံးခန့်မှန်းခြေစာရင်းများပြုစုခြင်း၊ ရေးဆွဲခြင်း၊ စိစစ်ခြင်း၊                        သက်ဆိုင်ရာသို့ တင်ပြခြင်း၊

        (ခ )    စက်ယန္တရားများ၊ စက်ကိရိယာများ၊ လုပ်ငန်းအထောက်အကူပစ္စည်းများ၊ ဆက်သွယ် ရေးပစ္စည်းများအား မှတ်တမ်းများပြုစု၍ ထိန်းသိမ်းခြင်း၊ စီမံကိန်းများမှ လိုအပ်ချက်  များအား စိစစ်၍ ခွဲဝေသတ်မှတ်ခြင်း၊

        ( ဂ )   စီမံကိန်းများ ထိန်းသိမ်းရေးလုပ်ငန်းမျာအတွက် ဝယ်ယူဖြန့်ဖြူးရန်ရှိသော အဓိကပံ့ပိုး ပစ္စည်းများဖြစ်သည့် စက်သုံးဆီများ၊ ဘိလပ်မြေ၊ သံချောင်းနှင့် ယမ်းဘီလူးများနှင့် ပတ်သက်၍ ဘဏ္ဍာရေးနှစ်အလိုက်လိုအပ်ချက်များ ရေးဆွဲပြုစုခြင်း၊ အထက်ဌာန                    များ သို့တင်ပြခြင်း၊ သက်ဆိုင်ရာဌာနခွဲလုပ်ငန်းများသို့ အမှာစာများပေးပို့ခြင်း၊ ညှိနှိုင်း ဆောင်ရွက်ခြင်း၊ ဝယ်ယူရရှိသောပစ္စည်းများကို လုပ်ငန်းလိုအပ်ချက်အလိုက် ခွဲဝေပေး ခြင်း၊ လွှဲပြောင်းပေးခြင်း၊

      (ဃ)    ပြည်တွင်းမှ ဝယ်ယူရရှိနိုင်သောပံ့ပိုးပစ္စည်းများကိုစနစ်တကျအချိန်မီ ဝယ်ယူစုဆောင်း ခြင်း၊ စနစ်တကျသိုလှောင်ခြင်း၊ သက်ဆိုင်ရာလုပ်ငန်းဌာနစုများသို့ ခွဲဝေပေးခြင်း၊

      ( င )   တည်ဆောက်ရေးလုပ်ငန်းများအတွက် နိုင်ငံခြားငွေ (ချေးငွေ၊ ထောက်ပံ့ငွေ၊ နိုင်ငံခြား ငွေလွတ်) ဖြင့် ဝယ်ယူမည့် စက်ယန္တရားများ၊ စက်ကိရိယာတန်ဆာပလာများ၊ တည် ဆောက်ရေးသုံးပစ္စည်းများ၊ ရုံးသုံးပစ္စည်းများ စသည့်တို့အတွက် စာရင်းဇယားများ                   ပြုစုရေးဆွဲခြင်း၊ ၎င်းပစ္စည်းများ ဝယ်ယူခွင့်ရရှိရေးအတွက် စက်ပစ္စည်းစာရင်းအင်း နှင့် စစ်ဆေးရေးဦးစီးဌာန (ECC) သို့ တင်ပြခြင်း၊ အတည်ပြုချက်ရယူခြင်း၊

        ( စ )   ဝယ်ယူရန်ခွင့်ပြုချက်ရရှိပြီးသော စက်ယန္တရားများ၊ စက်ကိရိယာတန်ဆာပလာများ၊ တည်ဆောက်ရေးပစ္စည်းများ၊ ယာဉ်များ၊  ရုံးသုံးပစ္စည်းများအတွက် ဝယ်ယူရေးအစီ အစဉ်များရေးဆွဲခြင်း၊ စက်မှုဆိုင်ရာ စံချိန်စံညွှန်းများရေးဆွဲခြင်း၊ အထက်အဆင့်                       ဆင့် သို့ အတည်ပြုချက်ရယူခြင်း၊ တင်ဒါဖိတ်ခေါ်ခြင်း၊ တင်ဒါပိတ်ခြင်း၊ တင်ဒါဖွင့်ခြင်း၊ စျေးနှုန်းနှင့် စံချိန်စံညွှန်းနှိုင်းယှဉ်ချက် ဇယားရေးဆွဲပြုစု၍ တင်ဒါရွေးချယ်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးသို့ တင်ပြခြင်း၊ အတည်ပြုဆုံးဖြတ်ချက်                       ရယူ၍ကုန်ဝယ်စာချုပ် ချုပ်ဆိုခြင်း၊ မှာကြားခြင်း၊

        (ဆ)    ကုန်ဝယ်စာချုပ် ချုပ်ဆိုပြီးသည့်လုပ်ငန်းများအတွက် အာမခံငွေများ လက်ခံခြင်း၊ နိုင်ငံခြားသုံးငွေလျှောက်ထားခြင်း၊ ငွေလွှဲစာတမ်း(LC)ဖွင့်လှစ်ခြင်း စသည့်ငွေစာရင်း နှင့်ပတ်သက်သည့် လုပ်ငန်းများကို စီမံကိန်းနှင့်လုပ်ငန်းဌာနခွဲ/ ငွေစာရင်းဌာနခွဲများ                         နှင့်ညှိနှိုင်းဆောင်ရွက်ခြင်း၊

        ( ဇ )   ဝယ်ယူရေးအစီအစဉ်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပါဝင်သော စံချိန်စံညွှန်း များ စာရွက်စာတမ်းများ တင်ဒါစာရွက်စာတမ်းများ၏ လုံခြုံမှုနှင့် သတင်းလုံခြုံမှု အတွက် စနစ်တကျထိန်းသိမ်းထားရှိခြင်း၊

        ( စျ )   နိုင်ငံခြားအတိုင်ပင်ခံများ ကန်ထရိုက်တာများနှင့်ပတ်သက်သော ကိုယ်ရေးကိုယ်တာ ပစ္စည်းများနှင့် ပတ်သက်၍ ဆောင်ရွက်ခြင်း၊

