The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ဆောင်ရွက်ပြီးစက်ရုံများ


 

အမှတ်()ရေနံဓာတ်ငွေ့ရည်စက်ရုံ(ကျွန်းချောင်း) အမှတ်() ရေနံဓာတ်ငွေ့ရည်စက်ရုံ(ညောင်တုန်း)နှင့် 

ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်()ဆိုင်တို့ကို ပုဂ္ဂလိကသို့ ငှားရမ်း၍ ထုတ်လုပ်ခြင်းနှင့်

ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းဆောင်ရွက်ခြင်း

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းနှင့် ရတနာစုကုမ္ပဏီလီမိ တက်တို့သည်  အမှတ်(၂)ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း)၊ အမှတ်(၃)ရေနံဓာတ်ငွေ့ရည်စက်ရုံ (ကျွန်းချောင်း) နှင့် ရန်ကုန်နှင့် မှော်ဘီရှိ ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်(၄)ဆိုင်တို့ကို နှစ်ရှည်ငှားရမ်း ၍ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန် သဘောတူစာချုပ်ကို ၂၅.၁၀.၂၀၁၇ ရက်နေ့တွင် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ပါသည်။ငှားရမ်းမှုကာလမှာ နှစ်(၃၀)ဖြစ်ပါသည်။ ရတနာစုကုမ္ပဏီလီမိတက်သည်  ရပ်နားထားသည့် အမှတ်(၃) ရေနံဓာတ်ငွေ့ရည်စက်ရုံ(ကျွန်းချောင်း) ကို အမှတ်(၂)ရေနံဓာတ်ငွေ့ရည်စက်ရုံ(ညောင်တုန်း)အနီး မြေနေရာသို့ ပြောင်းရွှေ့တပ်ဆင်၍ ရေနံဓာတ် ငွေ့ရည်များ ဆက်လက်ထုတ်လုပ်သွားမည်ဖြစ် ပါသည်။ အဆိုပါစက်ရုံ(၂)ရုံမှ ရေနံဓာတ်ငွေ့ရည်များ တိုးမြှင့် ထုတ်လုပ်ဖြန့်ဖြူးနိုင်ခြင်းအားဖြင့် ရေနံဓာတ်ငွေ့ရည်ကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင်မည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား သုံးစွဲမှုကို လျှော့ချနိုင်ခြင်း၊ ထင်းအစားထိုး မီးဖိုချောင်သုံးလောင်စာအဖြစ် အသုံးပြု နိုင်ခြင်းကြောင့် သစ်တောပြုန်းတီးမှုနှင့်ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုလည်းကာကွယ်နိုင်မည်ဖြစ်ပါသည်။

ရေနံချက်စက်ရုံများ

အမှတ်() ရေနံချက်စက်ရုံ(သန်လျင်)

          အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)သည် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့အနီးတွင် တည်ရှိပါသည်။ ၎င်းစက်ရုံတွင် ရေနံချက်စက်ရုံ(က)၊ ရေနံချက်စက်ရုံ(ခ)၊ ရေနံချက်စက်ရုံ(ဂ) တို့ပါဝင်ပြီး ဆက်စပ် စက်ရုံများအဖြစ် ရေနံမီးသွေးချက်စက်ရုံ (၅,၂၀၀ စည်/နေ့)၊ ဖယောင်းတိုင် စက်ရုံ(၁.၅ တန်/နေ့)၊ ဓာတ်ပျံဆီချက် စက်ရုံ (၅၀,၀၀၀ ဂါလန်/နေ့)၊ စက်ဆီ၊ ချောဆီရောစပ် စက်ရုံ (၂၅,၀၀၀မက်ထရစ်တန်/နှစ်) တို့ပါဝင်ပါသည်။ ရေနံချက်စက်ရုံ(က)အား ၁၉၅၅ခုနှစ်တွင် တည်ဆောက် လည်ပတ်ခဲ့ပြီး စက်ရုံတည်ဆောက်မှုကာလကြာမြင့်လာသည်နှင့်အမျှ စက်ပစ္စည်းအစိတ်အပိုင်းများ ယိုယွင်းပျက်စီးမှုများပြားလာပြီး အန္တရာယ်ကင်းရှင်းစွာ လည်ပတ် နိုင်ခြင်းမရှိတော့သည့်အတွက် ၂၀၀၆ ခုနှစ်တွင် ဖျက်သိမ်းခဲ့ပါသည်။ ရေနံဓာတ်ငွေ့ရည် အတင်/ အချဆိပ်ကမ်းနှင့် သိုလှောင်ကန်များကို ၁၉၈၅ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး သိုလှောင်နိုင်မှု ပမာဏမှာ ရေနံဓာတ်ငွေ့ရည် ၅,၅၅၀ မက်ထရစ် တန် ဖြစ်ပါသည်။ ယခင်က ပြည်တွင်း ရေနံစိမ်းနှင့် ပြည်ပမှ တင်ပို့သည့် ရေနံစိမ်းတို့အား အသုံးပြု လည်ပတ်ချက်လုပ်ခဲ့သော်လည်း ၂၀၀၂ခုနှစ်မှ စတင်၍ ရေနံစိမ်းအစား ရဲတံခွန် Condensate အား ပြောင်းလဲ ချက်လုပ်ခဲ့ပါသည်။ အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)မှ ဓာတ်ဆီ ၊ ဒီဇယ်ဆီ၊ လေယာဉ် ဆီ၊ ဓာတ်ပျံဆီတို့ကို ထုတ်လုပ်ပါသည်။လက်ရှိတွင် အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)အား နိုင်ငံတော်၏ စီးပွားရေးမူဝါဒနှင့်အညီ သုံးသပ်ဆောင်ရွက်နိုင်ရေးအတွက် ရပ်ဆိုင်းထားပါသည်။ ရေနံချက်စက်ရုံ (ခ) နှင့် ရေနံ ချက်စက်ရုံ(ဂ)တို့၏ စက်ရုံဆိုင်ရာအချက်အလက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

