The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ဓာတ်အားဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ ပဋိညာဉ်စာချုပ်


----------မြို့နယ်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းနှင့်လက်လီရောင်းချခြင်းလုပ်ငန်း

ထပ်ဆင့်ဆောင်ရွက်ခြင်းဆိုင်ရာ ပဋိညာဉ်စာချုပ်

ဤပဋိညာဉ်စာချုပ်ကို ----------ခုနှစ် ၊----------- လ ၊-----ရက်နေ့တွင် ဦး---------- ၊ (ရာထူးအမည်) ကိုယ်စားပြုသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ --------- ကော်ပိုရေးရှင်း/လုပ်ငန်း (နောင်တွင် “ESE / YESC/ MESC” ဟု ခေါ်ဆိုမည်ဖြစ်ပြီး ယင်းစကားရပ်တွင် ၎င်းအား ဆက်ခံသူများနှင့် ဥပဒေနှင့်အညီ လွှဲအပ်ခြင်းခံရသူများ ပါဝင်သည်) ကတစ်ဖက်

နှင့်

ဦး ---------- (ရာထူးအမည်) ကိုယ်စားပြုသော မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ တရားဝင် ဖွဲ့စည်းထားသည့် အမှတ် (  )၊ ---------- လမ်း၊ ---------- မြို့နယ်၊ ------- တိုင်းဒေသကြီး/ပြည်နယ်တွင် တည်ရှိသည့် --------- ကုမ္ပဏီ (နောင်တွင် “ကုမ္ပဏီ”ဟု ခေါ်ဆိုမည်ဖြစ်ပြီး ယင်းစကားရပ်တွင် ၎င်းအား ဆက်ခံသူများ၊ တရားဝင် ကိုယ်စားလှယ်များနှင့် ဥပဒေနှင့်အညီ လွှဲအပ်ခြင်းခံရသူများ ပါဝင်သည်)က တစ်ခြားတစ်ဖက်တို့သည် အောက်ဖော်ပြပါ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ကြရန်အတွက် နှစ်ဦးနှစ်ဖက် ရေးသားချုပ်ဆို ကြပါသည်။

၁။       ဤပဋိညာဉ်စာချုပ်တွင် ပါဝင်သော စကားရပ်များသည် တည်ဆဲလျှပ်စစ်ဥပဒေ ၊ လျှပ်စစ် နည်းဥပဒေများပါ စကားရပ်များအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။

ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ

၂။         (က)        “ESE/ YESC/ MESC” သည် -------- တိုင်းဒေသကြီး/ ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း နှင့် လက်လီရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ခွင့် ရှိသူ ဖြစ်သည့်အားလျော်စွာ ------ မြို့နယ်အတွင်းရှိ ၎င်းပိုင်ဆိုင်သော မြေများ၊ အဆောက်အဦများ ၊ စက်ကိရိယာများ ၊ ယာဉ်များ ၊ ဓာတ်အားလိုင်းများ ၊ ထရန်စဖော်မာများ ၊ မီတာများစသည့် ပစ္စည်း အရပ်ရပ်အား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းနှင့် လက်လီရောင်းချခြင်း လုပ်ငန်းထပ်ဆင့်‌ ဆောင်ရွက်ခွင့်ရရှိသူ ကုမ္ပဏီသို့ လုပ်ငန်းဆောင်ရွက်နိုင်ရန် လွှဲပြောင်းပေးပြီး၊ကုမ္ပဏီသည် -------- မြို့နယ် အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကို တာဝန်ယူ ဆောင်ရွက် ရမည်။ ဤသို့ လွှဲပြောင်းပေးခြင်းသည် မြေ၊ အဆောက်အဦ၊  ပစ္စည်းများ ပိုင်ဆိုင်ခွင့်နှင့်သက်ဆိုင်ခြင်း မရှိဘဲ ကုမ္ပဏီက လုပ်ငန်းဆောင်ရွက်နိုင်ရန် လက်ခံခြင်းသာ ဖြစ်ရမည်။

            ( ခ)        ကုမ္ပဏီသည် --------- မြို့နယ်အတွင်း အရည်အသွေးကောင်းမွန်၍ လျှပ်စစ်ဓာတ်အား အပြည့်အဝ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဓာတ်အားစနစ်တိုးတက် ကောင်းမွန်မှု အစီအမံ (System Improvement Plan)၊ ဓာတ်အားစနစ် ဖွံ့ဖြိုးမှုအစီအမံ (System Development Plan)၊ ဓာတ်အားပျောက်ဆုံးမှု လျော့ကျရေးအစီအမံ (Loss Reduction Plan) များကို ရေတို/ရေရှည် အစီအမံများ ရေးဆွဲခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ၊ လိုအပ်သော ရင်းနှီးမြှုပ်နှံခြင်းများကို ဝန်ကြီးဌာနက အတည်ပြု ပြီးသော ပူးတွဲပါ အချိန်ကာလအပိုင်းအခြား အစီအမံအတိုင်း ဆောင်ရွက်ရမည်။

            ( ဂ)         ကုမ္ပဏီသည်“ESE/YESC/MESC”ထံမှ စာချုပ်ပါသတ်မှတ်ထားသော နှုန်းထားဖြင့် ဓာတ်အားဝယ်ယူပြီး ဝန်ကြီးဌာနက သတ်မှတ်ထားသော ဓာတ်အားခနှုန်းထားများဖြင့် ဓာတ်အားဖြန့်ဖြူး ရောင်းချရမည်။

အာမခံခြင်းနှင့် ကိုယ်စားပြုခြင်း

၃။        ဤစာချုပ် ချုပ်ဆိုသူ “ESE/ YESC/ MESC” သည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်နှင့် ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် လျှပ်စစ်ဥပဒေအရ အခွင့်အာဏာရသူဖြစ်ပြီး၊ ကုမ္ပဏီသည် စာချုပ်ပါလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စွမ်းရှိသူ၊ ဘဏ္ဍာငွေ‌တောင့်တင်း ခိုင်မာမှုရှိကြောင်း လွန်ခဲ့သော(၃)နှစ်က စာရင်းစစ်အတည်ပြုပြီးသော Financial Statement တင်ပြနိုင်စွမ်းရှိသူ ဖြစ်သည့်အပြင် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဝန်ကြီးဌာန၏ ခွင့်ပြုချက် ရရှိထားသူဖြစ်ပြီး စာချုပ်ကို လက်မှတ်ရေးထိုးရန် အခွင့်အာဏာရှိသူဖြစ်ကြောင်း အသီးသီးအာမခံ ကြသည်။

ကြိုတင်စည်းကမ်းသတ်မှတ်ချက်များ

၄။       (က)        “ESE / YESC / MESC” နှင့် ကုမ္ပဏီတို့အကြား ဤပဋိညာဉ်စာချုပ် ချုပ်ဆိုခြင်း မပြုမီ အောက်ဖော်ပြပါ ကြိုတင်စည်းကမ်းသတ်မှတ်ချက်များကို ဆောင်ရွက်ပြီး ဖြစ်ရမည်-

                     (၁)           ဓာတ်အားစနစ် တိုးတက်ကောင်းမွန်မှု အစီအမံ (System Improvement Plan) ၊ ဓာတ်အားစနစ်ဖွံ့ဖြိုးမှုအစီအမံ (System Development Plan) ၊ ဓာတ်အားပျောက်ဆုံးမှု လျော့ကျရေး အစီအမံ (Loss Reduction Plan) နှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုအစီအမံ(Financial Management Plan) များကို ကုမ္ပဏီက ကြိုတင်တင်သွင်းပြီး “ESE / YESC / MESC ” က စိစစ် ပြီးနောက် ဝန်ကြီးဌာနက အတည်ပြုပြီး ဖြစ်ရမည်။

                    (၂)            “ESE / YESC / MESC ” က ကုမ္ပဏီသို့ လျှပ်စစ်ဓာတ်အား လက်ကား ရောင်းချခြင်းနှင့် စပ်လျဉ်းသည့် Metering Point များအား ကြိုတင် သတ်မှတ်ခြင်း၊ သတ်မှတ်ထားသော မီတာများကို ကုမ္ပဏီက ကြိုတင် တပ်ဆင်စေခြင်း၊ နှစ်ဦးနှစ်ဖက် ပါဝင်သော အဖွဲ့က စစ်ဆေးမှတ်တမ်း တင်ခြင်းများ ဆောင်ရွက်ပြီးစီးကြောင်း ဝန်ကြီးဌာနသို့ တင်ပြအတည်ပြုပြီး ဖြစ်ရမည်။