        (ည)    နိုင်ငံခြားသုံးငွေဖြင့် ဆိုင်းငံ့ကာလငွေပေးချေစနစ် (Deferred Payment) နှင့် မြန်မာ့ ကျပ်ငွေဖြင့် ပေးချေခြင်းစနစ်ဖြင့် ရောင်းချလိုသည့် ကုမ္ပဏီများ၏ တင်ပြချက်များ အား အထက်အဆင့်ဆင့်သို့ ဆက်လက်တင်ပြပြီး လမ်းညွှန်းချက်များအတိုင်း                            လိုအပ် သလိုဆက်လက်ဆောင်ရွက်ခြင်း၊

        ( ဋ )   စီမံကိန်းများအတွက် လိုအပ်သော ယမ်းဘီလူးနှင့် ဆက်စပ်ပစ္စည်းများ မှာကြားဝယ် ယူရေးတွင် ပစ္စည်းများ ရွှေ့ပြောင်းသယ်ယူရေးကိစ္စရပ်များ၊ ထားသိုရေးကိစ္စများ၊ လုံခြုံရေးကိစ္စရပ်များအား သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ခွင့်ပြုချက်ရရှိရေး ညှိနှိုင်း                      ခြင်း၊ စီစဉ်ဆောင်ရွက်ခြင်း၊

      ( ဌ )   စတိုသိုလှောင်ရုံးများရှိ ပစ္စည်းများအား စနစ်တကျထားရှိခြင်း၊ ပုံမှန်စာရင်းဇယား များစစ်ဆေးခြင်း၊ မီးဘေးလုံခြုံရေးစီမံချက်များချမှတ်၍အန္တရာယ်ကင်းရှင်းရေးလုပ်ငန်း များဆောင်ရွက်ခြင်း။

၅။     ဒီဇိုင်းနှင့်ပုံထုတ်ဌာနခွဲ

        (က)    ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းသစ်များ ဦးစားပေးအစီအစဉ်ရေးဆွဲခြင်းနှင့်စီမံကိန်း သစ်များ ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုအစီရင်ခံစာများရေးသားပြုစုခြင်း၊

      ( ခ )   စူးစမ်းလေ့လာမှု အစီရင်ခံစာများ (Investigation Reports) ဆောင်ရွက်တင်ပြနိုင် ရန်အတွက် သက်ဆိုင်ရာဌာနခွဲများသို့ လေ့လာမှုလိုအပ်ချက်များ (Investigation Assigments) ပြုစုပေးပို့ခြင်း၊

        ( ဂ )   စီမံကိန်းလုပ်ငန်းအသီးသီးတွင် တည်ဆောက်မည့်လူနေအိမ်များ၊ သိုလှောင်ရုံများ ရှင်းလင်းခန်းမများနှင့် အခြားအဆောက်အဦအသီးသီးတို့၏ သတ်မှတ်ဒီဇိုင်းပုံစံများ ရေးဆွဲခြင်း၊ ခန့်မှန်းခြေစာရင်းများ ပြုစုထုတ်ပြန်ခြင်း၊ အခါ အားလျော်စွာ ယင်းဒီဇိုင်း                    ပုံစံများအား ပြင်ဆင်ဖြည့်စွက်ခြင်း၊

        (ဃ)    တည်ဆောက်ပြီး၊ တည်ဆောက်ဆဲစီမံကိန်းလုပ်ငန်းများ၏ ကျွမ်းကျင်မှုဆိုင်ရာ ပြဿနာများ (Techanical Issues) အား ဆောင်ရွက်ဖြေရှင်းခြင်း၊

        ( င )   ရေလှောင်ကန်အသစ်များ၏ ရေတံခါးများ၊ ဖွင့်ပိတ်မှုနည်းစနစ် (Reservoir Opera- tion) နှင့် တာတမံထိန်းသိမ်းရေး ညွှန်ကြားချက်များ (Dam Regulation) များ ရေး ဆွဲခြင်း၊

         ( စ )   ကျွမ်းကျင်မှုဆိုင်ရာ ညွှန်ကြားချက်များ၊ စာတမ်းများ၊ နည်းပညာဆာကြူလာများ ထုတ်ပြန်ခြင်း၊

        (ဆ)    ရေအားလျှပ်စစ်လုပ်ငန်းများတည်ဆောက်မှု အရည်အသွေးထိန်းသိမ်းခြင်း၊ (Quality Control) အတွက် စံချိန်စံညွှန်း (Specification) များ ရေးဆွဲပြုစုခြင်း၊

        ( ဇ )   စာကြည့်တိုက်လုပ်ငန်းများပြုစုထိန်းသိမ်းခြင်း၊

        ( ဈ )   ကွန်ပျူတာဌာနစိတ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊

        (ည)    နည်းပညာသင်တန်းများ ဖွင့်လှစ်သင်ကြားခြင်း၊

        ( ဋ )   နိုင်ငံခြားအဖွဲ့အစည်းများနှင့်ဆက်သွယ်၍ အခါအားလျော်စွာ မွမ်းမံသင်တန်းများ ဖွင့်လှစ်သင်ကြားခြင်း၊

        ( ဌ )   ကွန်ပျူတာအသုံးချလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

        ( ဍ )   ဒီဇိုင်းစံချိန်စံညွှန်းများ (Design Criteria) များရေးဆွဲခြင်း၊ ပြဌာန်းခြင်း၊

        ( ဎ )   ရေ၊ မြေနှင့် ကွန်ကရစ် စမ်းသပ်မှုဓါတ်ခွဲခန်းလုပ်ငန်းများဆောင်ရွက်ခြင်း၊ လုပ်ငန်း အရည်အသွေးထိန်းသိမ်းခြင်း၊ တာဝန်ထမ်းဆောင်ခြင်း၊

        (ဏ)   တည်ဆောက်ပြီး ရေအားလျှပ်စစ်စီမံကိန်းများ၏ ဒီဇိုင်းပုံစံများ၊ တည်ဆောက်မှု ထိန်းသိမ်းရေးမှတ်တမ်းများပြုစုထိန်းသိမ်းခြင်း၊

        (တ)    မြန်မာနိုင်ငံမြေတိုင်းဦးစီးဌာနမှ ထုတ်ဝေသော မြေပုံများအား ဝယ်ယူခြင်း၊ ထိန်းသိမ်း ခြင်း။

