The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ဖွဲ့စည်းပုံ/လုပ်ငန်းတာ၀န်


 

လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၏ တာဝန်များ

၁။      ဓာတ်အားစနစ်နှင့် ချိတ်ဆက်သော တည်ဆောက်ပြီး နိုင်ငံပိုင် ရေအား (စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တည်ဆောက်ပြီး စက်ရုံများအပါအဝင်) နှင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ မောင်းနှင်ခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်း၊ဓာတ်အား ထုတ်လုပ်ခြင်း၊

၂။      Joint Venture (JV) Build-Operate-Transfer (BOT) Independent Power Producer (IPP) စက်ရုံများမှ ထွက်ရှိ​သော ဓာတ်အားကို Power Purchase Agreement (PPA) များဖြင့် ဝယ်ယူခြင်း၊

၃။      ဓာတ်အားစနစ်နှင့် ချိတ်ဆက်သော နေရောင်ခြည်သုံး၊ လေအားသုံးနှင့် အခြားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများမှ PPA ဖြင့် ဓာတ်အား ဝယ်ယူခြင်း၊

၄။      တည်ဆောက်ဆဲဓာတ်အားပေးစက်ရုံ စီမံကိန်းများ၏ အင်ဂျင်နီယာပိုင်းဆိုင်ရာ ကြီးကြပ် ကူညီ ဆောင်ရွက်ခြင်း၊

၅။      နိုင်ငံပိုင်စက်ရုံမှ ထွက်ရှိသော လျှပ်စစ်ဓာတ်အားနှင့် PPA ဖြင့် ဝယ်ယူသော လျှပ်စစ် ဓာတ်အားများကို မဟာဓာတ်အားလိုင်းနှင့် ပင်မဓာတ်အားခွဲရုံများအား ဖြတ်သန်းအသုံးပြုပြီး ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ သက်ဆိုင်ရာ

ဓာတ်အား ခွဲရုံများမှတဆင့် တိုက်ရိုက်ရောင်းချခြင်း၊

၆။      လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးမည့် အစီအစဉ်နှင့် လျာထားချက်မျာကို ဓာတ်အားစနစ်၏ လိုအပ်ချက်နှင့် ကိုက်ညီအောင် တွက်ချက်ခြင်း၊

၇။      ဓာတ်အားပေးစက်များ ပြုပြင်မည့် အစီအစဉ်များ ရေးဆွဲခြင်း၊

၈။      JV/BOT Basic ဖြင့် တည်ဆောက်ထားသော ရေအားစက်ရုံများတွင် နိုင်ငံခြားကုမ္ပဏီ များနှင့် အတူပူးပေါင်း၍ မောင်းနှင်ခြင်း၊ ထိန်းသိမ်း ပြုပြင်ခြင်း၊ ဓာတ်အားပို့လွှတ်ရောင်းချ ခြင်းများအပြင် နိုင်ငံတော်၏ ရပိုင်ခွင့်များဖြစ်သော Royalty Power ၊ အခွန်အခများရရှိရေး အနီးကပ်ကြီးကြပ် ဆောင်ရွက်ခြင်း။


စီမံခန့်ခွဲရေးဌာန၏ လုပ်ငန်းတာဝန်များ

၁။      စီမံရေးရာနှင့် ပတ်သက်သည့် မူဝါဒများ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များကို ထိန်းသိမ်း ခြင်း၊ ညွှန်ကြားချက်များထုတ်ပြန်ခြင်း၊

၂။      ဝန်ထမ်းများလိုက်နာရန် စည်းမျဉ်းစည်းကမ်းများ ရေးဆွဲထုတ်ပြန်ခြင်း၊

၃။      ဝန်ထမ်းများအသစ်ခန့်ထားခြင်း၊ ပြောင်းရွှေ့နေရာချထားခြင်း၊ ရာထူးတိုးမြှင့်ပေးခြင်း၊ အငြိမ်းစားယူမည့်ဝန်ထမ်းများအား ပင်စင်ကိစ္စဆောင်ရွက်ပေးခြင်း၊ နှစ်တိုးခံစားခွင့်ပေးခြင်း၊   အလုပ်သမားလျော်ကြေးငွေများ ရရှိရေးဆောင်ရွက်ခြင်း၊ သက်သာချောင်ချ