                   (၃)           --------- မြို့နယ်၏လျှပ်စစ်ဓာတ်အား “ဝန်ဆောင်မှု နယ်နိမိတ်” အတွင်း MOF မီတာများ အပြည့်အစုံတပ်ဆင်ပြီး (၃)လဖတ်ချက်ဖြင့် တွက်ချက် ရရှိသော ဓာတ်အားပျောက်ဆုံးမှုရာခိုင်နှုန်းနှင့် ဓာတ်အား သုံးစွဲသူ ပမာဏ တို့အား နှစ်ဦးနှစ်ဖက် ပါဝင်သောအဖွဲ့က စိစစ်မှတ်တမ်းတင်၍ ဝန်ကြီးဌာနသို့ တင်ပြ အတည်ပြုပြီး ဖြစ်ရမည်။

                   (၄)           ကုမ္ပဏီသို့ လုပ်ငန်းဆောင်ရွက်နိုင်ရန် လွှဲပြောင်းပေးသော ---------- မြို့နယ်ရှိ “ESE / YESC / MESC”  ပိုင်ဆိုင်သော မြေများ၊  အဆောက်အဦများ ၊ စက်ကိရိယာများ ၊ ယာဉ်များ ၊ ဓာတ်အား လိုင်းများ၊ ထရန်စဖော်မာများ၊ မီတာများစသည့် ပစ္စည်းအရပ်ရပ်၏ စာရင်းများကို နှစ်ဦးနှစ်ဖက် ပါဝင်သော အဖွဲ့က စိစစ်၍ ဝန်ကြီးဌာနသို့ တင်ပြအတည်ပြုပြီး ဖြစ်ရမည်။

           ( ခ)         အပိုဒ်၄(က)ပါ ကြိုတင်ပြင်ဆင် စိစစ်အတည်ပြုပြီးဖြစ်သည့် စာရွက်စာတမ်း အထောက်အထားများသည်  ဤစာချုပ်၏ အစိတ်အပိုင်းများအဖြစ် မှတ်ယူရမည်။

စာချုပ်အသက်ဝင်ခြင်း

၅။       အပိုဒ်(၄)ပါ ကြိုတင်စည်းကမ်းသတ်မှတ်ချက်များကို ဆောင်ရွက်ပြီး၍ စာချုပ်လက်မှတ် ရေးထိုးပြီးနောက် သတ်မှတ်ထားသော လုပ်ငန်းဆောင်ရွက်မှုဘဏ်အာမခံ (Performance Bank Guarantee) တင်သွင်းပြီးသည့် နေ့ကို စာချုပ် စတင်အသက်ဝင်သည့်နေ့ဟု သတ်မှတ်သည်။

မီတာတပ်ဆင်ခြင်း

၆။       (က)        ကုမ္ပဏီသည်နှစ်ဦးနှစ်ဖက် သဘောတူထားပြီးဖြစ်သော နောက်ဆက်တွဲ(က) ပါ Metering Point များမှ ဓာတ်အားဝယ်ယူရမည်။ Metering Point  ဆိုရာတွင်                          ------- မြို့နယ်သို့ ဓာတ်အားဖြန့်ဖြူး ပေးနေသော ဓာတ်အားခွဲရုံမှ အထွက် ၆၆ ကေဗွီ ၊ ၃၃ ကေဗွီ ၊ ၁၁ ကေဗွီ၊ ၆.၆ ကေဗွီ ဓာတ်အားလိုင်းတွင် လည်းကောင်း၊ ယင်းဓာတ်အား လိုင်းသည် အခြားမြို့နယ်များသို့ပါ ဆက်လက်ဓာတ်အားပို့လွှတ်နေပါက အဆိုပါ မြို့နယ်ဘက် အထွက်တွင်လည်းကောင်း တပ်ဆင်ထားသော ယူနစ်တိုင်းတာရေး ကိရိယာများ ဖြစ်သည်။

           ( ခ)         ယင်း Metering Point များတွင် Bi Directional မှတ်တမ်းတင်နိုင်မည့် Accuracy Class (0.5) ရှိသော “ESE / YESC/ MESC” က အတည်ပြု သည့် Metering Outfit (Energy Meter Master & Slave) including PT, CT and Surge Arrestor များအား ကုမ္ပဏီ၏ ကုန်ကျစရိတ်ဖြင့် တပ်ဆင်ရမည်။

           ( ဂ)         သက်ဆိုင်သည့်မြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးသည့် (၄၀၀) ဗို့ ဓာတ်အားလိုင်းများ အား ဆက်စပ်လျက်ရှိသည့် အခြားမြို့နယ်နှင့် နယ်နိမိတ်အပိုင်းအခြားများ ကွဲပြားမှု ရှိစေရန် ဆောင်ရွက်ထားရမည်။

           (ဃ)        ယူနစ်တိုင်းတာရေး ကိရိယာများ တိကျမှန်ကန်မှု ရှိ/မရှိ စမ်းသပ်ခြင်း၊ စစ်ဆေးခြင်း၊ ချိန်ညှိခြင်း၊ချိတ်ပိတ်ခြင်းများကို စာချုပ်ဝင်များရှေ့မှောက်တွင် ဆောင်ရွက်ရမည်။

           ( င)         ယူနစ်တိုင်းတာရေး ကိရိယာများ၏ တိကျမှန်ကန်မှုကို နှစ်စဉ်စစ်ဆေးရမည်။ “ESE/ YESC/ MESC” သည် နှစ်စဉ်စစ်ဆေးမည့်ရက်ကို အနည်းဆုံး(၇)ရက် ကြိုတင်၍ ကုမ္ပဏီသို့ အကြောင်းကြားရမည်။ အကယ်၍ မည်သည့်စာချုပ်ဝင်ကမဆို ယူနစ် တိုင်းတာရေးကိရိယာများ၏ တိကျမှန်ကန်မှုကို သံသယရှိ၍ စစ်ဆေးလိုပါက စစ်ဆေးရန် အဆိုပြုရက်မတိုင်မီ အနည်းဆုံး(၇)ရက် ကြိုတင်၍ တစ်ဖက်စာချုပ်ဝင်သို့ အကြောင်း ကြားရမည်။ စစ်ဆေးသည့် ကုန်ကျစရိတ်ကို ကုမ္ပဏီက ကျခံရမည်။

           ( စ)         ထိုသို့စစ်ဆေးရာတွင် ယူနစ်တိုင်းတာရေးကိရိယာ ချို့ယွင်းမှုရှိကြောင်း ပေါ်ပေါက်လျှင် (သို့မဟုတ်)လက်ခံနိုင်သည့် ကွာဟချက်အတွင်း မဟုတ်လျှင် ချိန်ညှိခြင်း၊ ပြင်ဆင်ခြင်း၊ အစားထိုးခြင်းနှင့် ပြန်လည်ချိန်ကိုက်ခြင်းတို့ကို ကုမ္ပဏီ၏စရိတ်ဖြင့် ဆောင်ရွက်ရမည်။

           (ဆ)        ယူနစ်တိုင်းတာရေးကိရိယာသည် ချို့ယွင်းမှုကြောင့် မှတ်တမ်းတင်နိုင်စွမ်း မရှိလျှင် (သို့မဟုတ်) အရန်မီတာ၏ မီတာဖတ်ချက်နှင့် နှိုင်းယှဉ်ပါက ကွာဟချက်သည် သုညဒဿမနှစ် ရာခိုင်နှုန်း (၀.၂%) ထက် ကျော်လွန်ပြီး တိကျမှန်ကန်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိလျှင် အောက်ပါနည်းလမ်းများဖြင့် ညှိနှိုင်းရမည်-

                           (၁)           Master Meter နှင့် အရန်မီတာဖတ်ချက်များအနက် ယူနစ်ဖတ်ချက် နည်းသော မီတာ၏ ယူနစ်ပမာဏကို အသုံးပြု၍ ကနဦးတွက်ချက် ဆုံးဖြတ် ရမည်။

                           (၂)            Master Meter နှင့် အရန်မီတာတို့ကို တစ်လှည့်စီ စမ်းသပ် စစ်ဆေးခြင်း ဆောင်ရွက်ပြီး မှန်ကန်သော မီတာဖတ်ချက်ဖြင့် ယူနစ်ပမာဏကို နှစ်ဖက် ပြန်လည်ညှိနှိုင်းရမည်။

