The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

စက်မှုယန္တရားဌာနခွဲ(ပျဉ်းမနား)


စက်မှုယန္တရားဌာနခွဲ (Machanical Branch)

             စက်မှုယန္တရားဌာနခွဲ၏လုပ်ငန်းတာဝန်များမှာ-

                  (က)  ဌာနပိုင်စက်ယန္တရားကြီးများနှင့် စက်ကိရိယာများကိုထိန်းသိမ်းပြုပြင်ခြင်း၊ စီမံ ကိန်းလုပ်ငန်းများ၏ တည်ဆောက်ရေးလုပ်ငန်းများ၌ စက်ယန္တရားဖြင့်ပါဝင် ဆောင်ရွက်ခြင်း၊

                  ( ခ )  ဌာနပိုင်လုပ်ငန်းသုံး၊ ရုံးသုံးယာဉ်များ၊ မော်တော်ယာဉ်ကြီး/ငယ် များထိန်းသိမ်း ခြင်း၊ ပြုပြင်ခြင်း၊

                  ( ဂ )  လက်အောက်ခံစက်မှုလုပ်ငန်းရုံးများ တည်ဆောက်ရေးရုံးများအောက်ရှိ စက်မှု လုပ်ငန်းရုံးများရှိ စက်ယန္တရား၊ စက်ကိရိယာနှင့်ယာဉ်များ စနစ်တကျသုံးစွဲမှု၊ ထိန်းသိမ်းမှုအတွက် ညွှန်ကြားခြင်း၊ စစ်ဆေးခြင်း၊

                  (ဃ)  ပြင်ဆင်မွမ်းမံပြီး စက်ယာဉ်များအား လုပ်ငန်းစီမံကိန်းများသို့ အထက်အဆင့် ရုံးအကြီးအကဲများထံ တင်ပြအတည်ပြုချက်ရယူ၍ ခွဲဝေပေးပို့ခြင်း၊

                  ( င )  နိုင်ငံခြားမှ ရောက်ရှိလာသော စက်ယန္တရား/ ယာဉ်များနှင့် အရံပစ္စည်းများကို လက်ခံရယူခြင်း၊ စီမံကိန်းလုပ်ငန်းနှင့် ရုံးများသို့ ခွဲဝေပေးပို့ခြင်း၊ ဖြန့်ဖြူးခြင်း၊ စနစ်တကျသုံးစွဲမှုကို ကြီးကြပ်ဆောင်ရွက်ခြင်း၊

                  ( စ )  စက်ယန္တရား/ ယာဉ်များအတွက် လိုအပ်သောအရံပစ္စည်းများစာရင်းပြုစုခြင်း၊ ပြည်တွင်း/ ပြည်ပမှ ဝယ်ယူရန်အတွက် ညွှန်ကြားရေးမှူးချုပ်ရုံးသို့ တင်ပြခြင်း၊

                  (ဆ)   စတိုများရှိ အရံပစ္စည်းများကိုထိန်းသိမ်းခြင်း၊ ထုတ်ပေးခြင်း၊ စစ်ဆေးခြင်းနှင့်  ပြန်တမ်းများပြုစုတင်ပြခြင်း၊

                  ( ဇ )  စက်ဆီ/ချောဆီ/စက်မောင်းဆီများကို စုဆောင်းခြင်း၊ထုတ်ပေးခြင်း၊ ထိန်းသိမ်း ခြင်း၊ ပြန်တမ်းများပြုစုတင်ပြခြင်း၊

                  ( ဈ ) နှစ်စဉ်လိုအပ်မည့် တာယာများ၊ ဘတ္ထရီများ၊ စက်ဆီ/ချောဆီ/စက်မောင်းဆီများ ကို စာရင်းပြုစု၍တင်ပြခြင်း၊

                  (ည)   အလုပ်ရုံများတွင် စက်ယန္တရား/ယာဉ်များစစ်ဆေးရာတွင် နှစ်စဉ်သုံးလပတ် အလိုက်လျာထားချက်များ၊ အမှန်တကယ်ပြင်ဆင်မှုများကို စာရင်းဇယားပြုစု တင်ပြ အစီရင်ခံခြင်း၊

                  ( ဋ )  စက်မှုဘာသာရပ်/ စက်ယန္တရား/ ယာဉ်/ စက်ပစ္စည်းကိရိယာများနှင့်ပတ်သက်၍ မောင်းနှင်ထိန်းသိမ်းမှုဆိုင်ရာ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များ စာတမ်း များထုတ်ပြန်ခြင်း၊

                  ( ဌ )  စက်မှုဝန်ထမ်းများအားဌာနတွင်းစက်မှုသင်တန်းကျောင်းများတွင် ပုံမှန်သင်တန်း များ၊ အထူးသင်တန်းများတွင် ပို့ချခြင်း၊ ပြင်ပသင်တန်းများသို့ တက်ရောက်စေ ခြင်း၊

                  ( ဍ )  အလုပ်ရုံ၊စတို၊ ဂိုဒေါင်များနှင့် ဝန်ထမ်းနေအိမ်များအတွက် လုံခြုံရေးနှင့် မီးဘေး ကာကွယ်ရေးစီမံချက်များရေးဆွဲခြင်း၊ တာဝန်ချမှတ်ဆောင်ရွက်စေခြင်း၊

                  ( ဎ )  ညွှန်ကြားရေးမှူးချုပ်ရုံးမှ ချမှတ်ခွဲဝေပေးသော ရန်ပုံငွေများကို စက်မှုရုံးများသို့ ခွဲဝေချထားပေးခြင်းနှင့် အသုံးစရိတ်များကို စစ်ဆေးခြင်း၊ စက်မှုရုံးများမှ တင်ပြ သော ခန့်မှန်းခြေစာရင်းများကို စိစစ်ခွင့်ပြုခြင်း၊

                  (ဏ)  တည်ဆောက်ရေးညွှန်ကြားရေးမှူးရုံးများအောက်ရှိ စက်မှုလုပ်ငန်းများ၏ လုပ် ငန်းဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန် ညှိနှိုင်းပေါင်းစပ်ခြင်း၊ အကြံ ပြုချက် တင်ပြဆောင်ရွက်ခြင်း၊

                  (တ)  ဌာနတွင်းရှိစက်ယန္တရား/ယာဉ်/စက်နှင့် စက်ပစ္စည်းစာရင်းဇယားများကို ထိန်း သိမ်းခြင်း၊ ပြင်ဆင်ခြင်းနှင့် စက်ယန္တရား/ ယာဉ်နှင့်စက်ပစ္စည်းများ စီမံကိန်း လုပ်ငန်းလိုအပ်ချက်အရ ပြောင်းရွှေ့နေရာချထားခြင်းကိစ္စရပ်များကို အထက် အဆင့်ရုံးများမှ                            အကြီးအကဲထံတင်ပြဆောင်ရွက်ပေးခြင်း၊

                  (ထ)  စီမံကိန်းများ၏ စက်ယန္တရား/ ယာဉ်/ စက်ပစ္စည်းကိရိယာ အသုံးပြုလုပ်ငန်းများ စက်စွမ်းအားပြည့် လုပ်ဆောင်ပေးနိုင်ရေး ကြီးကြပ်ကွပ်ကဲခြင်း။

ဖွဲ့စည်းပုံ>>>