ရေးကိစ္စများ ဆောင်ရွက်ပေးခြင်း၊

၄။      ဝန်ထမ်းများ၏ခွင့်ခံစားစေခြင်း၊ နယ်ကျော်ခရီးသွားလာခြင်း ကိစ္စရပ်များဆောင်ရွက်ခြင်း၊

၅။      လုပ်ငန်းညှိနှိုင်းအဖွဲ့ကိစ္စရပ်များအတွက် အစည်းအဝေးကျင်းပခြင်း၊ အမှုတွဲများထိန်းသိမ်းခြင်း၊

၆။      ဝန်ထမ်းများ၏ ကိုယ်ရေးမှတ်တမ်းများ ပြုစုခြင်း၊ ဖြည့်စွက်ခြင်း၊ ထိန်းသိမ်းခြင်း၊

၇။      ပြည်တွင်းသင်တန်းများအတွက် ရွေးချယ်စေလွှတ်ခြင်း၊

၈။      ပြည်ပသင်တန်း နိုင်ငံခြားပညာတော်သင်၊ ပြည်ပလေ့လာရေးခရီးများအတွက် အဆိုပြုတင်ပြခြင်း၊

၉။      နိုင်ငံခြားသား ဗီဇာကိစ္စများ၊ ပြည်တွင်းနေထိုင်မှုကိစ္စများ ဆောင်ရွက်ခြင်း၊

၁၀။    နိုင်ငံတော်မှချီးမြှင့်သည့် ဘွဲ့ထူး၊ ဂုဏ်ထူးများအတွက်စိစစ်ခြင်း၊ ထောက်ခံတင်ပြခြင်း၊ ချီးမြှင့်ခြင်း၊

၁၁။    မီးဘေးကာကွယ်ရေးအတွက် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊ လုံခြုံရေး၊ စည်းကမ်း ထိန်းသိမ်းရေးကိစ္စဆောင်ရွက်ခြင်း၊

၁၂။    ဝန်ထမ်းများအား စည်းကမ်းထိန်းသိမ်းရေး လက်စွဲပါအတိုင်း အရေးယူဆောင်ရွက်ခြင်း၊

၁၃။    ပုံသေပိုင်စာရင်းများအားလုံး စာရင်းပြုစုခြင်း၊ ထိန်းသိမ်းထားရှိခြင်း၊ မှန်ကန်မှုရှိ/မရှိ နှစ်စဉ် စိစစ်ခြင်း၊

၁၄။    လေလံတင်ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်း၊

၁၅။    ဦးဆောင်ညွှန်ကြားရေးမှူး၏ 

ညွှန်ကြားချက်များနှင့်အညီ အကောင်အထည်ဖော်ခြင်း၊ တာဝန် ခံခြင်း၊

၁၆။    ဝန်ထမ်းဖွဲ့စည်းပုံများ စိစစ်ခြင်း၊ အသစ်ရေးဆွဲခြင်း၊


ဘဏ္ဍာရေးဌာန၏ လုပ်ငန်းတာဝန်များ

၁။      လစာနှင့်လုပ်ခရေးဆွဲပြုစုခြင်းနှင့် ခရီးစရိတ်များအားစိစစ်ထုတ်ပေးခြင်း၊  

၂။      ဝင်ငွေခွန်၊ လူမှုဖူလုံရေးကြေး၊ အသက်အာမခံပေးသွင်းမှုစာရင်းများ ရေးဆွဲပြုစုခြင်း၊

၃။      အငြိမ်းစားယူသည့် ဝန်ထမ်းများအတွက် ပင်စင်လုပ်သက်ဆုငွေအကျိုးခံစားခွင့် ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊

၄။      ပင်စင်ဦးစီးဌာနနှင့်ဆက်သွယ်ဆောင်ရွက်ခြင်း၊

၅။      ဌာနဆိုင်ရာရငွေနှင့် အသုံးစရိတ်များအတွက် နှစ်စဉ်စီမံကိန်း(Plan)များ ရေးဆွဲခြင်း၊

