The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်ဆိုင်ရာလိုက်နာဆောင်ရွက်ရန်ညွှန်ကြားချက်များ


လျှပ်စစ်ဆိုင်ရာလိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များ

  • အိမ်သုံးမီတာလျှောက်ထားပါကဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ   
  • ပါဝါမီတာများလျှောက်ထားပါကဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ
  • ကိုယ်ပိုင်ထရန်စဖော်မာလျှောက်ထားပါကဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ
  • ကျေးရွာမီလင်းရေးလျှောက်ထားပါကဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ
  • တိုင်းဒေသကြီး/ ပြည်နယ်ရန်ပုံငွေဖြင့် System Improvement / System Development လုပ်ငန်းများဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ
  • ဓာတ်အားပြတ်တောက်မှု (System Breakdown) ဖြစ်ပါကဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ
  • မီတာရပ်/ ပျက်/ နှေး/ နှစ်ကြာလဲလှယ်ရာတွင် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ

 

အိမ်သုံးမီတာလျှောက်ထားပါကဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ

(၁)     နေထိုင်သူကိုယ်တိုင်မြို့နယ်လျှပ်စစ်အင်/ယာရုံးစီမံဌာနတွင်စာရွက်စာတမ်းအပြည့်အစုံဖြင့် လျှောက်ထားခြင်း။

(၃)     သတ်မှတ်ချက်များနှင့် ကိုက်ညီပါကဘဏ္ဏာရေးဌာနတွင် သတ်မှတ်ငွေများပေးသွင်းခြင်း။

(၂)     ဓာတ်အားလိုင်းနှင့် ပေ၃၀၀ အတွင်းရှိခြင်း၊ သက်ဆိုင်ရာထရန်စဖော်မာနှင့် ဓာတ်အားလိုင်းဝန်အား နိုင်နင်းမှုရှိပါက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှ (၁)ရက်အတွင်းခွင့်ပြု၍ တပ်ဆင်ပေးခြင်း

 

ပါဝါမီတာများလျှောက်ထားပါကဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ

(၁)     နေထိုင်သူကိုယ်တိုင်မြို့နယ်လျှပ်စစ်အင်/ယာရုံးစီမံဌာနတွင်စာရွက်စာတမ်းအပြည့်အစုံဖြင့် လျှောက်ထားခြင်း။

(၂)     စီးပွားရေးလုပ်ငန်းသုံးဖြစ်ပါကလုပ်ငန်းသုံးနှုန်း ‌သတ်မှတ်ကြေးငွေများပေးသွင်းခြင်း။

(၃)     သတ်မှတ်ချက်များနှင့် ကိုက်ညီပါကဘဏ္ဏာရေးဌာနတွင် သတ်မှတ်ငွေများပေးသွင်းခြင်း။

(၄)     အိမ်တွင်းသုံးပါဝါမီတာဖြစ်ပါကအိမ်ရှင်ထံမှ ကတိခံဝန်ချက်ရယူပြီးအိမ်သုံးဓာတ်အားခနှုန်းထား၊ သတ်မှတ်ကြေးငွေများပေးသွင်းခြင်း

(၅)     သတ်မှတ်ချက်များပြည့်စုံပါကခရိုင်လျှပ်စစ်အင်/ယာမှ (၇) ရက်အတွင်းခွင့်ပြုမိန့်ချပေးခြင်း

 

 

ကိုယ်ပိုင်ထရန်စဖော်မာလျှောက်ထားပါကဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ

(၁)     နေထိုင်သူကိုယ်တိုင်မြို့နယ်လျှပ်စစ်အင်/ယာရုံးစီမံဌာနတွင်စာရွက်စာတမ်းအပြည့်အစုံဖြင့် လျှောက်ထားခြင်း။

(၂)     မြို့နယ်လျှပ်စစ်အင်ယာမှ (၇)ရက်အတွင်းအမှုတွဲပြုလုပ်၍ ခရိုင်လျှပ်စစ်အင်/ယာသို့ တင်ပြခြင်း

(၃)               ခရိုင်လျှပ်စစ်အင်ဂျင်နီယာမှ ပြည်နယ်လျှပ်စစ်အင်ယာသို့ ဆက်လက်တင်ပြခြင်း

(၄)    ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှ ရုံးချုပ်ဓာတ်အားဖြန့်ဖြူးရေးဌာနသို့ တင်ပြပြီးသတ်မှတ်ချက် များနှင့် ကိုက်ညီပါက (၁) လအတွင်းခွင်ပြုမိန့်ပေးခြင်း