လျှပ်စစ်ဓာတ်အား ဝယ်ယူခြင်း

၇။       (က)        နောက်ဆက်တွဲ (က) ပါ Metering Point များရှိ Master and Slave မီတာ(၂)လုံး၏ ယူနစ်များကို လစဉ် လဆန်း(၁) ရက်နေ့တွင် စာချုပ်ဝင် တစ်ဖက်လျှင် အနည်းဆုံး (၁)ဦးစီ ပါဝင်သော နှစ်ဖက်ကိုယ်စားလှယ်များ အဖွဲ့ဖြင့် မီတာဖတ်ရှု မှတ်တမ်း တင်ရမည်။

           ( ခ)         Metering Point များရှိ မီတာယူနစ်များမှ တွက်ချက်ရရှိလာသော --------- မြို့နယ် သုံးယူနစ်များအတွက် လျှပ်စစ်ဓာတ်အားခကို စာချုပ်ပါ သတ်မှတ်ထားသည့် နှုန်းထား အတိုင်း တွက်ချက်၍ ဓာတ်အားခတောင်းခံလွှာနှင့် ဓာတ်အားခ တွက်ချက်ထားမှု စာရွက်စာတမ်းများကို လစဉ်လဆန်း(၇)ရက် အတွင်း ကုမ္ပဏီသို့ ပေးပို့ရမည်။

           ( ဂ)         ယင်း ---------- မြို့နယ်သုံးယူနစ်များအတွက် တောင်းခံလာသည့် လျှပ်စစ်ဓာတ်အားခကို လစဉ်(၂၇) ရက်နေ့ နောက်ဆုံးထား၍ ကုမ္ပဏီက “ESE / YESC/ MESC” ၏ ဘဏ်ငွေစာရင်းသို့ ကြွေးကျန်မရှိ အကြေပေးသွင်းရမည်။ ယင်းရက်သည် အစိုးရရုံး ပိတ်ရက်ဖြစ်ပါက အစောဆုံးရုံးဖွင့်ရက်တွင် အကြေပေးသွင်းရမည်။ အစိုးရဌာနဆိုင်ရာ ကြွေးကျန်များကို ရရှိ‌စေရေးအတွက် “ESE / YESC/ MESC” က ကုမ္ပဏီသို့ လိုအပ်သော ကူညီမှုများ ဆောင်ရွက်ပေးရမည်။

           (ဃ)        ထိုကဲ့သို့ ပေးသွင်းရမည့်ရက်ထက် နောက်ကျပေးသွင်းပါက တစ်ရက်လျှင် ကြွေးကျန် ငွေစုစုပေါင်း၏ (၀.၁%) ကို နောက်ကျကြေးအဖြစ် ဓာတ်အားခနှင့် အတူကုမ္ပဏီက အကြေပေးသွင်းရမည်။ နောက်ဆုံးပေးသွင်းရန် သတ်မှတ်ထားသည့် ရက်မှစ၍ (၁၅)ရက် အတွင်း ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်း မရှိပါက Performance Bank Guarantee ကို သိမ်းယူပြီး စာချုပ်ရပ်စဲရမည်။ “ESE/ YESC/ MESC” မှ ရရန်ရှိသော ဓာတ်အားခ ကြွေးကျန် အားလုံး ရရှိရေးအတွက် တရားစွဲဆိုသွားရမည်။

           ( င)         ဓာတ်အားခငွေ ပေးသွင်းရာတွင် သက်ဆိုင်ရာဘဏ်များ၏ ငွေပေးသွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ထုံးလုပ်နည်း ၊ စည်းမျဉ်းစည်းကမ်း ၊ အမိန့်နှင့် ညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်ရမည်။

           ( စ)         ဓာတ်အားဝယ်ယူခြင်းအတွက် ပေးချေရမည့် ဈေးနှုန်းသည် နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး ဖြစ်သော တစ်ယူနစ်ဈေးနှုန်း -------- ကျပ်ဖြင့် ပေးချေရမည်။ ဓာတ်အားဝယ်ယူခြင်း အတွက် ပေးချေရမည့်ဈေးနှုန်းကို ဝန်ကြီးဌာနက ပြဋ္ဌာန်းထားသော စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တစ်နှစ်လျှင် တစ်ကြိမ် ညှိနှိုင်းသတ်မှတ်ရမည်။ ထို့ပြင် “ESE / YESC/ MESC” က ပေးချေရသည့် ဓာတ်အားဝယ်စရိတ် နှုန်းထား (သို့မဟုတ်) ဓာတ်အားသုံးစွဲသူများထံမှ စည်းကြပ်ကောက်ခံသည့် ဓာတ်အားခနှုန်းထား ပြင်ဆင် ပြောင်းလဲမှုရှိသည့် အချိန်တွင် ပြန်လည် ညှိနှိုင်းသတ်မှတ်ရမည်။

လုပ်ငန်းဆောင်ရွက်မှုဘဏ်အာမခံ (Performance Bank Guarantee) ထားရှိခြင်း

၈။       (က)        ကုမ္ပဏီသည် စာချုပ်ပါသက်တမ်း ကာလအတွင်း စာချုပ်ပါအချက်အလက်များကို အောင်မြင်ပြီးမြောက်အောင် လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ခံကတိပြုသည့် လုပ်ငန်းဆောင်ရွက်မှု ဘဏ်အာမခံ (Performance Bank Guarantee) အဖြစ် စာချုပ် မချုပ်မီကာလ တစ်နှစ်အတွင်း ---------- မြို့နယ်၏ ပျမ်းမျှတစ်လစာ ဓာတ်အား ရောင်းရငွေနှင့် ညီမျှသော လုပ်ငန်းဆောင်ရွက်မှုဘဏ်အာမခံကို စာချုပ်ချုပ်ဆိုသည့် ရက်မှ (၁) လအတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်း လိုင်စင်ထုတ်ပေး ထားသောဘဏ်တွင် တင်သွင်းရမည်။ ယင်းပျမ်းမျှ တစ်လစာ ဓာတ်အားရောင်းရငွေ တွက်ချက်မှုကို နောက်ဆက်တွဲ () ဖြင့် ဖော်ပြထားပါသည်။

           ( ခ)         အဆိုပါ လုပ်ငန်းဆောင်ရွက်မှု ဘဏ်အာမခံသည် စာချုပ်သက်တမ်းကုန်ဆုံးပြီး နောက်တစ်နှစ်အထိ သက်တမ်းရှိရမည်ဖြစ်ပြီး စာချုပ်သက်တမ်း ကုန်ဆုံးသွားလျှင် (သို့မဟုတ်) စာချုပ်ရပ်စဲသွားလျှင် ရရန်/ ပေးရန်တာဝန်များကို စာရင်းရှင်းလင်း ပြီးသည်အထိ  ကုမ္ပဏီက ဘဏ်အာမခံကို သက်တမ်းတိုး ထားရှိပေးရမည်။ စာရင်း ရှင်းလင်း ပြီးမှသာ ဘဏ်အာမခံကို  ပြန်လည် ထုတ်ယူနိုင်သည်။

“ESE/  YESC/  MESC ”က ဆောင်ရွက်ရမည့် တာဝန်များ

၉။       (က)        ကုမ္ပဏီသို့ လုပ်ငန်းဆောင်ရွက်နိုင်ရန် လွှဲပြောင်းပေးမည့် -------- မြို့နယ်ရှိ “ESE / YESC/ MESC” ပိုင်ဆိုင်သော မြေများ၊ အဆောက်အဦများ၊ စက်ကိရိယာများ၊ ယာဉ်များ၊ ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာများ၊ မီတာများစသည့် ပစ္စည်း အရပ်ရပ်၏ စာရင်းများ ပြုစုခြင်း၊ နှစ်ဦးနှစ်ဖက်ပါဝင်သောအဖွဲ့က စိစစ်ပြီး ဝန်ကြီး ဌာနသို့ တင်ပြအတည်ပြုချက်ရယူခြင်းတို့ကို စာချုပ်ချုပ်ဆိုခြင်းမပြုမီ ဆောင်ရွက်ပြီး ဖြစ်ရမည်။

           ( ခ)         အပိုဒ် ၉(က) ပါဝန်ကြီးဌာနက အတည်ပြုပြီးဖြစ်သည့် နောက်ဆက်တွဲ() ပါ စာရင်း များအား ဤစာချုပ်ချုပ်သည့်အချိန်တွင် ကုမ္ပဏီသို့ တစ်ပါတည်း စနစ်တကျ လွှဲပြောင်း  ရမည်။