၆။     စူးစမ်းလေ့လာရေးဌာနခွဲ

        (က)    မြေပြင်အနိမ့်အမြင့်တိုင်းတာခြင်းလုပ်ငန်းများ

                  (၁)    ရေလှောင်ကန်၊ ရေဝပ်ဧရိယာတို့၏ ကွန်တိုမြေပုံများ တိုင်းတာပုံထုတ်ခြင်း၊

               (၂)    နိုင်ငံတော်မြေတိုင်းဌာနမှ သတ်မှတ်ထားသည့် မှန်ပန္နက်အုတ်ခုံများ (Bench Marks) မှ စီမံကိန်းဒေသများ၏ အနိမ့်အမြင့်တိုင်းတာ၍ နိမ့်မြင့်မှတ်ပြအုတ်ခုံ များ ချမှတ်ခြင်း၊

                  (၃)    ရေလှောင်တမံ၊ ရေလွှဲဆည်၊ ရေသွယ်ပိုက်လိုင်း၊ ဓါတ်အားပေးစက်ရုံ၊ ဓါတ်အား လိုင်းများ တည်ဆောက်မည့်နေရာများ၏ မြေပြင်အနေအထား၊ အသေးစိတ် တိုင်းတာခြင်း၊ မြေပုံများ ရေးဆွဲခြင်း၊

                  (၄)    အကြိုတည်ဆောက်မှုကာလအဆင့် (Pre-Construction Stage) တွင် ရေအား လျှပ်စစ်စီမံကိန်းကြီး/ ငယ်များ၏ လုပ်ငန်းများအား ညွှန်ကြားရေးမှူးချုပ်မှ အကန့်အသတ်ဖြင့် တာဝန်ပေးအပ်ချက်အရ ဆောင်ရွက်ခြင်း၊

                  (၅)    ရေအားလျှပ်စစ်စီမံကိန်းများမှလိုအပ်သည့် ကျောက်ထုတ်လုပ်ခြင်းလုပ်ငန်းများ ကို တာဝန်ယူလုပ်ကိုင်ခြင်း၊

                  (၆)    တိုင်းတာထားရှိပြီးသောစီမံကိန်းအလိုက် မြေပုံများကို ထိန်းသိမ်းခြင်း၊ သက်ဆိုင် ရာဌာနခွဲများသို့ထုတ်ပေးခြင်း၊

                  (၇)    မြန်မာနိုင်ငံမြေတိုင်းဦးစီးဌာနမှထုတ်ဝေသော မြေပုံများအား ဝယ်ယူခြင်း၊ ထိန်းသိမ်းခြင်း၊

                  (၈)    စီမံကိန်းဧရိယာများ၏ ကောင်းကင်မြေတိုင်းဓာတ်ပုံများ ရိုက်ကူးရန်အတွက် မြေတိုင်းဦးစီးဌာနနှင့်ညှိနှိုင်းဆောင်ရွက်ခြင်း၊ မြေတိုင်းဓာတ်ပုံများကိုသိမ်းထိန်းခြင်း၊

        ( ခ )   ဇလဗေဒအချက်အလက်စူးစမ်းလေ့လာခြင်းလုပ်ငန်းများ

               (၁)    ရေအားလျှပ်စစ်စီမံကိန်းများတည်ဆောက်ရာတွင် လိုအပ်သော ဒီဇိုင်းပုံစံများ တွက်ချက်ပြုစုနိုင်ရန်အတွက် ဇလဗေဒနှင့် မိုးလေဝသအချက်အလက်များကို တိုင်းတာစုဆောင်းခြင်း၊

              (၂)    စီမံကိန်းအကောင်အထည်ဖော်မည့် မြစ်ချောင်းနှင့်အလားအလာကောင်းသည့် မြစ်ချောင်းများပေါ် တိုင်းတာရေးစခန်းများဖွင့်လှစ်၍ ရေမှတ်၊ မှတ်သားခြင်း၊ ရေစီးနှုန်းများတိုင်းတာခြင်း၊

               (၃)    မိုးလေဝသအချက်အလက်များဖြစ်သည့် ရေမှတ်၊ ရေစီးနှုန်း၊ မိုးရေချိန်၊ အပူချိန်၊ ရေငွေ့ပျံနှုန်းနှင့် စိုထိုင်းဆ လေတိုက်နှုန်းများစသည့်အချက်အလက် များကိုတိုင်းတာမှတ်တမ်းများရယူခြင်း၊

               (၄)    ကွန်ပျူတာများအသုံးပြု၍ မိုးလေဝသနှင့်ဇလဗေဒအချက်အလက်များကို Data Bank စုဆောင်းခြင်း။

၇။     ဘူမိဗေဒဌာနခွဲ (Geological Branch)

           ဘူမိဗေဒဌာနခွဲ၏ လုပ်ငန်းတာဝန်များမှာ-

             (က)  ရေအားလျှပ်စစ်တာတမံများတည်ဆောက်မည့် စီမံကိန်းဧရိယာနှင့်တမံအူကြောင်း တစ်လျှောက်မြေပြင်ဘူမိဗေဒအခြေအနေများ စူးစမ်းလေ့လာခြင်း၊

               ( ခ )  ရေဝပ်ဧရိယာ၏ မြေပြင်ဘူမိဗေဒအခြေအနေများ စူးစမ်းလေ့လာခြင်း၊

               ( ဂ )  ဘူမိဗေဒမြေပုံများရေးဆွဲခြင်း၊

               (ဃ)  စီမံကိန်းဧရိယာတွင် အင်ဂျင်နီယာဘူမိဗေဒအခြေအနေများသိရှိနိုင်ရန် စိန်လွန် တူးဖော်စမ်းသပ်ခြင်း၊   

                ( င )  ရေစိမ့်တားနှုန်းတိုင်းတာခြင်း၊

              ( စ )  မြေစမ်းခြင်းများ (Test Pits)၊ မြေစမ်းမြောင်းများ (Test Trenches) တူးဖော် ၍မြေနမူနာယူခြင်း၊ရေ/မြေ/ကွန်ကရစ် စမ်းသပ်ဓာတ်ခွဲခန်းသို့ပို့ဆောင်စမ်းသပ် ခြင်း၊ ရေစိမ့်တာနှုန်းတိုင်းတာခြင်း၊