 

ကျေးရွာမီလင်းရေးလျှောက်ထားပါကဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ

(၁)     တရားဝင်ဖွဲ့စည်းထားသောမီးလင်းရေးကော်မတီကိုယ်တိုင် လျှောက်ထားခြင်း

(၂)     မီးလင်းရေးကော်မတီလိုက်နာရမည့် (၁၂)ချက်အားသိရှိနားလည်ကြောင်းလက်မှတ်ရေးထိုးခြင်း

(၂)     မြို့နယ်လျှပ်စစ်အင်ယာမှ အမှုတွဲပြုလုပ်၍ ခရိုင်လျှပ်စစ်အင်ယာသို့ တင်ပြခြင်း

(၃)     ခရိုင်လျှပ်စစ်အင်ဂျင်နီယာမှ ပြည်နယ်လျှပ်စစ်အင်ယာသို့ ဆက်လက်တင်ပြခြင်း

(၄)     ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှ ရုံးချုပ်ဓာတ်အားဖြန့်ဖြူးရေးဌာနသို့ တင်ပြပြီးသတ်မှတ်ချက် များနှင့် ကိုက်ညီပါက (၁) လအတွင်းခွင်ပြုမိန့်ပေးခြင်း

တိုင်းဒေသကြီး/ ပြည်နယ်ရန်ပုံငွေဖြင့် System Improvement / System Development လုပ်ငန်းများဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ

(၁)     သက်ဆိုင်ရာတာဝန်ရှိသူများမှ ဓာတ်အားပျောက်ဆုံးမှု့လျော့နဲရေးအတွက် ဆောင်ရွက်ရန် လိုအပ်သည့် နေရာများအားဦးစားပေးဆောင်ရွက်ခြင်း

(၂)     ပစ္စည်းအရည်အသွေးများဌာနမှ သတ်မှတ်စံနှုန်းများအတိုင်းဖြစ်ခြင်း

(၃) တိုင်းဒေသကြီး/ ပြည်နယ်ရန်ပုံငွေ၊ နိုင်ငံခြားအထောက်အပံ့များဖြင့် ဆောင်ရွက်သည့် ကျေးရွာမီးလင်းရေးလုပ်ငန်းများအားဌာနမှ ညွှန်ကြားချက်များအတိုင်းဆောင်ရွက်ခြင်း

(၄)     ပြည်ထောင်စုတွင် လျာထားလုပ်ငန်းများနှင့် တူညီသောလုပ်ငန်းများရှိပါကအထက်ဌာနများသို့ အချိန်တပြေးညီတင်ပြခြင်း

(၅)     သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၏ တောင်းဆိုချက်များဦးစားပေးဆောင်ရွက်ခြင်း

ဓာတ်အားပြတ်တောက်မှု (System Breakdown) ဖြစ်ပါကဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ

(၁)     သက်ဆိုင်ရာဓာတ်အားခွဲရုံမှူးများမှ လိုင်းအဝင်အထွက် Circuit Breaker များအားပိတ်ထားခြင်း။

(၂)     ဓာတ်အားပြန်လည်ရရှိပါကသက်ဆိုင်ရာဓာတ်အားလိုင်းမှ 3Phase Voltage Level မှန်/ မမှန် စစ်ဆေးပြီးတာဝန်ရှိသူထံအသိပေးအကြောင်းကြားခြင်း၊ထရန်စဖော်မာအား float charge ပြုလုပ်၍ခေတ္တစောင့်ကြည့်ခြင်း။

(၃)     ဓာတ်အားလိုင်းများပုံမှန်အခြေအနေဖြစ်ပါက  Lineclear ယူ၍ ဓာတ်အားပြန်လည်ဖြန့်ဖြူးခြင်း။

(၄)     အများပြည်သူသို့ အသိပေးအကြောင်းကြားခြင်း။

 

မီတာရပ်/ ပျက်/ နှေး/ နှစ်ကြာလဲလှယ်ရာတွင် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ

(၁)     ရပ်/ ပျက်/ နှေး/ နှစ်ကြာဖြစ်နေသာမီတာများအားစီမံချက်ဖြင့် လဲလှယ်ပေးခြင်း

(၂)     စစ်ဆေးရန်လိုအပ်သည့် မီတာများအားသက်ဆိုင်ရာဌာနများသို့ ပေးပို့စစ်ဆေးခြင်း

(၃)     ကောင်းမွန်မှန်ကန်သောမီတာများအားပြန်လည်တပ်ဆင်ပေးခြင်း