၆။      နှစ်စဉ်မူလခန့်မှန်းခြေစာရင်း (BE) ၊ ပြုပြင်ပြီးခန့်မှန်းခြေစာရင်း (RE) များကို ရေးဆွဲခြင်း၊

၇။      ( ၃ ) လပတ် ၊ ( ၆ ) လပတ် နှင့် နှစ်ပတ်လည် အစီရင်ခံစာများ ပြုစုခြင်း၊

၈။      ရုံးချုပ်နှင့်လက်အောက်ခံစက်ရုံများသို့ သာမန်နှင့်ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေများ ခွဲဝေ ပေးခြင်း၊

၉။      ရုံးချုပ်နှင့်လက်အောက်ခံစက်ရုံများမှပေးပို့လာသော အသုံးစရိတ်စာရင်းချုပ်(နောက်ဆက်တွဲ-ဂ) စာရင်းများကို စာရင်းချုပ်ရေးဆွဲ၍ လစဉ်ပြန်တမ်းစာရင်းများကို ဝန်ကြီးရုံးသို့  ပေးပို့ခြင်း၊

၁၀။    နှစ်ချုပ်စာရင်းများ ရေးဆွဲခြင်း၊

၁၁။    ဌာနကြီးမှူး၏ ညွှန်ကြားချက်ဖြင့် လုပ်ငန်းခွင့်ပြုမိန့်များရေးဆွဲထားသော စက်ရုံနှင့် ဌာနခွဲ များ၏ အသုံးစရိတ်များအား ဘဏ္ဍာရေး စည်းကမ်းစည်းမျဉ်းနှင့်အညီ စိစစ်ခွင့်ပြုပေးခြင်း၊

၁၂။    စက်ရုံများရှိ လစဉ်ငွေစာရင်းလချုပ်နှင့် စာရင်းများစစ်ဆေးခြင်း၊ နောက်ဆက်တွဲ စာရင်းများ အခြေပြု၍ စာရင်းဖြောင့်ဂျာနယ်ရေးသွင်းခြင်း၊

၁၃။    ပစ္စည်းလက်ခံရရှိလွှာကို တန်ဖိုးသင့်တွက်ချက်ခြင်း၊

၁၄။    ပစ္စည်းထုတ်ပေးလွှာကို တန်ဖိုးသင့်တွက်ချက်ခြင်း၊

၁၅။    စာရင်းညှိနှိုင်းဂျာနယ်ရေးဆွဲခြင်း၊

၁၆။    ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ အကောင်အထည်ဖော်ရန် ချေးယူခဲ့သော ပြည်ပ ကြွေးမြီအရင်း/ အတိုးများကို အချိန်မီ ပြန်လည်ပေးဆပ်ခြင်း၊

၁၇။    ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာနှင့်အပူစွမ်းအင်ဆိုင်ရာ စက်ရုံစီမံကိန်းသစ်များ အကောင်အထည် ဖော်ရန်နှင့်တည်ဆောက်ပြီး ပြည့်ဖြိုးမြဲစွမ်းအင်နှင့်အပူစွမ်းအင်ဆိုင်ရာစက်ရုံများအား ပြင်ဆင် မွမ်းမံရေးအတွက် (ODA ၊ IDA) ချေးငွေနှင့်ပြည်ပအကူအညီ ရငွေများထုတ်ယူခြင်း၊

၁၈။    လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၏ စက်အရန်ပစ္စည်းများနှင့် စက်ကိရိယာတန်ဆာပလာ များအား နိုင်ငံပိုင်နိုင်ငံခြားငွေဖြင့် ဝယ်ယူခြင်းအတွက် နိုင်ငံခြားငွေပေးချေနိုင်ရေးဆောင်ရွက် ခြင်း၊

၁၉။    ဖက်စပ်ရေအားလျှပ်စစ်စက်ရုံများ၏ အသုံးစရိတ်များနှင့် အခွန်ကိစ္စရပ်များကို စိစစ်ခြင်း၊ ၎င်းတို့တင်ပြလာသည့်စာရင်းများအား ဌာနမှတ်တမ်းနှင့် တိုက်ဆိုင်စစ်ဆေးစိစစ်ခြင်း၊