                 (ဆ)   စမ်းသပ်ဘိလပ်မြေဖိသွင်းခြင်း (Test Grout) လုပ်ငန်းများဆောင်ရွက်ခြင်း၊

               ( ဇ )  ရေလွှဲဥမင်လိုဏ်/ ရေယူဥမင်လိုဏ်/ ရေလျှံထိန်းဆည်ဖောက်လုပ်ရာတွင်ယမ်း ဘီလူးနှင့်ဆက်စပ်ပစ္စည်းအသုံးပြုလျက် ကြီးကြပ်ဆောင်ရွက်ခြင်း၊

                 ( ဈ ) ရေအားလျှပ်စစ်အဆောက်အအုံလုပ်ငန်းများအား ခိုင်ခန့်မှုအတွက် Grouting လုပ်ငန်းများဆောင်ရွက်ခြင်း၊

                  (ည)   စိန်လွန်တွင်းတူးစက်ပစ္စည်းနှင့် အရန်ပစ္စည်းများကို ထိန်းသိမ်းခြင်း၊

                  ( ဋ ) ရေအားလျှပ်စစ်ဆိုင်ရာအင်ဂျင်နီယာအဆောက်အအုံများ၏ အောက်ခံ အုတ်မြစ် ခိုင်ခံ့အောင်ပြုပြင်ခြင်း၊

                  ( ဌ )  ဖို့မြေ၊ သဲ၊ ကျောက်၊ ကျောက်ကြီးစသည့် တည်ဆောက်ရေးပစ္စည်းများ ရှာဖွေခြင်း။

၈။     စက်မှုယန္တရားဌာနခွဲ (Machanical Branch)

             စက်မှုယန္တရားဌာနခွဲ၏လုပ်ငန်းတာဝန်များမှာ-

                (က)  ဌာနပိုင်စက်ယန္တရားကြီးများနှင့် စက်ကိရိယာများကိုထိန်းသိမ်းပြုပြင်ခြင်း၊ စီမံ ကိန်းလုပ်ငန်းများ၏ တည်ဆောက်ရေးလုပ်ငန်းများ၌ စက်ယန္တရားဖြင့်ပါဝင် ဆောင်ရွက်ခြင်း၊

                  ( ခ )  ဌာနပိုင်လုပ်ငန်းသုံး၊ ရုံးသုံးယာဉ်များ၊ မော်တော်ယာဉ်ကြီး/ငယ် များထိန်းသိမ်း ခြင်း၊ ပြုပြင်ခြင်း၊

                  ( ဂ )  လက်အောက်ခံစက်မှုလုပ်ငန်းရုံးများ တည်ဆောက်ရေးရုံးများအောက်ရှိ စက်မှု လုပ်ငန်းရုံးများရှိ စက်ယန္တရား၊ စက်ကိရိယာနှင့်ယာဉ်များ စနစ်တကျသုံးစွဲမှု၊ ထိန်းသိမ်းမှုအတွက် ညွှန်ကြားခြင်း၊ စစ်ဆေးခြင်း၊

                 (ဃ)  ပြင်ဆင်မွမ်းမံပြီး စက်ယာဉ်များအား လုပ်ငန်းစီမံကိန်းများသို့ အထက်အဆင့် ရုံးအကြီးအကဲများထံ တင်ပြအတည်ပြုချက်ရယူ၍ ခွဲဝေပေးပို့ခြင်း၊

                  ( င )  နိုင်ငံခြားမှ ရောက်ရှိလာသော စက်ယန္တရား/ ယာဉ်များနှင့် အရံပစ္စည်းများကို လက်ခံရယူခြင်း၊ စီမံကိန်းလုပ်ငန်းနှင့် ရုံးများသို့ ခွဲဝေပေးပို့ခြင်း၊ ဖြန့်ဖြူးခြင်း၊ စနစ်တကျသုံးစွဲမှုကို ကြီးကြပ်ဆောင်ရွက်ခြင်း၊

                ( စ )  စက်ယန္တရား/ ယာဉ်များအတွက် လိုအပ်သောအရံပစ္စည်းများစာရင်းပြုစုခြင်း၊ ပြည်တွင်း/ ပြည်ပမှ ဝယ်ယူရန်အတွက် ညွှန်ကြားရေးမှူးချုပ်ရုံးသို့ တင်ပြခြင်း၊

                  (ဆ)   စတိုများရှိ အရံပစ္စည်းများကိုထိန်းသိမ်းခြင်း၊ ထုတ်ပေးခြင်း၊ စစ်ဆေးခြင်းနှင့်  ပြန်တမ်းများပြုစုတင်ပြခြင်း၊

                  ( ဇ )  စက်ဆီ/ချောဆီ/စက်မောင်းဆီများကို စုဆောင်းခြင်း၊ထုတ်ပေးခြင်း၊ ထိန်းသိမ်း ခြင်း၊ ပြန်တမ်းများပြုစုတင်ပြခြင်း၊

                  ( ဈ ) နှစ်စဉ်လိုအပ်မည့် တာယာများ၊ ဘတ္ထရီများ၊ စက်ဆီ/ချောဆီ/စက်မောင်းဆီများ ကို စာရင်းပြုစု၍တင်ပြခြင်း၊

                  (ည)   အလုပ်ရုံများတွင် စက်ယန္တရား/ယာဉ်များစစ်ဆေးရာတွင် နှစ်စဉ်သုံးလပတ် အလိုက်လျာထားချက်များ၊ အမှန်တကယ်ပြင်ဆင်မှုများကို စာရင်းဇယားပြုစု တင်ပြ အစီရင်ခံခြင်း၊

                 ( ဋ )  စက်မှုဘာသာရပ်/ စက်ယန္တရား/ ယာဉ်/ စက်ပစ္စည်းကိရိယာများနှင့်ပတ်သက်၍ မောင်းနှင်ထိန်းသိမ်းမှုဆိုင်ရာ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များ စာတမ်း များထုတ်ပြန်ခြင်း၊

                ( ဌ )  စက်မှုဝန်ထမ်းများအားဌာနတွင်းစက်မှုသင်တန်းကျောင်းများတွင် ပုံမှန်သင်တန်း များ၊ အထူးသင်တန်းများတွင် ပို့ချခြင်း၊ ပြင်ပသင်တန်းများသို့ တက်ရောက်စေ ခြင်း၊