           ( ဂ)         လုပ်ငန်းခွင့်ပြုခဲ့သည့် စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက်ဖြစ်စေ (သို့မဟုတ်) သက်တမ်း မကုန်ဆုံးမီ စာချုပ်ရပ်စဲမှု ပေါ်ပေါက်ခဲ့လျှင်ဖြစ်စေ ကုမ္ပဏီသို့ လုပ်ငန်း ဆောင်ရွက်နိုင်ရန် လွှဲပြောင်းပေးသော ----------- မြို့နယ်ရှိ “ESE/ YESC/MESC”  ပိုင်ဆိုင်သော မြေများ၊  အဆောက်အဦများ၊ စက်ကိရိယာများ၊ ယာဉ်မျာ ၊ ဓာတ်အား လိုင်းများ ၊ ထရန်စဖော်မာများ ၊ မီတာများစသည့် ပစ္စည်းအရပ်ရပ်နှင့် ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံထားသော ပစ္စည်းကိရိယာများ အားလုံးကို လက်ရှိလုပ်ငန်း လည်ပတ် နေသော အခြေအနေအတိုင်း ကုမ္ပဏီထံမှ စနစ်တကျပြန်လည် လွှဲပြောင်းလက်ခံရမည်။ ယင်းသို့ ပြန်လည်လွှဲပြောင်းလက်ခံသည့် လုပ်ငန်းကို စာချုပ်သက်တမ်း ကုန်ဆုံးပြီး (သို့မဟုတ်) စာချုပ်ရပ်စဲပြီးသည့် အချိန်မှ (၆)လအတွင်း အပြီးဆောင်ရွက်ရမည်။

          (ဃ)        ကုမ္ပဏီက ပြုစုတင်ပြလာသော ဓာတ်အားစနစ် တိုးတက်ကောင်းမွန်မှု အစီအမံ (System Improvement Plan)၊ ဓာတ်အားစနစ်ဖွံ့ဖြိုးမှု အစီအမံ (System Development Plan)၊ ဓာတ်အားပျောက်ဆုံးမှု လျော့ကျရေး အစီအမံ (Loss Reduction Plan) နှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှု အစီအမံ (Financial Management Plan) များကို စာချုပ်ချုပ်ဆိုခြင်း မပြုမီ စိစစ်ပြီး၊ လိုအပ်ချက်များ ရှိပါက ပြင်ဆင်ဖြည့်စွက် ရေးဆွဲရန် ကုမ္ပဏီသို့ ညွှန်ကြား ရမည်။ ထို့နောက် ဝန်ကြီးဌာနသို့ တင်ပြအတည်ပြုချက်ရယူ၍ မှတ်တမ်း တင်ထားရမည်။ လုပ်ငန်း အစီအစဉ်အား သတ်မှတ်ထားသော အချိန်ကာလ အပိုင်းအခြားအလိုက် ဆောင်ရွက်ခင်းရှိ / မရှိကြီးကြပ်ရမည်။

          ( င)         ကုမ္ပဏီက အကောင်အထည်ဖော်ဆောင်ရွက်ရန် တင်ပြထားသည့် ဓာတ်အားစနစ် တိုးတက်ကောင်းမွန်မှုအစီအမံ (System Improvement Plan)၊ ဓာတ်အားစနစ် ဖွံ့ဖြိုးမှုအစီအမံ (System Development Plan)၊ ဓာတ်အား ပျောက်ဆုံးမှု လျော့ကျရေးအစီအမံ (Loss Reduction Plan) များအတိုင်း ကိုက်ညီအောင် ကုမ္ပဏီက လိုက်နာဆောင်ရွက်မှုအခြေအနေအား အမြဲမပြတ် စောင့်ကြည့်ခြင်း၊ စိစစ် အကဲဖြတ်ခြင်း (Monitoring and Evaluation) များ ပြုလုပ်၍ ဝန်ကြီးဌာနသို့ (၆)လ တစ်ကြိမ် သုံးသပ်ချက် နှင့်တကွ တင်ပြ ရမည်။

          ( စ)         ---------- မြို့နယ်အတွင်း ကုမ္ပဏီက တင်ပြတောင်းခံလာသည့် လျှပ်စစ်ဓာတ်အား သုံးစွဲသူများ၏ သုံးစွဲဝန်အားတိုးတက်မှုကို အချိန်မီပံ့ပိုးပေးနိုင်ရေး စီစဉ်ဆောင်ရွက် ရမည်။

          (ဆ)        --------- မြို့နယ်အတွင်း ကုမ္ပဏီက ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူး ပေးနိုင်ရေး အတွက် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ပို့လွှတ်ပေးရန်စီစဉ် ဆောင်ရွက်ရမည်။ အကယ်၍ပေးပို့နေသော လျှပ်စစ်ဓာတ်အားပြတ်တောက်မှု တစ်စုံတစ်ရာဖြစ်ပေါ်ပါက “ESE/YESC/MESC”သည် လျှပ်စစ်ဆိုင်ရာလုပ်ငန်းနှင့်ဆိုင်သော အလေ့အကျင့် ကောင်းများ (Prudent Utilities Practices) များနှင့်အညီ ကြိုးပမ်းဆောင်ရွက်၍ အမြန်ဆုံး ဓာတ်အား ပို့လွှတ်နိုင်ရေး ဆောင်ရွက်ရမည်။

          ( ဇ)         ကုမ္ပဏီက(၃)လ တစ်ကြိမ် တင်ပြလာသည့် တန်ဖိုးသတ်မှတ်ရေးအဖွဲ့က စိစစ်အတည်ပြု ထားပြီးဖြစ်သော ပုံသေပိုင်ပစ္စည်းများ၏ အရေအတွက်နှင့် တန်ဖိုးကို “ESE/ YESC/ MESC” က စိစစ်ပြီးနောက် အတည်ပြုကြောင်း ကုမ္ပဏီသို့စာဖြင့် အကြောင်း ကြားရမည်။

ကုမ္ပဏီက လိုက်နာဆောင်ရွက်ရမည့်တာဝန်များ

၁၀။     (က)        ကုမ္ပဏီသည် ----------- မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းနှင့် လက်လီ ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်းသည့် တာဝန်များအား ဆောင်ရွက်ရန် တာဝန် ရှိသည့်အပြင် ထုတ်ပြန်ထားသော တည်ဆဲဥပဒေ၊ နည်းဥပဒေများ ၊ လုပ်ထုံး လုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက် များကို လိုက်နာရမည်။ စာရင်းဇယားများ ဆောင်ရွက်ရာ၌ ဝန်ကြီးဌာနက သတ်မှတ် ထားသော ပုံစံကို အသုံးပြုရမည်။

           ( ခ)         ကုမ္ပဏီသည် ------------ မြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးမှုစနစ်မှ လက်ခံ ရရှိသော ဗို့အား(Voltage) ၊ ကြိမ်နှုန်း (Frequency) နှင့် လိုက်လျော ညီထွေသည့် ဓာတ်အားကို လျှပ်စစ်ဓာတ်အားသုံးစွဲသူများ စဉ်ဆက်မပြတ် သုံးစွဲနိုင်ရေးအတွက် အဓိကထား ဆောင်ရွက်ရမည်။

           ( ဂ)         ကုမ္ပဏီသည် မိမိတာဝန်ယူဆောင်ရွက်မည့် ------------ မြို့နယ်အတွင်း ဓာတ်အား စနစ် တိုးတက်ကောင်းမွန်မှု အစီအမံ (System Improvement Plan)၊ ဓာတ်အား စနစ်ဖွံ့ဖြိုးမှုအစီအမံ (System Development Plan)၊ ဓာတ်အားပျောက်ဆုံးမှု လျော့ကျရေးအစီအမံ (Loss Reduction Plan) နှင့် ဘဏ္ဍာရေး စီမံခန့်ခွဲမှုအစီအမံ (Financial Management Plan) များကို စာချုပ် ချုပ်ဆိုခြင်းမပြုမီ ကာလတို ၊ ကာလရှည်အစီအမံကို ရေးဆွဲပြုစု၍ “ESE/ YESC/ MESC” သို့ ပေးပို့ရမည်။ ထိုအစီအမံ များကို “ESE/ YESC/ MESC ” က စိစစ်ပြီးနောက် ပြင်ဆင် ပြောင်းလဲရန် ညွှန်ကြားချက်ရှိပါက ကိုက်ညီအောင် ပြန်လည် ပြုစုရေးဆွဲရမည်။