စဉ်

စက်ရုံ

စက်စွမ်းအား

(စည်/နေ့)

တည်ဆောက်သည့်

ခုနှစ်

တည်ဆောက်သည့်ကုမ္ပဏီ

၁။

ရေနံချက်စက်ရုံ(ခ)

၁၄,၀၀၀

၁၉၆၂

Foster Wheeler Company, England

၂။

ရေနံချက်စက်ရုံ(ဂ)

၆,၀၀၀

၁၉၈၀

Mitsubishi Heavy Industry, Japan

အမှတ်() ရေနံချက်စက်ရုံ(ချောက်)

          အမှတ်(၂) ရေနံချက်စက်ရုံ(ချောက်)သည် ချောက်မြို့တွင်တည်ရှိပါသည်။ ၎င်းစက်ရုံအား ၁၉၅၄ ခုနှစ်တွင် Foster   Wheeler, England မှ တာဝန်ယူတည်ဆောက်ခဲ့ပြီး ရေနံပေါင်း တင်ချက်စက်ရုံနှင့် ဖယောင်းစက်ရုံတို့ပါဝင်ပါသည်။ အမှတ်(၂) ရေနံချက်စက်ရုံ(ချောက်)မှ ဓာတ်ဆီ ၊ ရေနံဆီ၊ ဒီဇယ်ဆီ၊ ဖယောင်း(ကုန်ကြမ်း) လေယာဉ်ဆီ၊ မီးထိုးဆီနှင့် ဆီပြာတို့ကို  ထုတ်လုပ်လျက်ရှိပါသည်။ မူလချက် လုပ်နိုင်မှုစက်စွမ်းအားမှာ ၆,၀၀၀စည်/ နေ့ဖြစ်ပြီး လက်ရှိ တွင် တစ်ရက်လျှင် ၂,၂၈၅ စည်နှုန်းခန့်ဖြင့် လည်ပတ်ချက်လုပ်လျက်ရှိပါသည်။

ရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်)

          ရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်)သည် မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်းဒေသ ကြီး၊ မင်းလှမြို့နယ် သံပရာကန်ကျေးရွာအနီးတွင်တည်ရှိပါသည်။ ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)ကို ၁၉၇၈ခုနှစ်တွင် Mitsubishi Heavy Industry, Japan ဖြင့် တည်ဆောက် အကောင်အထည်ဖော်ခဲ့ပြီး ၁၉၈၂ခုနှစ်တွင် ကုန်ထုတ်လုပ်မှုအား စတင်နိုင်ခဲ့ပါသည်။ ရေနံဓာတု ဗေဒစက်ရုံစု(သံပရာကန်)မှ ဓာတ်ဆီ ၊ ရေနံဆီ၊ လေယာဉ်ဆီ၊ ဒီဇယ်ဆီ၊ မီးထိုးဆီ၊ ရေနံမီးသွေး တို့ကို  ထုတ်လုပ်လျက်ရှိပါသည်။ မူလစက်စွမ်းအားမှာ ၂၅,၀၀၀စည်/ နေ့ဖြစ်ပြီး လက်ရှိ လည်ပတ်နိုင်သည့် စက်စွမ်းအားမှာ တစ်ရက် လျှင် ၈,၅၇၁စည်(ဂါလံ၃၀၀,၀၀၀)ခန့်နှုန်းဖြင့် လည်ပတ်ချက်လုပ်လျက်ရှိပါသည်။