                 ( ဍ )  အလုပ်ရုံ၊စတို၊ ဂိုဒေါင်များနှင့် ဝန်ထမ်းနေအိမ်များအတွက် လုံခြုံရေးနှင့် မီးဘေး ကာကွယ်ရေးစီမံချက်များရေးဆွဲခြင်း၊ တာဝန်ချမှတ်ဆောင်ရွက်စေခြင်း၊

                  ( ဎ )  ညွှန်ကြားရေးမှူးချုပ်ရုံးမှ ချမှတ်ခွဲဝေပေးသော ရန်ပုံငွေများကို စက်မှုရုံးများသို့ ခွဲဝေချထားပေးခြင်းနှင့် အသုံးစရိတ်များကို စစ်ဆေးခြင်း၊ စက်မှုရုံးများမှ တင်ပြ သော ခန့်မှန်းခြေစာရင်းများကို စိစစ်ခွင့်ပြုခြင်း၊

                  (ဏ)  တည်ဆောက်ရေးညွှန်ကြားရေးမှူးရုံးများအောက်ရှိ စက်မှုလုပ်ငန်းများ၏ လုပ် ငန်းဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန် ညှိနှိုင်းပေါင်းစပ်ခြင်း၊ အကြံ ပြုချက် တင်ပြဆောင်ရွက်ခြင်း၊

                (တ)  ဌာနတွင်းရှိစက်ယန္တရား/ယာဉ်/စက်နှင့် စက်ပစ္စည်းစာရင်းဇယားများကို ထိန်း သိမ်းခြင်း၊ ပြင်ဆင်ခြင်းနှင့် စက်ယန္တရား/ ယာဉ်နှင့်စက်ပစ္စည်းများ စီမံကိန်း လုပ်ငန်းလိုအပ်ချက်အရ ပြောင်းရွှေ့နေရာချထားခြင်းကိစ္စရပ်များကို အထက် အဆင့်ရုံးများမှ                            အကြီးအကဲထံတင်ပြဆောင်ရွက်ပေးခြင်း၊

                  (ထ)  စီမံကိန်းများ၏ စက်ယန္တရား/ ယာဉ်/ စက်ပစ္စည်းကိရိယာ အသုံးပြုလုပ်ငန်းများ စက်စွမ်းအားပြည့် လုပ်ဆောင်ပေးနိုင်ရေး ကြီးကြပ်ကွပ်ကဲခြင်း။

၉။     စက်မှုလျှပ်စစ်တပ်ဆင်ရေးဌာနခွဲ

                   (က)    စက်မှုလျှပ်စစ်တပ်ဆင်ခြင်းလုပ်ငန်းများ

                             (၁)     ရေအားလျှပ်စစ်စီမံကိန်းများတွင် စက်မှုတပ်ဆင်ခြင်းလုပ်ငန်းများဖြစ် သည့် ရေထိန်းတံခါးများ (Water Controlled Gate & Valves) ဒိုက်ကာဇကာများ (Trash Racks) ကရိန်းများပုံစံထုတ်ခြင်း၊ စက်မှု အလုပ်ရုံသို့  ပစ္စည်း

ထုတ်လုပ်မှာကြားခြင်း၊ တပ်ဆင်တည်ဆောက်ခြင်း၊

                              (၂)    အကြီးစားရေအားလျှပ်စစ်စီမံကိန်းများတွင် တပ်ဆင်မည့်ရေတံခါးများ၊ ဂိတ်ဗားများ (Gates & Valves)၊ ဒိုက်ကာဇကာများ (Trash Racks)၊ ဂန်ထရီကရိန်းများ (Gantry Cranes) ၏ စံချိန်စံညွှန်းများကို ပြုစုခြင်း၊ စိစစ်ခြင်း၊

                   (၃)    နိုင်ငံခြားမှဝယ်ယူသည့် အကြီးစားရေတံခါးများ၊ ဂိတ်ဗားများ၊ ဒိုက်ကာ ဇကာများ၊ ဂန်ထရီကရိန်းများအား တပ်ဆင်တည်ဆောက်ခြင်း၊

                             (၄)    ရေအားလျှပ်စစ်စီမံကိန်းများတွင် ဖိအားမြှင့်သံပိုက်များ( Pen Stocks)၊ ဖိအားနိမ့်သံပိုက်များ (Low Prတessure Pipes) တပ်ဆင်ခြင်း၊ Ultra Sound နည်းဖြင့်လည်းကောင်း၊ ဓာတ်မှန်ရိုက်၍လည်းကောင်း စစ်ဆေး ခြင်း၊

                              (၅)    တာဘိုင် (Turbine)၊ ဂျင်နရေတာ (Generator)၊ ဂါဗနာ (Governers)၊ ဂိတ်ဗားများ၊ရေထုတ်ပိုက်များ၏စံချိန်စံညွှန်းများကိုပြုစုခြင်း၊ စိစစ်ခြင်း၊

                              (၆)    နိုင်ငံခြားမှဝယ်ယူသည့် တာဘိုင်၊ ဂျင်နရေတာများ၊ ဂါဗနာများ၊ ဂိတ် ဗားများအား တပ်ဆင်တည်ဆောက်ခြင်း၊

                  ( ခ )    လျှပ်စစ်တပ်ဆင်ခြင်းလုပ်ငန်းများ

                             (၁)     ရေအားလျှပ်စစ်စီမံကိန်းများတွင် တပ်ဆင်မည့် ဂျင်နရေတာ၊ အိတ်ဆိုက်တာ (Exiter)၊ ထရန်စဖော်မာ၊ Switch Gears များ ထိန်းသိမ်းရေးအလုပ် ရုံများ၏ စံချိန်စံညွန်းများ ရေသားပြုစုခြင်း၊ စိစစ်ခြင်း၊

                         (၂)    ဂျင်နရေတာ၊ အိတ်ဆိုက်တာ (Exiter)၊ ထရန်စဖော်မာ၊ Switch Gears များ ထိန်းသိမ်းရေးအလုပ် ရုံများအား တပ်ဆင်တည်ဆောက်ခြင်း၊

                             (၃)    ဗိုအားခလုတ်တလင်း (Switchyard) များတွင် တပ်ဆင်မည့် ကိရိယာ များ၏ စံချိန်စံညွန်းများကို ရေးသားပြုစုခြင်း၊ စိစစ်ခြင်း၊