၂၀။    ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာနှင့် အပူစွမ်းအင်ဆိုင်ရာ  စက်ရုံစီမံကိန်းများကို  အကောင်အထည် ဖော် ဆောင်ရွက်ခွင့်ပြုရန်  ပုဂ္ဂလိကကုမ္ပဏီများမှ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာနမှတဆင့်  ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာနှင့်  ဘဏ္ဍာရေးဆိုင်ရာ ဆန်းစစ်မှုများ

တင်ပြလာခြင်းအပေါ် ဘဏ္ဍာရေးဆိုင်ရာ သဘောထားမှတ်ချက်များ စိစစ်ပြန်ကြားခြင်း၊

၂၁။    ရငွေများကို ဘဏ်သို့သွင်းခြင်း၊

၂၂။     အသုံးစရိတ်ငွေ/ ချက်လက်မှတ်ထုတ်ပေးခြင်း၊

၂၃။    ငွေစာရင်းစာအုပ်ရေးဆွဲခြင်း၊

၂၄။    (၃)လတစ်ကြိမ် ငွေထုတ်ကန့်သတ်ချက်ထုတ်ပေးခြင်း၊

၂၅။    ဘဏ်စာရင်းအသစ်ဖွင့်ခြင်း၊

၂၆။    ဘဏ်စာရင်းအဟောင်းပိတ်ခြင်း၊

၂၇။    လျှပ်စစ်ဓာတ်အားဝယ်ယူခြင်းများအတွက် စာရင်းပြုစုခြင်း၊ တောင်းခံခြင်း၊ ထိန်းသိမ်းခြင်း၊

၂၈။    လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊   ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊   မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းသို့ လစဉ်လျှပ်စစ်ဓာတ်အားခ ရငွေများကို  တောင်းခံခြင်း၊

၂၉။    စက်ရုံများ၏ လုပ်ငန်းနှင့်စာရင်းများစစ်ဆေးခြင်း၊

၃၀။    စာရင်းစစ်အစီရင်ခံစာများ ပြန်ကြားခြင်း၊

၃၁။    ပြည်ပမှဝယ်ယူသော  ပစ္စည်းများအား  တန်ဖိုးသင့်တွက်ချက်ခြင်း၊

၃၂။    အကောက်ခွန်ကြိုတင်ပေးငွေစာရင်းနှင့်  ဆိပ်ကမ်းခကြိုတင်ပေးငွေ  စာရင်းများအား  စိစစ် ခြင်း၊

၃၃။    ဘဏ္ဍာရေးဌာနနှင့် ဘဏ္ဍာရေးဌာနမှဝန်ထမ်းများ၏ အထွေထွေစီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ် များဆောင်ရွက်ခြင်း၊

၃၄။    ဦးဆောင်ညွှန်ကြားရေးမှူးထံမှ ညွှန်ကြားမှုခံယူခြင်း၊ ညွှန်ကြားချက်နှင့်အညီ အကောင်အထည် ဖော်ခြင်း၊ တာဝန်ခံခြင်း၊


ပစ္စည်းဖြည့်တင်းရေးဌာန၏ လုပ်ငန်းတာဝန်များ

၁။      လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းလက်အောက်ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ ဓာတ်ငွေ့/ ရေနွေးငွေ့ဓာတ်အားပေးစက်ရုံများနှင့်​ ကျောက်မီးသွေးသုံးရေနွေးငွေ့ဓာတ်အားပေး စက်ရုံများအတွက် လိုအပ်သောစက်အရန်ပစ္စည်းများ၊ ယာဉ်များနှင့် ပစ္စည်းပိုင်းဆိုင်ရာ ရသုံးမှန်းခြေစာရင်းများ ပြုစုရေးဆွဲခြင်း၊ စိစစ်ခြင်း၊ သက်ဆိုင်ရာသို့ တင်ပြခြင်း၊

