ကျောက်ဖြူ ၁၅၀ မဂ္ဂါဝပ် Gas Engine သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း
တည်နေရာ - ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသ
ဆောင်ရွက်မည့်အဖွဲ့အစည်း - CNTIC VPower KY3 Limited
စီမံကိန်းဆောင်ရွက်မှုပုံစံ - Rental
ထုတ်လုပ်ဓာတ်အား - ၁၅၀ မဂ္ဂါဝပ်ခန့်
တပ်ဆင်အင်အား - 163.74MW, High Speed gen set (1.56MW x 66 Nos.)
(2.026MW x 30Nos.)
စက်အမျိုးအစား - MTU (ဂျာမနီ)
လက်ရှိအခြေအနေ - လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် ကျောက်ဖြူ ၁၅၀ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း တင်ဒါ အောင်မြင် သော CNTIC VPower KY3 Limited နှင့် (၂၆.၆.၂၀၂၀) ရက်နေ့တွင် ဓာတ်အားအရောင်းအဝယ်စာချုပ် (PPA) ကို ချုပ်ဆို ခဲ့ပြီးဖြစ်ပါသည်။ ကုမ္ပဏီမှဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
ကျောက်ဖြူ ၁၃၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံစီမံကိန်း
တည်နေရာ - ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသ
ဆောင်ရွက်မည့်အဖွဲ့အစည်း - Kyauk Phyu Electric Power Company Limited
စီမံကိန်းဆောင်ရွက်မှုပုံစံ - IPP/BOT
ထုတ်လုပ်ဓာတ်အား - ၁၃၅ မဂ္ဂါဝပ်ခန့် ((47.5MW X 2) + 40MW)
စက်အမျိုးအစား - Siemens SGT- 800
လက်ရှိအခြေအနေ - လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် ကျောက်ဖြူ ၁၃၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း တင်ဒါ အောင်မြင်သော Kyauk Phyu Electric Power Company Limited နှင့် (၅.၁၁.၂၀၁၉) ရက်နေ့တွင် PPA စာချုပ် အား လက်မှတ်ရေးထိုးခဲ့ပါသည်။ ယခုအခါ ကုမ္ပဏီမှ စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ပါသည်။