                             (၄)    ဗိုအားခလုတ်တလင်း (Switchyard)များအား တပ်ဆင်တည်ဆောက်ခြင်း။

၁၀။   ထိန်းသိမ်းရေးဌာနခွဲ

             (က)    တည်ဆောက်ပြီးရေလှောင်တမံများ၊ ရေလွှဲဆည်များ၊ တမံနှင့်ဆက်နွယ်သော ရေအား အဆောက်အအုံများဖြစ်သည့် ရေပိုလွှဲ၊ ရေလွှဲရေထုတ်ပြွန်နှင့် ရေထိန်း အဆောက်အအုံများ၊ ရေလွှဲဥမင်လိုဏ်၊ ရေယူဥမင်လိုဏ် စသည်တို့နှင့် ဆက်နွယ် ရေယူ                             အဆောက်အအုံများ၊ ရေသွယ်မြောင်းများ၊ ဖိအားနိမ့်/ ဖိအား မြင့်သံမဏိပိုက်လိုင်းများ စသည်တို့အား ထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ခြင်း၊

             ( ခ )   မြေသားတမံ/ ကျောက်ဖြည့်တမံ/ RCC တမံ/ ကွန်ကရစ်တမံ ကိုယ်ထည်များအတွင်း နှင့်တမံအောက်ခံအုတ်မြစ်များအတွင်းထည့်သွင်းတပ်ဆင်ထားသောတိုင်းတာရေး ပစ္စည်းကိရိယာများ (Dam Instruments) အား တမံအဆောက်အအုံ၏                                    အခြေအနေ (Dam Behavior) နေ့စဉ်ဖတ်ရှုမှတ်တမ်းတင်ခြင်း၊

             ( ဂ )    ကန်တွင်းသိုလှောင်ရေ နိမ့်/မြင့်မှတ်များ (Water Level Gauges)၊ နေ့စဉ်ရေလှောင် ကန်အတွင်း စီးဝင်သိုလှောင်ရေ၊ ဓာတ်အားထုတ်လုပ်ရန် ထွက်ရှိရေ၊ စိုက်ပျိုးရေး အတွက်ထုတ်ပေးရေ၊ ရေလှောင်ကန်အောက်ဖက်လိုအပ်ချက်အရ

   ထုတ်ပေးရေပမာဏ များ စသည်တို့ကို ဖတ်ရှုတိုင်းတာခြင်း၊ မှတ်တမ်းတင်ခြင်း၊

             (ဃ)     ဌာနမှ စီမံကိန်းကာလအတွင်း လုပ်ကိုင်ခဲ့သည့် ရေအားလျှပ်စစ်စက်ရုံများ၏ ဆက်သွယ်ချဉ်းကပ်လမ်းများ၊ စက်ရုံဝင်းဆက်သွယ်လမ်းများ ပြင်ဆင်ထိန်းသိမ်းခြင်း၊

             ( င )    အသေးစားရေအားလျှပ်စစ်လုပ်ငန်းများ တည်ဆောက်ခြင်းနှင့် တည်ဆောက်ပြီး အသေးစားရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းများထိန်းသိမ်းခြင်း၊

             ( စ )    အခြားအဖွဲ့အစည်းများ၏ အပ်ငွေစနစ် (Deposit Works) ဖြင့် ဆောင်ရွက်ရသော ရေအားလျှပ်စစ်လုပ်ငန်းများကို တည်ဆောက်အကောင် အထည်ဖော်ခြင်း၊

            (ဆ)     တည်ဆောက်ပြီးရေအားလျှပ်စစ်စီမံကိန်း ကြီး/ငယ်များတွင် တပ်ဆင်ထားသော ရေယူအဆောက်အအုံများ (Intake Structures)၊ ရေတံခါးများ (Water Control Gates) ထိန်သိမ်းခြင်း၊ ရေယူအဆောက်အအုံထိပ် ဒိုက်ကာဇကာများ (Trash                                  Racks)အား ထိန်းသိမ်းခြင်း၊ ရေအဝင်/အထွက် ပိတ်ဆို့မှု အဟန့်အတားများ ဖယ်ရှားထိန်းသိမ်းခြင်း၊

            ( ဇ )    အသေးစားရေအားလျှပ်စစ်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စူးစမ်းလေ့လာတိုင်းတာခြင်း၊ မိုးလေဝသနှင့်ဇလဗေဒအချက်အလက်များ စုဆောင်းခြင်း၊ အကြိုဖြစ်မြောက်နိုင်စွမ်း/ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာများ

     ရေသားပြုစုခြင်း၊

            ( စျ ) ရေအားလျှပ်စစ်စက်ရုံ အဆောက်အဦများအပါအဝင် ဆက်စပ်မြို့ပြ အင်ဂျင်နီယာလုပ်ငန်းများ ထိန်းသိမ်းခြင်း၊ အထူးပြင်ဆင်ခြင်း၊ သာမန်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊

            (ည)    အခြားမြို့ပြဆိုင်ရာ အထွေထွေအရပ်ရပ်ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊

             ( ဋ )   နှစ်စဉ်သာမန်ရသုံးမှန်းခြေစာရင်းများ ခန့်မှန်းတွက်ချက်တင်ပြ၍ ရန်ပုံငွေများရရှိရန် ဆောင်ရွက်ခြင်း၊ ဖြည့်စွက်ရန်ပုံငွေများ ရရှိရန် ဆောင်ရွက်ခြင်း၊

             ( ဌ )   ဘဏ္ဍာရေးနှစ်အလိုက် အသေးစားရေအားလျှပ်စစ်လုပ်ငန်းများ ဆောင်ရွက်မည့် အစီ အစဉ်များ ရေးဆွဲတင်ပြခြင်း၊ တည်ဆောက်ပြီး ရေအားလျှပ်စစ်စီမံကိန်း ကြီး/ငယ် များ၏ ထိန်းသိမ်းရေးလုပ်ငန်းများ

      ဆောင်ရွက်မည့်အစီအစဉ်ရေးဆွဲတင်ပြခြင်း၊

             ( ဍ )   လုပ်ငန်းခွင်သုံးပစ္စည်းစာရင်းများ (Material Site Accounts)၊ လက်သုံးကိရိယာ ပစ္စည်းများစာရင်း (Tools and Plants Register) ရုံးအလိုက် လစဉ်ပြုစုခြင်း၊