၂။      စက်ရုံများအတွက်  ဝယ်ယူဖြန့်ဖြူးရန်ရှိသော  အဓိကပံ့ပိုးပစ္စည်းများဖြစ်သည့်  စက်အရန် ပစ္စည်းများ၊  စက်သုံးဆီများ၊  ဘိလပ်မြေ၊ သံချောင်းနှင့်အခြားလိုအပ်သော ပစ္စည်းများ နှင့်ပတ်သက်၍ ဘဏ္ဍာရေးနှစ်အလိုက် လိုအပ်ချက်များ ပြုစုရေးဆွဲခြင်း၊ အထက်ဌာနသို့ တင်ပြ ခြင်း၊ သက်ဆိုင်ရာသို့ အမှာစာများပေးပို့ခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်း၊ ဝယ်ယူရရှိသော ပစ္စည်းများကို လုပ်ငန်းလိုအပ်ချက်အလိုက် ခွဲဝေပေးခြင်း၊

၃။      ဓာတ်အားပေးစက်ရုံများ၏ စက်အရန်ပစ္စည်းများ၊ ဆက်သွယ်ရေးပစ္စည်းများအား ဝယ်ယူ ထုတ်ပေးခြင်း၊ မှတ်တမ်းတင်ပြုစု ထိန်းသိမ်းခြင်း၊

၄။      ပြည်တွင်းမှ ဝယ်ယူရရှိနိုင်သော  ပံ့ပိုးပစ္စည်းများကို  စနစ်တကျ  အချိန်မီဝယ်ယူ စုဆောင်းခြင်း၊ စနစ်တကျသိုလှောင်ခြင်း၊ သက်ဆိုင်ရာ စက်ရုံများနှင့် ဌာနခွဲများသို့ ခွဲဝေပေးခြင်း၊

၅။      စက်ရုံများအတွက် နိုင်ငံခြားငွေ (ချေးငွေ၊ ထောက်ပံ့ငွေ၊ နိုင်ငံခြားငွေလွတ်)ဖြင့်  ပြည်တွင်း/ ပြည်ပမှ ဝယ်ယူမည့်စက်အရန် ပစ္စည်းများ၊  စက်ကိရိယာတန်ဆာပလာများ၊  ထိန်းသိမ်းရေးသုံး   ပစ္စည်းများနှင့်  ရုံးသုံးပစ္စည်းများအတွက်  စာရင်းဇယားများ  ပြုစုရေးဆွဲခြင်း၊ ၎င်းပစ္စည်းများ ဝယ်ယူခွင့်ရရှိရေးအတွက် ဝန်ကြီးဌာနနှင့်စက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနသို့ တင်ပြ၍အတည်ပြုချက်ရယူခြင်း၊

၆။      ဝယ်ယူရန် ခွင့်ပြုချက်ရရှိပြီးသော စက်အရန်ပစ္စည်းများ၊ စက်ကိရိယာတန်ဆာပလာများ၊ ထိန်းသိမ်းရေးပစ္စည်းများ၊ ရုံးသုံးပစ္စည်းများ၊ ယာဉ်များအတွက် ဝယ်ယူမည့်  အစီအစဉ်များ ရေးဆွဲခြင်း၊ ကျွမ်းကျင်မှုဆိုင်ရာ   စံချိန်စံညွှန်းများ  ရေးဆွဲခြင်း၊  အထက်အဆင့်ဆင့်သို့ တင်ပြအတည်ပြုချက်များရယူခြင်း၊  အိတ်ဖွင့်တင်ဒါ ဖိတ်ခေါ်ခြင်း၊ တင်ဒါပိတ်ခြင်း၊  တင်ဒါ ဖွင့်ခြင်း၊  ဈေးနှုန်းနှင့်စံချိန်စံညွှန်း နှိုင်းယှဉ်ချက်ဇယားရေးဆွဲ၍ အိတ်ဖွင့်တင်ဒါရွေးချယ်ရေး အတွက် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးသို့  တင်ပြခြင်း၊ အတည်ပြုချက် ဆုံးဖြတ်ချက်ရယူ၍  ကုန်ဝယ်အမှာစာ/ စာချုပ်ချုပ်ဆိုခြင်း၊

၇။      ကုန်ဝယ်စာချုပ် ချုပ်ဆိုပြီးသော လုပ်ငန်းများအတွက် အာမခံစဘော်ငွေများ၊ နိုင်ငံခြားငွေ လျှောက်ထားခြင်းနှင့် ငွေလွှဲစာတမ်းဖွင့်လှစ်ခြင်းစသည့် ငွေစာရင်းနှင့် ပတ်သက်သော လုပ်ငန်း များကို ငွေစာရင်းဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊

