The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ဓာတ်အားခနှုန်းထား


ပြည်သူသို့ အသိပေးကြေညာခြင်း

လျှပ်စစ်ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ်ခြင်း

၁။      လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှု ရေရှည် တိုးတက်ကောင်းမွန်စေရန် တိုးချဲ့ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက်လည်းကောင်း၊ မဟာ ဓာတ်အားလိုင်းစနစ်မှ လျှပ်စစ်မရရှိသေးသောဒေသများ လျှပ်စစ်ရရှိရန် ဆက်လက် ဆောင်ရွက် ရမည့် လုပ်ငန်းများအတွက်လည်းကောင်း၊ ဓာတ်အားထုတ်လုပ်မှုစွမ်းအား စဉ်ဆက်မပြတ် တိုးတက် အောင် ဆောင်ရွက်နိုင်ရန်လည်းကောင်း ပိုမိုကြိုးပမ်းဆောင်ရွက်နိုင်ရန် အလို့ငှာ သင့်လျော်သည့် ဓာတ်အားခနှုန်းထား ပြင်ဆင်သတ်မှတ်နိုင်ရေးကို လျှပ်စစ်မီးသုံးစွဲသူများကို ကိုယ်စားပြုသည့် နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်များနှင့် အဖွဲ့အစည်းများအား တွေ့ဆုံဆွေးနွေး၍ အကြံပြုချက် များ ရယူဆောင်ရွက်ခဲ့ပါသည်။

၂။       လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ်၊ လျှပ်စစ်ဥပဒေပုဒ်မ ၄၁ နှင့်အညီ လျှပ်စစ်ဓာတ်အားခနှုန်းထား ပြင်ဆင်သတ်မှတ်ရန်ကိစ္စကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၇/၂၀၁၉) ၏ သဘောတူညီချက်အရ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ လျှပ်စစ် ဓာတ်အားခနှုန်းထားများကို အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်လိုက်သည်-