           (ဃ)        ကုမ္ပဏီသည် မိမိက အကောင်အထည်ဖော်ဆောင်ရွက်ရန် တင်ပြထားပြီး ဝန်ကြီး ဌာနက အတည်ပြုထားသည့် ဓာတ်အားစနစ် တိုးတက်ကောင်းမွန်မှု အစီအမံ (System Improvement Plan)၊ ဓာတ်အားစနစ် ဖွံ့ဖြိုးမှုအစီအမံ (System Development Plan)၊ ဓာတ်အားပျောက်ဆုံးမှု လျော့ကျရေး အစီအမံ (Loss Reduction Plan) များအား ရေတို/ရေရှည်အစီအစဉ်များ ရေးဆွဲ၍ သတ်မှတ်ကာလအတွင်း အောင်မြင် အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်။

           ( င)         ကုမ္ပဏီသည် မိမိအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဓာတ်အားစနစ် တိုးတက် ကောင်းမွန်မှုအစီအမံ (System Improvement Plan)၊ ဓာတ်အားစနစ် ဖွံ့ဖြိုးမှုအစီအမံ (System Development Plan) ၊ ဓာတ်အား ပျောက်ဆုံးမှု လျော့ကျရေးအစီအမံ (Loss Reduction Plan) များနှင့် စပ်လျဉ်း၍ တိုးတက်မှု အခြေအနေအား အစီရင်ခံစာ ပြုစု၍ “ESE/ YESC/ MESC” သို့ (၃)လ တစ်ကြိမ် လဆန်းရက်ဖြစ်သော အစိုးရ ရုံးဖွင့်ရက် အရောက် ပေးပို့ရမည်။

           ( စ)         ကုမ္ပဏီသည်“ESE/YESC/ MESC”ကတောင်းခံသည့် နောက်ဆက်တွဲ()ပါစာရင်း ဇယားများ၊လချုပ်များ၊ နှစ်ချုပ်များကို သတ်မှတ်ချက်များအတိုင်း မပျက်မကွက် ပေးပို့ရမည်။

           ( ဆ)       ကုမ္ပဏီသည် “ESE/ YESC/ MESC”ထံမှ လွှဲပြောင်းရယူထားသောမြေ၊ အဆောက်အဦနှင့် ပစ္စည်းအရပ်ရပ်ကို စာချုပ်ပါလုပ်ငန်းနှင့် သက်ဆိုင်ခြင်းမရှိသော အခြား မည်သည့် လုပ်ငန်းအတွက်ကိုမျှ အသုံးချ ဆောင်ရွက်ခြင်း မပြုရ။

           ( ဇ)         ကုမ္ပဏီသည် “ESE/ YESC/ MESC” ထံမှ လွှဲပြောင်းရယူ ထားပြီးဖြစ်သော စက်ပစ္စည်းကိရိယာများ၊ အဆောက်အဦးများအား အသုံးမလိုပါက မူလအခြေအနေ အတိုင်း ပြန်အပ်ရန်နှင့် ပြင်ဆင်ရန် လိုအပ်ပါက “ESE / YESC/ MESC” သို့ ကြိုတင် အကြောင်းကြား ဆောင်ရွက်ရမည်။

           ( စျ)        တစ်စုံတစ်ဦး၏ ပယောဂကြောင့် ဓာတ်အားပြတ်တောက်သဖြင့် ဓာတ်အားခ နစ်နာကြေး များ ကောက်ခံရန်ရှိပါက အဆိုပါဓာတ်အားပြတ်တောက် ယူနစ်အတွက် တောင်းခံငွေကို အဆိုပါမြို့နယ်ရှိ တစ်ယူနစ် ပျမ်းမျှရောင်းဈေးဖြင့် တွက်ချက်တောင်းခံရမည်။ တောင်းခံ ရရှိသည့် နစ်နာကြေးငွေအနက် “ESE/ YESC/MESC” ထံမှ ဓာတ်အားဝယ်ယူခဲ့သည့် ဓာတ်အားခနှုန်းပေါ် အခြေခံ၍ တွက်ချက်ရရှိသော နစ်နာကြေးငွေကို “ESE/ YESC/ MESC”သို့ ပေးသွင်းရမည်။

           ( ည)       ကုမ္ပဏီသည် ----------- မြို့နယ်အတွင်း မြန်ဆန်ချောမွေ့စွာ ဓာတ်အားခ ကောက်ခံ နိုင်သော Online e-billing System သို့ ပြောင်းလဲဆောင်ရွက်ရန် ဦးတည်ချက်ထား၍ “ESE/YESC/MESC” နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

           ( ဋ)         ကုမ္ပဏီက တိုးချဲ့တည်ဆောက်သော ဓာတ်အားဖြန့်ဖြူးခြင်းဆိုင်ရာ အဆောက်အအုံ များ (Distribution Facilities) နှင့် “ESE/ YESC/ MESC” ၏ ဓာတ်အား ဖြန့်ဖြူးခြင်းဆိုင်ရာ အဆောက်အအုံများ (Distribution Facilities) အကြား အကာအကွယ်ပြု ကိရိယာများ  မှန်ကန်စွာ အလုပ်လုပ်နိုင်ရေးအတွက် Protection Coordination ကို ကုမ္ပဏီက “ESE/ YESC/ MESC ” နှင့် ညှိနှိုင်း ဆောင်ရွက် ရမည်။

          ( ဌ)         ကုမ္ပဏီသည် လုပ်ငန်းစတင် ဆောင်ရွက်ချိန်မှစ၍ စာချုပ်သက်တမ်း ကုန်ဆုံးချိန် အထိ မိမိ၏ ရုံးလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်များကို ကုမ္ပဏီ၏ သီးခြား အမှတ်တံဆိပ်များ ဖြင့် ဆောင်ရွက်ရမည်။

          ( ဍ)         ကုမ္ပဏီသည် ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးတို့ အတွက် ကာကွယ်မှုအစီအစဉ်များကို ဥပဒေနှင့်အညီ အပြည့်အဝ ဆောင်ရွက် ပေးရမည်။

          ( ဎ)         ကုမ္ပဏီသည် ခွင့်ပြုမိန့်ပါ လုပ်ငန်းဆောင်ရွက်ရန် လိုအပ်၍ ပြည်တွင်း/ပြည်ပမှ ဝယ်ယူတင်သွင်းခဲ့သော ပစ္စည်းကိရိယာများကို ခွင့်ပြုမိန့်ပါ လုပ်ငန်းနှင့် သက်ဆိုင်ခြင်း မရှိသော အခြားနည်း အသုံးပြုခြင်း ၊ လွှဲပြောင်းခြင်း ၊ ရောင်းချခြင်း မပြုရ။

          (ဏ)        ကုမ္ပဏီသည် ယခု ဓာတ်အားဖြန့်ဖြူးရောင်းချခြင်း ပဋိညာဉ်စာချုပ်နှင့် ပတ်သက်၍ သတ်မှတ်ထားသည့် အခွန်အခများကို တည်ဆဲဥပဒေနှင့်အညီ ပေးဆောင်ရမည်။

          (တ)        ကုမ္ပဏီသည် မိမိတာဝန်ယူ ဆောင်ရွက်သည့် ------------ မြို့နယ်အတွင်း ရင်းနှီးမြှုပ်နှံ တည်ဆောက်သည့် ဓာတ်အားလိုင်း၊ ထရန်စဖော်မာစသည့် ပုံသေပိုင် ပစ္စည်းများ၏ တန်ဖိုးကို တန်ဖိုးသတ်မှတ်ရေးအဖွဲ့က စိစစ် အတည်ပြု ပြီးသော အရေအတွက်နှင့် တန်ဖိုးကို (၃) လ တစ်ကြိမ် “ESE/ YESC/ MESC ” သို့ တင်ပြ ရမည်။

          ( ထ)       ကုမ္ပဏီသည် ခွင့်ပြုမိန့်ရရှိသည့် လုပ်ငန်းတစ်ခုလုံးကိုဖြစ်စေ သို့မဟုတ် တစ်စိတ် တစ်ဒေသကိုဖြစ်စေ “ESE/ YESC/ MESC”နှင့် ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ အငှားချထားခြင်း၊ လဲလှယ်ခြင်း (သို့မဟုတ်) အခြား တစ်နည်းနည်းဖြင့် လွှဲပြောင်းပေးအပ်ခြင်း မပြုရ။

လျှပ်စစ်ဓာတ်အား သုံးစွဲသူများအတွက် မီတာတပ်ဆင်ခြင်းနှင့် ဓာတ်အားခ တောင်းခံခြင်းများ