၈။      ဝယ်ယူရေးအစီအစဉ်တွင် ပါဝင်သော စံချိန်စံညွှန်းများ၊ တင်ဒါစာရွက်စာတမ်းများနှင့် အခြား စာရွက်စာတမ်းများ၏ လုံခြုံမှုနှင့် သတင်းလုံခြုံမှုအတွက် စနစ်တကျ ထိန်းသိမ်းထားရှိခြင်း၊

၉။      ပစ္စည်းသိုလှောင်ရုံများရှိ ပစ္စည်းများအား စနစ်တကျထားရှိခြင်း၊ ပုံမှန်စာရင်းဇယားများ စစ်ဆေးခြင်း၊ စက်ရုံများနှင့်ရုံးချုပ်ရှိ ဌာနခွဲများမှ မလိုသည့်ပစ္စည်းများအား စာရင်းမှ ပယ်ဖျက် ခြင်း၊ လေလံတင်ထုခွဲရောင်းချခြင်း၊ ရရှိသည့်ငွေအား နိုင်ငံတော်ဘဏ္ဍာသို့ ပေးသွင်းခြင်း၊

၁၀။    မီးဘေးလုံခြုံရေး စီမံချက်များ၊  လုံခြုံရေးစီမံချက်များချမှတ်၍ အန္တရာယ်ကင်းရှင်းအောင် ဆောင်ရွက်ခြင်း၊

၁၁။    နိုင်ငံခြားအကူအညီ၊ ချေးငွေဖြင့်တင်သွင်းလာသော ပစ္စည်းများအတွက် သွင်းကုန်လိုင်စင် လျှောက်ထားခြင်း၊ အထူးအမိန့်လျှောက်ထား၍ ခွင့်ပြုမိန့်ရရှိပါက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း၊ ဆိပ်ကမ်းနှင့်လေဆိပ်များမှ  တင်သွင်းလာသော  စက်အရန်ပစ္စည်းများ၊  အခြားပစ္စည်းများအား ရွေးထုတ်သယ်ယူပို့ဆောင်ခြင်း၊

၁၂။    ဦးဆောင်ညွှန်ကြားရေးမှူးထံမှ ညွှန်ကြားမှုခံယူခြင်း၊ ညွှန်ကြားချက်နှင့်အညီ အကောင်အထည် ဖော်ခြင်း၊ တာဝန်ခံခြင်း၊


ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ရေအားစက်ရုံများဌာန၏ လုပ်ငန်းတာဝန်များ

၁။      ဓာတ်အားထုတ်လုပ်ရေးရေတို၊ ရေရှည်အစီအမံများ ရေးဆွဲရာတွင် မိမိဌာနနှင့် သက်ဆိုင်သော သတင်းအချက်အလက်များကို သက်ဆိုင်ရာအဖွဲ့အစည်းများသို့ ပြုစုပေးပို့ခြင်း၊

၂။      ဝန်ကြီးဌာနက သတ်မှတ်ပေးသော ဓာတ်အားထုတ်လုပ်ခြင်းနှင့်ရောင်းချခြင်း ရည်မှန်းချက် ပြည့်မီအောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်း၊

၃။      မဟာဓာတ်အားလိုင်းစနစ်နှင့်ဆက်သွယ်သော ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးများမှ ထုတ်လုပ်သောဓာတ်အားများကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတို့သို့ ရောင်းချပေးခြင်း၊

၄။      အိမ်နီးချင်းနိုင်ငံများသို့ ဓာတ်အားရောင်းချခြင်းအတွက် ညှိနှိုင်းဆောင်ရွက်ခြင်း၊ စာချုပ်စာတမ်း များ ပြုစုဆောင်ရွက်ခြင်း၊

၅။      တည်ဆောက်ပြီး ရေအားလျှပ်စစ်စက်ရုံများ၏ မြို့ပြ/ စက်မှု/ လျှပ်စစ်ပိုင်းဆိုင်ရာ လုပ်ငန်းများ အား           ပုံမှန်ထိန်းသိမ်းဆောင်ရွက်ခြင်း၊