ဓာတ်မြေသြဇာစက်ရုံများ

          မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်တွင် ဓာတ်မြေသြဇာစက်ရုံ(၅) ရုံရှိ၍ ယင်းတို့ အနက် အမှတ် (၄)ဓာတ်မြေသြဇာစက်ရုံ(မြောင်းတကာ)၊ အမှတ်(၅) ဓာတ်မြေသြဇာစက်ရုံ (ကန်ကြီးထောင့်) နှင့် အမှတ်(၁)ဓာတ်မြေသြဇာစက်ရုံ (စလေ) တို့လည်ပတ်ထုတ်လုပ်လျက်ရှိပြီး စက်ရုံ(၃) ရုံ၏ စုစုပေါင်း ထုတ်လုပ်မှုမှာ တစ်ရက်လျှင် တန် ၇၀၀ ခန့်ဖြစ်ပါသည်။ ကျန်စက်ရုံ (၂) ရုံမှာ  သဘာဝဓာတ်ငွေ့ရရှိမှု အကန့်အသတ်ဖြစ်ခြင်းတို့ကြောင့်စက်ရပ်ဆိုင်းထားပါသည်။မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက် ရှိ ဓာတ်မြေသြဇာစက်ရုံ(၅)ရုံ၏ စက်ရုံဆိုင်ရာ အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ်

စက်ရုံအမည်

ထုတ်လုပ်မှု

စတင်သည့်နှစ်

မူလစက်စွမ်းအား

(မက်ထရစ်တန်)

တည်ဆောက်သည့်

ကုမ္ပဏီ

အမိုးနီးယား

ယူရီးယား       

၁။

စလေ

၁၉၇၀

၁၂၀

၂၀၅

Hitachi Zosen, Japan

၂။

ကျွန်းချောင်း

၁၉၇၁

၁၂၀

၂၀၇

Pintsch Bamag Company, Germany

၃။

ကျော်စွာ

၁၉၈၅

၃၆၀

၆၀၀

UHDE, Germany

၄။

မြောင်းတကာ

၂၀၁၀

၃၂၅

၅၀၀

HQCEC, China

၅။

ကန်ကြီးထောင့်

၂၀၁၁

၃၂၅

၅၀၀

HQCEC, China

ရေနံဓာတ်ငွေ့ရည်စက်ရုံများ

          မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်တွင် ရေနံဓာတ်ငွေ့ရည်စက်ရုံ(၃)ရုံရှိပြီး လက်ရှိတွင် အမှတ်(၁)ရေနံဓာတ်ငွေ့ရည်စက်ရုံ(မင်းဘူး)နှင့် အမှတ်(၂)ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း)တို့မှ လည်ပတ်ထုတ်လုပ်လျှက်ရှိပြီး ရပ်နားထားသည့် အမှတ်(၃)ရေနံဓာတ်ငွေ့ ရည်စက်ရုံ(ကျွန်းချောင်း) ကိုလည်း အမှတ်(၂)ရေနံဓာတ်ငွေ့ရည်စက်ရုံ(ညောင်တုန်း)အနီးသို့ ပြောင်းရွှေ့လည်ပတ်၍ ရေနံဓာတ်ငွေ့ ရည်များ ဆက်လက်ထုတ်လုပ်သွားမည်ဖြစ်ပါသည်။ လက်ရှိ အခြေအနေတွင်  တစ်နေ့လျှင် ရေနံဓာတ် ငွေ့ရည် ၃၀ တန်ခန့်နှင့် နက်ဖ်သာ ၁၈ တန်ခန့်အား ထုတ်လုပ်လျှက်ရှိပြီး ပြည်တွင်း လိုအပ် ချက်အတွက် ဖြည့်ဆည်းပေးလျက်ရှိပါသည်။ ရေနံဓာတ် ငွေ့ရည်စက်ရုံ(၃)ရုံ၏ စက်ရုံဆိုင်ရာ အချက် အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ်

စက်ရုံအမည်

တည်ဆောက်သည့်ခုနှစ်

မူလ

စက်စွမ်းအား

(ကုဗပေသန်း)

တည်ဆောက်သည့်ကုမ္ပဏီ

၁။

အမှတ်(၁)ရေနံဓာတ်ငွေ့ရည်စက်ရုံ( မင်းဘူး)

၁၉၈၆

၂၄

Mitsubishi, Heavy Industry, Japan

၂။

အမှတ်(၂)ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း)

၂၀၀၅

၁၀~၁၆

CMC Dong Fang International Co., Ltd, China

၃။

အမှတ်(၃)ရေနံဓာတ်ငွေ့ရည်စက်ရုံ (ကျွန်းချောင်း)

၂၀၀၆

၈~၁၀

CMC Dong Fang International Co., Ltd, China