၁၁။     (က)        ကုမ္ပဏီသည်-----------မြို့နယ်အတွင်း မီတာအသစ် တပ်ဆင်ခြင်း၊ မီတာဖတ်ခြင်း၊ ငွေတောင်းခံခြင်း၊ ဓာတ်အားခကောက်ခံခြင်း၊ ဓာတ်အား ဖြတ်တောက်ခြင်း၊ တရားမဝင် ဓာတ်အားသုံးစွဲမှုများ ဖော်ထုတ်အရေးယူခြင်း စသည်တို့ကို တည်ဆဲ လျှပ်စစ်ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များ နှင့်အညီ ဆောင်ရွက်ရမည်။

          ( ခ)         ကုမ္ပဏီသည်----------မြို့နယ်အတွင်း မီတာအသစ် တပ်ဆင်ရန်နှင့် လဲလှယ် တပ်ဆင်ရန် လိုအပ်ပါက “ESE/ YESC/ MESC ” က ထုတ်ပေးသည့် မီတာ များကို အသုံးပြုတပ်ဆင်ရမည်။ အသစ်တပ်ဆင်ခြင်း အတွက် မီတာသတ်မှတ်ကြေး (Infrastructure Fee) များနှင့် ဓာတ်အား သုံးစွဲသူ အာမခံ စဘော် (Consumer Deposit) များကို “ESE/ YESC/ MESC” ၏ ဘဏ်စာရင်းသို့ ပေးသွင်းရမည်။ အစားထိုး မီတာများအတွက် အစားထိုး တပ်ဆင်ခများကို“ESE/ YESC/ MESC”၏ ဘဏ်စာရင်းသို့ ပေးသွင်း ရမည်။ ရပ်/ပျက်/နှေး မီတာများ လဲလှယ်ခြင်းနှင့် Analogue မီတာများကို Digital မီတာများဖြင့် လဲလှယ်ခြင်း များတွင် အသုံးပြုရန် “ESE/ YESC/ MESC”က ထုတ်ပေးသော မီတာများ အတွက် ဝယ်ဈေးအတိုင်းကျသင့်ငွေကို ကုမ္ပဏီကပေးသွင်းရမည်။

          ( ဂ)         ကုမ္ပဏီက လုပ်ငန်းလွှဲပြောင်းရယူသည့်ရက်မတိုင်မီ နောက်ဆုံးရက်နေ့အထိ တပ်ဆင် ထားပြီးဖြစ်သော မီတာအားလုံး၏ သုံးစွဲယူနစ်များကို “ESE/ YESC/ MESC” က အပြီးသတ် (final unit) ဖတ်ရှုပြီး ငွေတောင်းခံလွှာ များကို ဓာတ်အား သုံးစွဲသူများထံသို့ “ESE/ YESC/ MESC” က ပေးပို့ တောင်းခံရမည်။

         (ဃ)        အပိုဒ် ၁၁(ဂ) အရတောင်းခံသည့် ငွေတောင်းခံလွှာများအပေါ် ဓာတ်အား သုံးစွဲသူ များက ပေးသွင်းသည့် ဓာတ်အားခများကို ကုမ္ပဏီက တာဝန်ယူ ကောက်ခံပြီးသည့် နောက်တစ်နေ့တွင် “ESE/ YESC/ MESC” ၏ ငွေစာရင်းသို့ စာရင်းနှင့်တကွ ပေးသွင်းရမည်။ ၎င်းနေ့သည် ရုံးပိတ်ရက် ဖြစ်ပါက အစောဆုံး ရုံးဖွင့်ရက်တွင် ပေးသွင်းရမည်။

          ( င)         အပိုဒ် ၁၁(ဂ) အရ ငွေတောင်းခံလွှာများနှင့်စပ်လျဉ်းသည့် ဓာတ်အားခ ကြွေးကျန်များ ပေါ်ပေါက်လာပါက ကုမ္ပဏီသည် ဓာတ်အားခကြွေးကျန် တောင်းခံခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း ၊ ညွှန်ကြားချက်များနှင့်အညီ အရေးယူ ဆောင်ရွက်ခြင်းများ ဆက်လက်ဆောင်ရွက်သွားရမည်။

          ( စ)         “ESE/ YESC/ MESC” က ကုမ္ပဏီသို့ လုပ်ငန်းမလွှဲပြောင်းမီ အချိန်အတွင်း ပေါ်ပေါက်ခဲ့သော လျော်ကြေး၊ နစ်နာကြေး၊ ကြွေးကျန်နှင့် ဓာတ်အားခ ကြွေးကျန် များနှင့်စပ်လျဉ်း၍ အရေးယူဆောင်ရွက်ခြင်း၊ တရားစွဲဆိုခြင်း လုပ်ငန်းများကို “ESE/YESC/MESC” က လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

အာမခံထားရှိခြင်း

၁၂။       ကုမ္ပဏီသည် တည်ဆဲဥပဒေများနှင့်အညီ ဝန်ထမ်းများအတွက် ကျန်းမာရေးနှင့် လူမှုဖူလုံရေး စောင့်ရှောက်မှု အာမခံနှင့်အခြားလိုအပ်သော အာမခံ (Insurance) များကို ဤစာချုပ် သက်တမ်း တစ်လျှောက်လုံးထားရှိရမည်။

လုပ်ငန်းဆောင်ရွက်ရန် ကာလသတ်မှတ်ခြင်းကိစ္စ (Term)

၁၃။     လုပ်ငန်းဆောင်ရွက်ရန် ကာလသည်လုပ်ငန်းစတင်သည့် (   )ရက်(   )လ (    )ခုနှစ် မှစ၍ (၁၅)နှစ်ပြည့်သည့် နောက်ဆုံးလ၏ လကုန်ရက် (   )ရက်(   )လ (    )ခုနှစ်ထိ ဖြစ်သည်။

စာချုပ်သက်တမ်းကာလသတ်မှတ်ခြင်း

၁၄။    စာချုပ်သက်တမ်းကာလသည် စာချုပ်လက်မှတ်ရေးထိုးသည့် နေ့မှစ၍ အပိုဒ်(၁၃)ပါ လုပ်ငန်း ဆောင်ရွက်ရန် ကာလကုန်ဆုံးသည့် ​နေ့ထိ ဖြစ်သည်။

လုပ်ငန်းဆောင်ရွက်ရန်ကာလ ပြီးဆုံးခြင်း

၁၅။ လုပ်ငန်းဆောင်ရွက်ရန်ကာလ ကုန်ဆုံးသည့်အခါ အပိုဒ် ၁၀(တ)အရ   အတည်ပြုထားသည့် ပုံသေပိုင်ပစ္စည်းများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သတ်မှတ် တန်ဘိုးလျော့ နှုန်းထားများအတိုင်း သုံးစွဲထားသည့် ကာလအလိုက် တွက်ချက်၍ ကုမ္ပဏီသို့ တန်ဘိုးငွေ ပေးချေပြီး “ESE/YESC/MESC” သို့ အပြီးအပိုင် လွှဲပြောင်း ပေးရမည်။

စာချုပ်ရပ်စဲခြင်း

၁၆။    (က)        ဤပဋိညာဉ်စာချုပ်ကို စာချုပ်သက်တမ်း မကုန်ဆုံးမီ အောက်ဖော်ပြပါ အကြောင်း တစ်ရပ်ရပ်ကြောင့် ရပ်စဲနိုင်သည်-

                        (၁)          ဤစာချုပ်ပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် စာချုပ်ဝင် တစ်ဘက်ဘက်မှ ပျက်ကွက်ခြင်း။

                        (၂)            ဤစာချုပ်ပါ လုပ်ငန်းဆောင်ရွက်ရန် စာချုပ်ဝင် တစ်ဘက်ဘက်မှ စွမ်းဆောင် နိုင်မှု မရှိတော့ခြင်း။

                        (၃)           မလွန်ဆန်နိုင်သော ဖြစ်ရပ်တစ်ခုသည် (၆)လထက်ကျော်လွန်၍ ဆက်တိုက် ဖြစ်ပွားခြင်း။

                        (၄)           လျှပ်စစ်ဥပဒေအရ ထုတ်ပေးထားသော ခွင့်ပြုမိန့်အား ရပ်စဲခြင်း၊ ရုပ်သိမ်းခြင်း။

