The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

စီမံရေးဌာန


စီမံရေးဌာန၏ တာဝန်ဝတ္တရားများ

          စီမံရေးဌာနသည်-

         (က)    ဓာတ်အားခွဲရုံများ ၊ ထရန်စဖော်မာများ ၊ ဓာတ်အားလိုင်းနှင့်စပ်လျဉ်းသည့် အချက် အလက်များ မှတ်တမ်းတင်ခြင်း ၊ စိစစ်ခြင်း ၊ သုံးသပ်အကြံပြုတင်ပြခြင်း ၊ စီမံချက် များ အဆိုပြု တင်ပြခြင်း လုပ်ငန်းများကို ဆောင်ရွက်ရမည်။

         ( ခ)    နောင် ဖြစ်ပေါ်လာမည့် ဓာတ်အားလိုအပ်ချက်အား လေ့လာစိစစ်ခြင်း ၊ တိုးချဲ့တည် ဆောက်မည့် လုပ်ငန်းများအတွက် စီမံချက်များ​ ရေးဆွဲခြင်း ၊ ဒီဇိုင်းပုံစံပြုစုခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်များအား ကြိုတင်ခန့်မှန်းတွက်ချက်ခြင်းများ ဆောင်ရွက်၍ တင်ပြရမည်။

         ( ဂ)    နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများ ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ ၊ ဒေသတွင်း အဖွဲ့အစည်းများနှင့် ဆက်သွယ်၍ ချေးငွေ ၊ ထောက်ပံ့ငွေဆိုင်ရာ ကိစ္စရပ်များ ၊ ကျွမ်းကျင်မှုဆိုင်ရာ အကူအညီများနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကို စီမံဆောင်ရွက် ရမည်။

         (ဃ)    ဓာတ်အားခွဲရုံများ ၊ ဓာတ်အားလိုင်းများနှင့် လိုအပ်သည့် ဆက်စပ်အဆောက်အအုံ တိုးချဲ့တည်ဆောက်ခြင်းများ ဆောင်ရွက်ရမည်။

         ( င)   သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ လျှပ်စစ်ဆိုင်ရာ လုပ်ငန်းများ၏ အရည်  အသွေးထိန်းသိမ်းခြင်းကို ဆောင်ရွက်ရမည်။

         ( စ)    အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာဝန်ထမ်းများ အရည်အသွေးမြင့်မားလာစေရေးအတွက် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပို့ချခြင်း ၊ အလုပ်ရုံဆွေးနွေးပွဲ များ ကျင်းပခြင်းများကို ဆောင်ရွက်ရမည်။

         (ဆ)    လျှပ်စစ်အန္တရာယ်ဖြစ်ပေါ်မှုများအား မှတ်တမ်းတင်၍ လေ့လာသုံးသပ် အကြံပြု တင်ပြခြင်း ၊ နောင်မဖြစ်ပေါ်စေရေးနှင့် အန္တရာယ်ကင်းရှင်းရေးအတွက် လိုက်နာ ဆောင်ရွက်ရန် လိုအပ်သော ညွှန်ကြားချက်များ ထုတ်ပြန်ပေးခြင်းများကို ဆောင်ရွက် ရမည်။

ဖွဲ့စည်းပုံ>>>