             ( ဎ )   လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ၊ ဝန်ထမ်းပိုင်းဆိုင်ရာ၊ ပစ္စည်းပိုင်းဆိုင်ရာ စက်ယန္တရား/ ယာဉ်စက်ပစ္စည်းကိရိယာပိုင်းဆိုင်ရာနှင့် ဘဏ္ဍာငွေသုံးစွဲမှုဆိုင်ရာ အခြေအနေပြ နှစ်ချုပ်အစီရင်ခံစာတင်ပြခြင်း၊

             (ဏ)   ဝန်ထမ်းအဆင့်ဆင့်၏ ပင်ကိုယ်အရည်အသွေးမြင့်မားစေရန် လုပ်ငန်းအရည်အသွေး တိုးတက်စေမည့်လုပ်ငန်းခွင်အတွင်း ထိန်းသိမ်းရေးလုပ်ငန်းပညာရပ်များကိုလေ့ကျင့် ပေးခြင်း။

၁၁။   တည်ဆောက်ရေးရုံးများ

             (က)    စီမံကိန်းဖြစ်မြောက်နိုင်စွမ်းအစီရင်ခံစာ၊ အသေးစိတ်စီမံကိန်းဒီဇိုင်းအစီရင်ခံစာများ အရ လက်တွေ့တည်ဆောက်ရာတွင် အသေးစိတ်ပြန်လည်စူးစမ်းလေ့လာခြင်း၊ မြေပြင် တိုင်းတာခြင်း၊ ဇလဗေဒအချက်အလက်များ၊

       ဘူမိဗေဒအချက်အလက်များ၊ တည်ဆောက်ရေးပစ္စည်းများ ရှာဖွေစမ်းသပ်ခြင်းဆိုင်ရာ အချက်များစုဆောင်းခြင်း၊ လုပ်ငန်းသုံးဒီဇိုင်းပုံစံ (Working Design and Drawing) ထုတ်လုပ်ခြင်း၊

             ( ခ )   အသေးစိတ်စီမံကိန်းဒီဇိုင်းအစီရင်ခံစာအရ စီမံကိန်းခန့်မှန်းခြေစာရင်းပြုစုရေးဆွဲခြင်း၊ ညွှန်ကြားရေးမှူးချုပ်ထံ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ခွင့်ပြုချက် (Techanical Sanction) တင်ပြတောင်းခံခြင်း၊

         ( ဂ )   ဘဏ္ဍာရေးနှစ်အတွင်းနှင့်ဘဏ္ဍာရေးနှစ်အလိုက် စီမံကိန်းလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်မည့်အစီအစဉ်များ (Programmers of Works) ရေးဆွဲတင်ပြ အတည် ပြုချက်ရယူခြင်းနှင့် ယင်းပါအတိုင်း

       ပြည့်မီစွာလုပ်ဆောင်ခြင်း၊

             (ဃ)    စီမံကိန်းခန့်မှန်းခြေစာရင်းပါ လုပ်ငန်းကဏ္ဍအလိုက်/ လုပ်ငန်းအချိုးအစားအလိုက် လုပ်ပိုင်ခွင့်အပ်နှင်းထားသူအဆင့်ဆင့်ထံ လုပ်ငန်းခန့်မှန်းခြေစာရင်းများ (Working Estimates) တင်ပြအတည်ပြုချက်ရယူခြင်း၊

             ( င )   အကြီးစား/အသေးစားရေအားလျှပ်စစ်စီမံကိန်းများကို အကြိုတည်ဆောက်မှုလုပ်ငန်း များဖြစ်သော လမ်းများ၊ တံတားများ၊ လမ်းအဆောက်အအုံများ၊ ယာယီအဆောက်အဦများ၊ လူနေအိမ်များ၊ တည်ဆောက်ရေး

       အထောက်အကူပြု အဆောက်အဦးများကို တည်ဆောက်ခြင်း၊

            ( စ )   အကြီးစား/အသေးစားရေအားလျှပ်စစ်စီမံကိန်းများတွင် အဓိကတည်ဆောက်ရေး လုပ်ငန်းများဖြစ်သည့် ရေလှောင်တမံ၊ ရေလွှဲဆည်များ၊ ရေပိုလွှဲ၊ ရေသွယ်မြောင်း၊ ဖိအားနိမ့်/မြင့် သံမဏိပိုက်လိုင်းများ ရေအားလျှပ်စစ်

      စက်ရုံများကို တည်ဆောက်ခြင်း၊

            (ဆ)    တည်ဆောက်ရေးသုံးပစ္စည်းများအား လုပ်ငန်းခွင်အတွင်း ထိရောက်စွာအသုံးပြုခြင်း၊ သိုလှောင်ထိန်းသိမ်းစာရင်းဇယားများထားရှိခြင်း၊ လစဉ်လုပ်ငန်းခွင်သုံးပစ္စည်း စာရင်းများ (Matirials at Site Accounts) ပြုစုခြင်း၊

            ( ဇ )   လက်သုံးပစ္စည်းကိရိယာပစ္စည်းစာရင်းများ (Tools & Plants Register) များ လက်အောက်ခံရုံးများမှ စနစ်တကျထိန်းသိမ်းစေရေးနှင့် စစ်ဆေးကြီးကြပ်ခြင်း၊

            ( ဈ )   တည်ဆောက်ရေးအသုံးစရိတ်များကျခံသုံးစွဲခြင်း၊စာရင်းရှင်းလင်းခြင်း၊ စာရင်းဇယား များထားရှိခြင်း၊ စာရင်းစစ်ဆေးခြင်း၊

            (ည)    တည်ဆောက်ရေးလုပ်ငန်းသုံးစက်ယန္တရား၊ ယာဉ်များ၊ ကိရိယာများအား ထိရောက်စွာ သုံးစွဲခြင်း၊

            ( ဋ )   တည်ဆောက်ရေးလုပ်ငန်းသုံးစက်ယန္တရား၊ ယာဉ်များ၊ ကိရိယာများအား ထိရောက်စွာ သုံးစွဲခြင်း၊ စာရင်းဇယားများထားရှိခြင်း၊ အသေးစားပြုပြင်ခြင်း၊