           ( ခ)         အပိုဒ် ၁၆(က)(၁) အရ စာချုပ်ပါ စည်းကမ်းဖောက်ဖျက်သူသည် “ESE/ YESC/ MESC” ဖြစ်ခဲ့၍ စာချုပ်ရပ်စဲလျှင်သော် လည်းကောင်း၊ အပိုဒ် ၁၆(က)(၂)နှင့် (၃)အရ စာချုပ်ရပ်စဲလျှင် သော်လည်းကောင်း၊ စာချုပ်ကို ရပ်စဲပါက ရောက်ရှိ ကာလအထိ နှစ်ဦးနှစ်ဖက် အတည်ပြုထားသော ပုံသေပိုင်ပစ္စည်းများအပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် တန်ဘိုးလျော့ နှုန်းထားများအတိုင်း သုံးစွဲထားသည့် ကာလအလိုက် တွက်ချက်၍ ကုမ္ပဏီသို့ တန်ဘိုးငွေ ပေးချေရမည်၊ တန်ဘိုးငွေပေးချေခြင်းအား “ESE / YESC/ MESC” ၏ ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ (၃)နှစ်အတွင်း အပြီးအပြတ် ပေးချေရမည်။

           ( ဂ)         အပိုဒ်၁၆(က)(၁) အရ စာချုပ်ပါ စည်းကမ်းဖောက်ဖျက်သူသည် ကုမ္ပဏီ ဖြစ်ခဲ့၍ စာချုပ်ရပ်စဲလျှင်သော်လည်းကောင်း၊ အပိုဒ်၁၆(က) (၄)အရ စာချုပ် ရပ်စဲလျှင်သော် လည်းကောင်း စာချုပ်ကို ရပ်စဲပါက Performance Bank Guarantee ကို သိမ်းဆည်းခံရမည့်အပြင် ဆောင်ရွက်ဆဲ လုပ်ငန်း တစ်ရပ်လုံးကို “ESE/ YESC/ MESC ” သို့ အဖိုးစားနား ရယူခြင်း မရှိဘဲ အပြီးအပိုင် လွှဲပြောင်းပေးရမည်။

စာချုပ်အားပြန်လည်စေ့စပ်ညှိနှိုင်းခြင်းနှင့် ပြင်ဆင်ခြင်း

၁၇။      ဤသဘောတူစာချုပ်တွင် ပါရှိသည့် စည်းကမ်းချက်များသည် လုပ်ငန်းများ အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်သည့်အခါ ကြိုတင်မမျှော်မှန်းနိုင်သည့် အခြေအနေတစ်ရပ်ရပ်ကြောင့် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် မဖြစ်နိုင်လျှင်ဖြစ်စေ၊ ဤစာချုပ်ပါ အခြေအနေများနှင့် မတူသော အခြေအနေများ ပေါ်ပေါက်လာသဖြင့် စာချုပ်ကို ပြင်ဆင်ရန် လိုအပ်လာလျှင် ဖြစ်စေ ၊ ‌ စာချုပ်ဝင်များ  နှစ်ဦးနှစ်ဖက်စေ့စပ်ညှိနှိုင်းပြီး ဝန်ကြီးဌာနသို့ တင်ပြအတည်ပြုချက် ရယူ၍ စာဖြင့် ရေးသားပြင်ဆင်နိုင်သည်။ ထိုပြင်ဆင်ချက်များသည် ဤစာချုပ်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် မှတ်ယူရမည်။

မလွန်ဆန်နိုင်သောဖြစ်ရပ်များ

၁၈။     (က)        မလွန်ဆန်နိုင်သောဖြစ်ရပ်များဆိုသည်မှာ သဘောဝအလျောက် ကြုံတွေ့ နိုင်သည့် ရေဘေး၊ လေဘေး၊ မီးဘေး၊ မြေငလျင်ဘေးစသည်များအပြင် နိုင်ငံတော်အစိုးရ ကန့်သတ်တားမြစ်ချက်များ၊ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားမှု ပျယ်ပြယ်ခြင်း၊ စစ်ဖြစ်ခြင်း၊ သပိတ်မှောက်ခြင်းစသည်တို့နှင့် စာချုပ်ဝင်တစ်ဖက်ဖက်က လိုအပ်သော သတိဝီရိယနှင့် ဆောင်ရွက်စေကာမူ မလွန်ဆန် မကျော်လွှားနိုင်သည့် အလားတူ ဖြစ်ရပ်များ ဖြစ်ပြီး၊ ယင်း မလွန်ဆန်နိုင်သော ဖြစ်ရပ်များကြောင့် စာချုပ်ပါ လုပ်ငန်းကို ထိခိုက် ဆုံးရှုံးစေလျှင် စာချုပ်ဝင်နှစ်ဖက်စလုံးတွင် တာဝန်မရှိစေရ။ 

           ( ခ)         ထိုသို့ မလွန်ဆန်နိုင်သော ဖြစ်ရပ် ပေါ်ပေါက်လာပါက ကုမ္ပဏီသည် “ESE/ YESC/ MESC” သို့ ယင်းဖြစ်ရပ် ပေါ်ပေါက်ကြောင်း အသေးစိတ် အချက်အလက်များကို အဆိုပါဖြစ်ရပ် ဖြစ်ပွားပြီးနောက် (၁၄)ရက်အတွင်း  စာဖြင့်ရေးသား အကြောင်းကြား ရမည်။ “ESE/ YESC/ MESC ” က လက်ခံအတည်ပြုလျှင် မလွန်ဆန်နိုင်သော ဖြစ်ရပ်ကြောင့် ထိခိုက်သော ကာလအပိုင်းအခြား အတွက် ကုမ္ပဏီအား စာချုပ်ပါ တာဝန်မှ သက်သာခွင့် ပြုရမည်။

အငြင်းပွားမှုအားဖြေရှင်းခြင်း

၁၉။    ဤစာချုပ်နှင့် စပ်လျဉ်း၍ အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက စာချုပ်ဝင် နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းရမည်။ အငြင်းပွားမှုအား ငြိမ်းချမ်းစွာ ဖြေရှင်း၍ မရပါက ဥပဒေနှင့်အညီ စီရင်ပိုင်ခွင့်ရှိသော သက်ဆိုင်ရာ တရားရုံး၏ အဆုံးအဖြတ်ကို ခံယူရမည်။

အကြောင်းကြားခြင်း

၂၀။       ဤပဋိညာဉ်စာချုပ်နှင့် ပတ်သက်သော မည်သည့် အကြောင်းကြားစာ၊ အထောက်အထား စာရွက်စာတမ်း ၊ ငွေတောင်းခံလွှာ နှင့် အခြားဆက်သွယ်မှုမျိုးကိုမဆို စာဖြင့်ရေးသား၍ ဤပဋိညာဉ် စာချုပ်တွင် ဖော်ပြထားသော လိပ်စာများသို့ ပေးပို့ရမည်။ အကယ်၍ စာချုပ်ဝင်တစ်ဦးက လိပ်စာ ပြောင်းလဲရန် စာရေးသား အကြောင်းကြားလျှင် ပြောင်းလဲထားသော လိပ်စာသို့သာ ပေးပို့ရမည်။

 

 

စာချုပ်ဝင်(က)၏အမည်      ၊    --------------------------------

လိပ်မူရန်                              ၊     --------------------------------

လိပ်စာ                                 ၊     --------------------------------

အီးမေး(လ်)                         ၊     --------------------------------

တယ်လီဖုန်း                         ၊     --------------------------------

ဖက်(စ်)                               ၊     --------------------------------

စာချုပ်ဝင်(ခ)၏ အမည်       ၊     --------------------------------

လိပ်မူရန်                              ၊     --------------------------------

လိပ်စာ                                 ၊     --------------------------------

အီးမေး(လ်)                         ၊     --------------------------------

တယ်လီဖုန်း                         ၊     --------------------------------

ဖက်(စ်)                               ၊     --------------------------------

အထွေထွေ

၂၁။      ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုများသည် ဝန်ကြီးဌာန၏ မူဝါဒနှင့်အညီဖြစ်စေရေး ကြီးကြပ်နိုင်ရန်အတွက် “ESE/ YESC/ MESC” နှင့်ကုမ္ပဏီတို့မှ ကိုယ်စားလှယ် သုံးဦးစီ ပါဝင်သော ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်သွားရမည်။ --------မြို့နယ်တွင် တာဝန် ထမ်းဆောင်လျှက်ရှိသော “ESE/ YESC/ MESC”၏ ဝန်ထမ်းများသည် အထက်ဖော်ပြပါ ကြီးကြပ် ကွပ်ကဲရေးအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် လုပ်ငန်းတာဝန် များကို ထမ်းဆောင်သွားရမည်။