၆။      တာဘိုင်/ ဂျင်နရေတာစသည့် စက်အစိတ်အပိုင်းများ၊ လျှပ်စစ်ပိုင်းဆိုင်ရာ အစားထိုး ပြုပြင် လဲလှယ်ရန် ကိစ္စရပ်များအတွက် နိုင်ငံခြားအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊

၇။      ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှုသက်တမ်းကြာရှည်စွာ ထိန်းသိမ်းမောင်းနှင်ရေး၊ ထုတ်လုပ်မှုနှင့်တောင်းခံမှု အံဝင်ခွင်ကျရှိစေရေး ကြီးကြပ်ဆောင်ရွက်ခြင်း၊

၈။      လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် လိုအပ်သော ရေပမာဏနှင့် စိုက်ပျိုးရေးအတွက် လိုအပ်သော ရေပမာဏများ သတ်မှတ်ရာတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း၊

၉။      နှစ်စဉ်သာမန်/ ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေများပြုစုတင်ပြ၍ ရန်ပုံငွေများရရှိရန် ဆောင်ရွက်ခြင်း၊ ဖြည့်စွက်ရန်ပုံငွေရရှိရန် ဆောင်ရွက်ခြင်း၊

၁၀။    ဘဏ္ဍာရေးနှစ်အလိုက်ဆောင်ရွက်မည့် ဓာတ်အားပေးစက်ရုံများ၏ ထိန်းသိမ်းရေး လုပ်ငန်း ဆောင်ရွက်မှု အစီအစဉ် ရေးဆွဲတင်ပြခြင်း၊  အတည်ပြုချက် ရယူခြင်း၊

၁၁။    ဝန်ထမ်းများ၏ ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရေးအတွက် လုပ်ငန်းခွင်အတွင်း ထိန်းသိမ်းရေး လုပ်ငန်း ပညာရပ်များ လေ့ကျင့်ပေးခြင်း၊

၁၂။    စက်ရုံများဆိုင်ရာ လုပ်ငန်းဗဟုသုတ တိုးပွားစေရန်အတွက် ပြည်ပနိုင်ငံများသို့ ပညာတော်သင် စေလွှတ်ရေးအတွက် အဆိုပြုတင်ပြခြင်း၊

၁၃။    ဦးဆောင်ညွှန်ကြားရေးမှူးထံမှ ညွှန်ကြားမှုခံယူခြင်း၊ ညွှန်ကြားချက်နှင့်အညီ အကောင်အထည် ဖော်ခြင်း၊ တာဝန်ခံခြင်း၊


အပူစွမ်းအင်သုံးစက်ရုံများဌာန၏ လုပ်ငန်းတာဝန်များ

၁။      ဓာတ်အားပေးစက်များ၏ နေ့စဉ်ဓာတ်အားထုတ်လုပ်မှုနှင့်ဓာတ်ငွေ့သုံးစွဲမှု၊ သုံးစွဲရန် လိုအပ် ချက်၊ စီမံကိန်းရည်မှန်းချက်များ ပြုစုစိစစ်တင်ပြခြင်း၊

၂။      ဓာတ်အားပေးစက်ရုံများအတွက် လိုအပ်သောဓာတ်ငွေ့၊ ဒီဇယ်ဆီ၊ ချောဆီ၊ ရေနှင့်ရေသန့် လုပ်ငန်းဆိုင်ရာပစ္စည်းများ ဖြည့်တင်းပေးနိုင်ရေး စီမံချက်ချဆောင်ရွက်နိုင်ရန် တင်ပြခြင်းနှင့်  လိုအပ်သောပစ္စည်းများ  အချိန်မီရရှိရေးအတွက်  ဘဏ္ဍာရေးဌာန၊  ပစ္စည်းစီမံရေးဌာနတို့နှင့် အမြဲမပြတ်ဆက်သွယ်ဆောင်ရွက်ခြင်း၊

၃။      ဓာတ်အားပေးစက်ရုံများ၏လုပ်ခ၊ လစာနှင့် သာမန်အသုံးစရိတ်များ အချိန်မီရရှိရေးနှင့် သုံးစွဲရန် ရည်ညွှန်းချက်တို့အား နှစ်အလိုက်ပြုစုတင်ပြရန်နှင့် ဓာတ်အားပေးစက်ရုံများမှ အသုံးပြုခဲ့သောဓာတ်ငွေ့ဖိုး၊ ရေဖိုးများ အချိန်မီပေးချေနိုင်ရေး စိစစ်တင်ပြခြင်း၊