            ( ဌ )   လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းရေး၊ မီးဘေးကာကွယ်ရေး၊ သက်သာချောင်ချိ ရေးစသည်များအား တာဝန်ပေးစေခိုင်းခြင်း၊ ကြပ်မတ်ဆောင်ရွက်ခြင်း၊

            ( ဍ )   ဝန်ထမ်းအဆင့်ဆင့်၏ ပင်ကိုယ်အရည်အသွေးမြှင့်မား၍ လုပ်ငန်းအရည်အသွေး    တိုးတက်စေရေးအတွက် လုပ်ငန်းခွင်အတွင်း လက်တွေ့လေ့ကျင့်ပညာပေးဌာနတွင်း သင်တန်းများပို့ချခြင်း၊ ကိရိယာပိုင်းဆိုင်ရာနှင့်ဘဏ္ဍာငွေ

     သုံးစွဲမှုဆိုင်ရာအခြေအနပြ နှစ်ချုပ်အစီရင်ခံစာတင်ပြခြင်း၊

            ( ဎ )   ဝန်ထမ်းအဆင့်ဆင့်၏ ပင်ကိုယ်အရည်အသွေးမြှင့်မားစေရန် လုပ်ငန်းအရည်အသွေး တိုးတက်စေမည့်လုပ်ငန်းခွင်အတွင်း ထိန်းသိမ်းရေးလုပ်ငန်းပညာရပ်များကို လေ့ကျင့် ပေးခြင်း။

၁၂။  သဘာဝပိုဇိုလန်ထုတ်လုပ်ရေးစက်ရုံ

           (က)    သဘာဝပိုဇိုလန်ထုတ်လုပ်ရေးစက်ရုံအနေဖြင့် ဝန်ကြီးဌာန၏ အရေးကြီးစီမံကိန်းများ အတွက် လိုအပ်သော ပိုဇိုလန်ကုန်ချောများထုတ်လုပ်ပေးလျက်ရှိရာ ထိုသို့အရေးကြီး လုပ်ငန်းများ ချောမွေ့အဆင်ပြေစွာဆောင်ရွက်အကောင်

       အထည်ဖော်နိုင်ရေးအတွက် ဝန်ကြီးဌာနအား တာဝန်ယူဆောင်ရွက်ပေးရခြင်း၊

           ( ခ )   စက်ရုံဝန်ထမ်းများကိုလည်း ထမ်းဆောင်ရမည့်တာဝန်ကို သိရှိနားလည်အောင် သင်ကြားပေးရမည့်အပြင် ဝန်ထမ်းများ၏လိုက်နာရမည့်စည်းကမ်းများ၊ ထမ်းဆောင် ရမည့်တာဝန်ဝတ္တရားများ၊ မူဝါဒများချမှတ်ပေးရခြင်း၊

   ( ဂ )   စက်ရုံဌာနအားလုံး၏ ကုန်ထုတ်လုပ်မှု၊ ဖြန့်ဖြူးရောင်းချမှုလုပ်ငန်း၊ ရုံးလုပ်ငန်းများ အားကြပ်မတ်ကွပ်ကဲရမည်၊ စက်ရုံ၏ကုန်ထုတ်လုပ်မှုတိုးတက်စေရေး၊ ကုန်ကြမ်း၊ ကုန်ချောနှင့် ပစ္စည်းများလေလွင့်မှုမရှိစေရေး ကြပ်မတ်ထိန်း

        သိမ်းပေးရခြင်း၊

            (ဃ)    စက်ရုံ၏လုံခြုံရေး၊ သဘာဝဘေး၊ မီးဘေးကာကွယ်ရေးအတွက် စီမံချက်ရေးဆွဲ၍ အခါအားလျော်စွာ ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်ရခြင်း၊

            ( င )   ဝန်ထမ်းများစည်းကမ်းစနစ်တကျရှိရေး၊ ကျန်းမာရေး၊ သက်သာချောင်ချိရေးကိစ္စများ ဝန်ထမ်းရေးရာကိစ္စများအား ဆောင်ရွက်ပေးရခြင်း၊

            ( စ )   စက်ရုံ၏ငွေစာရင်းများ စနစ်တကျထိန်းသိမ်းခြင်း၊ ရငွေ/သုံးငွေများမှန်ကန်မှုရှိရေး ကြပ်မတ်ခြင်း၊ စစ်ဆေးခြင်းများအား တာဝန်ခံဆောင်ရွက်ရခြင်း၊

            (ဆ)    စက်ရုံနှင့် ယာဉ်ယန္တရားများ အစဉ်ကြံ့ခိုင်နေစေရေး၊ စက်အရန်ပစ္စည်းများရရှိရေး၊ ကုန်ချောများဖြန့်ဖြူးရောင်းချရေး၊ အရည်အသွေးထိန်းသိမ်းရေးဆောင်ရွက်ရခြင်း၊

    ( ဇ )   တိုင်းခရိုင်နှင့်မြို့နယ်အာဏာပိုင်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ဆက်သွယ်၍ စီမံကိန်းတာဝန်များအပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ နိုင်ငံတော် အုပ်ချုပ်ရေးကိစ္စများအတွက် ပူးပေါင်းဆောင်ရွက်ရခြင်း၊

            ( ဈ )   နှစ်စဉ်ထုတ်လုပ်ရမည့်ကုန်ကြမ်းများ၊ နေ့စဉ်နှင့် လစဉ်ထုတ်လုပ်ရမည့် ကုန်ချောများ အားစီမံချက်ရေးဆွဲကာ အချိန်နှင့်တပြေးညီ အကောင်အထည်ဖော်နိုင်ရေး မျက်ခြေ မပြတ်ဆောင်ရွက်ရခြင်း၊

            (ည)    ပတ်ဝန်းကျင်ကျေးရွာများ၊ မြို့နှင့် ရပ်ကွက်နေပြည်သူများ၏ ကိစ္စအဝဝအား တတ် အားသမျှကူညီခြင်းဖြင့် နိုင်ငံတော်အပေါ် ရပ်ရွာလူထုမှ ကြည်ညိုလေးစားမှုရှိစေရေး မိမိကိုယ်တိုင် နိုင်ငံရေးအမြင်ရှိစွာ ဆောင်ရွက်ရမည့်အပြင်

       ဝန်ထမ်းအားလုံးမှလည်း ထိုသို့ ခံယူတတ်လာစေရေး သင်ကြားပြသရခြင်း။