၂၂။       လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းနှင့် လက်လီရောင်းချခြင်းလုပ်ငန်း ထပ်ဆင့်ဆောင်ရွက်ခြင်းနှင့် ပတ်သက်သည့် လုပ်ငန်းများ၊ စာရင်းဇယားများကို “ESE/ YESC/ MESC” က အချိန်အခါမရွေး စစ်ဆေးပိုင်ခွင့်ရှိသည်။ ယင်းလုပ်ငန်း ဆောင်ရွက်မှုများ၏ လုပ်ငန်းပိုင်း၊ ငွေကြေးပိုင်း၊ စာရင်းပိုင်း၊ ပစ္စည်းပိုင်းစသည်တို့ကို “ESE/ YESC/ MESC” အပြင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ၊ ဒေသ စာရင်းစစ်ရုံးများနှင့် စာချုပ်ဝင်များ၏ တောင်းဆိုချက်အရ ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်သူ များက လိုအပ်သည့်အခါ စစ်ဆေးနိုင်သည်။

၂၃။      အပိုဒ် ၁၀ (တ) ပါကိစ္စရပ်များ ဆောင်ရွက်ရန်အလို့ငှာ တန်ဖိုးသတ်မှတ်ရေးအဖွဲ့ကို စာချုပ်ဝင် တစ်ဖက်လျှင် အနည်းဆုံး(၂)ဦးစီ ပါဝင်သော နှစ်ဖက်ကိုယ်စားလှယ်များ အဖွဲ့ဖြင့် ဖွဲ့စည်း ဆောင်ရွက် သွားရမည်။

၂၄။      ကုမ္ပဏီက ဌာနပိုင်ပစ္စည်း အလွဲသုံးစား ပြုလုပ်ခြင်း၊ “ESE/ YESC/ MESC” ၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေနိုင်သည့် စာချုပ်ပါစည်းကမ်းချက်များကို ဖောက်ဖျက်ခြင်းများ ကျူးလွန်ပါက အဆိုပါ နစ်နာဆုံးရှုံးမှုတန်ဖိုးကို ကုမ္ပဏီက “ESE/ YESC/ MESC” သို့ ပေးလျော် ရမည်ဖြစ်ပြီး ပေးလျော်ခြင်း မရှိပါက တရားစွဲဆို ပိုင်ခွင့်ရှိသည်။

စာချုပ်တရားဝင်အတည်ဖြစ်ခြင်း

၂၅။      ဤစာချုပ်သည် အပိုဒ်(၄)ပါကြိုတင်စည်းကမ်း သတ်မှတ်ချက်များကို ဆောင်ရွက်ပြီး စာချုပ်ဝင်များ နှစ်ဦးနှစ်ဘက် လက်မှတ်ရေးထိုးသည့်နေ့မှစ၍ အတည်ဖြစ်စေရမည်။ အထက်ပါ စာချုပ် စည်းကမ်းများအား နှစ်ဦးနှစ်ဘက် သေချာစွာ နားလည်သဘောပေါက်ကြ၍  ဤစာချုပ်ကို                  --------ခုနှစ်၊ ---------လ၊ ------- ရက်နေ့၌ အောက်ပါအသိသက်သေများ ရှေ့မှောက်တွင် လက်မှတ် ရေးထိုး ချုပ်ဆိုကြပါသည်။

 

“ESE/ YESC/ MESC” (ကိုယ်စား)

ကုမ္ပဏီ(ကိုယ်စား)

 

 

 

 

အမည်-

အမည်-

ရာထူး-

ရာထူး-

ဌာန-

ကုမ္ပဏီအမည်-

 

လိပ်စာအပြည့်အစုံ-

အသိသက်သေများ

 

 

 

 

 

 

အမည်-

အမည်-

ရာထူး-

ရာထူး-

ဌာန-

ကုမ္ပဏီအမည်-

လိပ်စာအပြည့်အစုံ-

 

 

 

နောက်ဆက်တွဲ(က)         

         Location Map for Metering Point

……              …………………………………………………………………………………

Single line Diagram for Metering Point

နောက်ဆက်တွဲ(ခ)

 

 

ဘဏ်အာမခံပေးသွင်းရေးအတွက် ပျမ်းမျှတစ်လစာ ဓာတ်အားရောင်းရငွေ တွက်ချက်မှု

(ကျပ်သန်းပေါင်း)

စဉ်

အကြောင်းအရာ

လအမည်

စုစုပေါင်း

တစ်လ
ပျမ်းမျှ

 

 

 

 

 

 

 

 

 

 

 

 

(က)

ဝင်ငွေ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဓာတ်အားရောင်းရငွေ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

မီတာဝန်ဆောင်ခ

 

 

 

 

 

 

 

 

 

 

 

 

 

 

မှတ်ချက်။                ။ ဓာတ်အားဖြန့်ဖြူးခြင်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မည့်မြို့နယ်၏ စာချုပ် မချုပ်မီကာလ တစ်နှစ်အတွင်း ပျမ်းမျှ တစ်လစာ ဓာတ်အားရောင်းရငွေအား တွက်ချက်ထားပါသည်။

နောက်ဆက်တွဲ(ဂ)

ကုမ္ပဏီများမှ လစဉ် ပေးပို့ရမည့် စာရင်းများ

 

စဉ်

ကုမ္ပဏီများမှ လစဉ်ပေးပို့ရမည့်စာရင်း

ကုမ္ပဏီများမှ လစဉ်ပေးပို့ရမည့်ရက်

မှတ်ချက်

လစဉ်ပို့လွှတ်ယူနစ်နှင့် မီတာဖတ်ချက်စာရင်း

လစဉ် လဆန်း() ရက်

 

လျော်ကြေးနစ်နာကြေးလချုပ်စာရင်း

လစဉ် လဆန်း() ရက်

 

ဓာတ်အားအမျိုးအစားအလိုက် ရောင်းရယူနစ်နှင့် တောင်းခံငွေစာရင်း

လစဉ် လဆန်း(၁၀) ရက်

 

ပင်စင်ထည့်ဝင်ကြေးစာရင်း

လစဉ် လဆန်း(၁၀) ရက်

 

ဝန်ထမ်းများ၏ အိမ်လခပေးသွင်းမှုစာရင်း

လစဉ် လဆန်း(၁၀) ရက်

 

တောင်းခံငွေနှင့်ကောက်ခံရငွေလချုပ် (လျှပ်စစ်ပုံစံ ၂၅၀)လချုပ်စာရင်း

လစဉ် (၁၅) ရက်

 

ဓာတ်အားသုံးစွဲမှု အလွှာစာရင်း

လစဉ် (၁၅) ရက်

 

မီတာသတ်မှတ်ကြေး Infra လချုပ်စာရင်း

လစဉ် (၁၅) ရက်

 

ကုမ္ပဏီ၏ အရှုံး/အမြတ်စာရင်း

လစဉ် (၁၅) ရက်

 

၁၀

ကုမ္ပဏီများ၏ရင်းနှီးမြှုပ်နှံမှုစာရင်း

လစဉ် (၁၅) ရက်

 

၁၁

ကုမ္ပဏီများ၏ လစဉ် ဓာတ်အားခပေးသွင်းမှုစာရင်း

လစဉ် (၁၅) ရက်

 

၁၂

လစဉ်ပေးပို့သော စာရင်းများ၏ နှစ်ချုပ်

၆ လ တစ်ကြိမ်

 

၁၃

ကုမ္ပဏီ နှစ်ချုပ်စာရင်း

၁ နှစ် တစ်ကြိမ်

 

၁၄

ကုမ္ပဏီအား ပြင်ပစာရင်းစစ်(သို့) ကုမ္ပဏီ စာရင်းစစ်မှ စစ်ဆေးထားသည့် စာရင်းစစ် အစီရင်ခံစာနှင့် ပြန်ကြားချက်

၁ နှစ် တစ်ကြိမ်

 

နောက်ဆက်တွဲ(ဃ)

လုပ်ငန်းဆောင်ရွက်နိုင်ရန် လွှဲပြောင်းပေးမည့် မြို့နယ်ရှိ “ESE/ YESC/ MESC” ပိုင်ဆိုင်သောမြေများ၊ အဆောက်အဦများ၊ စက်ကိရိယာများ၊ ယာဉ်များ၊ ဓာတ်အားလိုင်းများ၊ ထရန်စဖော်များ၊ မီတာများစသည့် ပစ္စည်းအရပ်ရပ်၏ စာရင်းများ

 

 

Download Link : Franchisee Contract