၄။      ဓာတ်အားပေးစက်ရုံများအတွက် ဓာတ်ငွေ့လိုအပ်ချက်များ  ပြည့်မီစွာရရှိရေးအတွက်  မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အမြဲမပြတ်ဆက်သွယ်ဆောင်ရွက်၍ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊  စီမံခန့်ခွဲရေးကော်မတီနှင့် ဌာနကြီးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့   တင်ပြမည့်ကိစ္စများ ပြုစုတင်ပြခြင်း၊

၅။      ဓာတ်အားပေးစက်များ၏ ကြံ့ခိုင်ရေးနှင့်  ပြုပြင်ရန်လိုအပ်သော စက်အစိတ်အပိုင်းများအား အချိန်မီပြုပြင်နိုင်ရေးတွက် နေ့စဉ်စစ်ဆေးတင်ပြရန်နှင့် ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ လုပ်ငန်း များဆောင်ရွက်ခြင်း၊ စစ်ဆေးခြင်းနှင့်မှတ်တမ်းထားရှိခြင်းတို့အား စီမံချက်ချဆောင်ရွက်ခြင်း၊

၆။      ဓာတ်အားပေးစက်ရုံများရှိ Spare Parts များ၊ အခြားလက်ကျန်ပစ္စည်းများ စာရင်းပြုစု၍  လိုအပ်သည့်  နေရာများတွင်  အသုံးပြုနိုင်ရေး  စိစစ်တင်ပြခြင်း၊

၇။      ဓာတ်အားပေးစက်ရုံများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းအတွက်လိုအပ်သော လုပ်ငန်းခန့်မှန်းခြေ စာရင်းများ  ပြုစုတင်ပြနိုင်ရေးနှင့် တင်ပြလာသော လုပ်ငန်းခန့်မှန်းခြေ စာရင်းများအား စိစစ်ခြင်း၊ စက်ပစ္စည်းများဝယ်ယူ စုဆောင်းထားရှိခြင်းလုပ်ငန်းနှင့် ကျွမ်းကျင်  ဝန်ထမ်း အင်အားစာရင်း စုစည်းခြင်းလုပ်ငန်းတို့ကို စီမံချက်ချ၍ စီစဉ်ဆောင်ရွက်နိုင်ရေးတင်ပြရန်၊

၈။      တည်ဆောက်ဆဲစီမံကိန်းလုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်အား ညှိနှိုင်းရေးဆွဲ နိုင်ရေးနှင့် လုပ်ငန်းအခြေအနေအား အပတ်စဉ်တင်ပြနိုင်ရေး၊  အားသာချက်၊  အားနည်းချက် များနှင့်  သတ်မှတ်ရက်အတွင်း  အချိန်မီပြီးစီးနိုင်ရန်နှင့် စံချိန်စံညွှန်း  ကိုက်ညီရေးတို့ကို စိစစ် တင်ပြရန်၊

၉။      တည်ဆောက်ဆဲစီမံကိန်းများ၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ် သော ဝန်ထမ်းအင်အား၊  ပစ္စည်းနှင့်ဘဏ္ဍာရေးဆိုင်ရာကိစ္စများ ကူညီပံ့ပိုးပေးနိုင်ရေး တင်ပြ ရန်နှင့်  စီမံကိန်းအကောင်အထည်ဖော်ဆောင်နိုင်ခွင့်  ရရှိရေးနှင့်လိုအပ်သည့်   စာချုပ်စာတမ်း များ ပြည့်စုံစွာချုပ်ဆိုနိုင်ရေး ကူညီပံ့ပိုးပေးရန်၊

၁၀။    ဦးဆောင်ညွှန်ကြားရေးမှူးထံမှ ညွှန်ကြားမှုခံယူခြင်း၊ ညွှန်ကြားချက်နှင့်အညီ အကောင် အထည်ဖော်ခြင်း၊ တာဝန်ခံခြင်း၊